Thant Zaw with ကို မျိုး and Luchaw Lay
မေးခွန်း၁။ ရှေးက ရဟန်းတော်များဟာ ရွာတွင်း မြို့တွင်း ပရိတ် တရား ဟောကြားပြီးလျှင် ဥပသမ္မဒ ကမ္မဝါစာကို ရွတ်ဖတ်ကြပါတယ် ဘုရား။ နောက်ကိုယ်တော်တွေကျတော့ ဥပသမ္မဒကမ္မဝါစာအစား ပဗ္ဗဇနီယ ကမ္မဝါစာကို ရွတ်ဖတ်တာကြုံတွေ့ရပါတယ်။ ဒီနေရာမှာ မေးခွန်းရှင်က ဥပ သမ္ပဒကမ္မဝါစာဟာ ဘုရားရှင်ရဲ့ နှုတ်ကမ္ပတ်တော်ဖြစ်လို့ ပဗ္ဗဇနီယ ကမ္မ ဝါစာထက် ပိုပြီး သင့်မြတ်လိမ့်မယ်လို့ထင်ပါတယ်။ ပဗ္ဗဇနီကမ္မဝါစာဟာ သူတစ်ပါးကို မောင်းနှင်တဲ့ ကမ္မဝါစာ ဖြစ်တဲ့ အတွက် မေတ္တာကို အဓိက ထားတဲ့ ဗုဒ္ဓဝါဒနှင့်ဆန့်ကျင်နေပါတယ်။ ဒီအကြောင်းကို ဆရာတော်ရဲ့ သဘော ဘယ်လိုဆိုတာ သိချင်ပါတယ်။
မေးခွန်းရှင် ဦးသုခ ပန်းထိမ်ရပ် သီပေါမြို့။

ဇပ္ပနဆိုတဲ့ ပါဠိစကားဟာ မြန်မာလို စကားပြောဆိုခြင်း၊ ဂါထာစုပ်ခြင်း၊ မန်းမှုတ်ခြင်းဆိုတဲ့အနက်ကို ဟောတယ်။ လူသား တွေဟာ ကမ္ဘာဦးအချိန် လောက်ကစတင်ပြီး ဂါထာ မန္တရား မန်းမှုတ် ခြင်း အလေ့အထကို ယုံကြည် ခဲ့ကြတယ်။ ဂါထာမန္တရားများ ရွတ်ဖတ် သရဇ္ဇျာယ်တဲ့အခါ မှတ်သားတဲ့ ပုတီးကို စိပ်ပုတီးလို့ ခေါ်ကြတယ်။ ဒီနေရာမှာ စိပ်ဆိုတာ ဇပ္ပနကိုဇိပ်လို့ ပြန်ဆိုရာက စိပ် ဖြစ်လာတယ်လို့ ယူဆကြ သကွယ့်။ ပြီးတော့ ဂါထာ စုပ်တယ်၊ မန္တန် စုပ်တယ်ဆိုတဲ့ သဒ္ဒမှာပါတဲ့စုပ်ဟာလည်း ပါးစပ်နှင့်စုပ် တဲ့စုပ်နှင့် အသံခြင်း တူသော်လည်း အနက်ချင်းမတူဘူး။ မန္တန်စုပ်တယ် ဆိုတဲ့ သဒ္ဒါမှာပါဝင်တဲ့ စုပ်က စိပ်ပုတီးမှာ ပါဝင် တဲ့ စိပ်လိုပဲ ဇပ္ပနသဒ္ဒါက ဖြစ်တာမို့ ရွတ်ဖတ်သရဇ္ဇျာယ် ခြင်း အနက်ကို ဟောတယ်။ ပါးစပ်ဖြင့် စုပ်တယ် ပြွန်ဖြင့်စုပ်တယ် ဆိုတဲ့ သဒ္ဒါမှာ ပါဝင်တဲ့စုပ်က စုဗိသဒ္ဒါကဖြစ် လာတဲ့ စုပ်တဲ့ ကွယ့်။ စစုဗိသဒ္ဒါက ဓာတ်နက်လှစ်တော့ ဝဒန သံယောဂ နှုတ်ခမ်း ချင်း စပ်ယှဉ်ခြင်းလို့ အနက်ဖော်တယ်။
သည်စုပ်နှစ်မျိုးအနက် အခုပြောလိုတာက မန္တန်စုပ်ခြင်း ဂါထာစုပ်ခြင်း မန်းမှုတ်ခြင်းဆိုတဲ့ဓလေ့ပါပဲ။ သည်ဓလေ့ ဟာ ကမ္ဘာဦး လောက်ကစပြီး လူသားများရဲ့အတွင်းမှာ စိမ့် ဝင်နေတယ်။ အချို့ ဂါထာမန္တရားတွေ ဟာလည်း အမှန်တ ကယ်ပဲထိရောက်တယ်။ ဥပမာအားဖြင့် မြွေမန္တန်များ ကို ထောက်ဆကြည့်မယ်။ မြွေမန္တန်များကို ယနေ့အထိ အလမ္မာယ်ဆရာ များ အသုံးပြုနေကြဆဲဖြစ်တယ်။ နောင်အခါ ကြတော့ သည်မန္တန်တွေဟာ ဘာသာရေးနယ်ပယ်ထဲ ဝင်ရောက်လာကြပြီး စုန်းနတ်တစ္ဆေသရဲများရဲ့ စွမ်းရည်များလို့ ယူဆလာခဲ့ကြတယ်။ ရှေးဦးစွာ သည်မန္တန်များကို လက်သင့် ခံခဲ့ကြတာက ဗြဟ္မာဏ များ ဖြစ်ကြတယ်။ ဗြဟ္မဏတို့ရဲ့ ဘာသာရေးနယ် ပယ်မှာ သည်လို မန်းမှုတ်ရွတ်ဖတ်ခြင်းမျိုးကို တန္တရ မန္တရအဖြစ်ဖြင့် ကျမ်းတင်ခံ ရတဲ့ဘဝရောက်လာတယ်။ နောက်ပိုင်းကျတော့ သည်တန္တရ မန္တရဝါဒ တွေဟာ
(၁) ဒက္ခိဏတန္တရ လက်ယာဂိုဏ်း သို့မဟုတ် အထက်လမ်းဂိုဏ်း၊ (၂) ဝါမတန္တရ လက်ဝဲဂိုဏ်း သို့မဟုတ် အောက်လမ်းဂိုဏ်းရယ်လို့ ဂိုဏ်းနှစ်မျိုး ပြားလာတယ်။ အထက်လမ်းဂိုဏ်းကို ဗြဟ္မာ၏ မိဘုရား သွရဿတီနတ် ဘုရားမက ခေါင်းဆောင်ပြီး အောက်လမ်း ဂိုဏ်းကို သျှီဝ ၏မိဘုရား ကာလီ ခေါ်တဲ့ ပါရဝတီဒေဝီက ဦးဆောင် တယ်ရယ်လို့ ယူဆလာကြတယ်။
သည်အယူအဆတွေဟာ အမှန်တော့ ဗုဒ္ဓသာသနာတော်နှင့် မပတ်သက်ပါဘူး။ သက်သက်သော ဗြဟ္မဏဝါဒတွေပဲ။ သို့သော် သီရိဓမ္မာ သောက မင်းတရားလက်ထက်မှာ ဗြဟ္မဏများဟာ စားရ နေရ မချောင်ကြ တော့ တဲ့အတွက် ရဟန်း အသွင်ယူခဲ့ကြတယ်။ သာသနာတော်အတွင်း ရဟန်း ဖြစ်လာကြသော်လည်း ဗြဟ္မဏက ရဟန်းဖြစ်လာသူတွေဟာ သူတို့ရဲ့ ဝါဒကိုမစွန့်ပဲ သာသနာတော်အတွင်း သူတို့ရဲ့ဝါဒများကို မျိုးစေ့ ချပေးလိုက်ကြတဲ့အတွက် ယနေ့အထိ သာသနာတော်အတွင်းမှာ ဖိုထိုး ခြင်း အင်းချခြင်း ဓာတ်ရိုက်ခြင်း စသော တန္တရ အရိပ်အယောင်များဟာ ထင်ဟပ်နေခြင်း ဖြစ်တယ်။ သည်တန္တရအရိပ် အယောင်ထဲမှာ ပရိတ်လည်း ပါသတဲ့ကွယ်။
ပါဠိတော်ကလာတဲ့ ဘုရားဟောပရိတ်လည်း ရှိတယ်၊ တန္တရကလာတဲ့ ပရိတ်လည်းရှိသကွယ့်။ ပရိတ်ကြီး ပရိတ်ငယ်ဆိုတာ ကြားဖူးရဲ့လား။ အမှန်က ပရိတ်ငယ်ဆိုတာ ပိဋကတ်တော်ကလာတဲ့ ပရိတ်မဟုတ်ဘူး။ တန္တရကျမ်းများ ကလာတဲ့ အန္တရာယ်ကင်းပရိတ်များဖြစ်တယ်။ သည်ပရိတ် ငယ်တွေဟာ အချို့သော ဆေးကျမ်း အင်းကျမ်းများမှာ အတော်များများ ရှိပါတယ်။ တွေ့ဖူးသလောက် ပြောရမယ်ဆိုလျှင်
၁။ ကျေးမင်းပရိတ်၊ ၂။ ဟင်္သာမင်းပရိတ်၊ ၃။ မျောက်မင်းပရိတ်၊ ၄။ နွားမင်းပရိတ်၊ ၅။ ကြိုးကြာမင်းပရိတ်၊ ၆။ ခြင်္သေ့မင်းပရိတ်၊ ၇။ ဝက်မင်း ပရိတ်၊ ၈။ မြေခွေးမင်း ပရိတ်၊ ၉။ ဒုတိယဝက်မင်းပရိတ်၊ ၁၀။ ယုန်မင်း ပရိတ်၊ ၁၁။ သမင်မင်းပရိတ်၊ ၁၂။ ဂဠုန်မင်းပရိတ်၊ ၁၃။ ခိုမင်းပရိတ်၊ ၁၄။ ဆက်ရက်မင်းပရိတ်၊ ၁၅။ ပုစွန်မင်းပရိတ်၊ ၁၆။ ဗျဂ္ဃမင်းပရိတ်၊ ၁၇။ မဟိံ သမင်းပရိတ်၊ ၁၈။ စွန်မင်းပရိတ်၊ ၁၉။ ရှဥ့်မင်းပရိတ်၊ ၂၀။ ဥဩမင်း ပရိတ်၊ ၂၁။ ဖျံမင်းပရိတ်၊ ၂၂။ ခါမင်းပရိတ်၊ ၂၃။ လနတ်သားပရိတ်၊ ၂၄။ နေနတ် သားပရိတ်၊ ၂၅။ သိရသ္မိပရိတ်၊ ၂၆။ ရှင်ဥပဂုတ်ပရိတ်၊ ၂၇။ ပုတ်သင်မင်း ပရိတ်၊ ၂၈။ မိကျောင်းမင်းပရိတ်၊ ၂၉။ ဆင်မင်းပရိတ်၊ ၃၀။ ကျီးမင်း ပရိတ်၊ ၃၁။ ကြက်မင်း ပရိတ်၊ ၃၂။ မြင်းမင်းပရိတ်၊ ၃၃။ လမင်းပရိတ်၊ ၃၄။ နေ မင်းပရိတ်၊ ၃၅။ နဂါးမင်းပရိတ်၊ ၃၆။ ဒုတိယရှဥ့်မင်း ပရိတ်၊ ၃၇။ လိပ်မင်း ပရိတ်၊ ၃၈။ ဆိတ်မင်း၊ ၃၉။ ဒုတိယဂဠုန်မင်းပရိတ်၊ ၄၀။ ဒုတိယ ဖျံမင်း ပရိတ်၊ ၄၁။ ဒုတိယဟင်္သာမင်းပရိတ်၊ ၄၂။ ဒုတိယဖျံမင်းပရိတ်၊ ၄၃။ ဒုတိယဆက်ရက်မင်းပရိတ်၊ ၄၄။ ဆဒ္ဒန်ဆင်မင်းပရိတ်၊ ၄၅။ လင်းတမင်း ပရိတ်၊ ၄၆။ ဒုတိယပုတ်သင်မင်းပရိတ်၊ ၄၇။ ငုံးမင်းပရိတ်၊ ၄၈။ ဒုတိယ ရှင်ဥပဂုတ်ပရိတ်ရယ်လို့ ပရိတ်ငယ် ၄၈မျိုးတွေ့ဖူးတယ်။ တန္တရက လာတဲ့ သည်ပရိတ်များ ဟာလည်း သူ့နေရာနှင့်သူ ကျေးဇူးပြု တာ တွေရှိပါတယ်။ ဒါကြောင့် သည်လို တန္တရပရိတ်မျိုးကိုသော်လည်း ဘုရားရှင်က ခွင့်ပြု တော်မူခဲ့ပါတယ်။
ပါစိတ်ပါဠိတော် ဘိက္ခုနီဝိဘင်း တိရစ္ဆာနကထာ ၄၀၂-၄၀၃မှာ အနာပတ္တိ လေခံ ပရိယာပုဏာတိ၊ ဓာရဏံ ပရိယာပုဏာတိ၊ ဂုတ္ထတ္ထာယ ပရိတ္တံ ပရိယာပုဏာတိ လို့ ခွင့် ပြုထားသကွယ့်။ အဓိပ္ပါယ်က ဘိက္ခုနီမဟာ မဂ်ဖိုလ်မှဖီလာ ဖြစ်သော အတတ်မျိုးကို မသင်ကြားရဘူး၊ မပို့ချရ ဘူး၊ သင်ကြားပို့ချခဲ့လျှင် ပါစိတ်အာပတ်သင့်တယ်။ သို့သော်လည်း စာအရေး အသားမျိုးကို သင်ကြားပို့ချသော်လည်းကောင်း၊ အာဂုံဆောင်ထားဖို့ သင်ကြားပို့ချသော်လည်းကောင်း၊ ကိုယ်၌ လုံခြုံဖို့ ပရိတ်အရံအတား သင်ကြားပို့ချပေးသော်လည်း ကောင်း အာပတ်မသင့်ဘူးလို့ ဆိုလိုတယ်။
ပရိတ်အရံအတားဆိုတာက ပါဠိတော်ကလာတဲ့ ပရိတ်ကြီး ကို ဆိုလိုတာ မဟုတ်ဘူး။ ဒီနေရာမှာ ပရိတ္တံဆိုတာကကို အဋ္ဌ ကထာက ပရိတ္တန္တိ ယက္ခပရိတ္တံ နာဂမဏ္ဍလာဒိဘေဒံ သဗ္ဗမ္ပိ ဝဋ္ဋတိ လို့ ဖွင့်တယ်။ အဓိပ္ပါယ်က ပရိတ်ဆိုတာ ဘေးဒဏ်အရံအတားပဲ။ ဘေးဒဏ်ပြုတတ်တဲ့ ဘီလူးသရဲတို့ မလာနိုင်အောင် အကာအကွယ်ပေးတဲ့ မန္တန်မျိုး၊ မြွေနဂါး များမဝင်နိုင်အောင် ဆီးတားခြင်းမျိုးစတဲ့ ဘေးဒဏ် အရံအတားမှန်သမျှကို ဒီနေရာမှာ ပရိတ်လို့ ဆိုလိုတယ်ကွယ့်။
ဘေးဒဏ် အတားအဆီးအတွက် ရွတ်ဖတ်တဲ့ ပရိတ်ဟာ ဂါထာ မန္တရား မနိးမှုတ်တဲ့ ဇပ္ပနသဘောမျိုးသက်ဝင်လို့ တန္တရ အတွင်းပါဝင်တယ်။ တန္တရမျိုးဟာ သံသရာက လွတ်ကြောင်းမျိုးမဟုတ်ဘူး။ သံသရာက လွတ်စေ တဲ့မဂ်ဖိုလ်တို့ရဲ့ ဆန့် ကျင်ဘက် တိရစ္ဆာနဝိဇ္ဇာမျိုး ဖြစ်တယ်။ သို့သော် သည်တိရစ္ဆာန ဝိဇ္ဇာမျိုးက ကျန်းမာရေးကို အထောက်အပံ့ပေး တယ်။ ကျန်း မာရေးက မဂ်ဖိုလ်ကို အထောက်အပံ့ပေး တယ်။ ဒါကြောင့် ဆင်အတတ်၊ ရထားအတတ်၊ လေးအတတ်၊ အာတဗ္ဗဏစတဲ့ မန္တန်အတတ် များလို သူတစ်ပါးကို ညှဉ်းဆဲဖို့ သန့်သန့် မဟုတ် တဲ့အတွက် အနာပတ္တိ ဝါရမှာ ဘုရားရှင်က ခွင့်လွှတ်တော်မူထား တယ်။
အခုပြောဆိုခဲ့တဲ့စကားက ပရိတ်ဟာ တန္တရမျိုးဖြစ်လို့ ရဟန်းတော်များ မရွတ်ကောင်းဘူးလို့ထင်မှာစိုးလို့ ပြောဆို နေခြင်းဖြစ်တယ်။ အမှန်မှာ ပရိတ်ကို ရဟန်းတော်များ ရွတ်ဆို ကောင်းတယ်။ ဘုရားရှင်လက်ထက် တော်က ဝေသာ လီပြည်မှာ ရတနသုတ် ပရိတ်တော်ကို အရှင်အာနန္ဒာ ရွတ်ဆို ခဲ့တာဟာ အလွန်ထင်ရှား ပါ တယ်။ ဒါကြောင့် ပရိတ်ရွတ်တာဟာ အလွန်ကောင်းပါတယ်။ သို့သော်လည်း ပရိတ်ရွတ်ပြီး ဥပသမ္ပဒကမ္မဝါစာ ရွတ်ဖတ်တာကတော့ မဆီလျော် ဘူးကွယ့်။
ဥသမ္မဒကမ္မဝါစာဆိုတာက
၁။ ဧဟိဘိက္ခူပသမ္ပဒါ ဧဟိဘိက္ခူရဟန်း
၂။ သရဏဂမနူပသမ္မဒါ သရဏဂုံဖြင့် ဖြစ်သောရဟန်း
၃။ ဩဝါဒပ္ပဋိဂ္ဂဟနူပသမ္ပဒါ ဩဝါဒခံယူ၍ဖြစ်သောရဟန်း
၎။ ပဥှာကရဏူပသမ္မဒါ ပြဿနာကိုဖြေဆို
ခြင်းဖြင့် ဖြစ်
သောရဟန်း
၅။ အဋ္ဌဂရုဓမ္မပဋိဂ္ဂဟဏူပသမ္ပဒါ ဂရုဓံတရား၈ပါးကို ဝန်
ခံခြင်းဖြင့် ဖြစ်
သောရဟန်း
၆။ ဒူတေနူပသမ္ပဒါ တမန်ဖြင့် ဖြစ်သော
ရဟန်း
၇။ အဋ္ဌဝါစိကူပသမ္ပဒါ ကမ္မဝါစာ ၈ကြိမ်ဖြင့်
ဖြစ်သောရဟန်း
၈။ ဉ တ္တိစတုတ္ထကမ္မူပသမ္ပဒါ ဉ တ်လျှင် ၄ကြိမ်
မြောက် ဥပသမ္ပဒ
ကမ္မဝါစာဖြင့် ဖြစ်
သောရဟန်း ဟူ၍ ရှစ်မျိုးရှိရာ ရှစ်ယောက်မြောက်ရဟန်းဖြစ်ဖို့အတွက် ဘုရားရှင် ပညတ်ထားတဲ့ ကမ္မဝါစာဖြစ်တယ်။ သည်ကမ္မဝါစာ က ဥပသမ္ပဒ ကံဆောင်ဖို့ သက်သက်မျှသာဖြစ်တယ်။ အန္တရာယ်ကင်းနှင့် ဘယ်လိုမျှ မပတ်သက်ဘူး။ ဒါကြောင့်အန္တရာယ်ကင်းနှင့် ဥပသမ္ပဒ ကမ္မဝါစာဟာ မဆီလျော်ဘူး လို့ဆိုတာပဲကွယ့်။
ရှေးဆရာတော်များက သည်ကမ္မဝါစာကို အန္တရာယ်ကင်း ရန်အတွက် မရည်ရွယ်ပါဘူး။ အန္တရာယ်ကင်းရန်အတွက် ပရိတ်ရွတ်ပြီးဖြစ်ပါတယ်။ ပရိတ်ရွတ်ပြီးတဲ့နောက် ပရိတ်နာ ဒါယကာများ ဓမ္မဿဝနကုသိုလ် ဖြစ်ပွားကြဖို့ရည်ရွယ်ပြီး ဥပ သမ္ပဒကမ္မဝါစာကို ဖတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
ပဗ္ဗာဇနီယ ကမ္မဝါစာနှင့်ပတ်သက်ပြီး
တစ်ဆင့်စကားကြားဖူးတာကတော့ မြို့ကြီးတစ်မြို့မှာ ရောဂါကပ်ဆိုးကြီး ဆိုက်ရောက်လာတယ်။ သည်ရောဂါကပ်ကြီး ကင်းငြိမ်းအောင် ရဟန်းတော် များက ပရိတ်အရံအတားနဲ့ ကာကွယ် ကြပေမယ့် ရောဂါကမရပ်ဘူး။ ဒါကြောင့် ဆရာတော်ကြီးတစ်ပါးက အမိန့်တော်ပြန်ပြီး ပဗ္ဗာဇနီယကမ္မဝါစာ ရွတ်ဖတ်မှ ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းသွားသတဲ့။ သည်အရေးအခင်းကို အကြောင်းပြု ပြီး နောက်နောက်ဆရာတော်များက ရောဂါဝေဒနာကိုပြုတတ် တဲ့ အမနုဿခေါ်ကြတဲ့ တစ္ဆေသရဲများအနက် ပရိတ်မေတ္တာနှင့် တားဆီးလို့ မရတဲ့ အမနုဿများလည်းရှိတယ်။ မေတ္တာကိုအရေးမထားတဲ့ အမနုဿ များလည်းရှိတယ်။ မေတ္တာကိုအရေး မထားတဲ့ အမနုဿ များ ကိုတော့ ပဗ္ဗာဇနီယကမ္မဝါစာနှင့် နှင်ထုတ်မှ ဖြစ်မှာပဲလို့ သဘောပေါက်လာကြပြီး ပရိတ်ရဲ့ အခြားမဲ့မှာ ပဗ္ဗာဇနိယ ကမ္မဝါစာ ကို ရွတ်လာကြတယ်။ ဒါပေသိ ဆဋ္ဌသင်္ဂါယနာတင်ပြီးတဲ့နောက်ပိုင်းကျတော့ ရဟန်းတော်များဟာ ပဗ္ဗာဇနိယကမ္မဝါစာကို အသုံးနည်းလာကြပြီး ပဗ္ဗာဇနိယ ကမ္မဝါစာ အစား အနန္တရာယိကကမ္မဝါစာကို အသုံး များနေကြတယ်ကွယ့်။
ပဗ္ဗာဇနိယကမ္မဝါစာရော အနန္တရာယိက ကမ္မဝါစာရော ဘုရားပညတ် တာ မဟုတ်ပါဘူးဘုရား။ ဘုရား မပညတ်ပါဘဲ ပညတ်သလို ကမ္မဝါစာ အသစ် ဖတ် ရွတ်ကြတာဟာ အပြစ်ဖြစ်မကုန်ဘူးလားဘုရား။ အန္တရာယ် ကင်းအတွက် တန္တရ ပရိတ်မျိုးတောင် ဘုရားခွင့်လွှတ်တော် မူသေးတာ ကမ္မဝါစာ ရွတ်ရုံနှင့်တော့ အပြစ်မဖြစ်ပါဘူးကွယ်။
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ ၁
တည်တောဆရာတော်

No comments:
Post a Comment