Showing posts with label အနာထပိဏ္ဍိကောဝါဒသုတ်. Show all posts
Showing posts with label အနာထပိဏ္ဍိကောဝါဒသုတ်. Show all posts

Tuesday, July 14, 2015

အနာထပိဏ္ဍိကောဝါဒသုတ်

အနာထပိဏ္ဍိကောဝါဒသုတ်
====================
မိုးကုတ်ဆရာတော်က သူသည် ပါဠိတော်မူရင်းကိုသာ အခြေခံ၍ဟောသည်။ အဋ္ဌကထာကို
အင်မတန်လိုမှသာ ယူသည်ဟုဆိုပြီး ဤဒေသနာကိုဟောပါသည်။
အနာထပိဏ္ဍိကောဝိဒသုတ်သည် ဥပရိပဏ္ဏာသ ပါဠိတော်မှ လာသည်။ အနာထပိဏ် သူဌေးကြီး
နာမကျန်းစဉ် အရှင်သာရိပုတ္တရာ သွားပြီး တရားဟော တရားပြပုံဖြစ်သည်။
ဒီခန္ဓာငါးပါးကို မစွဲလမ်းလျှင် နောက်ခန္ဓာငါးပါးကို
မရဘူး ဟု အနာဂတ် ခန္ဓာငါးပါးကို ဖြတ်သောတရားကိုဟောသည်။ ဝေဒနာနိရောဓိ
တဏှာနိရောဓော ဖြစ်အောင် အနာထပိဏ်ကို ၀ိပဿနာရှုခိုင်းသည်။ ဝေဒနာနုပဿနာမှာ
ဝေဒနာကို လက္ခဏာရေး သုံးပါးဖြင့် မြင်အောင်ရှုနိုင်
လျှင် နောင်ခန္ဓာ မလာတော့ပါ။ နိဗ္ဗာန်ကိုလိုချင်သော ပုဂ္ဂိုလ်သည် ဤဘ၀ ဟိုဘဝ
မစွဲရ။ ဒီလို မစွဲလို့ ရှိရင် ကိစ္စပြီးနိုင်တယ်။ ဤတရားကိုနာပြီးနောက်
အနာထပိဏ်သူဌေးကွယ်လွန်သောအခါ တုဿိတာနတ်ပြည်မှာ နတ်ဖြစ်တယ်။
နတ်ဖြစ်ပြီးမှ ဇေတ၀န်ကျောင်းတော်မှာ မြတ်စွာဘုရားကို လာဖူးတယ်။လောကမှာ
ပစ္စည်ပေါခြင်း အမျိုးအနွယ်ကောင်းခြင်းကြောင့် နိဗ္ဗာန်ကိုမရနိုင်။
မဂ္ဂင်ရှစ်ပါးဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ကြောင်း
လျှောက်သွားသည်။ဆရာတော်ကြီးက
အနာထပိဏ်ရဲ့ စကားကိုယူပြီး မဂ္ဂင်ရှစ်ပါး ပွားများမှသာ
တရားထူးရနိုင်ကြောင်းကို အကျယ်ဟောသည်။
ထို့နောက်ဆရာတော်က တရားအားထုတ်သောအခါ တရားနာပြီးမှ ဉာဏ်နှင့်ခန္ဓာကို
လည့်ရှု။ ဉာဏ်နှင့်ခန္ဓာနှင့်ကိုက်အောင် နှလုံးသွင်းသင့်ကြောင်း ဟောထားသည်။
ပြီးမှ သာဝကပါရမီဉာဏ် သဘောကိုဟောသည်။ သစ္စာနှင့်
လျော်သောဉာဏ်ဆိုတာ ၀ိပဿနာဉာဏ်ပင်ဖြစ်သည် ဟုဆိုသည်။ ထို့နောက် သစ္စဉာဏ်၊
ကိစ္စဉာဏ်၊ ကတဉာဏ် သုံးမျိုးကို ခွဲခြား၍ပြသည်။ ဝေဒနာမှန်သိရင် သစ္စဉာဏ်၊
ဝေဒနာတွေ ခဏခဏပျောက်ပျောက်သွားတာ မြင်လျှင်
ကိစ္စဉာဏ်၊ ဝေဒနာချုပ်ဆုံးပြီး လုံးဝမလာတာမြင်လျှင် ကတဉာဏ်ဖြစ်သည် ဟုဆိုသည်။
သစ္စာဆိုက်ချင်တယ်ဆိုရင် ၀ိပဿနာက စ၊ ဖြစ်ပျက်က စ
ဟုလည်းဆရာတော်ကလမ်းညွှန်ပြထားသည်။ ဒါဖြင့် ငါ့အလုပ်ဘာလဲဆိုတာ ရှေးဦးစွာ
ဖြစ်ပျက်မှုတွေ့အောင်ရှာ။ နောက်မှ ဖြစ်ပျက်မှုဆုံးအောင်လိုက်။ ပြီးရောဟု
အလုပ်စဉ်ကိုလည်း ညွှန်ပြထားလေသည်။ နားချိန်မရအောင် လုပ်ရမည်ဟုလည်း ဆိုသည်။
ဤတရားတွင်ဝိပဿနာရှုနည်းများကို တော်တော်စုံစုံ ပြထားသည်။
ဆန်းလွင်(အရှင်အာဒိစ္စရံသီ)
မိုးကုတ်ဝိပဿနာအလုပ်စဉ်တရားစာအုပ်
လွင်အောင် မျိုး's photo.
Read more »