တာဝတိံသာပိုင်ရှင်သိကြားမင်းကြီး
========================
နောက်ခုနှစ်ရက် နတ်သက်ဖြင့်ရက်စေ့သော် မိမိ
နတ်သက်ကြွေရမည်ကို ကြိုတင်သိနေသဖြင့်
စိတ်မချိဖြစ်နေရှာပါ၏။
တစ်ဖန် မိမိနေရာဆက်ခံမည့် နောက်ရောက်သိကြား
ကလည်း မိမိထက်သာလွန်မည့်သိကြားမင်းဖြစ်နေ
ရကား မကျေချမ်းသော အတွေးမှားများဖြင့် စိတ်ဗျာ
များနေရရှာပါ၏။
မာနရှိသူတိုင်း ကိုယ့်ထက်သာမနာလိုပြီမှာ ဓမ္မတာ။
ရာဂ ဒေါသ ရှိသူတိုင်း ကိုယ်လိုကောင်းစားမည်ကို
သ၀န်တိုသည်မှာ ဓမ္မတာ။
ထိုမကျေမချမ်းစိတ်ဖြင့်ပင် ဘုရားထံမှောက်
ရောက်လာရပါသည်။
ထိုမကျေမချမ်းစိတ်ဖြင့်ပင် ဘုရားထံမှောက်
ချဉ်းကပ် အမေးအဖြေဖြင့် အဆုံးအဖြတ်ခံခဲ့
ပါသည်။
အရှင်ဘုရား
သတ္တ၀ါအားလုံး ရန်လည်းကင်းချင်ကြပါတယ်။
ဒဏ်လည်း ကင်းချင်ကြပါတယ်။
နို့ ဘာလို့ မကင်းပါသတုံး ဘုရား။
ရန်မကင်း ဒဏ်မကင်းကြတာ ဣဿာ၊ မစ္ဆရိယ
တရားနှစ်ပါးကြောင့်။
ဟုတ်ပြီဘုရား။
နို့ သည် ဣဿာ မစ္ဆရိယတွေက ဘာဖြစ်လို့
ဖြစ်ကြရပါသတုံးဘုရား။
ဣဿာ မစ္ဆရိယ နှစ်ပါးဖြစ်ပွားကြတာချစ်ခြင်း
မုန်းခြင်းကြောင့်။
မှန်လိုက်လေ ဘုရား။
နို့ ချစ်ကြ မုန်းကြတာကတော့ ဘာကြောင့်တုံး
ဘုရား။
ချစ်လို မုန်းလိုသော ဆန္ဒအားကြောင့်။
ဟုတ်လိုက်လေဘုရား။
နို့ အဲဒီဆန္ဒကကော ဘာပြုလို့ ဖြစ်ပေါ်လာရ
တုံးဘုရား။
အတွေးဖြင့်ဖော် ခေါ်ငင်လိုက်သောကြောင့်။
မှန်လိုက်လေဘုရား။
နို့ အဲဒီ ၀ိတက်အကြံအစည်က ဘာပြုလို့
ဖြစ်ရပါသတုံးဘုရား။
ငါ၊ င့ါပစ္စည်း၊ ငါပိုင်သည်ဟူသော မာနစွဲ၊
တဏှာစွဲ၊ ဒိဋ္ဌိစွဲ ဆွဲအားများကြောင့်။
ထိုစဉ်မှာပင် သိကြားမင်းကြီး ဒိဋ္ဌိသွေး
အရေလန်စေပြီး သောတာပန်အဖြစ်သို့
ရောက်ရှိသွားခဲ့သည်။ မကျေချမ်းစိတ်
ကျေချမ်းစိတ် ရောက်သွားစေခဲ့ပြီ။
ထိုသို့ ရောက်ရာ၌လည်း အမေးအဖြေ
ကြောင့်ချည်းကား မဟုတ်။ အဖြေစကား
နားဖြင့်ကြား သဘောတရားများကို
စိတ်ဖြင့်နာရာမှ ဖြစ်ပွင့်လာခြင်းဖြစ်ရာ
အကြားနှင့်အသိကြား အထိုင်ချထားသော
ကမ္မဋ္ဌာန်းပွားများခြင်းမှ မလွတ်ကင်းခဲ့ပါ
ပြီ။
ဤကား ကမ္မဋ္ဌာန်းဖြင့် စေတသိကဒုက္ခ
ချုပ်ငြိမ်းပုံတည်း။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
ကမ္မဋ္ဌာန ပဋိသံယုတ္တကထာ
========================
နောက်ခုနှစ်ရက် နတ်သက်ဖြင့်ရက်စေ့သော် မိမိ
နတ်သက်ကြွေရမည်ကို ကြိုတင်သိနေသဖြင့်
စိတ်မချိဖြစ်နေရှာပါ၏။
တစ်ဖန် မိမိနေရာဆက်ခံမည့် နောက်ရောက်သိကြား
ကလည်း မိမိထက်သာလွန်မည့်သိကြားမင်းဖြစ်နေ
ရကား မကျေချမ်းသော အတွေးမှားများဖြင့် စိတ်ဗျာ
များနေရရှာပါ၏။
မာနရှိသူတိုင်း ကိုယ့်ထက်သာမနာလိုပြီမှာ ဓမ္မတာ။
ရာဂ ဒေါသ ရှိသူတိုင်း ကိုယ်လိုကောင်းစားမည်ကို
သ၀န်တိုသည်မှာ ဓမ္မတာ။
ထိုမကျေမချမ်းစိတ်ဖြင့်ပင် ဘုရားထံမှောက်
ရောက်လာရပါသည်။
ထိုမကျေမချမ်းစိတ်ဖြင့်ပင် ဘုရားထံမှောက်
ချဉ်းကပ် အမေးအဖြေဖြင့် အဆုံးအဖြတ်ခံခဲ့
ပါသည်။
အရှင်ဘုရား
သတ္တ၀ါအားလုံး ရန်လည်းကင်းချင်ကြပါတယ်။
ဒဏ်လည်း ကင်းချင်ကြပါတယ်။
နို့ ဘာလို့ မကင်းပါသတုံး ဘုရား။
ရန်မကင်း ဒဏ်မကင်းကြတာ ဣဿာ၊ မစ္ဆရိယ
တရားနှစ်ပါးကြောင့်။
ဟုတ်ပြီဘုရား။
နို့ သည် ဣဿာ မစ္ဆရိယတွေက ဘာဖြစ်လို့
ဖြစ်ကြရပါသတုံးဘုရား။
ဣဿာ မစ္ဆရိယ နှစ်ပါးဖြစ်ပွားကြတာချစ်ခြင်း
မုန်းခြင်းကြောင့်။
မှန်လိုက်လေ ဘုရား။
နို့ ချစ်ကြ မုန်းကြတာကတော့ ဘာကြောင့်တုံး
ဘုရား။
ချစ်လို မုန်းလိုသော ဆန္ဒအားကြောင့်။
ဟုတ်လိုက်လေဘုရား။
နို့ အဲဒီဆန္ဒကကော ဘာပြုလို့ ဖြစ်ပေါ်လာရ
တုံးဘုရား။
အတွေးဖြင့်ဖော် ခေါ်ငင်လိုက်သောကြောင့်။
မှန်လိုက်လေဘုရား။
နို့ အဲဒီ ၀ိတက်အကြံအစည်က ဘာပြုလို့
ဖြစ်ရပါသတုံးဘုရား။
ငါ၊ င့ါပစ္စည်း၊ ငါပိုင်သည်ဟူသော မာနစွဲ၊
တဏှာစွဲ၊ ဒိဋ္ဌိစွဲ ဆွဲအားများကြောင့်။
ထိုစဉ်မှာပင် သိကြားမင်းကြီး ဒိဋ္ဌိသွေး
အရေလန်စေပြီး သောတာပန်အဖြစ်သို့
ရောက်ရှိသွားခဲ့သည်။ မကျေချမ်းစိတ်
ကျေချမ်းစိတ် ရောက်သွားစေခဲ့ပြီ။
ထိုသို့ ရောက်ရာ၌လည်း အမေးအဖြေ
ကြောင့်ချည်းကား မဟုတ်။ အဖြေစကား
နားဖြင့်ကြား သဘောတရားများကို
စိတ်ဖြင့်နာရာမှ ဖြစ်ပွင့်လာခြင်းဖြစ်ရာ
အကြားနှင့်အသိကြား အထိုင်ချထားသော
ကမ္မဋ္ဌာန်းပွားများခြင်းမှ မလွတ်ကင်းခဲ့ပါ
ပြီ။
ဤကား ကမ္မဋ္ဌာန်းဖြင့် စေတသိကဒုက္ခ
ချုပ်ငြိမ်းပုံတည်း။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
ကမ္မဋ္ဌာန ပဋိသံယုတ္တကထာ
No comments:
Post a Comment