ဆွေရိပ်မျိုးရိပ်
=========
သာဝတ္ထိပြည်ရှင် ပသေနဒီကောသလမင်းကြီးသည်
မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့နှင့်ကျွမ်းဝင်http://itking969.blogsport.comhttp://itking969.blogsport.com
လိုသဖြင့် မြတ်စွာဘုရား၏ဆွေတော်မျိုးတော်ဖြစ်သော
မင်းသမီးတစ်ယောက်ကို မိဖုရားမြှောက်ရန်ကြံစည်
သည်။
ထို့နောက် သာကီဝင်မင်းတို့ထံသို့ မင်းသမီးတစ်ပါး
ကိုပို့ဆက်ရမည်ဟု သတင်းစကားပို့လိုက်၏။
သာကီဝင်မင်းတို့သည် သာကီဝင်မင်းသမီးစစ်စစ်
တစ်ယောက်ကို မပေးလိုကြကုန်။ အညီအညွတ်
စည်းဝေးတိုင်ပင်ကြ၍ သာကီဝင်မဟာနာမ်မင်း
ကြီးနှင့် ကျွန်မတစ်ဦးတို့ဖွားမြင်သော ၀ါသဘ
ခတ္တိယမည်သော တင့်တယ်လှပသည့် သမီး
ငယ်ကို ပို့ဆက်ကြသည်။
မင်းကြီးသည် ထိုဝါသဘခတ္တိယသတို့သမီးကို
မိဖုရားအရာ၌ ထားသည်။ မကြာမြင့်မီသား
တစ်ယောက်ကို ဖွားမြင်ရာ ၀ိဋဋူပဟုအမည်
မှည့်ခေါ်ကြသည်။
ဝိဋဋူပမင်းသားသည် ဘိုးတော်မဟာနာမ်
မင်းကြီးရှိရာ သာဝတ္ထိပြည်သို့ သွားသည်။
သာကီဝင်တို့က သူ့ကိုကျွန်မမှဖွားသောသား
ဟု တန်းတူမဆက်ဆံလိုကြချေ။ ၀ိဋဋူပသည်
သူ့ထက်ကြီးသော သာကီဝင်တို့ကိုသာ တွေ့
ခွင့်ရ၍ သူကသာ ကြီးသူတို့ကို ရှိခိုးရ၏။
သူ့ထက်ငယ်သော သာကီဝင်မင်းသား
မင်းသမီးများက သူ့ကိုမတွေ့လိုကြဘဲရှောင်
နေကြသည်။
ဝိဋဋူပထိုင်သောနေရာပျဉ်ချပ်ကိုလည်း
ကျွန်မသားဟု ယုတ်နိမ့်သောကြောင့်
နွားနို့ဖြင့် ဆေးကြောကုန်၏။ ထိုအကြောင်း
ကို ၀ိဋဋူပကသိလျှင်အမျက်ထွက်၍ တစ်နေ့
တွင်သာကီဝင်တို့၏လည်ချောင်းသွေးဖြင့်မိမိ
ထိုင်ရာ ပျဉ်ချပ်ကို ဆေးကြောမည်ဟုအကြံ
ဖြစ်ကာ လက်စားချေမည်ဟု ဆုံးဖြတ်ထား
သည်။
ကောသလမင်းကြီးနတ်ရွာစံလျှင် ၀ိဋဋူပသည်
ထီးနန်းကိုရသည်။ ထိုအခါသူသည် မိမိ၏အကြံ
အစည်အတိုင်းသာကီဝင်တို့ကို လက်စားချေဖို့
အခွင့်ဆိုက်ရောက်လာသည်။
ဝိဋဋူပသည်သာကီဝင်များရှိရာ ကပိလ၀တ်ပြည်
သို့ စစ်သည်ဗိုလ်ပါများစွာနှင့်တကွချီတက်လာ
သည်။ မြတ်စွာဘုရားရှင်သည် နံနက်မိုးသောက်
သောအခါ လောကကိုကြည့်ရှု့တော်မူသော်
ဆွေတော်မျိုးတော် သာကီဝင်တို့၏ ပျက်စီးခြင်း
ကို မြင်တော်မူ၍ ညချမ်းအချိန်တွင်ကောင်းကင်
ခရီးဖြင့်ကြွတော်မူပြီးလျှင် ကပိလ၀တ်ပြည်အနီး
ကျဲသော ပူသော အရိပ်ရှိသော သစ်ပင်ရင်း၌
သီတင်းသုံးနေတော်မူ၏။
ဝိဋဋူပမင်းသားပိုင်သော ကောသလတိုင်းပြည်
အပိုင်းအခြားတွင်ကား ကြီးစွာသော ထူထဲသော
အေးချမ်းသော အရိပ်ရှိသော ညောင်ပင်ကြီး
များစွာရှိ၏။
ထိုအခါ ၀ိဋဋူပသည် မြတ်စွာဘုရားအား
မြတ်စွာဘုရား အဘယ်ကြောင့် ပူပြင်းသော
ကျဲသော အရိပ်ရှိသည့် သစ်ပင်များ၏အရိပ်
၌ နေတော်မူပါသနည်း။ ဤမှာဘက်ရှိ
ကြီးစွာသော ထူထဲသော အရိပ်ရှိသော
ပညောင်ပင်များအရိပ်၌နေတော်မူပါဘုရား
ဟုလျှောက်၏။
မြတ်စွာဘုရားက ၀ိဋဋူပမင်းသား ရှိပါစေတော့
ဆွေတော်မျိုးတော်တို့၏ အရိပ်က ပိုမိုအေးမြပါ
၏ဟု လေးနက်သော အဓိပ္ပါယ်ဖြင့် မိန့်တော်မူ
သည်။ မြတ်စွာဘုရား၏ စကားတော်အရရန်ငြိုး
ဖွဲ့မှု ခေတ္တပြေပျောက်ကာ သာကီဝင်တို့ကို
သတ်ဖြတ်မည့်အကြံကို လက်လျော့ကာ မိမိ
နိုင်ငံသို့ ပြန်လေသည်။
ဝိဋဋူပသည် တစ်ဖန်ဒေါသဖြစ်လာပြန်၍
ဒုတိယအကြိမ်ကပိလ၀တ်ပြည်၌ စစ်သည်
ဗိုလ်ပါများစွာနှင့် ချီတက်လာပြန်သည်။
မြတ်စွာဘုရားရှင်သည်လည်း ရှေးနည်းတူ
ကြွသွား၍ ကပိလ၀တ်နေပြည်ဘက်မှကျဲ
သော၊ ပူသော အရိပ်ရှိသော သစ်ပင်ရိပ်၌
နေတော်မူပြန်သည်။
ဤတစ်ကြိမ်မှာလည်း ၀ိဋဋူပသည် မြတ်စွာ
ဘုရားကို ဖူးတွေ့ရပြန်သဖြင့် လက်လျော့
ကာ မိမိတိုင်းပြည်သို့ပြန်လေသည်။ ဤနည်း
အားဖြင့် မြတ်စွာဘုရားသည် တတိယအကြိမ်
အထိ သာကီဝင်တို့ကို ၀ိဋဋူပမင်း၏တိုက်ခိုက်
သတ်ဖြတ်ခြင်းဘေးမှ ကယ်ဆယ်နိုင်ပါ၏။
စတုတ္ထအကြိမ်တွင်ကား မြတ်စွာဘုရားသည်
သာကီဝင်တို့၏ ရှေးမကောင်းမှုကံကို သိတော်
မူသည်။ ထိုရှေးအတိတ်အကုသိုလ်ကံဟူသည်
မှာ မြတ်၌အဆိပ်ခတ်ဖူးသော အတိတ်ကံဖြစ်
၏။ ထိုကံကို မတားမြစ်နိုင်ဟု သိတော်မူသဖြင့်
စတုတ္ထအကြိမ်ကြွသွားတော်မမူချေ။
ဝိဋဋူပမင်းသည် စတုတ္ထအကြိမ် သာကီဝင်
မင်းသားတို့ကိုသတ်ရန် စစ်သည်ဗိုလ်ပါများ
နှင့် ချီတက်လာသည်။ ဘုရားရှင်၏ ဆွေ
တော်မျိုးတော် သာကီဝင်တို့ကား သူတစ်ပါး
၏အသက်ကို မသတ်ကြကုန်။ မိမိတို့တွင်
ကျွမ်းကျင်ထူးချွန်စွာတတ်မြောက်ထားသော
လေးမြားအတတ်တို့ဖြင့်လည်း ရန်သူဝိဋဋူပ
မင်း၏စစ်သည်တို့ကို လေးမြှားတို့ဖြင့်တည့်
အောင်မပစ်ကြကုန်။ ရန်သူတို့၏ကာကြား၊
နားပေါက်ကြား၊ လက်ကြားစသည်တို့မှ
မြှားတို့ကို ထွက်အောင်ပညာဖြင့်ကြောက်
လန့်အောင်ပြုကြကုန်၏။
သာကီဝင်တို့က မိမိနှင့်စစ်သည်တို့ကိုမသတ်
ဖြတ်ဟုသိလျှင် ၀ိဋဋူပမင်းသည်ဘိုးတော်
မဟာနာမ်မင်းကြီးနှင့် အခြံအရံသာကီဝင်
တို့ကိုသာ ချန်ထား၍ကျန်သော သာကီဝင်
ဟူသမျှတို့ကို ကလေးသူငယ်မကျန်သတ်
ဖြတ်ကြလေသည်။ သွေးချောင်းစီးစေပြီး
လျှင် သာကီဝင်တို့၏ လည်ချောင်းသွေး
ဖြင့် မိမိထိုင်ခဲ့ရာ ပျဉ်ချပ်ကို ဆေးကြော
စေ၏။ သာကီဝင်မင်းအဆက်အနွယ်သည်
ဝိဋဋူပမင်းဘေးဖြင့် ပြတ်ခြင်းသို့ရောက်
ရ၏။
အမှန်အားဖြင့်ဗုဒ္ဓမြတ်စွာဘုရားက ဆွေ
တော်မျိုးတော်သာကီဝင်တို့အား ချစ်ခင်
မှု(မေတ္တာ) သူတစ်ပါးတို့၏ဆင်းရဲခြင်းကို
သနားခြင်း(ကရုဏာ)၊ သူတစ်ပါးတို့၏
ချမ်းသာခြင်းကို ၀မ်းမြောက်ခြင်း( မုဒိ
တာ ) တရားစသည်တို့ကို ပွားစေလို
သော်လည်း သူတို့သည် မသိမိုက်မှား
ခြင်း(မောဟ) မိမိတို့၏ အမျိုးနှင့်ဂုဏ်
ကို ထောင်လွှားမာနတက်ခြင်း(မာန)
သူတစ်ပါးကိုမနာလိုခြင်း(ဣဿာ)၊
မိမိတို့စည်းစိမ်ကို ၀န်တိုခြင်း(မစ္ဆရိယ)
ဟူသောတရားများ လက်ကိုင်ထားကာ
ဝိဋဋူပအပေါ်မတူမတန်အဖက်မလုပ်
ဆက်ဆံခဲ့ကြသဖြင့် ပျက်စီးခြင်းသို့
ရောက်ကြရ၏။
ဝိဋဋူပမင်းသည် သာကီဝင်တို့ကိုအောင်
နိုင်ပြီးနောက် ဘိုးတော်မဟာနာမ်မင်းကြီး
ကိုခေါ်ဆောင်ပြီး ဘိုးတော်မဟာနာမ်မင်း
ကြီးနှင့်အတူ ပွဲတော်တည်မည်ဟုပြော၏။
မဟာနာမ်မင်းကြီးသည် သာကီဝင်တို့၏
စိတ်ဓါတ်ကို မစွန့်ချေ။ မြေးတော်သူဝိဋဋူပ
သည် ကျွန်မ၏အဆက်အနွယ်ဟု သဘော
ထားကာ ပွဲတော်အတူမတည်လို။ မတည်
လျှင်လည်းသတ်မည်ဟုသိသဖြင့် အနီးရှိ
ရေအိုင်တစ်ခုသို့ရေချိုးဆင်းယောင်ဆောင်
ကာ ရေငုပ်သွား၏။ နဂါးမင်းကဆောင်ယူ
သဖြင့် နဂါးပြည်တွင် မင်းကြီးသည်တစ်
ဆယ့်နှစ်နှစ်ပတ်လုံး နေတော်မူသည်။
ဝိဋဋူပမင်းနှင့်စစ်သည်ဗိုလ်ပါအပေါင်းတို့
သည် အစိရ၀တီမြစ်သို့ ညအချိန်ဆိုက်
ရောက်ကြ၍ သစ်ခက်တဲနန်းထိုးကာ
စခန်းချနေလေသည်။ ထိုသူတို့တွင်
ရှေးအတိတ်ကံမကင်းသူတို့သည်
ဝိဋဋူပမင်းနှင့်တကွ မြစ်အတွင်းသဲသောင်
ပြင်၌ အနားယူအိပ်စက်ကြကုန်၏။
ထိုခဏ၌အထက်မြစ်ညှာ၌ သည်းထန်
သော မိုးကြီးရွာသွန်းတော့သည်။ မြစ်
ညာမှ ရေအလွန်ပြင်းထန်စွာ စီးဆင်းလာ
၍ ၀ိဋဋူပမင်းနှင့်တကွစစ်သည်ဗိုလ်ပါ
အပေါင်းတို့ကို သမုဒ္ဒရာသို့ သယ်ယူ
နစ်မွှန်းပျက်စီးစေပါသည်။
ဝိဋဋူပမင်းသည် အမိဘက်မှဆွေတော်
မျိုးတော် တော်စပ်သော မိမိ၏အပေါ်၌
နှိမ်ချဆက်ဆံတတ်သည့် သာကီဝင်တို့
အပေါ် စိတ်ဆိုးသော အမျက်ထွက်ခြင်း
(ဒေါသ)၊ ရန်ငြိုးဖွဲ့ဖြင်း(ကောဓဥပဟနာ)
စသော အကုသိုလ်တရားတို့၏ ဖိစီးခြင်း
ကို ခံရ၍ သာကီဝင်ဟူသမျှတို့ကို လက်
စားချေ သတ်ဖြတ်ခဲ့၏။
သို့ရာတွင်သူ၏မကောင်းမှုအကုသိုလ်
ကံသည် မကြာမီမှာပင် သူ့ထံသို့ရောက်
လာကာ ရေနစ်သေဆုံးရလေသည်။
မြတ်စွာဘုရားလိုလားတော်မူသော
ဆွေရိပ်မျိုရိပ်ဟူသော တရားတော်၏
အနက်အဓိပ္ပါယ်ကို သဘောမပေါက်
ဘဲ ပျက်စီးခြင်းဟူသော သောကပရိ
ဒေ၀ ဒုက္ခ ဒေါမနဿစသော အဆိုး
တရားအပူတို့၏တည်ရာငရဲသို့ကျ
ရောက်ရတော့သည်။
ဓမ္မပဒအဋ္ဌကထာ ပထမတွဲ ပုပ္ဖ၀ဂ်၊
ဝိဋဋူပ၀တ္ထုမှ မွမ်းမံတင်ပြပါသည်။
ဦးငွေအောင်မွန်
အမြတ်ဆုံးပူဇော်ခြင်းနှင့်အခြားဓမ္မရသစာစုများ
=========
သာဝတ္ထိပြည်ရှင် ပသေနဒီကောသလမင်းကြီးသည်
မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့နှင့်ကျွမ်းဝင်http://itking969.blogsport.comhttp://itking969.blogsport.com
လိုသဖြင့် မြတ်စွာဘုရား၏ဆွေတော်မျိုးတော်ဖြစ်သော
မင်းသမီးတစ်ယောက်ကို မိဖုရားမြှောက်ရန်ကြံစည်
သည်။
ထို့နောက် သာကီဝင်မင်းတို့ထံသို့ မင်းသမီးတစ်ပါး
ကိုပို့ဆက်ရမည်ဟု သတင်းစကားပို့လိုက်၏။
သာကီဝင်မင်းတို့သည် သာကီဝင်မင်းသမီးစစ်စစ်
တစ်ယောက်ကို မပေးလိုကြကုန်။ အညီအညွတ်
စည်းဝေးတိုင်ပင်ကြ၍ သာကီဝင်မဟာနာမ်မင်း
ကြီးနှင့် ကျွန်မတစ်ဦးတို့ဖွားမြင်သော ၀ါသဘ
ခတ္တိယမည်သော တင့်တယ်လှပသည့် သမီး
ငယ်ကို ပို့ဆက်ကြသည်။
မင်းကြီးသည် ထိုဝါသဘခတ္တိယသတို့သမီးကို
မိဖုရားအရာ၌ ထားသည်။ မကြာမြင့်မီသား
တစ်ယောက်ကို ဖွားမြင်ရာ ၀ိဋဋူပဟုအမည်
မှည့်ခေါ်ကြသည်။
ဝိဋဋူပမင်းသားသည် ဘိုးတော်မဟာနာမ်
မင်းကြီးရှိရာ သာဝတ္ထိပြည်သို့ သွားသည်။
သာကီဝင်တို့က သူ့ကိုကျွန်မမှဖွားသောသား
ဟု တန်းတူမဆက်ဆံလိုကြချေ။ ၀ိဋဋူပသည်
သူ့ထက်ကြီးသော သာကီဝင်တို့ကိုသာ တွေ့
ခွင့်ရ၍ သူကသာ ကြီးသူတို့ကို ရှိခိုးရ၏။
သူ့ထက်ငယ်သော သာကီဝင်မင်းသား
မင်းသမီးများက သူ့ကိုမတွေ့လိုကြဘဲရှောင်
နေကြသည်။
ဝိဋဋူပထိုင်သောနေရာပျဉ်ချပ်ကိုလည်း
ကျွန်မသားဟု ယုတ်နိမ့်သောကြောင့်
နွားနို့ဖြင့် ဆေးကြောကုန်၏။ ထိုအကြောင်း
ကို ၀ိဋဋူပကသိလျှင်အမျက်ထွက်၍ တစ်နေ့
တွင်သာကီဝင်တို့၏လည်ချောင်းသွေးဖြင့်မိမိ
ထိုင်ရာ ပျဉ်ချပ်ကို ဆေးကြောမည်ဟုအကြံ
ဖြစ်ကာ လက်စားချေမည်ဟု ဆုံးဖြတ်ထား
သည်။
ကောသလမင်းကြီးနတ်ရွာစံလျှင် ၀ိဋဋူပသည်
ထီးနန်းကိုရသည်။ ထိုအခါသူသည် မိမိ၏အကြံ
အစည်အတိုင်းသာကီဝင်တို့ကို လက်စားချေဖို့
အခွင့်ဆိုက်ရောက်လာသည်။
ဝိဋဋူပသည်သာကီဝင်များရှိရာ ကပိလ၀တ်ပြည်
သို့ စစ်သည်ဗိုလ်ပါများစွာနှင့်တကွချီတက်လာ
သည်။ မြတ်စွာဘုရားရှင်သည် နံနက်မိုးသောက်
သောအခါ လောကကိုကြည့်ရှု့တော်မူသော်
ဆွေတော်မျိုးတော် သာကီဝင်တို့၏ ပျက်စီးခြင်း
ကို မြင်တော်မူ၍ ညချမ်းအချိန်တွင်ကောင်းကင်
ခရီးဖြင့်ကြွတော်မူပြီးလျှင် ကပိလ၀တ်ပြည်အနီး
ကျဲသော ပူသော အရိပ်ရှိသော သစ်ပင်ရင်း၌
သီတင်းသုံးနေတော်မူ၏။
ဝိဋဋူပမင်းသားပိုင်သော ကောသလတိုင်းပြည်
အပိုင်းအခြားတွင်ကား ကြီးစွာသော ထူထဲသော
အေးချမ်းသော အရိပ်ရှိသော ညောင်ပင်ကြီး
များစွာရှိ၏။
ထိုအခါ ၀ိဋဋူပသည် မြတ်စွာဘုရားအား
မြတ်စွာဘုရား အဘယ်ကြောင့် ပူပြင်းသော
ကျဲသော အရိပ်ရှိသည့် သစ်ပင်များ၏အရိပ်
၌ နေတော်မူပါသနည်း။ ဤမှာဘက်ရှိ
ကြီးစွာသော ထူထဲသော အရိပ်ရှိသော
ပညောင်ပင်များအရိပ်၌နေတော်မူပါဘုရား
ဟုလျှောက်၏။
မြတ်စွာဘုရားက ၀ိဋဋူပမင်းသား ရှိပါစေတော့
ဆွေတော်မျိုးတော်တို့၏ အရိပ်က ပိုမိုအေးမြပါ
၏ဟု လေးနက်သော အဓိပ္ပါယ်ဖြင့် မိန့်တော်မူ
သည်။ မြတ်စွာဘုရား၏ စကားတော်အရရန်ငြိုး
ဖွဲ့မှု ခေတ္တပြေပျောက်ကာ သာကီဝင်တို့ကို
သတ်ဖြတ်မည့်အကြံကို လက်လျော့ကာ မိမိ
နိုင်ငံသို့ ပြန်လေသည်။
ဝိဋဋူပသည် တစ်ဖန်ဒေါသဖြစ်လာပြန်၍
ဒုတိယအကြိမ်ကပိလ၀တ်ပြည်၌ စစ်သည်
ဗိုလ်ပါများစွာနှင့် ချီတက်လာပြန်သည်။
မြတ်စွာဘုရားရှင်သည်လည်း ရှေးနည်းတူ
ကြွသွား၍ ကပိလ၀တ်နေပြည်ဘက်မှကျဲ
သော၊ ပူသော အရိပ်ရှိသော သစ်ပင်ရိပ်၌
နေတော်မူပြန်သည်။
ဤတစ်ကြိမ်မှာလည်း ၀ိဋဋူပသည် မြတ်စွာ
ဘုရားကို ဖူးတွေ့ရပြန်သဖြင့် လက်လျော့
ကာ မိမိတိုင်းပြည်သို့ပြန်လေသည်။ ဤနည်း
အားဖြင့် မြတ်စွာဘုရားသည် တတိယအကြိမ်
အထိ သာကီဝင်တို့ကို ၀ိဋဋူပမင်း၏တိုက်ခိုက်
သတ်ဖြတ်ခြင်းဘေးမှ ကယ်ဆယ်နိုင်ပါ၏။
စတုတ္ထအကြိမ်တွင်ကား မြတ်စွာဘုရားသည်
သာကီဝင်တို့၏ ရှေးမကောင်းမှုကံကို သိတော်
မူသည်။ ထိုရှေးအတိတ်အကုသိုလ်ကံဟူသည်
မှာ မြတ်၌အဆိပ်ခတ်ဖူးသော အတိတ်ကံဖြစ်
၏။ ထိုကံကို မတားမြစ်နိုင်ဟု သိတော်မူသဖြင့်
စတုတ္ထအကြိမ်ကြွသွားတော်မမူချေ။
ဝိဋဋူပမင်းသည် စတုတ္ထအကြိမ် သာကီဝင်
မင်းသားတို့ကိုသတ်ရန် စစ်သည်ဗိုလ်ပါများ
နှင့် ချီတက်လာသည်။ ဘုရားရှင်၏ ဆွေ
တော်မျိုးတော် သာကီဝင်တို့ကား သူတစ်ပါး
၏အသက်ကို မသတ်ကြကုန်။ မိမိတို့တွင်
ကျွမ်းကျင်ထူးချွန်စွာတတ်မြောက်ထားသော
လေးမြားအတတ်တို့ဖြင့်လည်း ရန်သူဝိဋဋူပ
မင်း၏စစ်သည်တို့ကို လေးမြှားတို့ဖြင့်တည့်
အောင်မပစ်ကြကုန်။ ရန်သူတို့၏ကာကြား၊
နားပေါက်ကြား၊ လက်ကြားစသည်တို့မှ
မြှားတို့ကို ထွက်အောင်ပညာဖြင့်ကြောက်
လန့်အောင်ပြုကြကုန်၏။
သာကီဝင်တို့က မိမိနှင့်စစ်သည်တို့ကိုမသတ်
ဖြတ်ဟုသိလျှင် ၀ိဋဋူပမင်းသည်ဘိုးတော်
မဟာနာမ်မင်းကြီးနှင့် အခြံအရံသာကီဝင်
တို့ကိုသာ ချန်ထား၍ကျန်သော သာကီဝင်
ဟူသမျှတို့ကို ကလေးသူငယ်မကျန်သတ်
ဖြတ်ကြလေသည်။ သွေးချောင်းစီးစေပြီး
လျှင် သာကီဝင်တို့၏ လည်ချောင်းသွေး
ဖြင့် မိမိထိုင်ခဲ့ရာ ပျဉ်ချပ်ကို ဆေးကြော
စေ၏။ သာကီဝင်မင်းအဆက်အနွယ်သည်
ဝိဋဋူပမင်းဘေးဖြင့် ပြတ်ခြင်းသို့ရောက်
ရ၏။
အမှန်အားဖြင့်ဗုဒ္ဓမြတ်စွာဘုရားက ဆွေ
တော်မျိုးတော်သာကီဝင်တို့အား ချစ်ခင်
မှု(မေတ္တာ) သူတစ်ပါးတို့၏ဆင်းရဲခြင်းကို
သနားခြင်း(ကရုဏာ)၊ သူတစ်ပါးတို့၏
ချမ်းသာခြင်းကို ၀မ်းမြောက်ခြင်း( မုဒိ
တာ ) တရားစသည်တို့ကို ပွားစေလို
သော်လည်း သူတို့သည် မသိမိုက်မှား
ခြင်း(မောဟ) မိမိတို့၏ အမျိုးနှင့်ဂုဏ်
ကို ထောင်လွှားမာနတက်ခြင်း(မာန)
သူတစ်ပါးကိုမနာလိုခြင်း(ဣဿာ)၊
မိမိတို့စည်းစိမ်ကို ၀န်တိုခြင်း(မစ္ဆရိယ)
ဟူသောတရားများ လက်ကိုင်ထားကာ
ဝိဋဋူပအပေါ်မတူမတန်အဖက်မလုပ်
ဆက်ဆံခဲ့ကြသဖြင့် ပျက်စီးခြင်းသို့
ရောက်ကြရ၏။
ဝိဋဋူပမင်းသည် သာကီဝင်တို့ကိုအောင်
နိုင်ပြီးနောက် ဘိုးတော်မဟာနာမ်မင်းကြီး
ကိုခေါ်ဆောင်ပြီး ဘိုးတော်မဟာနာမ်မင်း
ကြီးနှင့်အတူ ပွဲတော်တည်မည်ဟုပြော၏။
မဟာနာမ်မင်းကြီးသည် သာကီဝင်တို့၏
စိတ်ဓါတ်ကို မစွန့်ချေ။ မြေးတော်သူဝိဋဋူပ
သည် ကျွန်မ၏အဆက်အနွယ်ဟု သဘော
ထားကာ ပွဲတော်အတူမတည်လို။ မတည်
လျှင်လည်းသတ်မည်ဟုသိသဖြင့် အနီးရှိ
ရေအိုင်တစ်ခုသို့ရေချိုးဆင်းယောင်ဆောင်
ကာ ရေငုပ်သွား၏။ နဂါးမင်းကဆောင်ယူ
သဖြင့် နဂါးပြည်တွင် မင်းကြီးသည်တစ်
ဆယ့်နှစ်နှစ်ပတ်လုံး နေတော်မူသည်။
ဝိဋဋူပမင်းနှင့်စစ်သည်ဗိုလ်ပါအပေါင်းတို့
သည် အစိရ၀တီမြစ်သို့ ညအချိန်ဆိုက်
ရောက်ကြ၍ သစ်ခက်တဲနန်းထိုးကာ
စခန်းချနေလေသည်။ ထိုသူတို့တွင်
ရှေးအတိတ်ကံမကင်းသူတို့သည်
ဝိဋဋူပမင်းနှင့်တကွ မြစ်အတွင်းသဲသောင်
ပြင်၌ အနားယူအိပ်စက်ကြကုန်၏။
ထိုခဏ၌အထက်မြစ်ညှာ၌ သည်းထန်
သော မိုးကြီးရွာသွန်းတော့သည်။ မြစ်
ညာမှ ရေအလွန်ပြင်းထန်စွာ စီးဆင်းလာ
၍ ၀ိဋဋူပမင်းနှင့်တကွစစ်သည်ဗိုလ်ပါ
အပေါင်းတို့ကို သမုဒ္ဒရာသို့ သယ်ယူ
နစ်မွှန်းပျက်စီးစေပါသည်။
ဝိဋဋူပမင်းသည် အမိဘက်မှဆွေတော်
မျိုးတော် တော်စပ်သော မိမိ၏အပေါ်၌
နှိမ်ချဆက်ဆံတတ်သည့် သာကီဝင်တို့
အပေါ် စိတ်ဆိုးသော အမျက်ထွက်ခြင်း
(ဒေါသ)၊ ရန်ငြိုးဖွဲ့ဖြင်း(ကောဓဥပဟနာ)
စသော အကုသိုလ်တရားတို့၏ ဖိစီးခြင်း
ကို ခံရ၍ သာကီဝင်ဟူသမျှတို့ကို လက်
စားချေ သတ်ဖြတ်ခဲ့၏။
သို့ရာတွင်သူ၏မကောင်းမှုအကုသိုလ်
ကံသည် မကြာမီမှာပင် သူ့ထံသို့ရောက်
လာကာ ရေနစ်သေဆုံးရလေသည်။
မြတ်စွာဘုရားလိုလားတော်မူသော
ဆွေရိပ်မျိုရိပ်ဟူသော တရားတော်၏
အနက်အဓိပ္ပါယ်ကို သဘောမပေါက်
ဘဲ ပျက်စီးခြင်းဟူသော သောကပရိ
ဒေ၀ ဒုက္ခ ဒေါမနဿစသော အဆိုး
တရားအပူတို့၏တည်ရာငရဲသို့ကျ
ရောက်ရတော့သည်။
ဓမ္မပဒအဋ္ဌကထာ ပထမတွဲ ပုပ္ဖ၀ဂ်၊
ဝိဋဋူပ၀တ္ထုမှ မွမ်းမံတင်ပြပါသည်။
ဦးငွေအောင်မွန်
အမြတ်ဆုံးပူဇော်ခြင်းနှင့်အခြားဓမ္မရသစာစုများ
No comments:
Post a Comment