ဗာဟိရဒါရုစိ
===========
ငါတို့၏ ဂေါတမဗုဒ္ဓရှင်တော်မြတ်သည် သာဝတ္ထိပြည်မွန်
ဇေတ၀န်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံပျော်
နေတော်မူစဉ် ဒါရုစိအလောင်းအလျာသည် နတ်ပြည်မှ
ဆင်းသက်တော်မူခဲ့၍ မဇ္ဈိမတိုင်း မြို့ငယ်လေးတစ်မြို့
မှာ နေထိုင်သော ကုန်သည်ပုဏ္ဏားတစ်ဦး၏အိမ်မှာ
သန္ဓေစွဲကပ် ကိန်းဝပ်စံပျော် ဖြစ်တော်မူရှာလေသတဲ့။
ထိုကုန်သည်သားကလေး ကြီးမြင့်လာ၍ တနေ့မှာ
တခြားကုန်သည်များနှင့်အတူ လှေသင်္ဘောကြီး
တစင်းကို ကုန်များအပြည့်တင်၍ သမုဒ္ဒရာကမ်း
တစ်ဖက်သို့ ကုန်ကူးသန်းရောင်းဝယ်ရေးအတွက်
သမုဒ္ဒရာကြီးကို ဖြတ်သန်းကူးမြောက်ကြရာ သမုဒ္ဒရာ
အလယ်၌ သင်္ဘောကြီးပျက်စီးပြီးလျှင် လူအများ
ငါးလိပ်မကန်းတို့ရဲ့ အစာဖြစ်ပြီး ပျက်ခြင်းမလှ
ပျက်စီးကြရရှာတယ်။
ထိုသင်္ဘောစီးခရီးသည်များထဲမှာ အပါအ၀င်ဖြစ်
သော ဒါရုစိအလောင်းကုန်သည်သတို့သား
ကလေးမှာ ကံအားလျော်စွာ သေကံမပျောက်
လိုရာရောက်ပေတော့ဆိုတဲ့ စိတ်ထားဖြင့်
ကူးမြောက်သွားလိုက်တာ အသက်ဘေးမှ
ချမ်းသာရာရ၍ သုပ္ပါရကဆိပ်ကမ်းသို့
ကပ်ရောက်ခဲ့လေတယ်။
သုပ္ပါရဆိပ်ကမ်းသို့ ချောမောစွာဆိုက်ကပ်
ခဲ့ရပါသော်လည်း ၀တ်ရုံစရာဗလာနတ္ထိဖြစ်
နေ၍ ဆိပ်ကမ်းအနီးအနား၌လိုက်လံကာ
အ၀တ်ပုဆိုးများရှာဖွေပါသော်လည်း ဘာ
တခုမျှမတွေ့ရသည့်အတွက် ကြံရာမရ
ဒုတ်စ၊ သစ်ချောင်းကလေးများကို ကြိုး
ငယ်ကလေးများဖြင့် ယင်းကဲ့သို့စီကုံးပြီး
လျှင် အ၀တ်ပမာဝတ်ဆင်ကာ ၀မ်းစာ
ရရေးအတွက် ရွာအပြင်ဘက်ရှိ နတ်စင်
တစ်ခုမှ နတ်အိုးကွဲတလုံးကိုယူပြီး
သပ္ပါရက ရွာအတွင်းသို့ ၀င်ရောက်ကာ
ထမင်းများလှည့်လည်လျက် တောင်းရရှာ
လေတယ်တဲ့။
ထိုအခါ သုပ္ပါရက ရွာသူရွာသားများဟာ
သစ်သားယင်းကြီးဝတ်၍ လှည့်လည်နေ
သော ဒါရုစိကိုမြင်လျှင် ဤသူကား
လောကမှာ ထင်ရှားနေတဲ့ ရဟန္တာကြီး
တစ်ဆူဖြစ်လိမ့်မည်ဟု စဉ်းစားတိုင်ပင်
ပြောဆိုကာ အစားအသောက်အ၀တ်
သင်္ကန်းအမျိုးမျိုးတို့ဖြင့် ပေးကမ်းချီးမြှင့်
လှူဒါန်းပူဇော်ကြတယ်တဲ့။
ထိုအခါ ဒါရုစိကြီးက စဉ်းစားလိုက်သည်
မှာ ငါသည် အ၀တ်ပုဆိုးကို မ၀တ်ဘဲ
သစ်သားစီယင်းကို ၀တ်ဆင်သော
ကြောင့် လူအများက ရဟန္တာဟုထင်မှတ်
ကာ အစားအသောက်အ၀တ်သင်္ကန်း
အမျိုးမျိုးတို့ကို လှူဒါန်းပေးကမ်းကြသဖြင့်
ဘုန်းကံကြီးမား၍နေရခြင်း ဖြစ်လေရာ
ယင်းသစ်သားကို ချွတ်၍ အ၀တ်ပုဆိုး
များကို ၀တ်ခဲ့ပါလျှင် လာဘ်လာဘ
များနိုင်တော့မည်မဟုတ်ပေဟူ၍ စဉ်းစား
ဆင်ခြင်ကာ မိမိ၏လာဘ်လာဘမဆုတ်
ယုတ်ရေးအတွက် လှုလာသမျှသော
အ၀တ်ပုဆိုးများကို ပယ်ရှားလျက်ရှေးက
ဝတ်လာရင်းစွဲဖြစ်သော သစ်သားချောင်း
စီယင်းကြီးကိုသာ ၀တ်ဆင်၍လှည့်လည်
နေတယ်တဲ့။
ထိုကဲ့သို့ ဒါရုစိ၏ရဟန္တာမဟုတ်ဘဲလျက်
ရဟန္တာဟုဝန်ခံကာ သွားလာနေတာကို
ဟိုရှေးယခင်က တရားအတူတကွအား
ထုတ်ဘက် ဖြစ်ခဲ့သော သူငယ်ချင်း
အနာဂါမ်ဗြဟ္မာကြီးကတွေ့မြင်တာနှင့်
အရဟတ္တဖိုလ်ချမ်းသာထူးမှ ဒါရုစိ၏
လွဲချော်နစ်နာမည့်အရေးကို တွေးတော
ပြီး ညဥ့်ဦးယံအခါ သုပ္ပါရကရွာအနား
နေသော ဒါရုစိ၏ အထံပါးသို့ချဉ်းကပ်
လျက် သတိပေးစကားပြောဆိုလေ
တယ်။
ဗာဒိယဒါရုစိ အသင်သည်ကား ရဟန္တာ
လည်းမဟုတ်။ သင်ကျင့်နေသောအကျင့်
များသည်လည်း ရဟန္တာဖြစ်ကြောင်း
အကျင့်မှန်မဟုတ်ပေ။ သို့ဖြစ်ပါလျက်
ဘယ်အတွက်ကြောင့် ရဟန္တာဖြစ်သည်
ဟု ၀န်ခံကာ လူများအလယ်၌လှည့်လည်
သွားလာကြွားဝါ၍ နေရသလေနည်းဟု
သတိပေးပြောဆိုလေတယ်။
ထိုကဲ့သို့ ဗြဟ္မာကြီးပြောဆိုသောစကားများ
ကို ဒါရုစိကြားရလျှင် အလွန်ပင်ထိတ်လန့်
တုန်လှုပ်ကာ ဗြဟ္မာမင်းကြီးအားလောကမှာ
ရဟန္တာအစစ် ရှိမရှိ၊ ရှိပါလျှင် မည်သည့်
အရပ်၌ ရှိသည့် အကြောင်းကို မေးမြန်း
လေတယ်။
ထိုအခါ သူငယ်ချင်းဗြဟ္မာကြီးက အသင်
ဒါရုစိ၊ ဤဇမ္ဗူဒီပါကျွန်း၏မြောက်အစွန်းရှိ
သာဝတ္ထိနေပြည်တော်အနီး ဇေတ၀န်
ကျောင်းတော်ကြီး၌ တရားဥဿုံအကုန်
သိမြင် ဂေါတမအမည်တွင်သည့် သဗ္ဗညု
ဘခင်ရှင်ပင်ဘုရားသည် လောကအတွင်း
ထင်းလင်းကျော်ကြား ထွန်းကား၍နေပေ
ပြီ။ သင်ရဟန္တာဖြစ်လိုလျှင် ထိုဘုရားရှင်
ထံတော်မှောက်သို့ အမြန်ရောက်အောင်
သွား၍ ကျင့်ကြံအားထုတ်လော့ဟု မှား
ကြားခဲ့လေတယ်။
ဒါရုစိသည် လောက၌ သဗ္ဗညုဘုရား
ပွင့်ထွန်းလာသည်ကို ကြားရသည်နှင့်
တပြိုင်နက် ရှင်တော်ဘုရားအထံသို့
အမြန်သွားရောက်ကာ ရဟန္တာဖြစ်
ကြောင်းတရားကောင်းကို နာကြားရေး
အတွက် ထွက်လာခဲ့ရာ အရုဏ်ကျင်း၍
လင်းရောင်ခြည်လာတဲ့အခါ သာဝတ္ထိ
ပြည်မွန် ဇေတ၀န်ကျောင်းတော်သို့
ရောက်ခဲ့လေတယ်တဲ့။
မှတ်ချက် ။ ။ ယူဇနာ ၁၂၀ ကွာဝေးသော
ခရီးကိုတညတည်းဖြင့် ရောက်နိုင်ရန်မလွယ်
ကူလှသော်လည်း ဗြဟ္မာမင်းကြီး၏တန်ခိုး
ဖြင့်သာရောက်နိုင်ကြောင်း။ တချို့ဆရာများ
ကလည်း ဘုရားရှင်၏တန်ခိုးအစွမ်းဖြင့်သာ
ရောက်နိုင်သည်ဟု မိန့်ဆိုကြလေတယ်။
ဒါရိုစိကြီးရောက်ချိန်မှာ မြတ်စွာဘုရားဆွမ်းခံ
ဝင်ချိန်ဖြစ်တာကြောင့် ဇေတ၀န်ကျောင်း
တော်အတွင်းရှိ ရဟန်းတော်များကိုမေးမြန်း
လေလျှင် မြို့တွင်းဆွမ်းခံကြွနေကြောင်း
ကြားသိရတာနှင့် ကျောင်းတိုက်မှာ နားမနေ
တော့ဘဲ ဘုရားရှင်ထံမှောက်သို့ အမြန်ရောက်
ချင်ဇောနှင့် သာဝတ္ထိပြည်တွင်းသို့ ဆက်လက်
သွားရာ မြို့တံခါးဝသို့ရောက်သည်နှင့် တပြိုင်
နက် ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့်
တင့်တယ်ထွန်းပ ဆွမ်းခံကြွနေသော ဘုရား
ရှင်ကိုယ်တော်မြတ်ကြီးကို ဖူးမြင်လိုက်ရ
သည်နှင့် အလွန်တရာကြည်နူးဝမ်းမြောက်
လျက် ဘုရားရှင်ထံမှောက်သို့ အမြန်ရောက်
အောင် လက်အုပ်ချီမိုး ရှိခိုးဦးတင်လျက်
ဘုရားရှင်၏ ခြေဖမိုးကို တအားဖက်ကိုင်
ကာ အောက်ပါအတိုင်း တရားရေအေး
တိုက်ကျွေးပါရန် တောင်းပန်လျှောက်
ထားလေသတဲ့။
ဒေသေတု မေ ဘန္တေ ဘဂ၀ါ ဓမ္မံ၊ ဒေသေတု သုဂတော
ဓမ္မံ၊ ယံ မမဿ ဒီဃရတ္တံ ဟိတာယ သုခါယ။
ထိုအခါ ရှင်တော်မြတ်ဘုရားက ဒါရုစိ၏ ခရီးပန်း
ခြင်းကိုလဲ ငြိမ်းစေဦး၊ ငါဘုရားဖူးရသည့်အတွက်
အလွန်ပြင်းထန်ထက်သန်စွာဖြစ်နေသော ၀မ်း
မြောက်ခြင်း ပီတိအရှိန်လည်း နည်းစေဦးဆိုတဲ့
ရည်ရွယ်ချက်နှစ်ခုဖြင့် ဒါရုစိ ယခုအခါ ဆွမ်းခံ
ရွာတွင်းဖြစ်၍ တရားဟောဘို့ရာ ဌာနမဟုတ်
ပေ ကျောင်းရောက်မှ စိတ်အေးလက်အေး
နာကြားတာပေါ့လို့ မိန့်ကြားတားမြစ်ပါသော်
လည်း
ဒါရုစိခမျာမှာ ဘုရားရှင်၏စကားအစဉ်ကို
နားမ၀င်နိုင်ဘဲ ထပ်တလဲသာ တရားဟော
တော်မူရေးအတွက် တောင်းပန်လျှောက်
ထားလေရာ ရှင်တော်ဘုရားက နှစ်ကြိမ်မျှ
ပယ်ရှား၍ သုံးကြိမ်မြောက်တဲ့အခါမှာ
ဒါရုစိကြီးအား သနားတော်မူလှတာနှင့်
အောက်ပါအတိုင်း တရားရေအေးကို
တိုက်ကျွေးတော်မူလိုက်ရှာလေသတဲ့။
တသ္မာတိဟ တေ ဗာဟိယံ-ဧ၀ံသိက္ခိတဗ္ဗံ၊
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘ၀ိဿတိ၊ သုတေ သုတ
မတ္တံ၊ မုတေ မုတမတ္တံ၊ ၀ိညာတေ ၀ိညာတ
မတ္တံ ဘ၀ိဿတီတိ။
ဗာဟိယဒါရုစိ၊ မျက်စိဖြင့်မြင်အပ်သော
အာရုံသည် မြင်ကာမျှ တခဏသာတည်၍
မကြာချက်ချင်း ချုပ်ပျောက်သွားခြင်း
သဘောရှိရကား မြင်လျှင် မြင်တယ်ဟူ၍
ရှုမှတ်ရမည်။ ကောင်းတယ် ဆိုးတယ်
စသည်တို့ကို မရောက်စေနှင့်ဟု မိန့်တော်
မူလိုရင်းပေါ့နော်။
ထိုနည်းအတူ ကြားသမျှ၊ နံသမျှ၊ စားသမျှ၊
ထိသမျှ၊ သိသမျှအာရုံတို့၌လည်း ကြားတယ်၊
နံတယ်၊ စားတယ်၊ ထိတယ်၊ သိတယ်ဟူဟ၍
သွင်သွင်ကြီး မှတ်ရှုရမည်ဟု ဆိုလိုရင်းဖြစ်
တယ်နော်။
ထိုကဲ့သို့ ရှင်တော်ဘုရားဟောကြားတော်မူတဲ့
တရားတော်ကလေးနာကြားရသည့်အဆုံး၌
ဗာဟိရဒါရုစိသည် သတိပဋ္ဌာန်ကျင့်စဉ်အား
ဖြင့် ဘုရားညွှန်တိုင်း ရှုမှတ်လေရာ မကြာခင်
ဘဲ အာသဝေါကုန်ခန်း ရဟန္တာအရှင်မြတ်တဆူ
ဖြစ်တော်မူလေသတဲ့။
ဆရာတော်ဦးပညာဇောတ
လမ်းညွှန်ခေတ်မှီတရားဒေသနာပေါင်းချုပ်
===========
ငါတို့၏ ဂေါတမဗုဒ္ဓရှင်တော်မြတ်သည် သာဝတ္ထိပြည်မွန်
ဇေတ၀န်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံပျော်
နေတော်မူစဉ် ဒါရုစိအလောင်းအလျာသည် နတ်ပြည်မှ
ဆင်းသက်တော်မူခဲ့၍ မဇ္ဈိမတိုင်း မြို့ငယ်လေးတစ်မြို့
မှာ နေထိုင်သော ကုန်သည်ပုဏ္ဏားတစ်ဦး၏အိမ်မှာ
သန္ဓေစွဲကပ် ကိန်းဝပ်စံပျော် ဖြစ်တော်မူရှာလေသတဲ့။
ထိုကုန်သည်သားကလေး ကြီးမြင့်လာ၍ တနေ့မှာ
တခြားကုန်သည်များနှင့်အတူ လှေသင်္ဘောကြီး
တစင်းကို ကုန်များအပြည့်တင်၍ သမုဒ္ဒရာကမ်း
တစ်ဖက်သို့ ကုန်ကူးသန်းရောင်းဝယ်ရေးအတွက်
သမုဒ္ဒရာကြီးကို ဖြတ်သန်းကူးမြောက်ကြရာ သမုဒ္ဒရာ
အလယ်၌ သင်္ဘောကြီးပျက်စီးပြီးလျှင် လူအများ
ငါးလိပ်မကန်းတို့ရဲ့ အစာဖြစ်ပြီး ပျက်ခြင်းမလှ
ပျက်စီးကြရရှာတယ်။
ထိုသင်္ဘောစီးခရီးသည်များထဲမှာ အပါအ၀င်ဖြစ်
သော ဒါရုစိအလောင်းကုန်သည်သတို့သား
ကလေးမှာ ကံအားလျော်စွာ သေကံမပျောက်
လိုရာရောက်ပေတော့ဆိုတဲ့ စိတ်ထားဖြင့်
ကူးမြောက်သွားလိုက်တာ အသက်ဘေးမှ
ချမ်းသာရာရ၍ သုပ္ပါရကဆိပ်ကမ်းသို့
ကပ်ရောက်ခဲ့လေတယ်။
သုပ္ပါရဆိပ်ကမ်းသို့ ချောမောစွာဆိုက်ကပ်
ခဲ့ရပါသော်လည်း ၀တ်ရုံစရာဗလာနတ္ထိဖြစ်
နေ၍ ဆိပ်ကမ်းအနီးအနား၌လိုက်လံကာ
အ၀တ်ပုဆိုးများရှာဖွေပါသော်လည်း ဘာ
တခုမျှမတွေ့ရသည့်အတွက် ကြံရာမရ
ဒုတ်စ၊ သစ်ချောင်းကလေးများကို ကြိုး
ငယ်ကလေးများဖြင့် ယင်းကဲ့သို့စီကုံးပြီး
လျှင် အ၀တ်ပမာဝတ်ဆင်ကာ ၀မ်းစာ
ရရေးအတွက် ရွာအပြင်ဘက်ရှိ နတ်စင်
တစ်ခုမှ နတ်အိုးကွဲတလုံးကိုယူပြီး
သပ္ပါရက ရွာအတွင်းသို့ ၀င်ရောက်ကာ
ထမင်းများလှည့်လည်လျက် တောင်းရရှာ
လေတယ်တဲ့။
ထိုအခါ သုပ္ပါရက ရွာသူရွာသားများဟာ
သစ်သားယင်းကြီးဝတ်၍ လှည့်လည်နေ
သော ဒါရုစိကိုမြင်လျှင် ဤသူကား
လောကမှာ ထင်ရှားနေတဲ့ ရဟန္တာကြီး
တစ်ဆူဖြစ်လိမ့်မည်ဟု စဉ်းစားတိုင်ပင်
ပြောဆိုကာ အစားအသောက်အ၀တ်
သင်္ကန်းအမျိုးမျိုးတို့ဖြင့် ပေးကမ်းချီးမြှင့်
လှူဒါန်းပူဇော်ကြတယ်တဲ့။
ထိုအခါ ဒါရုစိကြီးက စဉ်းစားလိုက်သည်
မှာ ငါသည် အ၀တ်ပုဆိုးကို မ၀တ်ဘဲ
သစ်သားစီယင်းကို ၀တ်ဆင်သော
ကြောင့် လူအများက ရဟန္တာဟုထင်မှတ်
ကာ အစားအသောက်အ၀တ်သင်္ကန်း
အမျိုးမျိုးတို့ကို လှူဒါန်းပေးကမ်းကြသဖြင့်
ဘုန်းကံကြီးမား၍နေရခြင်း ဖြစ်လေရာ
ယင်းသစ်သားကို ချွတ်၍ အ၀တ်ပုဆိုး
များကို ၀တ်ခဲ့ပါလျှင် လာဘ်လာဘ
များနိုင်တော့မည်မဟုတ်ပေဟူ၍ စဉ်းစား
ဆင်ခြင်ကာ မိမိ၏လာဘ်လာဘမဆုတ်
ယုတ်ရေးအတွက် လှုလာသမျှသော
အ၀တ်ပုဆိုးများကို ပယ်ရှားလျက်ရှေးက
ဝတ်လာရင်းစွဲဖြစ်သော သစ်သားချောင်း
စီယင်းကြီးကိုသာ ၀တ်ဆင်၍လှည့်လည်
နေတယ်တဲ့။
ထိုကဲ့သို့ ဒါရုစိ၏ရဟန္တာမဟုတ်ဘဲလျက်
ရဟန္တာဟုဝန်ခံကာ သွားလာနေတာကို
ဟိုရှေးယခင်က တရားအတူတကွအား
ထုတ်ဘက် ဖြစ်ခဲ့သော သူငယ်ချင်း
အနာဂါမ်ဗြဟ္မာကြီးကတွေ့မြင်တာနှင့်
အရဟတ္တဖိုလ်ချမ်းသာထူးမှ ဒါရုစိ၏
လွဲချော်နစ်နာမည့်အရေးကို တွေးတော
ပြီး ညဥ့်ဦးယံအခါ သုပ္ပါရကရွာအနား
နေသော ဒါရုစိ၏ အထံပါးသို့ချဉ်းကပ်
လျက် သတိပေးစကားပြောဆိုလေ
တယ်။
ဗာဒိယဒါရုစိ အသင်သည်ကား ရဟန္တာ
လည်းမဟုတ်။ သင်ကျင့်နေသောအကျင့်
များသည်လည်း ရဟန္တာဖြစ်ကြောင်း
အကျင့်မှန်မဟုတ်ပေ။ သို့ဖြစ်ပါလျက်
ဘယ်အတွက်ကြောင့် ရဟန္တာဖြစ်သည်
ဟု ၀န်ခံကာ လူများအလယ်၌လှည့်လည်
သွားလာကြွားဝါ၍ နေရသလေနည်းဟု
သတိပေးပြောဆိုလေတယ်။
ထိုကဲ့သို့ ဗြဟ္မာကြီးပြောဆိုသောစကားများ
ကို ဒါရုစိကြားရလျှင် အလွန်ပင်ထိတ်လန့်
တုန်လှုပ်ကာ ဗြဟ္မာမင်းကြီးအားလောကမှာ
ရဟန္တာအစစ် ရှိမရှိ၊ ရှိပါလျှင် မည်သည့်
အရပ်၌ ရှိသည့် အကြောင်းကို မေးမြန်း
လေတယ်။
ထိုအခါ သူငယ်ချင်းဗြဟ္မာကြီးက အသင်
ဒါရုစိ၊ ဤဇမ္ဗူဒီပါကျွန်း၏မြောက်အစွန်းရှိ
သာဝတ္ထိနေပြည်တော်အနီး ဇေတ၀န်
ကျောင်းတော်ကြီး၌ တရားဥဿုံအကုန်
သိမြင် ဂေါတမအမည်တွင်သည့် သဗ္ဗညု
ဘခင်ရှင်ပင်ဘုရားသည် လောကအတွင်း
ထင်းလင်းကျော်ကြား ထွန်းကား၍နေပေ
ပြီ။ သင်ရဟန္တာဖြစ်လိုလျှင် ထိုဘုရားရှင်
ထံတော်မှောက်သို့ အမြန်ရောက်အောင်
သွား၍ ကျင့်ကြံအားထုတ်လော့ဟု မှား
ကြားခဲ့လေတယ်။
ဒါရုစိသည် လောက၌ သဗ္ဗညုဘုရား
ပွင့်ထွန်းလာသည်ကို ကြားရသည်နှင့်
တပြိုင်နက် ရှင်တော်ဘုရားအထံသို့
အမြန်သွားရောက်ကာ ရဟန္တာဖြစ်
ကြောင်းတရားကောင်းကို နာကြားရေး
အတွက် ထွက်လာခဲ့ရာ အရုဏ်ကျင်း၍
လင်းရောင်ခြည်လာတဲ့အခါ သာဝတ္ထိ
ပြည်မွန် ဇေတ၀န်ကျောင်းတော်သို့
ရောက်ခဲ့လေတယ်တဲ့။
မှတ်ချက် ။ ။ ယူဇနာ ၁၂၀ ကွာဝေးသော
ခရီးကိုတညတည်းဖြင့် ရောက်နိုင်ရန်မလွယ်
ကူလှသော်လည်း ဗြဟ္မာမင်းကြီး၏တန်ခိုး
ဖြင့်သာရောက်နိုင်ကြောင်း။ တချို့ဆရာများ
ကလည်း ဘုရားရှင်၏တန်ခိုးအစွမ်းဖြင့်သာ
ရောက်နိုင်သည်ဟု မိန့်ဆိုကြလေတယ်။
ဒါရိုစိကြီးရောက်ချိန်မှာ မြတ်စွာဘုရားဆွမ်းခံ
ဝင်ချိန်ဖြစ်တာကြောင့် ဇေတ၀န်ကျောင်း
တော်အတွင်းရှိ ရဟန်းတော်များကိုမေးမြန်း
လေလျှင် မြို့တွင်းဆွမ်းခံကြွနေကြောင်း
ကြားသိရတာနှင့် ကျောင်းတိုက်မှာ နားမနေ
တော့ဘဲ ဘုရားရှင်ထံမှောက်သို့ အမြန်ရောက်
ချင်ဇောနှင့် သာဝတ္ထိပြည်တွင်းသို့ ဆက်လက်
သွားရာ မြို့တံခါးဝသို့ရောက်သည်နှင့် တပြိုင်
နက် ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့်
တင့်တယ်ထွန်းပ ဆွမ်းခံကြွနေသော ဘုရား
ရှင်ကိုယ်တော်မြတ်ကြီးကို ဖူးမြင်လိုက်ရ
သည်နှင့် အလွန်တရာကြည်နူးဝမ်းမြောက်
လျက် ဘုရားရှင်ထံမှောက်သို့ အမြန်ရောက်
အောင် လက်အုပ်ချီမိုး ရှိခိုးဦးတင်လျက်
ဘုရားရှင်၏ ခြေဖမိုးကို တအားဖက်ကိုင်
ကာ အောက်ပါအတိုင်း တရားရေအေး
တိုက်ကျွေးပါရန် တောင်းပန်လျှောက်
ထားလေသတဲ့။
ဒေသေတု မေ ဘန္တေ ဘဂ၀ါ ဓမ္မံ၊ ဒေသေတု သုဂတော
ဓမ္မံ၊ ယံ မမဿ ဒီဃရတ္တံ ဟိတာယ သုခါယ။
ထိုအခါ ရှင်တော်မြတ်ဘုရားက ဒါရုစိ၏ ခရီးပန်း
ခြင်းကိုလဲ ငြိမ်းစေဦး၊ ငါဘုရားဖူးရသည့်အတွက်
အလွန်ပြင်းထန်ထက်သန်စွာဖြစ်နေသော ၀မ်း
မြောက်ခြင်း ပီတိအရှိန်လည်း နည်းစေဦးဆိုတဲ့
ရည်ရွယ်ချက်နှစ်ခုဖြင့် ဒါရုစိ ယခုအခါ ဆွမ်းခံ
ရွာတွင်းဖြစ်၍ တရားဟောဘို့ရာ ဌာနမဟုတ်
ပေ ကျောင်းရောက်မှ စိတ်အေးလက်အေး
နာကြားတာပေါ့လို့ မိန့်ကြားတားမြစ်ပါသော်
လည်း
ဒါရုစိခမျာမှာ ဘုရားရှင်၏စကားအစဉ်ကို
နားမ၀င်နိုင်ဘဲ ထပ်တလဲသာ တရားဟော
တော်မူရေးအတွက် တောင်းပန်လျှောက်
ထားလေရာ ရှင်တော်ဘုရားက နှစ်ကြိမ်မျှ
ပယ်ရှား၍ သုံးကြိမ်မြောက်တဲ့အခါမှာ
ဒါရုစိကြီးအား သနားတော်မူလှတာနှင့်
အောက်ပါအတိုင်း တရားရေအေးကို
တိုက်ကျွေးတော်မူလိုက်ရှာလေသတဲ့။
တသ္မာတိဟ တေ ဗာဟိယံ-ဧ၀ံသိက္ခိတဗ္ဗံ၊
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘ၀ိဿတိ၊ သုတေ သုတ
မတ္တံ၊ မုတေ မုတမတ္တံ၊ ၀ိညာတေ ၀ိညာတ
မတ္တံ ဘ၀ိဿတီတိ။
ဗာဟိယဒါရုစိ၊ မျက်စိဖြင့်မြင်အပ်သော
အာရုံသည် မြင်ကာမျှ တခဏသာတည်၍
မကြာချက်ချင်း ချုပ်ပျောက်သွားခြင်း
သဘောရှိရကား မြင်လျှင် မြင်တယ်ဟူ၍
ရှုမှတ်ရမည်။ ကောင်းတယ် ဆိုးတယ်
စသည်တို့ကို မရောက်စေနှင့်ဟု မိန့်တော်
မူလိုရင်းပေါ့နော်။
ထိုနည်းအတူ ကြားသမျှ၊ နံသမျှ၊ စားသမျှ၊
ထိသမျှ၊ သိသမျှအာရုံတို့၌လည်း ကြားတယ်၊
နံတယ်၊ စားတယ်၊ ထိတယ်၊ သိတယ်ဟူဟ၍
သွင်သွင်ကြီး မှတ်ရှုရမည်ဟု ဆိုလိုရင်းဖြစ်
တယ်နော်။
ထိုကဲ့သို့ ရှင်တော်ဘုရားဟောကြားတော်မူတဲ့
တရားတော်ကလေးနာကြားရသည့်အဆုံး၌
ဗာဟိရဒါရုစိသည် သတိပဋ္ဌာန်ကျင့်စဉ်အား
ဖြင့် ဘုရားညွှန်တိုင်း ရှုမှတ်လေရာ မကြာခင်
ဘဲ အာသဝေါကုန်ခန်း ရဟန္တာအရှင်မြတ်တဆူ
ဖြစ်တော်မူလေသတဲ့။
ဆရာတော်ဦးပညာဇောတ
လမ်းညွှန်ခေတ်မှီတရားဒေသနာပေါင်းချုပ်
No comments:
Post a Comment