Showing posts with label လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်. Show all posts
Showing posts with label လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်. Show all posts

Sunday, July 19, 2015

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်
=========================
ဈေးရောင်းနေသူ လူ တစ်ယောက်ကို ခင်ဗျား
လူဖြစ်လာတာ ဈေးရောင်းဖို့ တစ်ခုတည်း အ
တွက်လား။ အင်ဂျင်နီယာ တစ်ယောက်ကို
ခင်ဗျား လူဖြစ်လာတာ အင်ဂျင်နီယာ လုပ်ဖို့
တစ်ခုတည်း အတွက်လား။
ကံထရိုက်တာ တစ်ယောက်ကို ခင်ဗျား လူဖြစ်
လာတာ ကံထရိုက်တာလုပ်ဖို့ တစ်ခုတည်းအ
တွက်လားဟု မေးခဲ့လျှင် ရုတ်တရက်ဘာဖြေ
ရမှန်းမသိအောင် နှုတ်ဆွံ့သွားမှာသေချာ၏။
လူသားအများစုသည် အသက်သာငါးဆယ်
ကျော်၍ ခြောက်ဆယ်နားကပ်လာသည် မိမိ
လူဖြစ်လာရခြင်း၏ အဓိကရည်ရွယ်ချက်ကို
သိသူအလွန်နည်း၏။
လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည်
ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာ
ကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကု
သိုလ်၊ ဖိုလ်ကုသိုလ် ခြောက်မျိုးလုံးကို အရ
ယူရန်အတွက်ဖြစ်၏။ စီးပွားဥစ္စာ ရှာဖွေခြင်း
သည်ပင် ထိုကုသိုလ် ခြောက်မျိုး ပြုလုပ်ရန်
အတွက်ဖြစ်၏။ ၃၁ဘုံသည် အပါယ်လေးဘုံ
သည် ဆင်းရဲ ဒုက္ခတွေ များလွန်းအားကြီး၍
မည်သည့်ကုသိုလ်မျှ ပြုလုပ်၍ မရ။ နတ်ဘုံ
ခြောက်ဘုံနှင့် ဗြဟ္မာဘုံ နှစ်ဆယ်သည်ကား
ချမ်းသာ သုခတွေ များလွန်း အားကြီး၍ ကု
သိုလ်တရားများကိုပင် တင်းပြည့် ကျပ်ပြည့်
ပြုလုပ်၍ မရပြန်။
ဥပမာအားဖြင့် နတ်ပြည်ဗြဟ္မာပြည်၌ အလှူခံ
မရှိ၍ ဒါနကုသိုလ်မည်သည့်နည်းနှင့်မျှမရနိုင်
ခြင်းမျိုးတည်း။ ထို့ကြောင့် ၃၁ ဘုံတွင်ဤ လူ့
ဘုံ တစ်ခုတည်း သာလျှင် ကုသိုလ် အားလုံး
ကိုဆည်းပူးအားထုတ်၍ရ၏။ ဘုရားအလောင်း
တော်များဆိုလျှင် နတ်ပြည်ရောက်ခဲ့လျှင်ပင်
သက်တမ်းပြည့်မနေဘဲ နတ်သက်ချွေကာလူ့
ပြည်ပြန်လာပြီး ကုသိုလ်ပြုကြ၏။
ဤအချက်များကြောင့် လူဖြစ်ရခြင်း၏အဓိက
ရည်ရွယ်ချက်သည် ကုသိုလ်ပြုဖို့ရန်အတွက်
ဟု ဆိုခဲ့ရခြင်းဖြစ်၏။ လူ့ဘ၀ခန္ဓာရကြတာချင်း
တူသော်လည်း အသုံးချပုံခြင်းကား မတူကြ။
ပညာမဲ့လူမိုက်သည် ရလာသော လူ့ဘ၀ခန္ဓာ
ကို အဆင်း အသံ အနံ့ အရသာ အထိအတွေ့
ဟူသော ကာမဂုဏ်ခံစားဖို့အသုံးချ၍ အပါယ်
လေးပါးသို့ သွားကြ၏။ ပညာရှိလူလိမ္မာများ
သည် ရလာသောလူ့ဘ၀ခန္ဓာကို ကုသိုလ်ရဖို့
အတွက် အသုံးချ၍ နိဗ္ဗာန်သို့သွားကြ၏။
မေတ္တာရှင်-ရွှေပြည်သာ
မေတ္တာဖြင့်စီးပွားရှာခြင်းမှ
လွင်အောင် မျိုး's photo.
Read more »