Showing posts with label အမြင်အယူအကျင့်မှန်ကန်ရေးအတွက်. Show all posts
Showing posts with label အမြင်အယူအကျင့်မှန်ကန်ရေးအတွက်. Show all posts

Sunday, July 19, 2015

အမြင်အယူအကျင့်မှန်ကန်ရေးအတွက်

အရှင်ခေမိန္ဒ တိပိဋကနိကာယ's photo.
(အခါများစွာဝေမျှဖြစ်သော အမြင်အယူအကျင့်မှန်ကန်ရေးအတွက် စေတနာမေတ္တာရှေ့ထားကာ ဓမ္မဒါနပြုဖြစ်သောပို့စ်ပါ။
သို့သော် အားလုံးဆီသို့ဟု စကားလုံးအစား မိမိဆီသို့သာဟု ပြောင်းသုံးလိုက်ရပါသည်။ ခဲတော့ မိမိဆီ ပစ်လိုက်တာပါပဲ။ လွင့်စင်ပြီးတော့ ဘယ်သူ့ဘယ်ဝါဆီ ရောက်မည်တော့မသိရသေးပေ။ ခုချိန်ထိအောင် အမြင် အယူ အကျင့်များ ရောထွေးနေကြဆဲပင် ဖြစ်ချေပြီ။)
စနေသားက စနေထောင့်က ဘုရားမှာသွားပြီးလုပ်တယ် ဆိုကတည်းက ဒါသူ့ရဲ့ ယုံကြည်ချက်က တခြားဖြစ်နေတယ်လေ၊မြတ်စွာဘုရားဟောတာနဲ့ လွဲချော်နေတယ်၊အဲဒီလိုမျိုးတွေတော့ ရှိတာပေါ့၊သို့သော် ခွဲပြောရမှာကတော့"ထေရ၀ါဒ ဗုဒ္ဓတရားတော်တွေက စစ်မှန်တယ်၊ထေရ၀ါဒ ဗုဒ္ဓ သာသနာကို လက်ခံပြီးကျင့်သုံးတဲ့လူတွေမှာ အယူအဆတွေရောထွေးနေတယ်"ဒီလိုတော့ ပြောလို့ရတယ်။အတွေးအခေါ်တွေ အမြင်တွေဟာ မသန့်ဘူး၊ဗုဒ္ဓဘာသာလို့ ဆိုပေမယ့်လို့ တခြားဘာသာတွေနဲ့ ရောထွေးပြီး ယုံကြည်မှုတွေ တခြားအရာတွေ လက်ခံ ကျင့်သုံးမှုတွေ ဒါမျိုးတွေဟာ ရှိနေဆဲပဲ။
ဆိုလိုတာက မြန်မာနိုင်ငံလူဦးရေ ဗုဒ္ဓဘာသာဦးရေ ၈၅ % ရှိတယ် ဆိုပါစို့၊အဲဒီ ၈၅ % ထဲက ဗုဒ္ဓဘာသာဝင် ပီပီသသ သန့်သန့်ပြန့်ပြန့် ဘယ်နှစ်ယောက်ရှိတုံး ဆိုတာကို သိချင်ရင် ဒီအချက်တွေနဲ့ စုံစမ်းကြည့်၊ဗေဒင်လည်း မမေးဘူးနော်၊နေ့နံထောင့်တွေက ဘုရား သွားရှိခိုးတာလည်း မဟုတ်ဘူး၊ဆုတောင်းပြည့်ဘုရားမှာ ဆုတောင်းတာလည်း မဟုတ်ဘူး၊ကြီးလေးကြီး ကြီးကိုးကြီးမှာ သွားပုတီးစိပ်တာလည်း မပါဘူး၊ပုဂံသွားတဲ့အခါကျတော့ စွယ်တော်လေးဆူကို တစ်မနက်အတွင်း ဖူးလို့ရှိရင် ချမ်းသာတယ်လို့ ယုံကြည်တဲ့အထဲမှာလည်း မပါရဘူး၊ကျိုက်ထီးရိုး သုံးခေါက်တက်ရင် သူဌေးဖြစ်တယ်လို့ ယုံကြည်သူထဲလည်း မပါရဘူး၊ဘုရားဆိုရင် ဘယ်ဘုရားပဲ ဖြစ်ဖြစ် စိတ်ထဲမှာ တန်းတူထားနိုင်ပြီလား၊ဆုတောင်းပြည့်ဘုရားပဲ ဖြစ်ဖြစ်၊ ဘာဘုရားပဲ ဖြစ်ဖြစ် တန်းတူထားနိုင်ပြီလားဆိုတာ အဲဒါ နံပါတ်တစ် ဗုဒ္ဓဘာသာဝင်။အားလုံးဟာ ဒါတွေ အယုံအကြည် မရှိဘူး၊သရဏဂုံ ဆောက်တည်ပြီးတော့ ငါးပါးသီလ လုံးဝ မကျိုးအောင် ဂရုစိုက်တယ်၊ရှစ်ပါးသီလ တတ်စွမ်းတဲ့အခါမှာ ကျင့်ကြံ ကြိုးကုတ် အားထုတ်တယ်၊နေ့စဉ်နဲ့အမျှ တရားထိုင်တယ်၊ဒါဗုဒ္ဓဘာသာအစစ်။research လုပ်ပြီးတော့ ကြည့်မယ်၊ သုတေသနလုပ်ကြည့်မယ်ဆိုရင် ရာခိုင်နှုန်း များလှမယ် မထင်ဘူးနော်။အဲဒီတော့ ဗုဒ္ဓဘာသာဝင် အစစ်က ဘယ်နှစ်ယောက်လဲ၊ဗုဒ္ဓဘာသာဝင် အလတ်စားက ဘယ်နှစ်ယောက်လဲ၊ဗုဒ္ဓဘာသာဝင် အညံ့စားက ဘယ်နှစ်ယောက်လဲ ဆိုတာ သိနိုင်တယ်။
ပါချုပ်ဆရာတော်ကြီး
Read more »