Showing posts with label ပရဟိတလုပ်ငန်းဟူသည်. Show all posts
Showing posts with label ပရဟိတလုပ်ငန်းဟူသည်. Show all posts

Thursday, August 6, 2015

ပရဟိတလုပ်ငန်းဟူသည်

ပရဟိတလုပ်ငန်းဟူသည်
ဗြဟ္မ၀ိဟာရ တရားဖြစ်သော
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့ကို
အခြေခံရ၏။
မေတ္တာမထားတတ်သောအခါ
ပရဟိတလုပ်ငန်းများတွင် တွေ့ရတတ်သော
ရန်ဘက်နှင့် နှောက်ယှက်မှုများအပေါ်
အမျက်ထွက်၍ ပြန်လည်ဒုက္ခပေးမိတတ်၏။
ကရုဏာမထားတတ်သောအခါ
ဒုက္ခရောက်သူတို့၏ စိတ်မချမ်းသာဖွယ် အခြေအနေများအပေါ် စိတ်သောကရောက်၍
စိတ်ဖိစီးတတ်၏။
မုဒိတာမထားတတ်သောအခါ
မိမိနှင့် လုပ်ငန်းတူသမားတို့၏ ထင်ပေါ်ကျော်ကြားမှုများအပေါ် မနာလိုဝန်တို ဖြစ်တတ်၏။
ဥပေက္ခာမထားတတ်သောအခါ
တိုက်ခိုက်မှုနှင့် စော်ကားမှုများအပေါ်
သည်းမခံနိုင်ခြင်းကြောင့် မာန၏လှည့်ကွက်ဖြင့်
မထီမဲ့မြင် ပြုတတ်၏။
သတိထားဖွယ်ပင်၊
ဖိုးဥာဏ်(လောကနတ်)
Read more »