ကိလေသာမြူမှုန်ကင်းလိုသော် သမထ၀ိပဿနာကို
ပွားများရာ၏ ( အင်္ဂုတ္ထိုရ်ပါဠိတော်မြန်မာပြန်၊ တိက
နိပါတ်၊ ဒုတိယ ပဏ္ဏာသက၊ ဒုတိယသုတ်ငါးဆယ်၊
လောဏကပလ္လ၀ဂ်၊ ပံသုဓေါဝကသုတ်မှကောက်နုတ်
သည်။)
အခါတစ်ပါး၌ ဖြတ်စွာဘုရားသည် ရဟန်းတို့အား
ဤသို့ ဟောတော်မူ၏။
ရဟန်းတို့ ရွှေအားညစ်နွမ်းကြောင်း အကြမ်းစား
မြေမှုန့် သံနှင့် အိုးခြမ်းတို့သည် ရှိ၏။ ထိုအညစ်
အကြေးကို ပယ်၍ ကင်းအောင် ပြုပြီးသော် ရွှေ
အား ညစ်နွမ်းကြောင်း အလတ်စား ကျောက်စရစ်
အနုနှင့် သဲကြမ်းတို့သည် ရှိသေး၏။ ထိုအညစ်
အကြေးကို ပယ်၍ ကင်းအောင် ပြုပြီးသော်ရွှေ
အား ညစ်နွမ်းကြောင်း အနုစားသဲနုနှင့် မြူမည်း
တို့သည် ရှိသေး၏။ ထိုအညစ်အကြေးကိုမြေမှုန့်
ဆေးသောယောက်ျားသည် ဆေး၏။ အဖန်ဖန်
ဆေး၏။ နှိပ်၍ ဆေး၏။ ထိုအညစ်အကြေးကို
ပယ်၍ ကင်းအောင်ပြုပြီးသော် ပကတိရွှေစစ်
တို့သာ ကြွင်းကျန်ကုန်၏။ ထိုရွှေစစ်ကို ပန်းထိမ်
သည်သည် မိုက်လုံ၌ထည့်၍ မှုတ်၏။ အဖန်ဖန်
မှုတ်၏။ ဖိ၍ မှုတ်၏။ မှုတ်အပ် အဖန်ဖန်မှုတ်အပ်
ဖိ၍မှုတ်အပ်သော ထိုရွှေသည် အပြစ်မကင်းသေး
သည်ဖြစ်၍ မနူးညံ့။ လက်ကောက်နှားတောင်း
စသည် ပြုလုပ်၍ မဖြစ်သေး။ ပြိုးပြိုးပြက်ပြက်
အရောင်လည်းမထွက်။ ကြွပ်ဆပ်သောသဘော
လည်းရှိ၏။
ရဟန်းတို့ ရွှေပန်းထိမ်သည်သည် ထိုရွှေကိုမှုတ်
၏။ အဖန်ဖန်မှုတ်၏။ ဖိ၍ မှုတ်၏။ မှုတ်အပ်
အဖန်ဖန်မှုတ်အပ်။ ဖိ၍မှုတ်အပ်သောထိုရွှေသည်
အပြစ်ကင်းပြီးနူးညံ့၏။ လက်ကောက် နားတောင်း
စသည်ပြုလုပ်၍ ဖြစ်၏။ ပြိုးပြိုးပြက်ပြက်အရောင်
လည်း ထွက်၏။ ကြွပ်ဆပ်သောသဘောလည်း
မရှိ။ အလုပ်ခွင်သို့ကောင်းစွာရောက်နိုင်၏။
ရွှေပြားဖြစ်စေ နားတောင်းဖြစ်စေ တစ်စုံတစ်ခု
သော တန်ဆာအထူးကို အလိုရှိလျှင် ထိုအလိုရှိ
ရာ အကျိုးကိုလည်း ပြီးစေ၏။
ရဟန်းတို့ ထို့အတူပင်လျှင် လွန်မြတ်သော သမထ
ဝိပဿနာစိတ်ကို အဖန်ဖန် အားထုတ်သောရဟန်း
အား ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်ဟူ
သော ညစ်နွမ်းကြောင်း အကြမ်းစားကိလေသာ
တို့သည် ရှိကုန်၏။ ထိုကိလေသာကို သမထ၀ိပဿနာ
စိတ်နှင့်ပြည့်စုံသော ပညာရှိရဟန်းသည် ပယ်စွန့်၏။
ဖျောက်ဖျက်၏။ ကင်းအောင်ပြု၏။ တစ်ဖန်မဖြစ်ခြင်း
သို့ရောက်စေ၏။ ထိုကိလေသာကိုပယ်၍ ကင်းအောင်
ပြုပြီးသော် လွန်မြတ်သော သမထ၀ိပဿနာစိတ်ကို
အဖန်ဖန်အားထုတ်သော ရဟန်းအား ကာမနှင့်စပ်
သော အကြံ၊ ပျက်စီးစေလိုခြင်းနှင့်စပ်သောအကြံ၊
ညှင်းဆဲခြင်းနှင့်စပ်သောအကြံဟူသော ညစ်နွမ်း
အလတ်စားကိလေသာတို့သည်ရှိသေး၏။ ထိုကိလေ
သာတို့ကို သမထ၀ိပဿနာစိတ်နှင့်ပြည့်စုံသော
ပညာရှိရဟန်းသည် ပယ်စွန့်၏။ ဖျောက်ဖျက်၏။
ကင်းအောင်ပြု၏။ တစ်ဖန်မဖြစ်ခြင်းသို့ရောက်စေ
၏။ ထိုကိလေသာကိုပယ်၍ ကင်းအောင်ပြုပြီးသော်
လွန်မြတ်သောသမထ၀ိပဿနာစိတ်ကိုအဖန်ဖန်
အားထုတ်သောရဟန်းအား ဆွေမျိုးနှင့်စပ်သော
အကြံ၊ ဇနပုဒ်နှင့်စပ်သောအကြံ၊ မထေမဲ့မြင်မပြု
စေလိုခြင်းနှင့်စပ်သောအကြံဟူသော ညစ်နွမ်း
ကြောင်း အနုစားကိလေသာတို့သည် ရှိသေး၏။
ထိုကိလေသာကို သမထ၀ိပဿနာစိတ်နှင့်ပြည့်စုံ
သော ပညာရှိရဟန်းသည် ပယ်စွန့်၏။ ဖျောက်ဖျက်
၏။ ကင်းအောင်ပြု၏။ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်
စေ၏။ ထိုကိလေသာကိုပယ်၍ ကင်းအောင်ပြုပြီး
သည့်နောက်၌ တရားနှင့်စပ်သောအကြံသည်ကြွင်း
ကျန်သေး၏။ ထိုသမာဓိသည် ငြိမ်သက်သည်မဟုတ်
သေး။ မွန်မြတ်သည်မဟုတ်သေး။ ကိလေသာငြိမ်း
အေးခြင်းဖြင့်ရအပ်သည်မဟုတ်သေး။ စိတ်၏
တည်ကြည်ခြင်းသမာဓိပွားများမှုကို ရသည်မဟုတ်
သေး။ ပြုပြင်ခြင်းပယောဂနှင့်တကွသော ကိလေ
သာတို့ကို ဖိနှိပ်တားမြစ်၍ ဖြစ်ပေါ်၏။
ရဟန်းတို့အကြင်အခါ၌ ၀ိပဿနာစိတ်သည် မိမိ
သန္တာန်၌သာ တည်၏။ ကောင်းစွာ ထိုင်၏။ စိတ်၏
တည်ကြည်ခြင်းသမာဓိဖြစ်၏။ ကောင်းစွာအာရုံ၌
ထား၏။ ထိုသမာဓိသည် ငြိမ်သက်၏။ မွန်မြတ်၏။
ကိလေသာငြိမ်းခြင်းဖြင့်ရ၏။ ပြုပြင်ခြင်းပယောဂ
နှင့်တကွ ကိလေသာတို့ကို ဖိနှိပ်တားမြစ်၍ ဖြစ်ပေါ်
လာသည် မဟုတ်တော့ချေ။ ထူးသောဉာဏ်ဖြင့်သိ၍
မျက်မှောက်ပြုရန် စိတ်ကိုညွှတ်၏။ ရှေးဘ၀အကြောင်း
နှင့်ယခုဘ၀ အဘိညာဉ်၏အခြေခံဈာန်စသော
အကြောင်းရှိသော် ဣဒ္ဓိဝိဓအဘိညာဉ်စသည်သို့
ရောက်၏။
ငါသည်များပြားသော တန်ခိုးဖန်ဆင်းခြင်းကိုခံစားလို
၏။ စိတ်အလိုအတိုင်းသာဖြစ်စေလို၏ဟု အကယ်၍
အလိုရှိခဲ့လျှင် အခြေခံအကြောင်းရှိသော် ထိုအလိုရှိ
ရာ၌ ဖြစ်သည့် ဣဒ္ဓိဝိဓအဘိညာဉ်သို့ ရောက်၏။
ငါသည်အထူးသဖြင့်စင်ကြယ်သော လူတို့၏အကြား
ကိုလွန်သော နတ်နားနှင့်တူသောနား ဒိဗ္ဗသောတ
ဖြင့် အသံတို့ကိုကြားရလို၏ဟု အကယ်၍အလိုရှိခဲ့
သော် အခြေခံအကြောင်းရှိသော် ထိုအလိုရှိအပ်
သော ဒိဗ္ဗသောတအဘိညာဉ်သို့ရောက်၏။ ငါသည်
တစ်ပါးသောသတ္တ၀ါတစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်
ကို မိမိစိတ်ဖြင့် ပိုင်းခြား၍သိလို၏ဟုအကယ်၍
အလိုရှိခဲ့လျှင် ထိုအလိုရှိရာ၌ဖြစ်သည့် ပရစိတ္တ
ဝိဇာနာနအဘိညာဉ်သို့ရောက်၏။ ငါသည်များပြား
သောရှေး၌ဖြစ်ခဲ့ဖူးသည်ကို အောက်မေ့လို၏ဟု
အကယ်၍ အလိုရှိခဲ့လျှင် အခြေခံအကြောင်းရှိ
သော် ထိုအလိုရှိရာ၌ဖြစ်သည့် ပုဗ္ဗေနိဝါသအဘိ
ညာဉ်သို့ ရောက်၏။ ငါသည်အထူးအားဖြင့်စင်
ကြယ်သော လူတို့၏မျက်စိထက်သာလွန်သော၊
နတ်မျက်စိနှင့်တူသောမျက်စိ ဒိဗ္ဗစက္ခုဖြင့်သေဆဲ
သတ္တ၀ါ၊ ဖြစ်ဆဲသတ္တ၀ါ၊ ယုတ်သောသတ္တ၀ါ၊ မြတ်
သော သတ္တ၀ါ၊ အဆင်းလှသောသတ္တ၀ါ၊ အဆင်း
မလှသောသတ္တ၀ါ၊ ကောင်းသောလားရာရှိသော
သတ္တ၀ါ၊ မကောင်းသောလားရာရှိသောသတ္တ၀ါ
တို့ကို မြင်လို၏။ ကံအလျောက်ဖြစ်သောသတ္တ၀ါ
တို့ကိုသိလို၏ဟု အကယ်၍အလိုရှိခဲ့လျှင် အခြေခံ
အကြောင်းရှိသော် ထိုအလိုရှိရာ၌ဖြစ်သည့် ဒိဗ္ဗစက္ခု
အဘိညာဉ်သို့ ရောက်၏။ ငါသည်အာသဝေါတရား
တို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော
လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်
မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘ၀၌
ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု
လျက် ရောက်၍နေလို၏ဟု အကယ်၍အလိုရှိခဲ့
လျှင် အခြေခံအကြောင်းရှိသော် ထိုအလိုရှိရာ၌
ဖြစ်သည့် အရဟတ္တဖိုလ်သမာပတ်သို့ရောက်၏။
အယ်ဒီတာတစ်ဦး
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း
၂၀၁၅ ခုနှစ်၊ ဧပြီလ။

No comments:
Post a Comment