အစွန်းသုံးပါး
********
မံသဘောဇနဆိုတဲ့ အသားငါးနဲ့ ပါတ်သတ်လို့ အစွန်းသုံးပါးလွတ်ခဲ့မယ်ဆိုရင်ဖြစ် အပြစ်မဖြစ်ပါဘူး။အဒိဋ္ဌ - မြင်သား၊အသုတ -
ကြားသား ၊ ယုံမှားသံသယဖြစ်စေမယ့် အသားငါးမဟုတ်ဘူး အဲ့ဒိလိုဆို အနဝဇ္ဇအပြစ်အဖြစ်ဘူး။ဒါကိုအစွန်းသုံးပါးလွတ်တ

ယ်လို့ပြောတာပါ။
မိမိတို့အတွက်(သို့)မိမိအတွက်ရည်ရွယ်ပြီး သတ်ဖြတ်ထားတယ်ဆိုတာကို မိမိကိုယ်တိုင်လည်း မြင်လည်းမမြင်ဘူး (သို့)ြ
ကားလည်းမကြားဘူး (သို့) သံသယလည်းမရှိဘူး။ အဲ့ဒိလို အစွန်းသုံးပါးလွတ်မယ်ဆိုရင်တော့ စားခဲ့ရင်အပြစ်မရှိဘူး။ဒါကြောင့်
အသားငါးတည်းဟူသော ဘောဇဉ်သည် အာမဂန္ဓ(အညှီ-အဟောက်) အစစ်မဟုတ်ဘူး။ဒုစရိုက်အမျိုးမျိုးတို့ကို လွန်ကျူးနေေ
ကြာင်းဖြစ်တဲ့ အကုသိုလ်ကိလေသာ အညစ်အကြေးတွေကသာလျှင် အာမဂန္ဓ(အညှီ-အဟောက်) အစစ်သာဖြစ်ပါတယ်။
ဒီလိုဘုရားရှင်က ဟောကြားထားတယ်။
မစ္ဆ=ငါး၊မံသ=အမဲ။ မစ္ဆကိုတော့ ရေသတ္တဝါအကုန်လုံးထည့်သွင်းပါတယ်။ရေသတ္တဝါအကုန်လုံးကိုတော့ ရဟန်းတော်တို့အ
တွက် မအပ်စပ်သည့် အကပ္ပိယ ပစ္စည်းမည်သည်မရှိပါ။
မံသ ထဲမှာတော့ မအပ်စပ်တဲ့ အသားကြီး(၁ဝ)မျိုးရှိပါတယ်။လူသား၊ဆင်သား၊မြင်းသား၊ခွေးသား၊မြွေသား၊ခြင်္သေ့သား၊ကျားသား၊
ကျားသစ်သား၊ဝက်ဝံသား၊အောင်းသား ဆိုပြီးဆယ်မျိုးရှိပါတယ်။
လူသားကတော့ ဇာတ်တူသားဖြစ်တော့ မစားသင့်ပါဘူး။ဆင်သားနဲ့မြင်းသား ကတော့ ရှင်ဘုရင်တိုင်ပြည်အုပ်ချုပ်မင်းလုပ်တဲ့
ပုဂ္ဂိုလ်တွေရဲ့ ရတနာဖြစ်နေတယ်။အဲ့ဒိရတနာတွေကို ရဟန်းတော်တွေက စားခဲ့မယ်ဆိုရင် မင်းတို့ရဲ့ အန္တရာယ်တွေက ရဟန်း
တော်တွေအပေါ်ကျရောက်လာနိုင်တဲ့အတွက် မြတ်စွာဘုရားက မစားဖို့ရန် တားမြစ်ထားတော်မူပါတယ်။
ခွေးသားကတော့ လူ့လောကမှာ သတ္တဝါတွေထဲ ရွံ့ရှာစက်ဆုတ်ဖွယ်လို့ သမုတ်ထားတဲ့အတွက် ခွေးသားကိုမစားဖို့ သ
တ်မှတ်ထားတယ်။ မြွေသား၊ခြင်္သေ့သား၊ကျားသား၊ကျားသစ်သား၊ဝက်ဝံသား၊အောင်းသား တွေကတော့ အထူးသဖြင့် တောေ
နရဟန်းတော်များကို ဒီအသားတွေကို စားထားလို့ ပြန်ပြီးတော့ အန္တရာယ်ပြုနိုင်သောကြောင့်ဖြစ်တယ်။
မြွေတွေဟာ သူတို့အသားကိုစားလို့ရှိရင် အနံ့ကပြန်ရနေတယ်။အလားတူဘဲ ခြေသေ့င်္တို့လိုသတ္တဝါတွေကလည်း သူတို့ရဲ့
အသားကိုစားနေရင် သူတို့ကလည်း စားထားသူတွေကို ပြန်ပြီးတော့ အန္တရာယ်ပြုနိုင်တယ်။ဒါကြောင့် ဒီအသားကြီးဆယ်မျိုးကို
မစားရလို့ ဘုရားရှင်က ပညတ်တော်မူပါတယ်။အသားကြီးဆယ်မျိုးသည် ရဟန်းတော်တို့အတွက် မအပ်စပ်တဲ့ အသားတွေပါ။
လူသားကိုစားခဲ့မယ်ဆိုရင် ထုလ္လစဉ်း အာပါတ်သင့်စေလို့ မြတ်စွာဘုရားရှင် အညတ်ထားပါတယ်။ကြွင်းသောအသားကိုးမျိုးကို
စားခဲ့မယ်ဆို ရဟန်းတော်များမှာ ဒုက္ကဋ်အာပါတ်သင့်စေလို့ပညတ်ထားပါတယ်။
မစားရဘူးလို့ဘုရားရှင်ပညတ်ထားတာကို စားပြီးလွန်ကျူးလိုက်တဲ့ ရဟန်းတော်မှာ သီလလည်းပျက်စီးသွားတယ်။
ပါတိမောက္ခသံဝရသီလပျက်စီးသွားတယ်။ကိုယ်ကျင့်သီလပျက်စီးနေတဲ့ ရဟန်းရဲ့သဏ္ဍာန်၌ သမာဓိဖြစ်ပါ့မလား။မဖြစ်ဘူး။
ဒီကိုယ်ကျင့်သီလပျက်စီးနေတဲ့ ရဟန်းရဲ့သဏ္ဍာန်၌ ဈာန်မဂ်ဖိုလ်လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။
" သမ္ပဇာနမုသာဝါဒေါ ခေါ ပနာ'ယသ္မန္တော အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ။ "
ဆိုပြီး ပါတိမောက်နိဒါန်းမှာပြဆိုထားပါတယ်။ အာပါတ်သင့်နေတဲ့ ရဟန်းတော်က အာပါတ်သင့်နေရင် အနီးနားရှိနေတဲ့ ရဟန်း
တော်တစ်ပါးကို အနည်းဆုံးသတိရရင်ပြောရတယ်။မပြောဘဲနဲ့ ဆိတ်ဆိတ်နေခဲ့မယ်ဆိုရင် သမ္ပဇာနမုသာဝါဒ ဒုက္ကဋ်အာပါ
တ်သင့်စေလို့မိန့်တော်မူပါတယ်။ပြောသင့်တဲ့စကားကို မပြောသင့်လို့သင့်တဲ့ အာပါတ်ပါဘဲ။
ဒီလိုအာပါတ်သေးသေးတောင်ဈာန်မဂ်ဖိုလ်ကိုနားနိုင်တယ်၊သိပ်သေးတယ်လို့တော့မထင်နဲ့နော်။ရဟန်းတော်များအနေနဲ့ဒီသီ
လဝိသုဒ္ဓိပြည့်စုံဖို့က အလွန်အရေးကြီးပါတယ်။ပါရာဇိကမှလွဲပြီး၊ သံဃာဒိသိတ်စသော ကုစားသင့်တဲ့ အာပါတ်ကို ကုစားရမ
ယ်။ဒေသနာပြောကြားလို့ ရတဲ့အာပါတ်မျိုးကို ဒေသနာပြောကြားရမယ်။
ဋီကာဆရာတွေနဲ့ဖွင့်ဆိုချက်အရ " အာပါတ်တန်းလန်းနဲ့ သေတဲ့ ရဟန်းတော်ကို ငရဲနှင့်တိရစ္ဆာန် စသောတစ်မျိုးမျိုးသော ဘုံ
ဘဝသို့ရောက်လိမ့်မယ်လို့ ငါဘုရား ဒီလိုဟောတယ်"တဲ့ သာရတ္ထဒီပနီဋီကာဆရာတ်ေစသော ဋီကာဆရာတော်တွေက ကိုး
ကားထားပါတယ်။ငရဲနှင့်တိရစ္ဆာန်စသော အပါယ်လေးဘုံသာရောက်လိမ့်မယ်ဆိုတော့ ကျန်တဲ့သုဂတိဘုံတွေ ရောက်နိုင်ပါေ
တာ့မလား။စဉ်းစားကြည့်နော်။
ဒီတော့ကောင်းရာသုဂတိကိုမရောက်ဘူးဆိုတော့ မိမိကိုယ်ကို အာပါတ်တန်းလန်းနဲ့မသေမိအောင် ကြိုးစားဖို့တော့ မလိုဘူး
လား?။ကြိုးစားသင့်ပါတယ်နော်။
" ဖားအောက်တောရဆရာတော် "http://wwwitking969.blogsport.com

No comments:
Post a Comment