Sunday, July 12, 2015

မဘသအကြောင်းတစ်စေ့တစ်စောင်းစာအုပ်

ဒေါက်တာအရှင်သောပါက's photo.
ဒေါက်တာအရှင်သောပါက's photo.
itking969.blogsport.com
(စကိုင်းနက်အင်တာဗျူး)
အပိုင်း (2)ကို ဖေါ်ပြလိုက်ပါသည်။
--------------
( အပိုင်း-၂ )
မေး ။ (စကိုင်းနက်)
နိုင်ငံရေးပါတီအချို့နဲ့ စာနယ်ဇင်းအချို့က ဒီ မဘသရဲ့ လုပ်ဆောင်မှုတွေဟာလူ့ အခွင့်အရေး ချိုး ဖောက်မှုတွေရှိနေတယ်၊ နောက်တစ်ခုက (ဂျင်နရယ် အစ်ရှူး) အမျိုးသမီးများအခွင့်အရေးတွေကိုလည်း ပိတ်ပင်တားဆီးနေတယ်ဆိုပြီးတော့ ရေးကြသားကြ ဟောကြပြောကြတဲ့အသံတွေကိုလည်း တပည့်တော် ကြားရပါတယ်ဘုရား။ ခုနက အရှင်ဘုရား ရှင်းပြတာ ကတော့ တပည့်တော်တို့ နားလည်သဘောပေါက်ပါပြီ ဘုရား။ ဒီလိုနိုင်ငံရေးပါတီတချို့နဲ့ မီဒီယာတချို့ရဲ့ စွပ်စွဲ ပြောဆိုမှုများကို အရှင်ဘုရားတို့ ဘယ်လို တုံ့ပြန် ပြောဆိုမလဲဆိုတာကိုတာ မိန့်ပါဦးဘုရား...။
မဘသ-ဖြေ ။ (ဒေါက်တာသောပါက)။
အဲဒါကလဲ ဦးဇင်းတို့ဒီ အမျိုးစောင့် ဥပဒေလုပ်ငန်း ကြီး ဒီညီလာခံကြီးစပြီး မဘသ ဖွဲ့ပြီးတဲ့အချိန်ကစပြီး အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဒီလူ့အခွင့်အရေး သမား၊ အမျိုးသမီးအခွင့်အရေးသမား၊ နောက်ပြီး ကုလသမဂ္ဂရဲ့ ကြေညာစာတမ်းပေါ့၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အများကြီးဝေဖန်ကြပါတယ်။ ဝေဖန်တဲ့အခါကျတော့ မဘသဟာ အမြဲတမ်း တံခါး ပိတ်ပြီးလုပ်တဲ့အဖွဲ့အစည်း မဟုတ်ပါဘူး။ တံခါးဖွင့်ပြီး တော့ လုပ်ပါတယ်။
ဒီတော့ ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့ ကြေညာ စာတမ်းမှာ ဘယ်အချက်ဘယ်အချက်တွေနဲ့ ငြိနေလဲ ဆိုတာကို ကြိုက်တဲ့လူ့အခွင့်အရေးသမားက လာပြီး တော့ ဆွေးနွေးလို့ရတယ်ဆိုတာကိုလည်း ဖိတ်ခေါ်ခဲ့ဖူး ပါတယ်၊
နောက်ပြီးတော့ အမျိုးသမီးတွေဘက်ကလည်း အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်တယ်ဆိုပြီးတော့ လည်း ဝေဖန်တဲ့အတွက်မို့ အဲဒီဝေဖန်တဲ့ အဖွဲ့အစည်း အားလုံးကိုလည်း ဒီမှာခေါ်ပြီးတော့ ဆွေးနွေးခဲ့ဖူးပါ တယ်၊ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အလုပ်ရုံ ဆွေး နွေးပွဲလည်း လုပ်ခဲ့ဖူးပါတယ်။
အဲဒီတော့ တကယ်တမ်းကျတော့ဝေဖန်တဲ့ ပုဂ္ဂိုလ် တွေက ပြင်ပကဝေဖန်ပြီးတော့ ကြိုက်တဲ့အချက်ကို ကြိုက်သလိုလာပြီးတော့ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အချိန် မှာ ပါတီခေါင်းဆောင်တွေကိုကော၊ လူ့အခွင့်အရေး သမားတွေကိုကော၊ အဖွဲ့အစည်း အသီးသီးကိုကော လာခဲ့ပါ၊ ကြိုက်တဲ့ အချက်ကိုပြောပါ၊ ဒီဥပဒေက ဒီအချက်နဲ့ ဒီအခွင့်အရေးက မညီပါဘူးဆိုရင် ဘုန်းကြီး တို့က အဲဒါကိုအဆင်အပြေဆုံးဖြစ်အောင် တောင်းဆို ပေးမယ်။ အကြံပေးပါ ဖိတ်ခေါ်ပါတယ်။
ဒါပေမယ့် အပြင်ကဝေဖန်ပြီးတော့ အထဲတည်းကို ဘယ်သူမှ မလာပါဘူး။ အဲဒီတော့ ဘုန်းကြီးတို့ အခု လုပ်နေတာဟာ တံခါးပိတ်ပြီးလုပ်နေတဲ့ အလုပ် မဟုတ် ဘူး။ နိုင်ငံအတွက်၊ အမျိုးဘာသာ သာသနာအတွက် လုပ်နေတာဖြစ်ခြင်းကြောင့် အမျိုးဘာသာ သာသနာ စိတ် တကယ်ရှိတယ်ဆိုရင် တိုင်းပြည်ကို ချစ်မြတ်နိုး တယ်ဆိုရင် အခုအချိန်ထိလည်း ဖွင့်ထားတုန်းပါပဲ၊ နောင်လည်းပဲ ဆက်ပြီးဖွင့်နေဦးမှာပဲ။
အဲတော့ ကြိုက်သလိုလာပြီးတော့ အကြံပေးခြင်း၊ ဆွေးနွေးခြင်းဖြင့် ဆောင်ရွက်နိုင်တယ်ဆိုတာကို ဘုန်းကြီးတို့က ခုကတည်းက ဖိတ်ခေါ်ပါတယ်။ အချိန် မရွေးဘုန်းကြီးတို့ကို လာပြီးတွေ့ခွင့် ဘယ်သူပဲ တွေ့ဆုံ ပါစေ ဆရာတော်ကြီး အသက်(၇ဝ) ကျော်ပါပြီနော် ကြိုက်တဲ့ပုဂ္ဂိုလ်လာတွေဆုံပြီးတော့ ဆွေးနွေးလို့ ရပါ တယ်။ ဦးဇင်းတို့ကိုလည်း အချိန်မရွေး ဆွေးနွေးလို့ ရပါတယ်။
အဲဒီတော့ နားမလည်သေးရင်လည်း နားလည် အောင်ရှင်း ပြပေးပါမယ်၊ အကယ်၍ တစ်ဖက်သတ် ကြီး ဆန်နေမယ်ဆိုရင် ကျေနပ်အောင် ငြိမ်းချမ်း အောင် ပယ်ဖျက်ပေးပါမယ်။
အဲလောက်တော့ ဦးဇင်းတို့ လုပ်ပါတယ်။
မေး ။ (စကိုင်းနက်)
ဒီလိုပဲ အချို့ဝန်ကြီးဋ္ဌာနတွေ၊ ပြည်ပသတင်းဋ္ဌာန အများစုတွေကလည်း ထုတ်လွှင့်တယ်၊ အချို့ စာစောင် တွေမှာလည်း ရေးကြတယ်။ တပည့်တော်တို့ မြန်မာ နိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်လို့ အင်မတန်အရေးကြီးတဲ့ကာလကြီးမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ထိမ်းမြားခြင်းဥပဒေ၊ အဲဒါ မျိုးတွေကို ဒီဘက်ကလုပ်ဆောင်နေတာတွေ ကလည်း တကယ့် အရေးကြီးတဲ့ကိစ္စတွေကို မှေးမှိန် သွားအောင် လမ်းလွဲတွေ ပေးတယ်လို့ ပြောဆိုနေကြ တာကိုလည်း ကြားပါတယ်ဘုရား။ အဲဒါကို အရှင်ဘုရား တို့ မဘသက ဗဟိုဦးဆောင်ပုဂ္ဂိုလ်များအနေနဲ့ ရှင်းလင်းပြော ကြားပေးစေလိုပါတယ်ဘုရား...။
မဘသ-ဖြေ ။ (ဒေါက်တာသောပါက)
အဲဒီတော့ ဦးဇင်းကပဲဆက်ပြောပါမယ်။
ဦးဇင်းတို့ မဘသ ကြီးဖွဲ့တဲ့အခါကျတော့ တစ်နိုင်ငံလုံး လှည့်ပြီးတော့ ဦးဇင်းတို့ဖွဲ့စည်းတဲ့နေရာတွေကို ရောက် ခဲ့ပါတယ်။ ရောက်တော့ အချို့ပြည်နယ်တွေ ရောက်တဲ့ အခါမှာ အသက်(၉ဝ)ကျော်ဆရာတော်ကြီးတွေက ဦးဇင်းတို့ရဲ့ ဒီလုပ်ငန်းကို အစက ဘာတွေလုပ်မှန်း မသိဘူးပေါ့လေ၊ နောက်ဒကာကြီးတို့ကိုပေးတဲ့ စာအုပ် လိုမျိုး စာအုပ်လေးတွေကိုဖတ်ရင်းနဲ့ လုပ်ရမယ့် လုပ် ငန်းတွေကို သိသွားတယ်။ အဲဒီကို ဦးဇင်းတို့သွားတော့ အဲဒီအသက် (၉ဝ)ကျော်၊ တစ်ရာနားကပ်နေတဲ့ ဆရာ တော်ကြီးတွေက နောက်ကျနေပြီတဲ့ ဒို့က အစောက တည်းက လုပ်ရမှာတဲ့ ငါတို့(၉ဝ)ကျော် နောက်ကျခဲ့ပြီ တို့ငယ်တုန်းကလည်း ဦးဆောင်နိုင်တဲ့လူ မရှိခဲ့ဘူး။ အဲဒီအချိန်တည်းကလုပ်ခဲ့ရင် တို့တိုင်းပြည် ဒီလောက် တောင် ဆိုးစရာမရှိဘူး၊ ပိုပြီးတော့ အဆင်ပြေတယ် ဆိုတာမျိုးတွေကို ဦးဇင်းတို့ တွေ့ရပါတယ်။
အဲဒီတော့ ဒကာကြီး ခုနကပြောတဲ့ ဝေဖန်သံတွေ ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွက်ကြည့်ရင် တော့ နည်းနည်းလေးပဲ ရှိပါတယ်။ အဲဒီ နည်းနည်း လေးကိုလည်း ဘုန်းကြီးတို့က ဂရုစိုက်ပြီးတော့လုပ်ပေး နေပါတယ်။ တကယ်တော့ ဒီဥစ္စာတွေက ဦးဇင်းတို့ စနစ်တကျနဲ့ လုပ်ပေးနေတာ၊ တကယ်တော့ လုပ်နေ တဲ့ သွားနေတဲ့နိုင်ငံရေးလမ်းကြောင်းနဲ့ဘာမှ မဆိုင်ပါ ဘူး။ နိုင်ငံရေးက နိုင်ငံရေးလုပ်၊ လုပ်လို့ရပါတယ် ပါတီ နိုင်ငံရေးသမားတွေအတွက် ဦးဇင်းတို့ ဒီဥပဒေလုပ် ခြင်းကြောင့် ဘယ်သူ့ကိုမှ အနှောက်အယှက် ဖြစ်စရာ မရှိဘူး၊ ဖြစ်နေတဲ့အနှောက်အယှက်ကို တောင်မှ ငြိမ်း ချမ်းမှု ပေးနိုင်သေးတာပဲ။ အခုကျောင်းသားတွေ အမျိုးသားပညာရေးကိစ္စလုပ်နေတယ်၊ အမျိုးသား ပညာရေးဥပဒေအတွက် ဆန္ဒပြနေကြတယ်။ ဒီအချိန် မှာ စောစောက ''ဝှိုက်ကတ်'' ကိစ္စမျိုးနဲ့ ထပ်ပူး ပေါင်း လိုက်ရင် ဒီဟာကြီးက တစ်နိုင်ငံလုံး ဘယ်လိုမှ ထိန်းလို့ မရတော့ဘူး အရေးကြီးတဲ့ (၁ဝ)တန်း စာမေးပွဲ ရှိနေ တယ်၊ ကလေးတွေပညာရေးရှိနေတယ်၊ ဘုန်းကြီးတို့ရဲ့ ပထမပြန်စာမေးပွဲတွေရှိနေတယ်။ ခုချိန်မျိုးတောင်မှ ဒါတွေကို သိပြီးတော့ဘုန်းကြီးတို့က ငြိမ်းချမ်းအောင် လုပ်နိုင်သေးတာပဲ။ အားလုံးဟာပြန်ပြီးတော့ ခြုံငုံ သုံးသပ်ပြီးပြောရမယ်ဆိုရင် အားလုံးဟာ တကယ်တော့ အလွန်ကို နောက်ကျနေပါတယ်။ အလွန်နောက်ကျ နေတာမို့ ဟိုတုန်းကလုပ်ချင်ပေမယ့် လုပ်လို့မရတဲ့ အနေအထားတွေလည်းရှိခဲ့ပါတယ်။ အဲဒီတော့လုပ်လို့ ရတဲ့အချိန်မှာ ဦးဇင်းတို့အတတ်နိုင်ဆုံးအကောင်းဆုံး ဖြစ်အောင် လုပ်နေတယ်။ ဒါလေးကိုတော့ သိစေချင်ပါ တယ်။
မေး ။ (စကိုင်းနက်)
အရှင်ဘုရားခုနကမိန့်ခဲ့ပြီးပါပြီ ဒီအဖွဲ့အစည်းရဲ့ နာမည်ကိုက ''အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့'' ဒါပေမယ့်အများစုက မသိနားမလည်တဲ့ အများစုက ဘာသာရေးနဲ့နိုင်ငံရေး ရောနေတယ် နိုင်ငံ ရေးထဲမှာဘာသာရေး ပါလာတာဟာ နိုင်ငံရေးသမား ကလည်းဘာသာရေးကိုအသုံးချတာ ဘာသာရေး သမားကလည်း နိုင်ငံရေးမှာဝင်စွက်တဲ့အတွက် မလိုလားအပ်သော ပြဿနာများ ပဋိပက္ခများဖြစ်ပေါ် စေတယ်ဆိုပြီးတော့လည်း သုံးသပ်ကြတာတွေလည်း ရှိပါတယ်ဘုရား။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ လည်း ရှင်းပြပေးပါဘုရား။
မဘသ-ဖြေ ။ (ဒေါက်တာကောဝိဒ)
ဒါကစောစောကတည်းက ဘုန်းဘုန်းပြောထားပါ တယ်။ ဘုန်းဘုန်းတို့ အမျိုးဘာသာ သာသနာရေးကိစ္စ များ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးတို့အား စွမ်း နိုင်သလောက် ပံ့ပိုးကူညီနိုင်ရန်ဆိုတဲ့ ဘုန်းဘုန်းတို့ရဲ့ အခြေခံမှုပဲ။ ဘုန်းဘုန်းတို့ရဲ့အဖွဲ့ကြီးကနေပြီးတော့ ဘယ်နိုင်ငံရေးပါတီကို ဘာလုပ်လိုက် ဘယ်သူ့ကို ဘာလုပ်လိုက်ပြောတာ ရှိဘူးလား (မရှိပါဘူးဘုရား)။
ဘုန်းဘုန်းတို့ပြောတဲ့ကိစ္စမှာ အခု အထင်ရှားဆုံး ကိစ္စဆို ''ဝှိုက်ကတ်''ကိစ္စပဲ ''ဝှိုက်ကတ်''ကိစ္စက တစ်မျိုး သားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စကြီးပဲ ဆရာတော်ကိုယ်တိုင် ပွင့်ပွင်းလင်းလင်း သက်ဆိုင်ရာတွေနဲ့ အရင်ဆွေးနွေး တယ်။ ခုနက 'ဦးသောပါက' ပြောသွားသလိုပဲ အဓိ ကရုဏ်းတွေ ဘာမှမဖြစ်ဘူး၊ နောက်ဆုံး မဘသ အဖွဲ့ကြီးက လှုံ့ဆော်လိုက်လို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်သွား တယ်။ ကလေးတွေ စာမေးပွဲ မဖြေရဘူး၊ ကိုရင်၊ ဦးဇင်း တွေ စာမေးပွဲမဖြေရဘူး၊ လုံးဝအဖြစ်မခံနိုင်ဘူး၊ တိုင်း ပြည်ငြိမ်းချမ်းရေးပျက်ပြားအောင် ဘယ်လိုမှ အဖြစ် မခံနိုင်ဘူး။
ဘုန်းဘုန်းတို့ ပါတယ်ဆိုတဲ့နိုင်ငံရေးနဲ့ ပတ်သက် နေတဲ့အလုပ်ဆိုတာ ဒကာကြီး ဘာသာရေး၊ လူမျိုးရေး ဒီလောက်ပဲ၊ နိုင်ငံတော်မှာဘယ်လို လုပ်လိုက်ပါ မပါဘူး၊ အခုပြောနေတာက ပုဂ္ဂိုလ်ရေးရာမှာ ဘုန်းကြီး တွေ ဝင်စွက်နေတယ်ဘယ်မှာမှ မပါဘူး။ ခုနက ''ဦးသောပါက'' ပြောသလို စာထဲမှာပဲ ရေးနေတာပဲ ရှိတယ်။ လက်တွေ့ဒီလာခဲ့ ဂျာနယ်တွေမှာ ရေးတာ တော ရေးချင်သလို ရေးလို့ရတယ်။ ဘုန်းဘုန်းတို့က ဘာမှမပြောပါဘူး ကြိုက်သလိုရေးပါ။ အဲဒီတော့ လက်တွေ့လာရှင်းပါ၊ ဘုန်းဘုန်းတို့ရှိတယ် ဘုန်းဘုန်း တို့က အစောကြီးကတည်းက ဒီဟာတွေကို ဒီကျောင်း မှာပဲ အချိန်ကုန် ငွေကုန်ခံပြီးတော့ ဒါတွေကိုလာ ဆွေးနွေးပါလို့ ''ျွှနူခသာန ''လုပ်ခဲ့တယ်။
ပြောချင်တာက ဘုန်းဘုန်းတို့ကနေပြီးတော့ ဘယ် ကိစ္စမှာများ နိုင်ငံရေးကိစ္စကို ဝင်ပါတာရှိလဲ၊ ဒီလိုပဲ ပါးစပ်နဲ့ပဲပြော၊ စာနဲ့ရေးပြီးတော့ ပေါက်ကပြောနေ တာပဲ။ လက်တွေ့ကျကျလာရှင်း။ အခုတင် ထင်ထင် ရှားရှား ဘုန်းဘုန်းတို့ နိုင်ငံတော်ကို တောင်းဆိုတာ။ ဒါပဲရှိသေးတယ်။ ဒါတောင်မှ အငြိမ်းချမ်းဆုံး ဖြစ် အောင် အားလုံးပြီးသွားတယ်။ ဟုတ်တယ်မလား။ တကယ်ဆိုရင် ဘယ်သူမှ မလုပ်ပါဘူး၊ ဒီအဖွဲ့ပဲ လုပ်ခဲ့တာပါ။ ဆရာတော်ဘုရား သက်ဆိုင်ရာလူကြီး တွေကိုခေါ်တယ်၊ အေးအေး ချမ်းချမ်းပဲ ငါတို့ဆွေးနွေး ရအောင် အားလုံးကလည်း တပည့်တော်တို့ ဥပဒေအရ ပြန် လည်ပြီးတော့ ဖြစ်အောင် အစီအစဉ်တွေ စီမံနေပါ တယ်။ ဆရာတော်က ခဏလေးသည်းခံပေးပါ။ အဲဒီ တော့ ဆရာတော်ကလည်း ခဏနေဦး ဒီမှာ သူဆွေး နွေးနေတယ် မင်းတို့ ဘာမှ ထွက်စရာမလိုဘူး အကုန် လုံး ဒီတိုင်းပဲ ဆွေးနွေးနေတာ ဒါပဲနိုင်ငံတော်နဲ့ တိုက် ရိုက် ပတ်သက်တာ အမျိုးစောင့်ဥပဒေဆိုတာကတော့ ဘုန်းဘုန်းတို့ ဘယ်လိုပဲရေးရေး ဘုန်းဘုန်းတို့က ဖြစ် ချင်တဲ့ဆန္ဒပဲ တင်ပြတာ ဒါက ပညာရှင်ဥပဒေရှင်တွေ ရေးတာ ဘုန်းဘုန်းတို့ အဖွဲ့ထဲမှာပါတဲ့ ဥပဒေပညာရှင် ကြီးတွေ ရေးထားတာ ဘုန်းဘုန်းတို့ ဘုန်းကြီးတွေ ရေး တာမဟုတ်ဘူး။ ဒီဥပဒေ ပညာရှင်နဲ့ပဲ လွှတ်တော်နဲ့ ချိတ်ဆက်ပြီးတော့မှ တင်ရတာ။
ဒါကတော့ ဒကာကြီး နိုင်ငံတော်ရဲ့အရေးကို လွှတ် တော်ထဲ ရောက်သွားတော့ နိုင်ငံရေးလို့ပြောတယ်။ ဒါကဘာလဲ ဘာသာရေး၊ လူမျိုးရေး ကျုပ်တို့တွေရဲ့ အမျိုးအတွက်၊ ဘာသာအတွက်၊ သာသနာအတွက် လုပ်တဲ့အတွက်ကြောင့် ဒါကိုတော့ နိုင်ငံရေးနဲ့ ရော တယ်လို့ ပြောရင်တော့ သူတို့ပြောတဲ့နိုင်ငံရေးဆိုတာ ဘာကိုပြောတာလဲ၊ နားကို မလည်တော့ဘူး။ ဘုန်းဘုန်းတို့က ဘုန်းကြီးလေ ဘုန်းဘုန်း စောစော ကပြောတာ ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ အထိ ဗုဒ္ဓဘာသာအများစုနေခဲ့ပေမယ့် ဒီနေ့အထိ လည်း ၈၅ နဲ့ ၉ဝ အကြား ရာခိုင်နှုန်းရှိတယ်၊ ဗုဒ္ဓ ဘာသာအများစု နေထိုင်တဲ့နိုင်ငံမှာ ဒကာကြီး နည်း နည်းပဲ နမူနာလေးပဲကြည့်၊ ဗုဒ္ဓသာသနာကြီး ဘယ် လောက်အထိ နှစ်ပေါင်း (၂၅ဝဝ) ကျော် တည်တံ့နေ တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ စောင့်ရှောက်မှု ကြောင့်၊ ဘုန်းဘုန်းတို့ဘုန်းကြီးတွေ စောင့်ရှောက်လို့ လည်း မရဘူး၊ ဘုန်းကြီးဆိုတာ ဝိနည်းနဲ့နေတာ၊ ဗုဒ္ဓ ဘာသာရဟန်းရဲ့အကြောင်းကို ကောင်းကောင်းသိရင် ဘုန်းကြီးဆိုတာလူလိုရှာဖွေပြီးတော့ စားသောက်လို့ ရတာ တစ်ခုမှမရှိဘူး။ ဒကာ၊ ဒကာမတွေ ပူဇော်မှု၊ ဆွမ်း၊ သင်္ကန်း၊ကျောင်း၊ ဆေးပစ္စည်းလေးပါးရတာနဲ့ ရောင့်ရဲပြီးတော့နေရတာ။ ဘုန်းကြီးတွေချည်းပဲလည်း ဒီဘာသာကြီးထွန်းကားလာတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာ တွေချည်း ထွန်းကားတာမဟုတ်ဘူး။ ဟုတ်တယ် မလား။ ဆရာနဲ့ဒကာ ဆရာဘက်ကလည်း ပရိပတ္တိ သာသနာ ဒီစာပေတွေကို သင်ကြားထိန်းသိမ်းခဲ့လို့ တည်နေတာ၊ ဒီလောက်ထိ ဒကာကြီး သာသနာ့ သမိုင်း တကယ်သိရင် ဒီလူတွေဒီလိုမပြောရက်ဘူး၊ ဗုဒ္ဓ ဘာသာမှန်ရင်ပေါ့လေ ဘာဖြစ်လို့လဲ ပထမသံဂါယနာ၊ ဒုတိယသံဂါယနာ၊ တတိယသံဂါယနာ ဘုရားဟောတဲ့ တရားတွေကိုနော်။ ပထမသံဂါယနာကို ဘုရား ပရိနိဗ္ဗာန်စံပြီး (၃)လအတွင်းမှာ အရှင်မဟာကဿပ မထေရ်မြတ် ဦးဆောင်ပြီးတော့ ရဟန္တာတွေအကုန်လုံး ရဟန္တာ (၅ဝဝ) နှုတ်နဲ့ရွတ်တာ နှုတ်နဲ့နော်။ ခေါင်းကို ကွန်ပျူတာလိုထည့်ထားတာ နှုတ်နဲ့အကုန်လုံးကို လက်ဆင့်ကမ်း အာဂုံဆောင်လာခဲ့ရတာ ပထမသံဂါ ယနာ၊ ဒုတိယ၊ တတိယသံဂါယနာအထိ အကုန်လုံးက နှုတ်တူ နှုတ်ပဲ အဆင့်ဆင့်ပိုချ နှုတ်နဲ့ပဲအဆင့်ဆင့်အာဂုံ ဆောင်ပြီးတတိယသံဂါယနာအပြီး စတုတ္ထသံဂါယနာ ရောက်မှပေထက်၊ ပဉ္စမသံဂါယနာရောက်မှ ကျောက် ထက်၊ ဆဋ္ဌသံဂါယနာရောက်မှ စာပေထက် ဒီကနေ့ ကျတော့ တိုးတက်လာတဲ့အခါကျတော့ ဒီမန်မိုရီကဒ် တစ်ကဒ်တည်းနဲ့ ပြီးသွားတာ။ သို့သော် ဒကာကြီး အဲဒါ ကို ပြန်ကြည့်လိုက်ရင် ဒီသံဃာတွေခုလို ချမ်းချမ်း သာသာ ဆောင်နိုင်ဖို့ရန်အတွက် ဘယ်ဘုန်းကြီးမှ စား ဝတ်နေရေးကို ရှာဖွေပြီးတော့ လုပ်လာခဲ့တာမရှိဘူး စွမ်းနိုင်သလောက်လေးဒကာ ဒကာမတွေ ပံ့ပိုးမှုနဲ့ လုပ်လာတာ ဖြစ်တဲ့ အတွက်ကြောင့် ဒီကနေ့ ပရိယတ္တိ သာသနာတစ်လုံးမှ မပိုမလိုတည်နေတာသည် ဆရာနဲ့ ဒကာ ဒီထက်ရှင်းအောင်ပြောရင် ဗုဒ္ဓဘာသာဝင်ဒကာ၊ ဒကာမနဲ့ ဗုဒ္ဓဘာသာဝင်ရဲ့ သံဃာတွေဦးဆောင်လို့ တည်နေတာ။
ပရိယတ္တိတည်သလို ပဋိပတ္တိအကျင့် သာသနာ မြန်မာနိုင်ငံမှာ ဘယ်လောက်တောင် ဂုဏ်ယူဖို့ ကောင်း သလဲ၊ ကြိုက်တဲ့နည်းနဲ့ရတယ်။ ကမ္မဋ္ဌာန်း (၄ဝ)နဲ့ယူ မလား၊ ဝိပဿနာကို မဟာစည်ဆရာတော်ပေးတဲ့ နည်း နဲ့ယူမလား မိုးကုတ်ဆရာတော်ပေးတဲ့ နည်းနဲ့ယူမလား။ ဘယ်နည်းနဲ့ဖြစ်ဖြစ် အကုန်လုံးက ဘုရားဟော ပိဋကတ်ထဲက နားလည်တဲ့နည်းနဲ့ ကိုယ်တိုင်ကျင့်ပြီး ကိုယ်တိုင်ပေးခဲ့တာ။ တစ်ကမ္ဘာလုံးကဒီကို လာပြီးတော့ အဲဒီပဋိပတ္တိသာသနာ တည်တယ်ဆိုတာကလည်းပဲ ဒီ ဗုဒ္ဓဘာသာဒကာ၊ ဒကာမတွေရဲ့ပံ့ပိုးမှုနဲ့ တည်နေရ တာ။ အဲဒီတော့ သံဃာနဲ့လူ ဗုဒ္ဓဘာသာဝင် လူတွေနဲ့ ဗုဒ္ဓဘာသာဝင်သံဃာတွေပေါင်းစပ်ခဲ့လို့ ဒီကနေ့ထိ သာသနာကတည်နေတာ။
အဲဒီတော့ ဘုန်းဘုန်းတို့က ဒီသာသနာကြီး တည် နေဖို့ရန်အတွက် ကိုယ့်ဘာသာတစ်ခုထဲ အာရုံပြုတာ ဒီလောက် အေးချမ်းတဲ့တရားတွေလက်တွေ့ ကျင့်နေ တာတွေ နာရင်လည်း အေးတယ်၊ ကျင့်ရင်လည်း အေး တယ်၊ ဒီတရားတွေက လောကလူသားတွေအတွက် နည်နေတာ။ ဒို့ဗုဒ္ဓဘာသာတွေ တည်ဖို့အတွက်ပဲ မဟုတ်ဘူး။ တည်မြဲမှဖြစ်မယ့် အတွက်ကြောင့် ဒါတွေ တည်တံ့ရေးအတွက် ဘုန်းဘုန်းတို့နံပါတ်(၁) စောင့် ရှောက်ရမှာက ဘုန်းဘုန်းတို့ရဲ့ ဗုဒ္ဓဘာသာ မျိုးနွယ် စုတွေ ဟုတ်တယ်မလား။ ဗုဒ္ဓဘာသာမျိုးနွယ်စု မဟုတ် ရင်တောင် တိုင်းရင်းသားတွေဖြစ်နေရင် ဗုဒ္ဓဘာသာ မဟုတ်ပေမယ့်လို့ ဘာသာ မတူပေမယ့် တိုင်းရင်းသား အချင်းချင်းဆိုတာ ဘာသာမတူတာပဲရှိတယ် မေတ္တာမျှ နေရမယ်။
ဘုန်းဘုန်းသူငယ်ချင်းထဲမှာ အဖေက ခရစ်ယာန်၊ အမေကဗုဒ္ဓဘာသာ၊ သားကဘုန်းကြီး ဟောဒီကျောင်း မှာပဲ ဘုန်းဘုန်းတို့ အသက်(၂၁) နှစ်တုန်းက အတူတူ နေသွားတာ သူ့တောင် စစနေသေးတယ်။ ဟေ့ကောင် မင်းက ဘာဘာသာလဲကွ မင်းက ဗုဒ် ခရစ် နတ်။ ဘုန်းဘုန်းကတော့ သူ့ကိုစနေရတာ။ ပြောချင်တာက တိုင်းရင်းသားအချင်းချင်းဆိုတာ ဘာသာမတူပေမယ့် လို့ မေတ္တာမပျက်ဘူး ဟုတ်တယ် မလား...။
အဲဒီတော့ ဘုန်းဘုန်းတို့က ဘုန်းဘုန်းတို့ ကိုယ့် တိုင်းရင်းသားတွေ ဒါမှမဟုတ်ရင် ဗုဒ္ဓဘာသာတွေကို ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ကိုယ့်သာသနာတည်တံ့ရေး အတွက် ကိုယ့်ဘာသာဝင်တွေကိုတော့ မသိသေးတဲ့ အရာ သိအောင် သိပြီးသားရှင်းအောင် ဘယ်လောက် ထိ အမျိုးဂုဏ်၊ ဇာတိဂုဏ် ချစ်မြတ်နိုးလဲဆိုတာ ဘုန်းဘုန်းတို့ ပြောရမယ့်တာဝန်၊ ဟုတ်တယ်မလား။ အခုလုပ်နေတဲ့ အမျိုးစောင့်ဥပဒေဆိုတာကလည်း ဒါပဲ လေ နာမည်ကိုက အမျိုးစောင့်ဥပဒေဆိုမှ ဟုတ်တယ် မလား..။
ကိုယ့်အမျိုးဘာသာ၊ ဘာသာဝင်တွေကို စောင့် ရှောက်ဖို့အတွက် ဘာဖြစ်အောင်လုပ်မလဲ ဟုတ်တယ် မလား။ ဒါကို ဖြစ်အောင်လုပ်တဲ့အခါကျတော့ ဘုန်းဘုန်းတို့က ဒါကြီးက ဥပဒေတစ်ရပ် ပေါ်အောင် လုပ်ပါတယ်ဆိုမှတော့ ဒါတောင် ဘုန်းဘုန်းတို့ ကိုယ် တိုင်ရေးတာမဟုတ်ဘူး၊ ပညာရှင်တွေနဲ့ ရေးခိုင်းပြီး တော့ ဥပဒေဆိုတဲ့စကားပါတာနဲ့ပဲ ဘုန်းဘုန်းတို့က နိုင်ငံရေးဖြစ်ပြီလား။ ဘာမှမဆိုင်ဘူး၊ ဒါက နိုင်ငံတော် က သတ်မှတ်ပေးမှ ဒီဥပဒေမျိုးဖြစ်မှာ ဖြစ်တဲ့အတွက် ဒီဥပဒေမျိုး ဖြစ်အောင် နိုင်ငံတော်ကိုပဲ တင်ရမှာလေ ဟုတ်တယ်မလား။ နိုင်ငံတော်ကိုတင်တဲ့ အခါကျတော့ နိုင်ငံတော်နဲ့ဘုန်းဘုန်းနဲ့ ဆက်သွယ်ရမယ် ဆရာတော် ကြီးတွေ လုပ်ကိုင်ရမယ်။ လုပ်ကိုင်နေတဲ့အခါကျတော့ ဒါနဲ့ပဲနိုင်ငံတော်နဲ့ပေါင်းပြီးတော့ပဲ လုပ်သလိုမျိုးလို့ အဓိပ္ပါယ်ကောက်ရင် ကဲတစ်ချိန် ချိန်မှာ အခုပြောတဲ့ သူတွေဟာ နိုင်ငံတော်မှာ တစ်ချိန်ချိန်မှာ အစိုးရအဖွဲ့ထဲ ပါပြီဆိုရင် ဘုန်းဘုန်းတို့ ဘယ်သူ နဲ့ ဆက်သွယ်ရမလဲ ဘုန်းဘုန်းတို့က ကင်းလို့မှမရပဲ နိုင်ငံတော်ကပြဋ္ဌာန်းမှ ရမယ့်ဥပဒေ၊ လွှတ်တော်ကို တင်ရမယ့်ဥပဒေ၊ လွှတ်တော်တင်မှရမှာပေါ့။ အဲဒါကို နိုင်ငံတော်နဲ့ ဘုန်း ဘုန်းတို့က ဝင်ရောတယ်လို့ ဘယ်လိုလုပ် ပြောမလဲ ဘာမှမဆိုင်ဘူး။ ရောတာတော့ မှန်တယ်၊ သို့သော် အမျိုးဘာသာ သာသနာနဲ့ဆိုင်တဲ့ အလုပ်ပဲဖြစ်မှာပဲ သူများပါတီ ထိခိုက်ဖို့ နစ်နာဖို့၊ ပုဂ္ဂိုလ်တစ်ယောက် နစ်နာဖို့ လုံးဝမပါဘူး၊ စဉ်းလည်း မစဉ်းစားဘူး။ အရှင်း ဆုံး ဒီထက်ပြောရရင် အဲဒီလို လုပ်ရမယ့် အဆင့်လည်း မဟုတ်သည့်အတွက် တစ်ပါးမှမပါဘူး။ အဲဒီတော့ ဘုန်းဘုန်းတို့ကို ဘယ်ဟာနဲ့စွပ်စွဲတာလဲ ဘုန်းဘုန်း တော့ နားမလည်ဘူး။
ခုနကပြောသလို ဒီဗုဒ္ဓဘာသာဝင်တွေ တည်တံ့ နေလို့ပဲ ဒီသာသနာတည်တာ၊ ဒီသာသနာဒီသံဃာတွေ တည်လို့လည်း ဒီအဆုံးအမတွေကမ္ဘာလောကကြီး ငြိမ်းချမ်းတာ မြန်မာနိုင်ငံဟာ ဒကာကြီးလူဆင်းရဲတွေ များပေမယ့်လို့ မှုခင်းနဲ့ကြည့်ရင် အလွန်အေးချမ်းတဲ့ နိုင်ငံပါ။ စားစရာမရှိလို့ ခိုးရင်ခိုးမယ်၊ တစ်ဆင့်သူတို့ လုရင်လုမယ်၊ မလုရင်တိုက်ချင်တိုက်မယ်၊ နောက်ဆုံး တိုက်လို့မှမရတော့မှ ငတ်လာရင် ဘယ်သူခံနိုင်မလဲ သတ်ရင်သတ်မှာပေါ့။ ဒီလောက်ပဲ ဥပဒေဆိုတာက လွန်ကျူးလာရင် တစ်ဆင့်ပြီးတစ်ဆင့်သွားတာပါ။ သူများနိုင်ငံလို အလကားနေရင်း သတ်နေတာ မပါပါ ဘူး ဟုတ်တယ်မလား။ အဲဒီတော့ ဒီကိုယ့်ရဲ့အမျိုး ဘာသာ သာသနာသည်လူမျိုးအပေါ် ဘာသာအပေါ်၊ သာသနာအပေါ်တန်ဖိုးထားတတ်ဖို့ ဒီတရားတွေရဲ့ အေးချမ်းတဲ့အရသာကို ကိုယ့်လူမျိုးဘာသာဝင်တွေ ကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတိုင်းရဖို့အတွက် ဘုန်းဘုန်းတို့က ဒီသာသနာတည်အောင်တော့ စောင့် ရှောက်ရမှာပေါ့ ဘုန်းကြီးဆိုတာက ဒီဘုရား သာသနာ မှာ ဒီသင်္ကန်းဝတ်၊ ဒီတရားဟာဘုရားတရားပဲ၊ ဘုရားတရားကိုသင်ပြီးတော့ ကျင့်၊ ကျင့်လို့ရတဲ့အသိနဲ့ ဟောပြီးတော့မှ ဒီအတိုင်း တာဝန်ထမ်းလာတာပါ။ ဒါကြောင့်မို့ ဘယ်သူ့မျက်နှာမှမကြည့်နဲ့ ဘုန်းဘုန်းတို့ လုပ်နေတဲ့အရာအားလုံးသည် ဘုရားမျက်နှာကို ကြည့် တာပါ။ ဘယ်ပုဂ္ဂိုလ်မှမပါဘူး လုံးဝသစ္စာဆိုရဲတယ်။ ပါတီတစ်ဖွဲ့အတွက်၊ လူပုဂ္ဂိုလ်တစ်ယောက်အတွက်၊ အဖွဲ့အစည်း အသီးသီးအတွက် လုပ်တာမဟုတ်ဘူး ဘုရားသာသနာအတွက်ပဲ ဘုရားရှင်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့လုပ်တာ။
နောက်ဆုံး ဒီထက်ပြည့်စုံအောင် ပြောရင် ဘုန်း ဘုန်းဟာ သေလောက်အောင် ဖြစ်ပြီးမှ ပြန်ရှင်လာ တာ။ သေပြီလို့ကို လုံးဝလက်လွှတ်ထားတဲ့ ဘုန်းကြီး ဘုန်းဘုန်း ဘာလို့ရှင်ခဲ့သလဲ ဘာနဲ့မှမဟုတ်ဘူး မြတ်စွာ ဘုရားပေးတဲ့သမထကို ကိုယ်ကိုယ်တိုင်ပွားတယ်၊ တည်လာတဲ့စိတ်ကို ဝိပဿနာမှတ်တယ်။ အဲဒီမှာ ကြည်လင်လာတဲ့စိတ်နဲ့ဘဲ သူ့ဟာသူ ဦးနှောက် သွေးကြောပေါက်နေတဲ့ သွေးကြော အလိုလို ပိတ်သွား တယ်။ ခဲနေတဲ့သွေးတွေအလိုလို ပျော်လာတယ်။ အဲဒီ အချိန်ထဲက သြော် ငါ့အသက် ဒုတိယ မွေးဖွားပေးတာ ဘုရားပါလား။ သို့သော် ဘုရား ဒီတရား ဟောပေမယ့် မဟာစည်ဆရာတော်ဘုရားကြီးက ဒီတရားကို လက်တွေ့ကျင့်သုံးပြီးတော့ မပြခဲ့ရင် ငါလုပ်တတ်မှာ မဟုတ်ဘူး၊ ဒီတော့ငါ့ဘဝရဲ့ ဒုတိယသက်တမ်းမှာ ပြန်မွေးဖွားခြင်းသည် ဘုရားရှင်နဲ့ မဟာစည်ဆရာ တော်ပဲ။ ဒါအဖေပဲ၊ အမေလည်းဒါပဲ။ ဒါကြောင့် ဒီတရားတွေကို လူတွေကို ရသလောက် ဖြန့်ပေးချင် တယ်၊ ဖြန့်မယ်ဆိုရင် ဒီဘာသာဝင်တွေရှိမှ ဖြန့်လို့ ရမှာပေါ့၊ ဗုဒ္ဓဘာသာဝင်တွေ မရှိရင်ဘယ်မှာ သွား ဟောမလဲ။ ဒီနိုင်ငံမှာလမ်းပေါ်မှာ လူသောင်းချီဟော ပေမယ့် ဟိုနိုင်ငံမှာ အိမ်လေးကျဉ်းကျဉ်းလေးမှာ တောင် တံခါးပိတ်ဟောရတာ၊ ဘာဖြစ်လို့လဲ ကိုယ့် ဘာသာမရှိဘူးလေ၊ ကိုယ့်ဘာသာမရှိတော့ တစ်ချက် ဖုန်းဆက်လိုက်တာနှဲ့အသစ ရပ် သြ ညနနိ ဒါမျိုး မလိုချင်ဘူး၊ သူများတွေ နားငြီးတယ်၊ ဘာမှပြောလို့မရ ဘူး ဒကာကြီးရဲ့ ဟုတ်တယ်မလား။ အဲဒါကို ကျုပ်တို့က အမျိုးဘာသာ သာသနာအတွက် ဥပဒေဖြစ်ပေါ်ရေး လေး လုပ်တာကို နိုင်ငံရေးမှာ ဝင်ပါတယ်လို့ ပြောနေ ရင် ဘုန်းဘုန်းက လက်ခံပါတယ်။ ဒါပေမယ့်လို့ ပြောတာသည် အမျိုးဘာသာ သာသနာအတွက်ပဲ ဖြစ်တယ်၊ ကျန်တဲ့ကိစ္စ မပါပါဘူး လူမှုရေးကိစ္စ အပို တွေ မပါဘူး၊ အဲဒါမှ မကျေနပ်လို့ ရှင်းချင်တယ် ထောက်ပြချင်တယ်ဆိုရင် လက်ခံပါတယ်၊ ဘုန်းဘုန်း ရေ ဒါလေးက လူမှုရေးမဟုတ်ဘူးလား၊ ဒါလေးက သူများကိုအရှင်ဘုရားတို့ ဘာသာရေးနဲ့နိုင်ငံရေး ထိခိုက်နေသလား၊ လာပြောပါ လက်ခံပါတယ်။ အဲ သလို မဟုတ်ပဲနဲ့တော့ ဘေးကဘလိုင်းကြီး ပြောတာ ကတော့ လိုက်ရှင်းနေရင် ဘယ်ဆုံးမလဲ၊ ဘုန်းဘုန်း ပြောတာ ဒကာကြီးမေးတဲ့လိုရင်း ရလား (ရပါတယ် ဘုရား) ဟုတ်ပြီ.. ။
မေး ။ (စကိုင်းနက်)
အရှင်ဘုရားတို့ မဘသကတော့ ရှင်းပါတယ် ဘုရား၊ အမျိုးဘာသာ အကျိုးအတွက်ပဲဆောင်ရွက်တာ နိုင်ငံရေးလုံးဝ မပါပါဘူး။ တပည့်တော်ဆက်စပ်ပြီး တော့ လျှောက်ထားလိုတာက နိုင်ငံရေးနဲ့ ဘာသာရေး ရောယှက်ခွင့်ရှိပါသလား၊ ဘာသာကိုအကြောင်းပြု ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ နိုင်ငံရေးမဲဆွယ်မှု များ လုပ်နိုင်ပါသလား နောက်တစ်ဆင့် တပည့်တော် တို့ ထပ်ပြီးတော့ လျှောက်ရမယ်ဆိုလို့ရှိရင် ဥပမာ သီရိလင်္ကာနိုင်ငံလို ရဟန်းတော်များ မဲပေးနိုင်ခွင့်အထိ တောင်းဆိုတာမျိုး ရှိနိုင်ပါသလား၊ ဒါတွေကရော နိုင်ငံ ရေးနဲ့ဘာသာရေး ရောယှက်တယ်လို့ ဆိုနိုင်ပါသလား ဘုရား....။
မဘသ-ဖြေ ။ (အင်းစိန်ရွာမဆရာတော်)
နိုင်ငံရေးနဲ့ဘာသာရေး ဒါနဲ့ပတ်သက်ပြီးတော့ ဒီအခုဆရာတော်တို့ပြောတဲ့ ခုန အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုတဲ့ ဒီတိုင်းပြည်မှာနေရင် ဒီတိုင်းပြည်ရဲ့ တိုင်းပြည်နဲ့လူမျိုး ဒီတိုင်းပြည်မှာ လူမျိုး တွေရဲ့ ကိုးကွယ်တဲ့ ဘာသာ၊ အများစုကိုးကွယ်တဲ့ သာသနာ၊ ဒါတွေကို ဒီတိုင်း ပြည်မှာနေတဲ့ အမျိုးချစ်၊ ဘာသာချစ်၊ သာသနာချစ်သူတိုင်းရဲ့တာဝန်ပဲနော်၊ ဒကာ ကြီး၊ (မှန်ပါ)။ ဒီတာဝန်က ဒီတိုင်းပြည် မှာနေပြီး ဒီတာဝန်ကိုမယူလို့ရှိရင်တာဝန်ကျေတယ်လို့ ပြောလို့ ရပါ့မလား၊ (မရပါဘုရား)။ အေး..အဲဒီဥစ္စာက အဓိက ဖြစ်တယ်။
ဒါပေမယ့် ဒီတိုင်းပြည်မှာနေပြီးတော့ ဒီတိုင်းပြည် မှာရောက်လာတဲ့ လူမျိုးတွေကြတော့ မူရင်းလူမျိုးတွေ မကတော့ဘူး၊ ကျန်တဲ့ဘာသာခြား လူမျိုးခြားတွေ လည်း မြောက်များစွာ ရောက်နေတယ်နော်။ ဒီနိုင်ငံ ရေးကျတော့ နိုင်ငံရေးဆိုတာက များသောအားဖြင့် အဲဒီ ဥစ္စာနဲ့ ရောသွားတယ်၊ ဘာသာရေးက၊ ခုန အမျိုး ဘာသာ သာသနာကျ တော့ မူရင်းတိုင်းရင်းသားတွေ အပေါ်မှာ မူတည်တာနော်။
အဲဒီတော့ ဒီနှစ်ခုမှာကြည့်မယ်ဆိုရင် နိုင်ငံရေး ဟာ ဒီအပေါ်မှာမူတည်ပြီးတော့ ဟိုဘက်ကိုတစ်ဆင့် သွားရမယ့်ဥစ္စာကို ဟိုဟာကိုဦးစားပေးရင် မူရင်း ပျောက်မသွား နိုင်ဘူးလားနော်၊ (မှန်ပါဘုရား)၊ မူရင်း ပျောက်သွားနိုင်တယ်။ အဲဒီတော့ မူရင်းကိုအဓိက ဦးစားပေးရမယ်။ ဒီမှာ ဆရာတော်တို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးနဲ့ပတ်သက်ပြီးတော့ ခုန ဆရာတော်တွေပြောခဲ့တဲ့အထဲမှာ အာလုံးဖိတ်တယ်၊ အချို့လည်းလာတယ်။ ဒီမှာလာတဲ့အခါမှာ အမျိုး ဘာသာစောင့်ရှောက်ရေးလုပ်ငန်းဟာ လုပ်သင့်တဲ့ လုပ်ငန်းတော့ မှန်ပါတယ်။
ဒါပေမယ့် ဒါကနောက်မှ လုပ်ရမယ့်လုပ်ငန်း သူတို့ကအရင်လုပ်ရမယ့် လုပ်ငန်းက နိုင်ငံရေး အရင် လုပ်ရမယ်လို့ သူတို့ပြောတယ်။ နိုင်ငံရေး လုပ်မယ် ဆိုတာက နိုင်ငံရေးဆိုတာက မသေချာတဲ့လုပ်ငန်းလေ ဟုတ်လား...။ အာဏာရဖို့ အဓိက။
အဓိကကတော့ အာဏာရပြီးမှဆိုတော့ လက်ရှိ ပုဂ္ဂိုလ်တွေ အာဏာကိုဖယ်ရှားမယ်၊ နောက်ထပ် တက် ရမယ်။ အဲဒါတွေ ဖြစ်ဖို့ဆိုတာက ကိုယ်ထင်တိုင်းလည်း မဖြစ်ဘူး ဖြစ်နိုင်တာ မဖြစ်နိုင်တာနဲ့ ဖြစ်နိုင်တာကို အရင်လုပ်ထားရမယ်။
အဲတော့ ပိုကောင်းတယ်ဆိုတဲ့ သဘောမျိုးနဲ့ ဒီအမျိုးဘာသာ သာသနာကို လုပ်တယ်။ အဲတော့ အမျိုးဘာသာ သာသနာလုပ်ရင်းနဲ့ပဲ နိုင်ငံရေးဆိုတာ အထိုက်အလျှောက်တော့ မပါလို့ မရဘူး၊ မပါလို့ မကင်းလို့တော့ မဖြစ်ဘူးပေါ့။ ဒီနေရာမှာနေတဲ့ ပုဂ္ဂိုလ် တွေနဲ့ ဆိုင်နေတာကိုနော်..။ သို့သော် ဆရာတော် တို့ လုပ်တဲ့နိုင်ငံရေးက သူများကို ဆန့်ကျင်ဖို့ ပုတ်ခတ်ဖို့ လုပ်နေတာမဟုတ်ဘူး၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို စောင့်ရှောက်ဖို့လုပ်နေတဲ့ သဘော ကတော့ ဒါကတော့ ရှင်းနေတယ်ဆိုတာ ခုနကလည်း ပြောပြီးသား ဖြစ်တယ်နော်။
အဲဒီတော့ ကင်းလိုလဲ မရဘူး။ သို့သော် ဟို နိုင်ငံ ရေးထဲမှာ အားလုံးအတွက် ဝင်ရှုပ်တာလည်း မဟုတ် ဘူးဆိုတဲ့ သဘောကတော့ ဒီထဲမှာလည်း ရောနေ တယ်နော်။
အဲဒီတော့ ရောနေတဲ့အခါမှာ တစ်ခုရှိတာကတော့ သီရိလင်္ကာနိုင်ငံတို့လို ရဟန်းတော်တွေ နိုင်ငံရေး ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် သမ္မတ၊ လွှတ် တော်ကိုယ်စားလှယ်အထိ ရွေးချယ်တဲ့အထိအောင် ရောက်သင့်သလား၊ မရောက်သင့်ဘူးလား ဒီဥစ္စာက တော့ ဒါကတော့ နည်းနည်းလေး ပိုကျယ်ပြန့်တယ်။ ကျယ်ပြန့်တယ်ဆိုတာက ဆရာတော် နမူနာတစ်ခု ပြောမယ်၊ တိုင်းပြည်မှာ တကယ့်ကို တရားဥပဒေ ပြုစု ရေးဟာ ဘယ်သူ့အပေါ်မှာ မူတည်သလဲ လွှတ်တော် ပေါ်မှာ မူတည်တယ်။
လွှတ်တော်ကိုယ်စားလှယ်သာ သူတို့က လုပ်ပိုင်ခွင့် ရှိတာလေ။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်က ဘယ်သူမျက်နှာကိုပဲကြည့်မလဲ သူတို့မဲဆန္ဒရှင် မျက်နှာ ကိုပဲ ကြည့်မှာနော်။
အဲဒီတော့ ဘုန်းကြီးတွေ မဲပေးပိုင်ခွင့် မရှိဘူး၊ နိုင်ငံ ရေး လုပ်ပိုင်ခွင့်မရှိဘူးဆိုတာ ဘုန်းကြီးသိပ်တော့ မပြောလိုပါဘူး၊ မဲပေးပိုင်ခွင့် မရှိဘူးဆိုကတည်းက ဘုန်းကြီးမျက်နှာ ကြည့်စရာ မလိုဘူးလေ။ လွှတ်တော် ကိုယ်စားလှယ်က အစ္စလာမ်က မဲပေးရင် အစ္စလာမ် မျက်နှာပဲကြည့်မယ်၊ ခရစ်ယာန်ကမဲပေးရင် ခရစ်ယာန် မျက်နှာပဲ ကြည့်မယ်၊ အဲဒီတော့ ဘုန်းကြီးတွေ မဲပေးပိုင် ခွင့်ဆိုတာ ဒီဥစ္စာကတော့ မဖြစ်သင့်ဘူးဆိုတာကတော့ အဲဒါကတော့ နည်းနည်း ဟို..တကယ့်ကို ပြည်သူ့ အခွင့်အရေး တိုင်းပြည်အခွင့်အရေးကို ချိုးဖောက်တဲ့ ပုံစံမျိုး အဲသလိုဖြစ်တယ်လို့ တော့ဘုန်းကြီးက ယူဆ တယ်။ အဲဒါကိုတော့ အဓိကနိုင်ငံရေးဆိုတာ အဓိက တော့ ပါသင့်တဲ့ ဥစ္စာကတော့ မပါလို့မဖြစ်ဘူးနော်။ ခုနကပြောသလို သာသနာနဲ့ မပတ်သက်တဲ့ တိုင်းပြည်နဲ့ လူမျိုးနဲ့မပတ်သက်တဲ့ ဒီဓမ္မဝိနယနဲ့ မညီတဲ့ နိုင်ငံရေးမျိုးကိုတော့ မပါဝင်သင့်ပါဘူး။ အဲဒီတော့ ဓမ္မဝိနယနဲ့ ညီတဲ့ဥစ္စာတွေကတော့ အထိုအလျောက် ပါဝင်ပတ်သက် ပြောဆိုပေးမှ ဒီလူမျိုးဒီဘာသာ ဒီသာသနာတည်လို့ ရမှာလေနော်။
(ဒေါက်တာကောဝိဒ)
ဘုန်းဘုန်း ကြားလေးဖြတ်ပြီးတော့ တစ်ချက်ပြော လိုက်ဦးမယ်။ ဟိုတစ်နေ့ကဒကာကြီးမေးလို့ သီရိ လင်္ကာနိုင်ငံမှာ မဲပေးခွင့်ရတာ၊ အမတ်ပြိုင်ခွင့်ရတာ ဘုန်းဘုန်းလည်း ရောက်ဖူးပါတယ်။ ဟိုတစ်နေ့က ဘုန်း ကြီးလေးတစ်ပါး ပြောတဲ့စကားကတော့ ဘုန်းဘုန်း တို့ကိုလည်းရင်ထဲကို အသိတစ်ခု ပေးလိုက်တယ်။ သူပြောတဲ့စကားက သူ အစည်းအဝေးမှာ သူခံစား ချက်နဲ့ စဉ်းစားကြည့်ပါ ဆရာတော် နိုင်ငံသားလည်း မဟုတ်၊ တစ်ခြားနိုင်ငံကဝင်လာတဲ့ သူကို ဝှိုက်ကတ် ပေးတယ်၊ ဝှိုက်ကတ်ပေးထားတဲ့အတွက် သူက မဲပေး ခွင့်ရှိတယ်ဆိုရင် တပည့်တော်တို့က ဘုန်းကြီး ဖြစ်တာပဲ ရှိတယ်။
ဒီနိုင်ငံမှာ ဘိုးဘွားလက်ထက်ကတည်းက နေလာ တဲ့ မြန်မာဗုဒ္ဓဘာသာအစစ်ဖြစ်ပြီးတော့ ဒီဘုန်းကြီး တွေကျတော့ မဲပေးခွင့် မပေးပဲနဲ့ ဟိုကဝင်လာတဲ့ လူ ကျမှ ဝှိုက်ကတ်ပေးပြီးတော့နိုင်ငံသား အဆင့်သွား ပေးတယ်ဆိုရင် တကယ်ဆိုရင် အဲဒါက စဉ်းစားဖို့ ကောင်းတယ်။
ဒါက သူ့ရင်ထဲက ခံစားချက် အမှန်ပဲ ဘာဖြစ်လို့ လဲ...စဉ်းစားကြည့်လေ ဘုန်းကြီးဖြစ်တာပဲ ဘုန်းကြီး ဆိုတာ သာသနာမှာ ဝိနည်းနဲ့ ညီအောင်နေပြီးတော့ ... မပျော်လို့ လူထွက်သွားတာတွေ အများကြီး ဟုတ်တယ်မလား။ မပျော်လို့ထွက်ထွက်၊ ပျော်လို့ပဲ နေနေ ဘုန်းကြီးဟာ မြန်မာနိုင်ငံသားစစ်စစ်ပဲ၊ ဘုန်းကြီးတွေ ကိုင်ရတဲ့မှတ်ပုံတင်လိုတာပဲ၊ အဖ အမည်၊ လူမျိုး၊ ဘုန်းကြီးလည်း သာသနာ့ဝင် မှတ်တမ်း ရှိတာပဲ ဒီဘောင်တွေထဲမှာပါပြီးတော့ ဘုန်းဘုန်းတို့က နောက်ဆုံးဗျာ ပြောရရင်တော့ အဲဒီကိုယ်တော်လေး ပြောတာ စဉ်းစားမိသွားတာ ဝှိုက်ကတ်သမားတောင် မဲပေးခွင့်၊ လွှတ်တော်အမတ်ကို ရွေးချယ်ခွင့်ရတယ် ဆိုရင် ဘုန်းကြီးတို့လည်း ရသင့်တာပေါ့။
စဉ်းစားကြည့်လေ ဘာလို့ဘုန်းကြီးက ရသင့်သလဲ ဆိုရင် ဟိုကသူများ နိုင်ငံမှာမွေးပြီး ဘယ်ကနေ ဘယ်လိုဝင်လာမှန်း မသိတဲ့ သူတောင်မှ ဒီကတ်ကိုင်ရ လို့ မဲပေးခွင့်ရှိရင် ဒီမှာမွေးပြီးတော့ ဒီကအစစ်က ဘုန်းကြီးဖြစ်တာပဲရှိတယ်။
တစ်ခုတော့ရှိတယ် ကျုပ်တို့ကိုပြောရင် ဘုန်းကြီး မဲပေးချင်ရင် လူထွက်လို့ပြောချင် ပြောမှာပေါ့။ ဆိုတာ ကတော့ ဒါဟာတကယ်တော့ နိုင်ငံသားအခွင့် အရေး အဲဒါ မျိုးကျတော့ ကျုပ်တို့က နောင်တစ်ချိန်ကျုပ်တို့က မပါဘူးလို့ ပြောလဲပဲ နောက်ကတောင်း ဆိုလာတာ တွေက သဘာဝယုတ္တိကျတယ်ဆိုရင်။ အဖွဲ့အနေနဲ့ စဉ်းစားရလိမ့်မယ်။ ဟုတ်လား။
လွှတ်တော်အမတ်ကြီးလိုတော့ မလုပ်လိုပါဘူး။ တော်ကြာ လွှတ်တော်ထဲသွားလို့ ကျုပ်တို့ကို ဘာညာ ပြောနေဦးမယ်။ လွှတ်တော်ကို တက်သွားမယ့်သူကို ရွေးကောက်ဖို့ အတွက်လောက်ကတော့ ဘုန်းကြီးတွေ မဲပေးပိုင်ခွင့် တချိန်ချိန်မှာ ရှိသင့်တယ်။ အဲလုံးဝ မပေး ဘူး လက်ခံတယ်။ ဒါဆိုရင် ဘုန်းကြီးကိုတော့ မပေးဘူး ဆိုရင် ကျန်တဲ့သူတွေ မစဉ်းစားနဲ့ နိုင်ငံသား စစ်စစ် မဟုတ်ရင် မစဉ်းစားနဲ့ နိုင်ငံသားစစ်စစ် မဟုတ်တာ တောင် စဉ်းစားနိုင်သေးရင် ဒီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီး က ဒီနိုင်ငံမှာမွေးတာပဲလေ၊ ပေးနိုင်အောင် ကြိုးစား ရမှာပဲ။
တကယ်လဲပဲ အမြှော်အမြင်ကြီးတဲ့ နိုင်ငံ့ခေါင်း ဆောင်တွေ ဒါကို ထည့်စဉ်းစားရမယ်။ ဒါဘုန်းဘုန်းက နိုင်ငံရေးပြောတာမဟုတ်ဘူးနော်။ ဒါထည့် စဉ်းစား ရမယ်။ တစ်ချိန်ချိန်မှာ ဒီပြဿနာတွေဟာ မဖြစ်လာ ဘူးလို့ မပြောနိုင်ဘူး။ ခု ကမ္ဘောဒီးယား ပေးလို့ရသွားပြီ၊ သီရိလင်္ကာပေးလို့ရသွားပြီ။
ဘာဖြစ်လို့လဲ ကမ္ဘောဒီးယား ဗုဒ္ဓဘာသာ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာ သူတို့ကျန်တဲ့ ဘာသာတွေက အဲလိုနဲ့ ထိုးဖောက်ထိုးဖောက်ပြီးတော့ လွှတ်တော်ထဲ ရောက်လာတဲ့အချိန်မှာ ကျန်တဲ့ဘုန်းကြီးတွေက ... ကျုပ်တို့ မြန်မာနိုင်ငံမှာဘုန်းကြီး အင်အား (၅)သိန်း။ ကဲကိုယ့် ဗုဒ္ဓဘာသာကို တန်ဖိုးထားရမယ့် ဘာသာဝင် တစ်ယောက် ဗုဒ္ဓဘာသာ သာသနာအတွက် စောင့် ရှောက်တဲ့ ဥပဒေတစ်ခု အထောက်အကူပြုမယ့် ပုဂ္ဂိုလ် တစ်ယောက်ကို ဘုန်းကြီးတို့က ရွေးပိုင်ခွင့် ရှိရမှာပေါ့။ လွှတ်တော်ထဲကို မတက်ရဘူးထား ဒါပေမယ့် လွှတ် တော်ကို တက်မဲ့သူတော့ ဘုန်းဘုန်းတို့ ရွေးပိုင်ခွင့် ရှိရ မယ်။ ဟုတ်တယ်မလား၊ အဲဒီလူတွေတောင်မှ မဲပေးခွင့် ရတယ်ဆိုရင် ဘုန်းဘုန်းတို့က ရကိုရသင့်တယ်။
ဒါတောင် ဘုန်းဘုန်းတို့က အမြဲတမ်းဘဝနေရမှာ မဟုတ်ဘူး သေရမှာပဲ။ နောင်လာနောင်သား နောင် သာသနာအတွက်ကို ပြောနေတာ။ အစဉ်အလာမှာ ဒါကြီးက ဘုန်းဘုန်းတို့ မဲအမြဲတမ်း မပေးရ မဲမပေး ရတာ တစ်ခုထဲနဲ့ စဉ်းစာလို့ကို မရတော့ဘူး။
ဒါကြောင့်မို့ စောစောပြောသလို မပေးရဆို အိုကေ လက်ခံတယ်။ ခုအချိန်မှာ သူတို့ကိုတောင် မဲပေးဖို့ စီစဉ် ပေးနိုင်တယ်ဆိုရင် ဘုန်းကြီးတွေကို စဉ်းစားပေးရမယ်၊ အစစ်တွေလေ အစစ်တွေ ဒကာကြီးရဲ့။ အစစ်က အတု ဖြစ်ပြီးတော့ အတုက အစစ်နေရာ ရောက်ပြီးတော့ သူတို့က ရွေးပေးလိုက်တာကို ကျုပ်တို့ကအောက်ကနေ ပြီးတော့ သူတို့ရေးသမျှလက်ခံပြီး ဥပဒေကြီးကို ဟုတ် ပါတယ်.. လိုက်လုပ်နေရင် သေပြီပေါ့......။
(မြစေတီဆရာတော်)
ပြောရင်ရှေးတုန်းက လူကြီးတွေကို အပြစ်ပြော သလို ဖြစ်မှာလည်း စိုးတယ်။ သူတို့ထဲကပြောတဲ့ လေသံတစ်ခုက သံဃာတွေကို မဲပေးခွင့်ပေးလိုက် ရင်ပါတီတွေက ဟိုသံဃာဒီသံဃာတွေကို လာစည်းရုံး ရင် သံဃာတွေအချင်းချင်း ကွဲကုန်မယ်တဲ့။ ဒါ မရေရာ တဲ့ အကြောင်းပြပါ၊
ဂိုဏ်း(၉)ဂိုဏ်းဘာလို့ ကွဲနေလဲ သံဃာ(၉) ဂိုဏ်းကွဲ နေတာလည်းကြည့်ဦးလေ ဒီလောက်လေးတော့ သူ့ ဟာသူကွဲတာပေါ့၊ အကြောင်းပြက မခိုင်လုံပါဘူး။ အဲလိုဖြစ်မှာ စိုးလို့တော့ပြောတာ။ ဒါပေမယ့် နာမည် တွေကော အဖွဲ့အစည်းတွေကော ဘုန်းကြီးက မပြော ချင်ဘူး၊ စဉ်းစားခိုင်းကြည့်လေ အခုပဲထိန်းချုပ်ထားလို့ (၉)ဂိုဏ်း ထိန်းသာမထိန်းထားရင်..။ ဘုန်းကြီးတို့ ဧရာဝတီတိုင်းမှာနေတုန်းက ဒွါရ(၆) ဂိုဏ်းရှိတယ်၊ ဒါကြောင့် ဘုန်းကြီးတို့က ပြောင်ပြီးတော့ ဒွါရ (၆)ပေါက်လို့၊ ဟောတကယ်လည်း လုပ်လိုက်တဲ့ အခါကျတော့ ဒွါရထဲမှာ (၂)ခု(၃)ခုလောက် ပါလာသေး တယ်နော်၊ ဘာဖြစ်လို့ကွဲလဲ ဘယ်ပါတီက လာဆွယ်လို့ လဲ ဟိုအကြောင်းပြ မခိုင်တာကို ပြောတာလေ။ ဒါကြောင့်မို့လို့ ဒီဥစ္စာတွေကပြန်စဉ်စားဖို့ ဦးကောဝိဒ ပြောသလို ပြန်စဉ်းစားဖို့ အမတန်သင့်တယ်။ ခုနက ကိစ္စလေးတစ်ခုပေါ့။
(အင်းစိန်ရွာမဆရာတော်)
အရင်က လွတ်လပ်ရေးရပြီးကာစက နိုင်ငံရေး သမားတွေက သူတို့က စဉ်းစားလိုက်တာ ဒီနိုင်ငံမှာက ဗုဒ္ဓဘာသာရဟန်းတော်တွေက ဦးဆောင်နေတယ် ဒကာ၊ ဒကာမတွေက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ပြော သမျှ အကုန်လုံးနာခံနေတယ်။ အဲဒါဆိုရင် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ မဲပေးပိုင်ခွင့်ထားလိုက်လို့ရှိရင် သူတို့ လုပ်ချင်တိုင်း လုပ်လို့ရမှာ မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဘုန်းကြီးတို့ကို အရူးစာရင်းထဲ သွင်းလိုက်တာပေါ့နော်။
အဲဒီ အချိန်ကစပြီတော့ ဆရာတော်ကြီးတွေ ကိုယ်တိုင်ကိုက ပြောတယ်။ ခေတ်မမြင်ဘူးလေ ခေတ် မမြင်တော့ အေး ဟုတ်တာပေါ့ကွာ စသည်ဖြင့် ဒီလိုပဲ နေလိုက်တယ်။ တကယ်မြင်တဲ့ ပုဂ္ဂိုလ်တွေပြောတော့ ဒီပုဂ္ဂိုလ်က ဘုန်းကြီးဖြစ်ရဲ့သားနဲ့ နိုင်ငံရေး ပြောကြ တယ်၊ ဒါကြောင့် နိုင်ငံရေးရဲ့အနာဂတ်ကို စဉ်းစားဖို့ကို ဆိုလိုတာပဲ......။
မေး ။ (စကိုင်းနက်)
တပည့်တော်လဲ စာနယ်ဇင်းလောကမှာ တော် တော် ကျင်လည်ခဲ့ပါပြီဘုရား။ ခုလည်း ပုံနှိပ်မီဒီယာ ကနေ ရုပ်သံမီဒီယာကို ရောက်နေတာပါ။ တပည့်တော် စာနယ်ဇင်းလောကမှာ တပည့်တော် တော်တော်နှံ့နှံ့ စပ်စပ်ရှိခဲ့ပါတယ်။ တပည့်တော် တစ်ခု စဉ်းစားမိတာ တပည့်တော်တို့ ဒီ မဘသရဲ့ရည်ရွယ်ချက်တွေ အခြေခံ မူတွေ လုပ်ဆောင်မှုတွေအားလုံးဟာ ဘယ်လိုမှ တပည့် တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ မငြင်းနိုင်တဲ့ကိစ္စတွေပါ၊
နိုင်ငံသားတွေအနေနဲ့ ထောက်ပံ့ကူညီရတဲ့ကိစ္စ တွေမှာ စာစောင်တော်တော်များများ တော်တော် များများဆိုတာ တော်တော်ကြီးကို များပါတယ်ဘုရား။အားလုံးက မဘသနဲ့ ပတ်သက်လို့ဆိုရင် ဝေဖန်သုံးသပ် တဲ့ ဆောင်းပါးတွေ သီတင်းမျိုးတွေပဲ ထည့်ပြီးတော့ ဒီထောက်ခံအားပေးရမယ့် ကိစ္စတွေကျတော့ ခေါင်း ရှောင်နေကြတာ တော်တော်များပါတယ်ဘုရား။
အဲဒါကြောင့်လည်း အရှင်ဘုရားများက ဒီမှာ သာကီသွေးတို့၊ အောင်ဇေယျတုတို့ စာစောင်လေးတွေ ထုတ်တာတပည့်တော်တို့ အမတန်ဝမ်းသာပါတယ် ဘုရား။ ဒါမှ ကိုယ့်ရဲ့ မဘသအဖွဲ့ကြီးရဲ့ တကယ့် လုပ်ရပ် အစစ်အမှန် စေတနာအစစ်အမှန်ကို သိရမှာ၊ ဒါကြောင့် ဒီခုနက တုန်းကမြန်မာပြည်သူပြည်သား လည်း ဖြစ်တယ်၊ နိုင်ငံသားလည်းဖြစ်တယ် ဗုဒ္ဓဘာသာ လည်းဖြစ်တဲ့စာစောင်တော်တော်များများဟာ လူ့အခွင့် အရေး ချိုးဖောက်တယ်ဆိုတဲ့ဟာကို ကြောက်နေတယ်။ ကုလသမဂ္ဂပဋိညာဉ်ဆိုတဲ့ကိစ္စကြီးကို သူတို့အဟန့် အတားဖြစ်နေပြီး တော့ ဒီတကယ်ထောက်ခံ အားပေး ဖြန့်ချိရမယ့် ကိစ္စမျိုးကို ဘာကြောင့်တွန့်ဆုတ် နောင့်နှေး နေတယ်ဆိုတာကို တပည့်တော်မစဉ်းစား တတ်ဖြစ်နေ ပါတယ် ဘုရား...။
မဘသ-ဖြေ ။ (အင်းစိန်ရွာမဆရာတော်)
ဆရာတော်တို့ စဉ်းစားမိသလောက်ကတော့ မြန်မာနိုင်ငံမှာလက်ရှိ သာသနာရေး၊ နိုင်ငံရေး သြဇာ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေက ဖြန့်ကြည့်လိုက်ရင် သူတို့ရဲ့ သူတို့အာဏာရရေး တစ်ခုတည်းပဲ အဓိကဦးတည်ချက် ထားနေတယ်။ ကျန်တဲ့ဥစ္စာသူတို့ဘာမှမစဉ်းစားဘူး နဂိုကတော့ သူတို့နဲ့မပူးပေါင်းသူမှန်သမျှကို ဘာလုပ် လုပ် သိပ်ပြီးတော့ သူတို့စကားနားမထောင်လို့ရှိရင် မကြည်ဘူး သိပ်မတည့်ဘူးဆိုတဲ့သဘောမျိုးနဲ့ ဘာမှ အဲဒါကိုသူတို့နဲ့ ဆန့်ကျင်တဲ့ ပုံစံမျိုး ဖြစ်ပြီးတော့ မဖြစ် ဖြစ်အောင်လုပ်တယ် သူတို့ခေါင်းဆောင်က ကိုယ်တိုင် က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးတို့ အမျိုး စောင့်ဥပဒေ ပေါ်ထွန်းရေးတို့ကို လူ့အခွင့်အရေး ချိုး ဖောက်တယ်လို့သူတို့ သက်ဆိုင်ရာ သူတို့တာဝန်ရှိတဲ့ ခေါင်းဆောင်တွေက ပြောလိုက်တာနဲ့ အဲဒီခေါင်း ဆောင်တွေရဲ့ လေသံအတိုင်း နောက်လိုက်တယ်။
နမူနာတစ်ခုပြောမယ်ဆိုရင် ပြီးခဲ့တဲ့လေးငါး ခြောက်လလောက်တုန်းက သိမ်ဇရပ်ဆရာတော် ဦးပညာဝရရဲ့ဒကာမပေါ့ ဆရာဝန်မ ဒီနိုင်ငံမှာ ဖြစ်နေ တဲ့ အမျိုးစောင့်ဥပဒေ။ အမျိုးစောင့်ဥပဒေလို့ ပြော နေတယ်။ တပည့်တော်တို့ကတော့ လက်မခံနိုင်ဘူး ဘုရားတဲ့။ ဆရာမဘာဖြစ်လို့ လက်မခံနိုင်တာလဲဆို တော့ တပည့်တော်တို့ခေါင်းဆောင်က လက်မခံဘူးတဲ့။ ခေါင်းဆောင်က လက်မခံဘူးဆိုတာတော့ထားပါ။ အဲဒီ အမျိုးစောင့်ဥပဒေကို ဖတ်ဖူးသလားလို့ မေးတော့ ဖတ်လည်း မဖတ်ဖူးပါဘူးဘုရားတဲ့နော်။ အဲလိုဆိုရင် ကောင်းပြီ ဒါတွေဖတ်ကြည့်ပါဦးလို့ ပြောတဲ့အခါမှာ ဖတ်ကြည့်တော့ နောက်(၅)ရက် လောက်ကြာတဲ့ အခါ မှာ အဲဒီဆရာဝန်မက ပြန်လျှောက်ထားတယ်၊ ဆရာ တော်ဘုရား ဒါတကယ်ကို နိုင်ငံတော်အတွက်ရှိသင့်တဲ့ ဥပဒေမျိုးဖြစ်နေတော့ ဒါကို တပည့်တော်ရဲ့ မိတ်ဆွေ တွေ အကုန်ဖိတ်ပေးမယ် ဆရာတော်လာပြီးတော့ ဟောပြောပေးပါဦးလို့ အဲလိုပြောတာ ရှိတယ်။
တချို့ကလည်း ဘာမှမသိပဲနဲ့ သူများပြောတဲ့ အတိုင်း နားယောင်နေတယ်။ အဲဒီတော့ မြန်မာနိုင်ငံ မှာ အထူးသဖြင့် အသိပညာဖွံ့ဖြိုးရေးဆိုတဲ့ ဥာဏဗလ အင်အား အားနည်းနေတယ်။ နောက်ပြီးတော့ တစ်ခါ ဓမ္မဓိဋ္ဌာန်ကို သိပ်ဦးစားမပေးချင်ဘူး မြန်မာနိုင်ငံမှာ ပုဂ္ဂလဓိဋ္ဌာန်ကို နည်းနည်း ဦးစားပေးနေတယ်။
အဲဒီတော့ ပုဂ္ဂလဓိဋ္ဌာန်ကို ဦးစားပေးရင် ဘယ် နေရာမဆို ပျက်စီးတတ်တဲ့သဘောရှိတယ်နော်။ အဲဒါ မျိုးလေးတော့ ဆရာတော်တို့က ဖြစ်စေချင်တယ် ခုက တော့ ပုဂ္ဂလဓိဋ္ဌာန် သူတို့နောက်မလိုက်ရင် ရန်သူ ဆိုတဲ့ သဘောမျိုးလို အဲလိုမျိုးဖြစ်နေတယ်လို့တော့ ဆရာတော်တို့ယူဆတယ်။
အဲဒီတော့ အဲဒီအုပ်စုပိုင်းသာမကဘူး၊ ကျန်တဲ့ နိုင်ငံတကာမှာ လွှမ်းမိုးထားတဲ့ ဒီဘာသာအချို့ဘာသာ ကြီးတွေ ရှိတယ်။ သူကတစ်ကမ္ဘာလုံးမှာ လူတိုင်း လူတိုင်း မြင်နေတယ်။ ဘာသာအုပ်စုက ဒီမြန်မာနိုင်ငံ မှာ တော်တော်လေး လွှမ်းမိုးနေတာရှိတယ်၊ လူဦးရေ တော့ သိပ်မများသေးပေမယ့် စီးပွားရေးအရ အများ ကြီးလွှမ်းမိုး နေတာရှိတယ်။
အဲဒီတော့ သူတို့ရဲ့ လက်ရှိတာဝန် ထမ်းဆောင် နေတဲ့ နိုင်ငံရေးသမားအုပ်စုတွေ စာနယ်ဇင်းအုပ်စု တွေက သူတို့လုပ်ပေးထားတာတွေ မွေးထားတာတွေ အများကြီးပဲ။ အဲသဘောမျိုးလေးတွေဖြစ်လို့ ဘာပဲ ကောင်းအောင်လုပ်လုပ် သူတို့က မကောင်းဘူးပဲ ပြော မှာပဲ။ အဲဒီတော့ အမျိုးဘာသာသာသနာ စောင့်ရှောက် ရေးဆိုတာ ဒီတိုင်းပြည်မှာ လူတိုင်းနိုင်ငံရေးသမား လည်း လုပ်လို့မရဘူး။ တိုင်းပြည်နဲ့ လူမျိုးဘာသာ သာသနာ ချစ်သူတိုင်းလုပ်ရမယ် လူတိုင်းလုပ်ရမယ့် လုပ်ငန်းနော် မဟုတ်ဘူးလား...။
အဲဒီတော့ သူတို့က ဘာလို့ မလုပ်နိုင်ရမှာလဲ။ အဲဒါကို ကြည့်ခြင်းအားဖြင့် ထင်ရှားပါ တယ်နော်...။
(မြစေတီဆရာတော်)
ဘုန်းကြီးအတွင်းကျကျတစ်ခု လွန်ခဲ့တဲ့ တစ်လ လောက်တုန်းက တကယ့်ဂျာနယ်ကြီးပေါ့ စောင်ရေ အများဆုံး နီးနီးလောက် ထုတ်နေတဲ့ဂျာနယ်ကြီးက စာရေးဆရာပါမောက္ခ၊ ဘုန်းကြီးက မေးလိုက်တာ စပ်စုလိုက်တော့ နောက်ကငွေအားနဲ့ ပံ့ပိုးပြီတော့ ဂျာနယ်စောင်ရေသာများများ ထုတ်နေတာဘုရားတဲ့၊ အဲဒီစောင်ရေတွေက တိုက်ကိုတစ်ဝက်လောက် ပြန်ဝင် တယ်၊ ပြန်ဝင်ပြီးမှပိဿာချိန်နဲ့ ပုံနှိပ်တိုက်လေးတွေကို ပြန်ရောင်းတာ အဲသလိုပြန်ရောင်းလို့ တလောက အထက်ဆင်ကုမ္ပဏီက တံဆိပ်သွားရိုက်ခိုင်းလိုက် တော့ သူကလည်းချွေတာရေး၊ စာရွက်ကို နောက်က ဟာတွေနဲ့ လုပ်ထည့်လိုက်တော့ ဘုန်းကြီးပုံတွေ ပါရော။
ဖြစ်ချင်တော့အဲဒီဘုန်းကြီးတွေပါတဲ့ပုံက ဘုန်းကြီး တို့ မော်လမြိုင်ကိုရောက်လာပြီးတော့ တကယ် ဖြန့် လိုက်တဲ့အခါကျတော့ မွတ်စလင်လင်မယားဆိုင်ကို ရောက်သွားရော၊ ဖြစ်ပုံက အစင်ဆိုတဲ့ရွာမှာ၊ အဲဒီမှာ သောင်းကျန်းရောပေါ့ ဟိုက တကယ်တော့ ဘာမှမသိ ဘူး၊ ရေးနားက အစင်ကိုရောက်သွားတယ် ဖြစ်ချင် တော့ လင်မယားနှစ်ယောက်စလုံးက မွတ်စလင်ဖြစ် တယ်၊ သူတို့ဘာမှမသိဘူး ဒီကဝယ်သွားတဲ့ အထုပ်က အဲဒီ အထုပ်မှာ အထက်ဆင်မှာ ကပ်ထားတဲ့ တံဆိပ် က အဲဒီတံဆိပ်ထဲမှာ ဘုန်းကြီးပုံပါတယ် သူတို့က အဟောင်းကို ပြန်ရိုက်တဲ့အခါကျတော့ ဒီပုံဟာ မပျောက်ဘူးဖြစ်သွားတယ်၊ ဒီပြင်မှာတော့မပါဘူး ဘုန်းကြီးတို့က ဖုန်းဆက်ပြီးတော့ သူတို့မှာဘာအပြစ်မှ မရှိပါဘူး၊ တရားခံရှင်တွေက လာပြီးတော့ တရား တောင် စွဲထားတယ်ဆိုပြီးတော့ ပြောလိုက်တယ်၊ တရား ခံရှင်တွေမှာ ဘာမှအပြစ်မရှိဘူး။ ဆိုလိုတာက ဘုန်းကြီး ပြောလိုတာက ငွေအားကောင်းကောင်းနဲ့ များများဖြန့် မရောင်းနိုင်ရင် ပြန်ပြီးပိဿာချိန်နဲ့ပြန်လွှတ်၊ အဲသလို လုပ်နေတာဘုရား တကယ်ကို တက္ကသိုလ်ကြီး တစ်ခုက ပါမောက္ခကြီးတစ်ဦးဆီက ထဲထဲဝင်ဝင် ဂျာနယ်မှာရေးနေတာ တကယ်တမ်းစောင်ရေထွက် သလောက်နီးနီးကုန်တာက ဘုန်းကြီးတို့ သာကီသွေးပဲ။
မေး ။ (စကိုင်းနက်)
ဆရာတော်ကြီးများရဲ့ သြဝါဒစကားများကို နာကြားခွင့်ရတဲ့အတွက် တပည့်တော် ဝမ်းမြောက် ပီတိ ဖြစ်ပါတယ်ဘုရား၊ ဟိုနောက်ဆုံးတပည့် တော်တစ်ခု လျှောက်ပါရစေ၊ ဒီနေ့ဟာအခု ဖေဖော်ဝါရီလ (၁၃) ရက် ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ မြန်မာတစ်ပြည်လုံး ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေပါတယ်ဘုရား၊ နောက် ဒီစာ စောင်မှာပဲ ဖတ်ရပါတယ်ဘုရား မဘသအဖွဲ့ကြီးက ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အတွက် သိန်း(၁ဝဝ) လှူ တယ်ဆိုတာ တပည့်တော် ဝမ်းမြောက်ပီတိဖြစ်ရပါ တယ်ဘုရား။ အဲဒီ ဗိုလ်ချုပ်ရာပြည့်နဲ့ပတ်သက်လို့ မဘသရဲ့ သဘောထားကြေညာချက်လေးများ ရှိရင် တပည့်တော်သိပါရစေဘုရား...။
(အင်းစိန်ရွာမဆရာတော်)
အဲဒီတော့ ဆရာတော်တို့က ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲနဲ့ပတ်သက်ပြီးတော့ ပေါ်ပေါက်လာကတည်း က ဟာဒါအလွန်အမတန် လုပ်သင့်တဲ့လုပ်ငန်း ဖြစ်တယ်ဆိုပြီးတော့ တာဝန်ရှိတဲ့ တိုင်းပြည်က ပုဂ္ဂိုလ် တွေကိုလည်း အသိပေးသင့်တာပေးတယ်၊ ရဟန်း ရှင်ပြည်သူ အားလုံးလည်းပဲ နှိုးဆော်တိုက်တွန်းတဲ့ အနေနဲ့ မဘသ ကကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေငြာချက်ကို ဖတ်ပြစမ်းပါဦး..။
(ဒေါက်တာကောဝိဒ)
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟို၏ထုတ်ပြန်ကြေငြာချက်။
မြန်မာ့သားကောင်း စတုတ္ထမြန်မာနိုင်ငံတော်ကြီး ၏ ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လွန်ခဲ့ သည့် ၁၉၁၅-ခု၊ ဖေဖော်ဝါရီလ ၁၃-ရက်နေ့၌ နတ်မောက်မြို့တွင် ဖွားမြင်ခဲ့သည်။ ယခုလာမည့် ၂ဝ၁၅-ခု ဖေဖော်ဝါရီလ ၁၃-ရက်နေ့ဆိုရင် ဗိုလ်ချုပ် အောင်ဆန်းဖွားမြင်ခဲ့သည်မှာ နှစ်(၁ဝဝ) ပြည့်မြောက်ခဲ့ ပြီးပြီ၊ တိုက်တိုက်ဆိုင်ဆိုင်ပင် တတိယမြန်မာနိုင်ငံ တော်ကို တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နှစ်(၃ဝဝ)ပြည့်နှစ်နှင့်လည်း သွားပြီး တော့ ကြုံကြိုက်နေပါသည်။
(အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလည်း နှစ်(၃ဝဝ) ပြည့်ပြီနော်၊)
မကြာမီ မြန်မာသက္ကရာဇ် ၁၃၇၉- ခုနှစ်မှာ ပထမ မြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သူ အနော်ရထာ ဘုရင်မင်းမြတ်၏ နှစ်(၁ဝဝဝ) ပြည့်တော့မှာလည်း အလွန်နီးကပ်နေပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံကြီးအတွက် ဗိုလ်ချုပ် အောင်ဆန်းလို နိုင်ငံ့သားကောင်းများ၊ မြန်မာ့သား ကောင်းများ မျိုးချစ်သူရဲကောင်းပုဂ္ဂိုလ်ကြီးများ၊ တိုင်းပြု၊ ပြည်ပြု၊ သာသနာပြု ပုဂ္ဗိုလ်ကြီးများဖြစ်ထွန်း ပေါ် ပေါက်စေလိုသော ရည်သန်ချက်ဖြင့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ကို မြန်မာကလေးများနေ့ဟု သတ်မှတ်ခဲ့ သဖြင့် မြန်မာ့ကလေးများနေ့လည်း ဖြစ်ပါသည်။
အထူးအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ယနေ့ မြန်မာနိုင်ငံသူ/ နိုင်ငံ သား၊ ရဟန်းရှင်လူအားလုံးတို့၏ တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာအတွက် ဘယ် သောအခါမှ မမေ့ထိုက်သူ နိုင်ငံ့ကျေးဇူးရှင်တစ်ဦး လည်း ဖြစ်ပါသည်။ အစိတ်စိတ်အမွှာအမွှာ ဖြစ်နေ သည့် မြန်မာနိုင်ငံတော်ကို တစ်စုတည်း တစ်ပေါင်း တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်အောင် ဦး ဆောင်တည်ထောင်နိုင်ခဲ့သူဖြစ်၍ ယနေ့မြန်မာ နိုင်ငံ ၏ ဗိသုကာကြီးဟုဆိုခဲ့ခြင်း ဖြစ်ပါသည်။ ကျေးဇူး ရှိခဲ့ဖူး သူ၏ ကျေးဇူးဂုဏ်ကိုသိရှိနားလည်ခြင်း၊ သိသည့် အတိုင်း ကျေးဇူးတုံ့ပြန်ဆပ်ခြင်းများသည်။ ကြီးပွား ချမ်းသာကြောင်း ကတညုတကတဝေဒီ မင်္ဂလာပင် ဖြစ်ပါသည်။
(ဒါလေးက နည်းနည်းလေးရှင်းပြမယ် ဘုန်းဘုန်း တို့ မင်္ဂလာမှာ ကျေးဇူးကိုသိတတ်ရင် ကတညုတသိတဲ့ အတိုင်း ပြန်ဆပ်ရင် ကတဝေဒီ၊ သိလည်းသိဆပ်လည်း ဆပ်တာကို မင်္ဂလာပါဠိလိုပြောရင် ကတညုတ ကတ ဝေဒီ မင်္ဂလာလို့ခေါ်ပါတယ်။ )
ကျေးဇူးဆပ်ရာ၌ အနှစ်သာရရှိရှိ ကျေးဇူးဆပ်မှ အနှစ်သာရရှိသော ကျေးဇူးဆပ်ခြင်းဖြစ်မည်၊ အနှစ် သာရရှိရှိ ကျေးဇူးဆပ်ရာ၌
(၁) ရဟန်းရှင် ပြည်သူအားလုံး ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးဂုဏ်တို့ကို စွမ်းနိုင်ရာကနေ ဖော်ထုတ်ကျေးဇူး ဆပ်ကြဖို့ ။
(၂) ကိုယ်ကျိုးမဖက် တိုင်းပြည်နှင့်လူမျိုးအကျိုးကို သယ်ပိုးလိုသော အောင်ဆန်းစိတ်ဓာတ် မဖြစ်မနေ မွေးမြူပျိုးထောင်ကြဖို့။
(၃) ခုမကြာမီ ဖေဖော်ဝါရီလ (၁၃)ရက် (၂ဝ၁၅)နေ့၌ ကျရောက်တော့မည့် ဗိုလ်ချုပ် ရာပြည့်မွေးနေ့အတွက် ပါတီစွဲ၊ ဂိုဏ်းဂဏစွဲမထားကြပဲ စွမ်းနိုင်ရာက သမိုင်း ကျန်မည့် မှတ်တိုင်များဖြစ်အောင် ပါဝင်ဆောင်ရွက် ကြဖို့ ။
(၄) ရှေးသူတော်၊ သူတော်မြတ်များ၏ သမိုင်းတာဝန် ကျေပွန်အောင်ဆက်လက် ထမ်းဆောင်သူများကို တထာဂတဟူသောဝေါဟာရက ညွန်ပြနေသလိုမြန်မာ သမိုင်းကောင်းများကို ခေါင်းမရှောင်ပဲ ကျေပွန်အောင် ထမ်းဆောင်မည့် အနာဂတ်မျိုးဆက်သစ်များ ဖြစ် အောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် ဗိုလ်ချုပ်ကိုကျေးဇူး ဆပ်ကြဖို့ ။
(၅) ဗိုလ်ချုပ်ရာပြည့်မွေးနေ့မှာပင်မဟုတ်ပဲ အနာဂတ် မှာလည်း အမြဲတမ်း အောင်ဆန်းစိတ်ဓာတ်မွေးပြီး အောင်ဆန်း လုပ်ရပ်လုပ်ပြခြင်းဖြင့် ဗိုလ်ချုပ်ကို ကျေးဇူး ဆပ်ကြဖို့ မဘသအဖွဲ့ကြီးက လေးလေးနက်နက် အထူးနိုးဆော်အပ်ပါသည်။
မဘသ အဖွဲ့ကြီးကဦးဆောင်ပြီး ဗိုလ်ချုပ်ကို ကျေး ဇူးဆပ်သောအားဖြင့် မြန်မာနိုင်ငံ ရဟန်းရှင်လူ အား လုံး၏ ကုသိုလ်အဖြစ် နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်၌ သမိုင်းကျောက်စာတိုင် စိုက်ထူနိုင်ရန် ကျပ်ငွေ သိန်း (၁ဝဝ) မ,လှူဒါန်းခဲ့ခြင်း၊ ကျေးဇူးဆပ်နည်းများကို ညွှန်ကြားပေးခြင်းများလည်း ပြုလုပ်ပေးနေပါသည်။ တစ်သက်မှာ တစ်ခါသာ ကြုံရခဲသည့်ဗိုလ်ချုပ် နှစ် (၁ဝဝ) ပြည့် မွေးနေ့ပွဲကို မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ ရဟန်းရှင်လူအားလုံးတို့က အနှစ်သာရရှိရှိ ရာပြည့်ပွဲ များ ပြုလုပ်၍ကျေးဇူးရှင်ကို ကျေးဇူးဆပ်ကြပါဟု အထူးတိုက်တွန်းနိုးဆော်အပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ (ဥက္ကဋ္ဌ)
မဘသ (ဗဟို) အဖွဲ့
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ၊
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
ဘုန်းဘုန်းတို့ ဖေဖော်ဝါရီလ(၂)ရက်နေ့က ထုတ် ပေးခဲ့တာပါ။ အဲဒီတော့ အခုဘုန်းဘုန်း ပြောချင်တာ က ဘုန်းဘုန်းတို့အဖွဲ့မှာ ဘယ်လိုလဲဆိုတာကို တိုင်း ပြည်မှာရှိနေတဲ့ အားလုံးပြည်သူတွေ နားလည်စေချင် တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို အခု အဓိကအားဖြင့် တော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် သမီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သူကဦးဆောင်ကျင်း ပတယ်လို့ ပြောနေပါတယ်။ အဲဒီတော့ လွှတ်တော်က လည်း ကျင်းပပါတယ်။ ဘယ်သူတွေကဦးဆောင် ကျင်းပကျင်းပ လူလုပ်ရမယ့် အလုပ်ကို လူဦးဆောင် လုပ်တာဖြစ်လို့ ဘုန်းဘုန်းတို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးကလည်း တကယ့်ကို လှိုက် လှိုက်လှဲလှဲ ဂုဏ်ယူပါတယ်။ တကယ်ကို အစောကြီး ကတည်းက စီမံထားတဲ့ စီမံချက်တွေပါ။
သိန်း(၁ဝဝ) ဆိုသောငွေသည် ကျန်တဲ့လူတွေ အတွက်နည်းနည်းလေး ဖြစ်ချင်ဖြစ်မယ် ဘုန်းဘုန်းတို့ အဖွဲ့က အလှူငွေ၊ ဖန်ငွေရှိတဲ့အဖွဲ့မဟုတ်ဘူး၊ ရှိတဲ့ တပည့်တွေစုဆောင်း စုဆောင်းပြီးတော့ ရတဲ့ငွေနဲ့ အများကြီးထုတ်ထားတာ သို့သော် နည်းတာများတာ ပဓာန မဟုတ်ဘူး။ တန်ဖိုးထား အသိအမှတ်ပြုတာကို လက်ခံဖို့လိုပါတယ်။ ဟုတ်တယ်မလား၊ ဘုန်းကြီး ပြောချင်တာက ဒီနေ့ဟာ ဒကာကြီးတို့တွေက အမှန် တိုင်း ဘုန်းဘုန်းက သစ္စာဆိုလို့ရတယ်။
မနေ့ညက ဘုန်းဘုန်းတရားပွဲသွားတဲ့အချိန်မှာ ဦးကောဝိဒရေ ဒီလိုပဲ စကိုင်းနက်က အစီအစဉ်ရှိတယ်ြ<ွကပေးပါဦး၊ ဘုန်းဘုန်းက အမှန်အတိုင်းပြောရရင် အဖွဲ့မှာဆရာတော်နောက်ကနေ အရေးကြီးလို့ ခေါ်ရင် တပည့်ရင်းဖြစ်လို့လာရတာ ဒီလောက် အလုပ် မပေး နိုင်ဘူး၊ ဘာဖြစ်လို့လဲ ဘုန်းဘုန်းရဲ့ကျန်းမာရေးနဲ့ ဘုန်း ဘုန်းရဲ့ အချိန်နဲ့ ဒါကြောင့်ဆရာတော်ဘုရား အလုပ် များများလုပ်တဲ့ ဘုန်းကြီးတွေပင့်ပါ သူတို့လည်း နောက် တစ်နြေ့<ွကလာမှာပါ၊ နှစ်ရက်ဆက်တိုက် လုပ်မှာပါ။ ဒီနေ့တော့ ဦးကောဝိဒြ<ွကပေးပါဦးဆိုတော့၊ ဆရာတော် ဘုရားက လှမ်းအကြောင်းကြားတာနဲ့ ညကမှသိတာ။ ဒီနေ့တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်မွေးနေ့ ဖြစ်နေတယ်။ ဘုန်းဘုန်းကတော့ အရမ်းလည်းကျေနပ်ပြီးတော့ အရမ်းလည်း ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ သူများတွေရာပြည့်ဆင်နွဲနေချိန်မှာ ဘုန်းဘုန်းတို့က စကိုင်းနက်နဲ့ ဆင်နွဲခွင့်ရတယ်။ အလွန်ပဲ ဒီနေ့ကို လာဗျူးပေးတဲ့အတွက် ဒကာကြီးတို့အဖွဲ့ကို အထူး လည်း ကျေးဇူးတင် ဝမ်းသာပါတယ်၊
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟို အဖွဲ့ကို ဦးဆောင်နေတဲ့ ဆရာတော် သံဃာတော်များ ဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာသံဃာချင်းက ပိုသိပါတယ်။ ဘယ်လိုဆရာတော်တွေလဲဆိုတာသိပါ တယ်၊ အဲသလို သိသလို ဗုဒ္ဓဘာသာဝင်မှန်ရင် အား လုံးကိုလည်း သိစေချင်ပါတယ်။ ကြိုက်တဲ့ပါတီကို ကြိုက်ပါ၊ ကြိုက်တဲ့ပုဂ္ဂိုလ်ကို ကြိုက်ပါ၊ ဘုန်းဘုန်းတို့နဲ့ မဆိုင်ပါဘူး၊ ဘယ်ပါတီ ကြိုက်ကြိုက် ဘယ်ပုဂ္ဂိုလ် ကြိုက်ကြိုက် ဟုတ်တယ်မလား။ ဒီအမျိုးဘာသာ သာသနာအဖွဲ့ရဲ့ တကယ့်လုပ်ရပ် အမှန်ကို သေချာ လေ့လာပြီးရင် မကြိုက်ရင်နေပါ ဝစီကံနဲ့လည်းမပြစ်မှား မိပါစေနှင့် တစ်ခါတလေ ဘုန်းဘုန်းက ဖေ့စ်ဘွတ် ကြည့်ချိန်မရဘူး ကလေးတွေဖေ့စ်ဘုတ်ကိုလာပြရင် ဆဲထားတာတွေချည်းပဲ စိတ်ထဲမကောင်းတာ သြော် သူတို့မို့ မကြောက်တယ်၊ အဲတော့ပြောချင်တာက ဗုဒ္ဓ ဘာသာ ဖြစ်ပါလျှက်နဲ့ ကိုယ့်ရဲ့အတ္တစွဲလေးတစ်ခု မခွာနိုင်လို့ ပုဂ္ဂိုလ်စွဲ ပါတီစွဲ ခန္ဓာစွဲနဲ့ အထင်လွဲပြီးတော့ ဆရာတော်တွေကို ပြစ်မှားနေတာဟာ ဘုန်းဘုန်းတို့ အနေနဲ့ အပြစ်မှားခံရတဲ့ သူအနေနဲ့ ဘာမှပြဿနာ မရှိဘူး၊ သူတို့အတွက် မြင်ထားတဲ့အကုသိုလ်ကံကို ဘုန်းဘုန်းတို့က စိတ်မကောင်းတဲ့အတွက် အမြင်မှန် အောင်လုပ်ပါ အသိမှန်အောင်လုပ်ပါ နောက်ဆုံး အမြင်မှန် အသိမှန်ကို သိပေမယ့်လို့ အားလုံးမကြိုက်လို့ ကိုယ့်အဖွဲ့က မကြိုက်လို့ မလိုက်နိုင်ဘူး၊ မလိုက်ပါနဲ့ မလုပ်နိုင်ဘူးဆိုရင် မလုပ်ပါနဲ့၊ သို့သော် မပြစ်မှားကြ ပါစေနဲ့ ။
ဒီနေရာကနေဘုန်းဘုန်း ပြောတယ် ဘုန်းဘုန်း တရားပွဲတိုင်းလည်းပြောတယ်။ မပြစ်မှားမိကြပါစေနဲ့လို့ ဘုန်းဘုန်းဆိုရင် မနက်ခင်း မိုးလင်းရင် သေခါနီး အချိန်မှာ ကိုယ့်ကိုအများဆုံး စောင့်ရှောက်ပေးတာ တော့ မှန်တယ်၊ သို့သော် ဆရာတော်တွေ ငါးပါးသီလ တွေပေးတယ်၊ ပရိတ်တွေရွတ်တယ်၊ ပဋ္ဌာန်းတွေ ရွတ်တယ်၊ ကမ္မဝါတွေရွတ်တယ် ကိုယ်ဘာမှ မရွတ်နိုင် ဘူး။ အဲဒီအချိန်မှာ ဒီဆရာတော်တွေ ရွတ်ဖတ်တဲ့အသံ တွေနဲ့ ကိုယ်သိပြီးသားလေးတွေ လိုက်နာရင်းနဲ့ ကျေ နပ်နေတာ။
ပြောလိုတာက အဲဒီ အချိန်မှာ သြော်သံဃာဆိုတဲ့ ကျေးဇူးဆိုတာ တကယ်ပဲ ဘုရားရဲ့ရွှေနှုတ်တော်ထွက် စကားသံဃာရဲ့နှလုံးသားမှာပဲ အများဆုံးရှိနေတာ တရားကလည်း အများဆုံးတည်နေတာ သံဃာကို ပြစ်ပယ်လိုက်ရင်ဒီလူတွေရဲ့ ဘဝကံက ကြောက်စရာ ကောင်းတယ်။
ဒါ့ကြောင့် ဘုန်းဘုန်း ပြီးမပြီးတော့မသိဘူး ဘုန်း ဘုန်းအပိုင်း အနေနဲ့ပြောရရင် မဘသအဖွဲ့ကြီးကို နားလည်နိုင်အောင်လေ့လာပါ။ စာတွေကိုဖတ်ပါ၊ သူများပြောစကားပဲ နားမဆုံးပါနဲ့၊ ကိုယ့်ဦးနှောက်ကို အသုံးချပါ နားလည်သွားပြီဆိုရင် မလိုက်နဲ့ဦးရတယ်။ ကိုယ်လိုက်ချင်မှလိုက်၊ ထောက်ခံချင်မှထောက်ခံ၊ မထောက်ခံလည်းရတယ်။ သို့သော် မပြစ်မှားမိပါစေနဲ့ ပြစ်မှားလိုက်ရင် ဗုဒ္ဓဘာသာအချင်းချင်းကို ဘုန်းဘုန်း က ဘုန်းကြီးတစ်ပါးအနေနဲ့ ပြောကိုပြောရမယ်။ ပြစ်မှားလိုက်ခြင်းကြောင့် ကြုံလာမယ့် အကုသိုလ်ကံ ဟာ အလွန်ကြောက်စရာ ကောင်းတဲ့ အတွက်ကြောင့် မပြစ်မှားမိပါစေနဲ့။ ဟုတ်တယ်မလား...။ အဲဒါလေးပဲ ဘုန်းဘုန်းကတော့ ဒါဘုန်းဘုန်း အပိုင်းပြီး ပြီထင်လို့ တစ်ခါတည်း ဒကာကြီးကို ပြောပါတယ်။
(အင်းစိန်ရွာမဆရာတော်)
ဒီဗိုလ်ချုပ် မွေးနေ့နဲ့ပတ်သက်ပြီးတော့ နည်းနည်း လေး ပြောချင်ပါတယ်၊ တကယ်ကိုတိုင်းပြည်အတွက် ကျေးဇူးဆပ်ထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တာမို့ ဒီလိုကြေငြာချက် တစ်နိုင်ငံလုံးကို နှိုးဆော်တာ လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းက လုပ်ဖူး သလဲနော်..။ တစ်နိုင်ငံလုံးဖြစ်အောင် ဦးဆောင်နှိုး ဆော်ပေးတာဆရာတော်တို့ပဲ ဖြစ်တယ်နော်။
ဒါဘယ်ပုဂ္ဂိုလ် ဘယ်ပါတီမဆို လုပ်ရမယ့်ဥစ္စာ ဆိုပေမယ့် တချို့ကတော့ ကိုယ့်ပါတီအတွက်ပဲ လုပ်တယ်၊ ကိုယ့်အတွက်ပဲ လုပ်တဲ့ဟာတွေရှိတယ်။ ဆရာတော်တို့က ကိုယ့်အတွက် မဟုတ်ဘူးနော်၊ အများအတွက် အားလုံးတစ်နိုင်ငံလုံး ကျေးဇူးဆပ်ကြ ပါလို့ ပြောပြီးတော့ ကြေငြာ ချက်ထုတ်ခဲ့တာနော် ... ဒါကို ဆရာတော်တို့ လုပ်ရပ်ကို ကြည့်သောအားဖြင့် ဆရာတော်တို့ရဲ့စေတနာကို သိနိုင်ပါတယ် နော်။
(မြစေတီဆရာတော်)
မနှစ်ကစိန်ရတုလုပ်တဲ့ပွဲမှာ ခုနကပြောသလို ဒေါ် အောင်ဆန်းစုကြည်တို့အဖွဲ့တွေလာတယ်။ အဲဒီ အချိန်မှာ ဘုန်းကြီးရဲ့မွေးနေ့ (ရွာမဆရာတော်)ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရယ် ရက်တွေ၊ လတွေ၊ နေ့တွေတူတဲ့အတွက် တူတဲ့အကြောင်း ပြောရင်းပြော ရင်းနဲ့ လာမယ့်နှစ်ဆိုရင်ဗိုလ်ချုပ်ရာပြည့်ပဲ၊ အဲဒီက တည်းက နှိုးဆော်ခဲ့တာပရိသတ်ရှေ့မှာ။ ဒီဥစ္စာ ထွက် တာ ကတော့ထားပါတော့ ဟိုကနဲ့စာရင် ဒီကတစ်နှစ် ပြည့်ကတည်းက ပရိသတ်ရှေ့မှာ ကြေငြာတာ၊ ဒေါ် အောင်ဆန်းစုကြည်တို့အဖွဲ့ရှေ့မှာ ကြေငြာထားတယ်။
အဲဒီနေ့တုန်းက သာသနာရေးဝန်ကြီးက ကန်တော့ပွဲကို ဆရာတော်ကို ကပ်တယ်၊ အခမ်းနားမှူး ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်အလှည့်ကျတော့ ဘုန်းကြီးနဲ့တိုးတာ ဘုန်းကြီးလည်း ဘာပြောရမှန်း မသိ ဘူး၊ တစ်ခါမှသူနဲ့မဆုံဖူးဘူး၊ ဘုန်းကြီးကတော့ တစ်လုံးပဲပြောလိုက်တယ်၊ သူများတွေတော့ ဘာပြော လိုက်လဲမသိဘူး၊ ဘုန်းကြီးပြောလိုက်တာကတော့ ''ကျန်းမာရေးကိုအထူးဂရုစိုက်ပါ''..။
ဆိုလိုတာက မနှစ်ဒီအချိန်ကတည်းက တစ်နှစ် ကြိုပြီးတော့တိုက်တွန်းနေတာ ဓမ္မကထိကတွေလည်း ကြုံရင်ကြုံသလို ပြောနေတာ အဲဒီကတည်းက နှိုးဆော် တာ ပြီးတော့သူတို့ဓမ္မကထိကအဖွဲ့တွေ လမ်းကြုံရင် ကြုံ သလို တရားပွဲထဲမှာထည့်ပြောတာပဲ။
(အင်းစိန်ရွာမဆရာတော်)
ဆရာတော်ရဲ့မွေးနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့က တပေါင်းလဆန်း(၁)ရက် ရက်ချင်းလည်း သွားတိုက် တယ်၊ စနေ သားချင်းလည်းသွားတိုက်တယ် အဲဒီ သဘောပါ။ ။
(စကိုင်းနက်)
အမျိုးဘာသာ သာသနာကို စွမ်းစွမ်းတမံ ဆောင် ရွက်နေတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာ တော်ကြီးနှင့်တကွ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာတော်ကြီးများရဲ့သြဝါဒစကားများကို တပည့် တော်တို့ နာကြားရတဲ့ အတွက်အလွန်ဝမ်းမြောက်ပီတိ ဖြစ်မိပါတယ်၊ ဒီအကြောင်းများကိုလည်း တပည့်တော် တို့ စကိုင်းနက် ရုပ်သံမှတစ်ဆင့် မြန်မာတစ်ပြည်လုံးကို ထပ်မံထုတ်လွှင့်ဖြန့်ချိမှာ ဖြစ်တဲ့အတွက် အားလုံးလည်း ကြားနာပြီးတော့ ပိုပြီးတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး စိတ်ဓာတ်များပွားများလိမ့်မယ်လို့ မြင်မိပါတယ်ဘုရား..။
---------
(အပိုင်း (3)ကို ဆက်လက်ဖေါ်ပြပေးပါပေးပါမည်။ itking969.blogsport.com

No comments:

Post a Comment