Showing posts with label အာ့....မှန်လား ဟင်. Show all posts
Showing posts with label အာ့....မှန်လား ဟင်. Show all posts

Friday, July 24, 2015

အာ့....မှန်လား ဟင်

မှန်မယ်ထင်တာပဲ
ထား သခင်'s photo.
အာ့....မှန်လား ဟင်
..............................
အသက် ၂၅ နှစ်ကျော်
Single မိန်းမများသည် ချစ်ရခက်ပါသည်
သူတို့သည် အတွေးများသွားပြီ
တွေးတတ်သွားပြီ
ကိုယ့်ခြေထောက်ပေါ်
ကိုယ် ရပ်တည်နိုင်သွားပါပြီ
အားကိုးဖို့ အကြောင်းပြချက် တစ်ခုနဲ့တော့ လူတစ်ယောက်ကို မယူချင်တော့
အချစ်????
အချစ်ဟုဆိုလျှင်လည်း
ထိုအရွယ်မှာ ချစ်သူမရှိသူသည်
အချစ်ကြောင့် နာနာကျင်ကျင်ခံစားဖူး
အချစ်ကို စိတ်နာဘူး
အချစ်ကို ကြောက်သွားသူများ
(သို့မဟုတ်)
ယောင်္ကျားတွေကို မယုံကြတော့သူများဖြစ်လိမ့်မည်
ချစ်သည်ဆိုလျှင်လည်း
ပါချီပါချက် ယောက်ျားကို လက်ထပ်ဖို့ မစဉ်းစားချင်
သူတို့အရွယ်....
သူတို့ပညာ.....
သူတို့ဂုဏ်နဲ့.....
ဘာမဟုတ်သောသူကို လက်ထပ်ဖို့ကား
ဆယ်ကျော်သက်အိမ်မက်သာ.....
အတော်လည်း ရင့်ကျက်နေပြီ
ချိုချိုသာသာ စကားများမပျော်ဝင်တတ်တော့
ထောင်ချောက်ကဲ့သို့ သံယောဇဉ်များလည်း အလွယ်တကူ ရစ်ပတ်မခံတတ်တော့ပြီ
ထိုအရွယ်ကိုချစ်မိဖို့ ကြိုးစားရခြင်းသည်
အခန့်မသင့် တရားပေါက်နေသောသူတစ်ယောက်အား
အချစ်အကြောင်းဖတ်ပြနေသကဲ့သို့ပင် ဖြစ်မိနေပါတော့သည်....
Read more »