Friday, July 17, 2015

နေ့ တိုင်း ဒါချည်းပဲဆိုတော့ ပျင်းတာပေါ့

နေ့ တိုင်း ဒါချည်းပဲဆိုတော့ ပျင်းတာပေါ့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အမေရိက အလည်အပတ်ရောက်ခိုက်
သားသား မီးမီးတွေကို ဗုဒ္ဓယဉ်ကျေးမှုနဲ့ မြန်မာစာ သင်ပေးပါတယ်။
အမေရိကရောက် မြန်မာ မွန် ကရင် ရခိုင် ရှမ်း ကယား စတဲ့ တိုင်းရင်းသားဆွေတော်မျိုးတော်များရဲ့ ရင်သွေးလေးတွေကို
ဗုဒ္ဓ ယဉ်ကျေးမှုတွေ မကွယ်ပစေဖို့ နဲ့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်
မြန်မာစာ မြန်မာစကား ရေးတတ် ဖတ်တတ် ပြောတတ်ကြစေဖို့ အတွက်ပါပဲ။
ကလေးတွေ ကျောင်းပိတ်တဲ့ ဇွန် ဇူလိုင် လတွေမှာ
စနေ တနင်္ဂနွေမှအပ တပတ်ကို ငါးရက်တိတိ
ညနေ ၃ နာရီကနေ ၅နာရီ ၃၀- အထိ သင်ပေးပါတယ်။
ညနေ ၅ နာရီ ထိုးရင်
သြကာသ ဘုရားရှိခိုး{ရှေးမူ}
ကန်တော့ရသော အကျိုးအားကြောင့်{ရှေးမူ}
အဟံ ဘန္တေ တိသရဏေန သဟ{ငါးပါးသီလ}
ဤသို့ ပြုရ မြတ်ပုညကြောင့်{မဟာစည် ဆုတောင်း}
ယနေ့ ယခု ပြုပြုသမျှ မြတ်ဘာဂကို {မဟာစည် အမျှဝေ}
တိုင်ပေးပြီး ဆိုခိုင်းပါတယ်။
ဘုရားရှိခိုးလို့ ပြီးတဲ့အခါ
တင်ပလ္လင်ခွေထိုင် ဘယ်လက်ဖ၀ါးပေါ် ညာလက်ဖ၀ါးတင် လက်မနှစ်ခုထိထား
ခေါင်းမတ်မတ်ထား ခါးမတ်မတ်ထား မျက်စိမှိတ်ခိုင်းပြီး …
အရဟံ=ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ=ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
အရဟံ=ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
လို့  ပွါးများခိုင်းပါတယ်။
လေကို ရှုသွင်းတဲ့အခါ လေကို မှုတ်ထုတ်တဲ့အခါ ဗိုက်ကလေးက ပိန်သွားတာ ဖောင်းသွားတာလေး မှတ်နေရမယ်လို့ သုံးမိနစ်မျှ တရားမှတ်ခိုင်းပါတယ်။
တရားမှတ်ပြီးတဲ့အခါ
ဖေဖေလည်း ချမ်းမြေ့ပါစေ
မေမေလည်း ချမ်းမြေ့ပါစေ
ဆရာမလည်း ချမ်းမြေ့ပါစေ
ဘုန်းဘုန်းတို့ လည်း ချမ်းမြေ့ကြပါစေ
သူငယ်ချင်းတို့ လည်း ချမ်းမြေ့ကြပါစေ
သားတို့ သမီးတို့ လည်း ချမ်းမြေ့ကြပါစေ လို့ မေတ္တာပို့ ခိုင်းပြီး
ဗုဒ္ဓံ ပူဇေမိ
ဗုဒ္ဓံ-မြတ်စွာဘုရားကို ပူဇေမိ=ပူဇော်ပါ၏ အရှင်ဘုရား
ဓမ္မံ ပူဇေမိ
ဓမ္မံ-တရားတော်မြတ်ကို ပူဇေမိ-ပူဇော်ပါ၏ အရှင်ဘုရား
သံဃံ ပူဇေမိ
သံဃံ-သံဃာတော်မြတ်ကို ပူဇေမိ-ပူဇော်ပါ၏ အရှင်ဘုရား လို့ ဆိုစေပြီး
ဦး သုံးကြိမ် ချခိုင်းပါတယ်။
အားလုံးပေါင်းမှ ၁၀ မိနစ် သာသာပါပဲ။
စာသင်လို့ ပြီးတဲ့ အခါတိုင်း နေ့ စဉ် ရှိခိုးရတဲ့ အခါကျတော့
သမီးငယ်လေး တစ်ယောက်က ပျင်းလာတယ်တူပါရဲ့။
ဘုန်းဘုန်းကလည်း နေ့ တိုင်း ဒါချည်းပဲ ဆိုတော့ ပျင်းတာပေါ့တဲ့
အင်း နောက်တစ်ခါကျရင် အင်္ဂလိပ်လို ဆိုခိုင်းရတော့မယ်ထင်တယ်။
....
buddhists_praying
Okāsa Okāsa Okāsa
In order that all my sins, accumulated from evil deeds done physically, verbally and mentally, may be eliminated and excused, I raise both folded hands up above my forehead, worship, honour, greet, and humbly pay homage to the Three Precious Jewels of the Buddha, the Dhamma and the Samghā; once, twice, thrice I pray, O My Lord, Sir.
By this act of salutation may I be excused forever from the four Apāya, the Three Kappa, the Eight Ahaṭṭkkhaṇa, the Five Verāni, the Four Vipatti, the Five Vyasana, Diseases; and at the final existence may I attain Magga, Phala and Nibbāna. O My Lord. Sir.
Buddhaṁ pūjemi = I worship the Enlightened One.
Dhammaṁ pūjemi = I worship the Doctrine, the Law.
Samghaṁ pūjemi = I worship the Order of Samghā.
...
http://www.buddhanet.net/pali_chant.htm
...
https://www.youtube.com/watch…
...
http://www.accesstoinsight.org/tipita…/…/khp.1-9x.piya.html…
...

No comments:

Post a Comment