Ko Kyisoe with Ko Kyi Soe
♠ ★ လူသားအစစ်ဆိုတာ ★ ♠
“မနုတဿဘာဝေါ ဒုလ္လဘော" ဆိုတဲ့
တရားတော်မှာ မနုဿ လို့ ဟောတော်မူခဲ့တယ်။
မြန်မာလို လူ လို့ပြန်တယ်။ လူသားပေါ့ ။
မြတ်စွာဘုရားက ဘာကြောင့် လူလို့ခေါ်သလဲ။
မနုဿ မှာ ပါဠိ နှစ်လုံးဆက်ထားတာ။
မန ရယ် ဥဿ ရယ်။
မနနဲ့ဥဿ တွဲတော့ မနုဿ ဖြစ်သွားတယ်။
“မနုတဿဘာဝေါ ဒုလ္လဘော" ဆိုတဲ့
တရားတော်မှာ မနုဿ လို့ ဟောတော်မူခဲ့တယ်။
မြန်မာလို လူ လို့ပြန်တယ်။ လူသားပေါ့ ။
မြတ်စွာဘုရားက ဘာကြောင့် လူလို့ခေါ်သလဲ။
မနုဿ မှာ ပါဠိ နှစ်လုံးဆက်ထားတာ။
မန ရယ် ဥဿ ရယ်။
မနနဲ့ဥဿ တွဲတော့ မနုဿ ဖြစ်သွားတယ်။
မန ဆိုတာ စိတ် ။
ဥဿ ဆိုတာ မြင့်မြတ်တာ။
စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်။
ဒါကြောင့် စိတ်ထားဖြူစင်မြင့်မြတ်မှ
တကယ့်လူသားအစစ်လို့ခေါ်တယ်။
လူသားဖြစ်နေသော်လည်း စိတ်ထား
မဖြူစင် မမြင့်မြတ်လျှင် လူလို့ မခေါ်နိုင်သေးပါ။
စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှာအရည်အသွေး
သုံးမျိုးရှိရတယ်။
(၁)သူရော =ရဲစွမ်းသတ္တိရှိခြင်း။
(၂)သတိမန္တော =သတိတရားနဲ့ပြည့်စုံခြင်း ။
(၃)ဗြဟ္မစရိယဝါသော=မြတ်သောအကျင့်ကို
ကျင့်သုံးနိုင်ခြင်း။
“မနုဿ လူသားမှန်လျှင် ရဲစွမ်းသတ္တိ ရှိရမယ်။
သတ်ဖြတ် တိုက်ခိုက် ခိုးဆိုး ဆဲဆို
ရဲတာမျိုးကို ပြောတာမဟုတ်ဘူး။
အမှန်တရားတွေကိုပြုတဲ့နေရာ ၊
ဒါနပြုတဲ့နေရာ ၊
သီလ ဆောက်တည်တဲ့နေရာ ၊
ဘာဝနာတရားအားထုတ်တဲ့နေရာ ၊ တွေမှာ
နောက်မတွန့်ဘဲ ရဲစွမ်းသတ္တိ ရှိရမယ်။"
“မနုဿ လူသားမှန်လျှင် သတိတရား ရှိရမယ်။
ကိုယ့်စိတ်ကို သတိထား ကြည့်ရမယ်။
ကိုယ်ဘာကြံတွေးတောနေတယ်ဆိုတာ
သတိထားရင် သိတယ်။ စိတ်ထားမြင့်မြတ်တဲ့
ပုဂ္ဂိုလ်တွေဟာ သမ္မဇဉ်ဥာဏ်နဲ့ အမြဲသတိထားပြီးတော့
မကောင်းတာ မကြံစည်ဘူး ၊ ကောင်းတဲ့တရားကိုသာ ကျင့်ဆောင်တယ်။"
“မနုဿ လူသားမှန်လျှင် မြတ်သောအကျင့်ကိုသာ
ကျင့်သုံးရတယ်။
နိဗ္ဗာန်ရောက်ကြောင်းတရား ၊
သတိပဋ္ဌာန်တရား ၊
မဂ္ဂင်ရှစ်ပါးတရား ၊
စတဲ့ ဗောဓိပက္ခိယတရား(၃၇)ပါးကို ကျင့်သုံးနေရတယ်။"
“ကမ္ဘာ့လူဦးရေ ဘယ်လောက်တိုးတိုး ၊ ဒီအရည်အချင်း
သုံးမျိုး ရှိနေမှ မနုဿ စာရင်းဝင်တယ်။"
“လူဖြစ်ဖို့လွယ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ
ဒါနဲ့ မှတ်ကျောက်တင်ကြည့်ပါ။
မနုဿလို့ ခေါ်နိုင်တဲ့လူ နည်းနည်းလေးပဲ ရှိပါတယ် ။
လူနဲ့ ပုံသဏ္ဌာန်တူပေမဲ့ မနုဿ လူအစစ်မဟုတ်ဘူး။"
-(စစ်ကိုင်း ဝါးချက်ဆေးရုံနှင့် မြောက်ဒဂုံ ကမ္မဋ္ဌာန်း
ရိပ်သာကို တည်ထောင်သော ကျစွာဆရာတော်
ရေးသားသော မနုဿလူသား စာအုပ်မှ)itking969.blogsport.com
ဥဿ ဆိုတာ မြင့်မြတ်တာ။
စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်။
ဒါကြောင့် စိတ်ထားဖြူစင်မြင့်မြတ်မှ
တကယ့်လူသားအစစ်လို့ခေါ်တယ်။
လူသားဖြစ်နေသော်လည်း စိတ်ထား
မဖြူစင် မမြင့်မြတ်လျှင် လူလို့ မခေါ်နိုင်သေးပါ။
စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှာအရည်အသွေး
သုံးမျိုးရှိရတယ်။
(၁)သူရော =ရဲစွမ်းသတ္တိရှိခြင်း။
(၂)သတိမန္တော =သတိတရားနဲ့ပြည့်စုံခြင်း ။
(၃)ဗြဟ္မစရိယဝါသော=မြတ်သောအကျင့်ကို
ကျင့်သုံးနိုင်ခြင်း။
“မနုဿ လူသားမှန်လျှင် ရဲစွမ်းသတ္တိ ရှိရမယ်။
သတ်ဖြတ် တိုက်ခိုက် ခိုးဆိုး ဆဲဆို
ရဲတာမျိုးကို ပြောတာမဟုတ်ဘူး။
အမှန်တရားတွေကိုပြုတဲ့နေရာ ၊
ဒါနပြုတဲ့နေရာ ၊
သီလ ဆောက်တည်တဲ့နေရာ ၊
ဘာဝနာတရားအားထုတ်တဲ့နေရာ ၊ တွေမှာ
နောက်မတွန့်ဘဲ ရဲစွမ်းသတ္တိ ရှိရမယ်။"
“မနုဿ လူသားမှန်လျှင် သတိတရား ရှိရမယ်။
ကိုယ့်စိတ်ကို သတိထား ကြည့်ရမယ်။
ကိုယ်ဘာကြံတွေးတောနေတယ်ဆိုတာ
သတိထားရင် သိတယ်။ စိတ်ထားမြင့်မြတ်တဲ့
ပုဂ္ဂိုလ်တွေဟာ သမ္မဇဉ်ဥာဏ်နဲ့ အမြဲသတိထားပြီးတော့
မကောင်းတာ မကြံစည်ဘူး ၊ ကောင်းတဲ့တရားကိုသာ ကျင့်ဆောင်တယ်။"
“မနုဿ လူသားမှန်လျှင် မြတ်သောအကျင့်ကိုသာ
ကျင့်သုံးရတယ်။
နိဗ္ဗာန်ရောက်ကြောင်းတရား ၊
သတိပဋ္ဌာန်တရား ၊
မဂ္ဂင်ရှစ်ပါးတရား ၊
စတဲ့ ဗောဓိပက္ခိယတရား(၃၇)ပါးကို ကျင့်သုံးနေရတယ်။"
“ကမ္ဘာ့လူဦးရေ ဘယ်လောက်တိုးတိုး ၊ ဒီအရည်အချင်း
သုံးမျိုး ရှိနေမှ မနုဿ စာရင်းဝင်တယ်။"
“လူဖြစ်ဖို့လွယ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ
ဒါနဲ့ မှတ်ကျောက်တင်ကြည့်ပါ။
မနုဿလို့ ခေါ်နိုင်တဲ့လူ နည်းနည်းလေးပဲ ရှိပါတယ် ။
လူနဲ့ ပုံသဏ္ဌာန်တူပေမဲ့ မနုဿ လူအစစ်မဟုတ်ဘူး။"
-(စစ်ကိုင်း ဝါးချက်ဆေးရုံနှင့် မြောက်ဒဂုံ ကမ္မဋ္ဌာန်း
ရိပ်သာကို တည်ထောင်သော ကျစွာဆရာတော်
ရေးသားသော မနုဿလူသား စာအုပ်မှ)itking969.blogsport.com
No comments:
Post a Comment