Monday, July 13, 2015

ခြေဖျားတောင် မမှိပါဘူး

ခြေဖျားတောင် မမှိပါဘူး
----------------------------
တချို့ က လူ့ တွေရဲ့အတန်းပညာကိုသာ
တန်ဘိုးထားကြတယ် ရဟန်းတော်တွေရဲ့
စာပေတွေကိုတော့ ဘယ်လောက်ထိ
တန်ဘိုးကြီးတယ် ရဟန်းစာမေးပွဲတွေ
ဘယ်လိုခတ်ခဲတယ်ဆိုတာ မသိကြဘူး

မတူပေမဲ့ နှိုင်းယှဉ်ပြပါ့မယ်
လူတွေ ဆယ်တန်းမှာ တဘုန်းဘုန်းကျ
သလို
ရဟန်းတော်တွေလည်း အကြီးတန်းမှာ
တဘုန်းဘုန်းပါပဲ
လူတွေရဲ့ခဲယဉ်းတယ်ဆိုတဲ့ ၁၀ တန်းစာ
ပေဟာ ရဟန်းတော်တွေရဲ့ အကြီးတန်း
စာပေကို ဖင်ဖျားတောင်မှီဘူး
ရဟန်းတော်တွေရဲ့ စာချတန်းအောင်တယ်
ဆိုတာ လူတွေမှာ တက္ကသိုလ်က ကျုတာ
တွေထက်တော်လို့ ပါ
ရဟန်းတော်တွေရဲ့ ဘွဲ့ တော်နောက်မှာ
လင်္ကာရတို့  ဘိဝံသ တို့  သစအ တို့ 
ဝဋံသကာ တို့ ပါလာပြီဆိုရင်
လူ့ လောကမှာ အထင်ကြီးလေးစားနေ
ကြတဲ့ ဆရာဝန်တို့  အင်ဂျင်နီယာ တို့ 
ရေကြောင်းတို့  ကွန်ပျု တာတို့ ထက်
အဆပေါင်းများစွာ ကြိုးစားခဲ့ရတယ်
ဆိုတာ မှတ်ထားလိုက်ကြပေတော့
အဲဒီလိုပြောလို့ မယုံမရှိနဲ့ 
ဒီနေ့ ထိတနိုင်ငံလုံးကို အဘိဝံသ အပါး
၃၀၀ ကျော်ပဲပေါ်ထွက်သေးတယ်
သစအ ဆိုတာ ဒီနေ့ ထိ ရာဂဏန်
မကျော်သေးဘူး
ဝဋံသကာ ဆိုတာကတော့ ဒီနေ့ ထိ့
ကိုးပါးပဲ ပေါ်ထွက်ဘူးသေးပါတယ်
အခု လက်ရှိဗန်းမော်ဆရာတော်ဘုရား
ကြီး အပါအဝင်ပါ သက်ရှိထင်ရှားကတော့
မန္တလေးကတပါးနဲ့  နှစ်ပါးသာ ကျန်ပါတော့တယ်
အဲဒါတနိုင်ငံလုံးအတိုင်းအတာကို
ပြောတာပါ
တိပိဋကဆရာတော်တွေဖြစ်ဖို့ ကတော့
မမေးနဲ့  တစ်နေ့ ကို ခုနှစ်နာရီနုန်းနဲ့ 
သုံးနှစ်လောက်ကျက်ခဲ့ရတယ်လို့ 
မော်ကျွန်းဆရာတော်မိန့် ဘူးတယ်

ဗုဒ္ဓကိုယ်တိုင် သုတဗုဒ္ဓ ဆိုပြီး
ချီးကျုးခဲ့တဲ့ ကိုယ်တော်ကြီးတွေပေါ့
ဒါ့ကြောင့်လည်း ပိဋကတ်သုံးပုံဆောင်
တွေကို ကမ္ဘာ့အံ့သြစရာပုဂ္ဂိုလ်တွေဆိုပြီး
ကမ္ဘာ့ ဂရစ်နစ်မှတ်တမ်းစာအုပ်ကြီးထဲမှာ
ဖေါ်ပြခံခဲ့ရတယ်လေ
လူတွေက ပညာလေးနဲနဲတက်တာနဲ့ 
ရဟန်းတော်တွေကို
အထင်သေးလို့ ရေးပေးရတာပါ
သူတို့ ဖြေရတာကလည်း
မြန်မာလိုမလွယ်လှပါဘူး
ပါဠိလိုတွေဖြေရတာပါ
ခောတ်ပညာတက်ယုံနဲ့ 
နထင်သွေးရောက်နေသူတွေ
နားလည်နိုင်ပါစေ
http://itking969.blogsport.com

No comments:

Post a Comment