Showing posts with label ပရာဘဝသုတ်လာကျင့်ဝတ်များ. Show all posts
Showing posts with label ပရာဘဝသုတ်လာကျင့်ဝတ်များ. Show all posts

Friday, July 17, 2015

ပရာဘဝသုတ်လာကျင့်ဝတ်များ


Lae Lae's photo.
ပရာဘဝသုတ်လာကျင့်ဝတ်များ
~~~~~~~~~~~~~~~~~

သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌
မင်္ဂလသုတ်တော်ဟောတော်မူပြီးနောက်
ဟောကြားတော်မူသည်။

ဆုတ်ယုတ်ပျက်စီးကြောင်းတရား၁၂ပါး
၁။ ဒုစရိုက်တရားဆယ်ပါးကိုပြုကျင့်ခြင်းသည်
ဆုတ်ယုတ်ပျက်စီးခြင်း၏အကြောင်းဖြစ်၏။
၂။ မိစ္ဆာဒိဋ္ဌိအယူရှိသူများနှင့်သူယုတ်မာတို့ကို
ပေါင်းသင်းဆက်ဆံခြင်း၊သူတော်ကောင်းတို့နှင့်
မပေါင်းသင်းမဆက်ဆံခြင်း၊မိစ္ဆာဒိဋ္ဌိများနှင့်သူယုတ်မာတို့၏တရားနှင့်အယူဝါဒများကိုနှစ်သက်
ခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏အကြောင်း
ဖြစ်၏။
၃။ အလွန်အကျွံအိပ်ခြင်း၊အပေါင်းအဖော်၌မွေ့
လျော်ပြီးအချိန်ဖြုန်းတီးနေခြင်း၊ထကြွလုံ့လမရှိ
ခြင်း၊အလွန်ပျင်းရိခြင်းနှင့်အမျက်ဒေါသကြီးခြင်း
သည်ဆုတ်ယုတ်ပျက်စီးခြင်း၏အကြောင်းဖြစ်၏။
၎။ ရဟန်း စသောသူတော်စင်အလှူခံများနှင့်
သူတောင်းစားတို့ကိုပေးလှူမည်ဟုဖိတ်ကြားဝန်ခံထားပြီးမလှူဒါန်းမပေးကမ်းခြင်းသည်ဆုတ်
ယုတ်ပျက်စီးခြင်း၏အကြောင်းဖြစ်၏။
၅။ မိဘတို့ကိုကျွေးမွေးပြုစုနိုင်ပါလျက်မကျွေး
မွေးမပြုစုခြင်းသည်ဆုတ်ယုတ်ပျက်စီးခြင်း၏
အကြောင်းဖြစ်၏။
၆။ ပစ္စည်းဥစ္စာပေါများသူဖြစ်ပါလျက်အခြားသ
ူများကိုမလှူဒါန်းမဝေငှဘဲမိမိတစ်ဦးတည်းသုံ
ဆောင်ခံစားခြင်းသည်ဆုတ်ယုတ်ပျက်စီးခြင်း၏
အကြောင်းဖြစ်၏။
၇။ မာန်မာန တက်ကြွမောက်မာခြင်းသည်
ဆုတ်ယုတ်ပျက်စီးခြင်း၏အကြောင်းဖြစ်၏။
၈။ ကာမဂုဏ်အပျော်အပါးလိုက်စားခြင်း၊အရက်
သေစာမူးယစ်ဆေးဝါးသောက်စားမှီဝဲခြင်းနှင့်
လောင်းကစားခြင်းသည်ဆုတ်ယုတ်ပျက်စီးခြင်း
၏အကြောင်းဖြစ်၏။
၉။ ပြည့်တန်ဆာမနှင့်သူတစ်ပါးမယားတို့၌
ပြစ်မှားလွန်ကျူးခြင်းသည်ဆုတ်ယုတ်ပျက်စီး
ခြင်း၏အကြောင်းဖြစ်၏။
၁၀။ အသက်ကြီးအရွယ်လွန်သူဖြစ်ပါလျက်
ငယ်ရွယ်သူအမျိုးသမီးနှင့်အိမ်ထောင်ပြုခြင်း
သည်ဆုတ်ယုတ်ပျက်စီးခြင်း၏အကြောင်းဖြစ်၏။
၁၁။ အဝတ်အစားမက်မောလွန်းသူ၊အသုံးအစွဲ
မတတ်သူကိုအကြီးအကဲအရာ၌ခန့်ထားခြင်း
သည်ဆုတ်ယုတ်ပျက်စီးခြင်း၏အကြောင်းဖြစ်၏။
၁၂။ မိမိနှင့်မတန်သောအရာကိုအလိုရှိခြင်းသည်
ဆုတ်ယုတ်ပျက်စီးခြင်း၏အကြောင်းဖြစ်၏။http://wwwitking969.blogsport.com
Read more »