Monday, July 13, 2015

ဝက္ကလိပုဏ္ဏားဖြစ်ပုံ

ဝက္ကလိပုဏ္ဏားဖြစ်ပုံ
=============
ကျွန်ုပ်သည် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်
လာသည့်အချိန်မှစ၍ မြတ်စွာဘုရားဟောကြားတော်မူသည့်
အတိုင်း ကျင့်ကြံအားထုတ်ဖို့ ကြိုးစားခဲ့လေသည်။
ကြိုးစားသည့်အကြောင်းမှာ စိတ်အကြောင်းကြောင့်လည်း
ဖြစ်၏။ ရုပ်အကြောင်းကြောင့်လည်း ဖြစ်၏။ စိတ်အကြောင်း
ကြောင့်ဖြစ်သည်ဆိုသော စကားမှာ မိမိသည်ရတနာသုံးပါး
၌ ကြည်ညိုသဒ္ဓါဖြစ်ပုံမှာ မြတ်စွာဘုရားလက်ထက်တော်
အခါက ၀က္ကလိမည်သော ပုဏ္ဏားမျိုးဖြစ်မည်လည်းစိုးရိမ်
ရသောကြောင့်ဖြစ်၏။
ဝက္ကလိ ပုဏ္ဏားဖြစ်ပုံမှာ ဤသို့ဖြစ်၏။
အခါတစ်ပါး သာဝတ္ထိပြည်၌ မြတ်စွာဘုရားဆွမ်းခံကြွလာ
စဉ် ၀က္ကလိမည်သောပုဏ္ဏားသည် မြတ်စွာဘုရား၏
တင့်တယ်လှပသော အဆင်းသဏ္ဍာန်ကို ဖူးမြင်ရလေ၏။
ပုဏ္ဏားလည်း သဗ္ဗညုမြတ်စွာဘုရား၏ တင့်တယ်လွန်းလှ
သော အဆင်းတော်ကို ကြည့်ရှု၍အားမရမတင်းတိမ်ဖြစ်
လေ၏။ ၀က္ကလိပုဏ္ဏား၌မြတ်စွာဘုရားအား မပြတ်ရှုမြင်
လိုသော စိတ်သည်ဖြစ်နေလေ၏။ ထိုအခါဘုရားကို
အနီးကပ်မပြတ်ဖူးမြင်နိုင်ရန်အလို့ငှါ ဘုရားရှင်ထံတော်၌
ရဟန်းအဖြစ်ကိုခံယူလေ၏။ ရဟန်းပြုပြီးသော် ကမ္မဋ္ဌာန်း
တရားကို အားထုတ်ခြင်းမပြုဘဲ ဘုရားရှင်၏မြတ်နှာ
တော်ကို မြင်လောက်သောနေရာ၌ ထိုင်လျက်သာ
အမြဲကြည့်ရှု့နေခြင်းဖြင့်သာ နေလေ၏။
ထိုအခြင်းအရာကို သိသော်လည်းမြတ်စွာဘုရားသည်
ဝက္ကလိမထေရ်ဉာဏ်ရင့်သန်လာသည်အထိ စောင့်
ဆိုင်းပြီးနောက် ဉာဏ်ရင့်လာသောတစ်နေ့တွင်
ဘုရားက ၀က္ကလိမထေရ်အား ဤသို့ဆိုလေ၏။
ဝက္ကလိ ဤပုပ်သောကိုယ်ကို ဖူးမြင်ခြင်းဖြင့် သင့်အား
အဘယ်အကျိုးရှိအံ့နည်း။ တရားကိုမြင်သောသူသည်
သာ ငါဘုရားကို မြင်သည်မည်၏။ တရားကိုမမြင်
သောသူသည် ငါဘုရားကိုမြင်ရသည်မမည်ဟုဆုံးမ
တော်မူလေသည်။ သို့သော် ၀က္ကလိသည် ဘုရားအား
ဖူးမြင်ခြင်းကိုစွန့်၍ အရပ်တစ်ပါးသို့ဖဲခွါသွားရန်ဝန်လေး
လျှက်ရှိပေသည်။
ထိုအခါမြတ်စွာဘုရားသည် ၀က္ကလိကားထိတ်လန့်
ခြင်းမရှိဘဲ မကျွတ်လတ္တံ့ဟုသိ၍ ၀ါဆိုခါနီးသော
ကာလတွင် ရာဇဂြိုလ်ပြည်သို့ ကြွသွားတော်မူပြီး
လျှင် ၀ါကပ်သောနေ့၌ ၀က္ကလိဖဲသွားလော့။
ဝက္ကလိ ဖဲသွားလော့ဟု နှင်ထုတ်တော်မူလေ၏။
ဤသို့ဘုရားရှင်မိန့်တော်မူလျှင် ရဟန်းတို့မှာ
လွန်ဆန်ခွင့်မရသဖြင့် ၀က္ကလိသည် ငါကား
ဘုရားရှင်ထံ၌ နေခွင့်မရလျှင် အသက်ရှင်ခြင်း
သည် အဘယ်အကျိုးရှိအံ့နည်းဟု အောက်မေ့
လျက် တောင်ထိပ်မှခုန်ချ၍သေရန် ဂိဇ္ဈကုဋ်
တောင်ထိပ်သို့တက်သွားလေ၏။ မြတ်စွာဘုရား
သည် ၀က္ကလိ၏စိတ်ပင်ပန်းဆင်းရဲခြင်းကိုသိ၍
ဤရဟန်းသည် သက်သာရာမရလျှင် မဂ်ဖိုလ်
ရမည့်အခွင့်ကိုလွတ်သွားချေရာ၏ဟု မြင်တော်
မူလျက် ကိုယ်တော်ကိုပြရန် ရောင်ခြည်တော်
ကို လွှတ်တော်မူခြင်းဖြင့် ၀က္ကလိ၏စိုးရိမ်မှုကို
ပယ်ဖျောက်တော်မူလေ၏။ ထို့နောက်မှဝက္ကလိ
အား အားကြီးသည့်နှစ်သက်ဝမ်းမြောက်ခြင်းကို
ဖြစ်စေရန် ဂါထာဖြင့်ဤသို့ဟောတော်မူလေ၏။
များသော နှစ်သက်ဝမ်းမြောက်ခြင်းရှိသော
ဘုရားရှင်၏ သာသနာတော်၌ ကြည်ညိုမြတ်နိုး
သော ရဟန်းသည် သင်္ခါရတို့ငြိမ်းရာအေးရာ
ချမ်းသာသော နိဗ္ဗာန်ကိုရရာ၏။
ထို့နောက် ၀က္ကလိထံသို့ လက်တော်ကိုဆန့်တန်း
လျက် ၀က္ကလိလာလော့၊ မစိုးရိမ်နှင့် ငါဘုရားကို
ဖူးမြင်လေလော့။ ငါဘုရားသည် သင့်ကိုကိလေ
သာ ညွှန်ပျောင်းမှ ထုတ်ဆောင်ပေအံ့ဟုဆိုတော်
မူလေလျှင် ၀က္ကလိလည်း ဘုရားရှင်ကိုငါဖူးမြင်
ရလေပြီဟု နှစ်သက်ဝမ်းမြောက်ခြင်းအားကြီးစွာ
ဖြင့် မြတ်စွာဘုရားအထံသို့ခုန်ပျံတက်လေလျှင်
ကောင်းကင်၌ပင် ဘုရားရှင်၏ဂါထာကိုဆင်ခြင်
လျက် ပီတိကိုခွါလေသည်နှင့် ရဟန္တာဖြစ်လေ
တော့၏။ ထိုသဒ္ဓါဇောဖြင့်ပင်မြတ်စွာဘုရား၏
ရှေ့တော်မှောက်သို့လည်း သက်ဆင်းကျရောက်
လေတော့သည်။ ၀က္ကလိမထေရ်အားဗုဒ္ဓသာသနာ
တော်တွင် သဒ္ဓါလွန်သောသူတို့တွင်အမြတ်ဆုံး
ဧတဒဂ်ကို ရလေ၏။
မြတ်စွာဘုရားလက်ထက်တော်အခါက သဒ္ဓါ
အရာ၌ ဧတဒဂ်ရခဲ့ဖူးသော ၀က္ကလိမထေရ်
ကား ကံကောင်းထောက်မ၍သာ ချောက်
မကျဖြစ်ခဲ့ရ၏။ မြတ်စွာဘုရားသက်တော်
ထင်ရှားစဉ်အခါလည်းဖြစ် ဘုရား၏မျက်
မှောက်၌ဖြစ်ပျက်သော အခြားအရာလည်း
ဖြစ်၍သာ ဘုရားကယ်တော်မူနိုင်သည်။
မိမိမူသဒ္ဓါလွန်နေလျှင် ကယ်မည့်သူလည်း
ှရှိမည်မဟုတ်။ တစ်ယောက်တည်းချောက်
ကျဖို့သာများပေသည်။ သဒ္ဓါလွန်ပြီးချောက်
မကျသင့်ဘဲ ချောက်ကျနေသူတွေကိုလည်း
မိမိပတ်ဝန်းကျင်တွင်အမြောက်အများတွေ့
ကြုံနေပေရာ အကျွှန်ုပ်သည် မိမိကိုယ်ကို
သတိဖြင့်ထိန်းချုပ်ဖို့ သဒ္ဓါနှင့်ပညာကိုညီမျှ
အောင်လုပ်ဖို့ကို စဉ်းစားရလေတော့သည်။
ထိုသို့ပြုလုပ်မည်ဆိုလျှင် မိမိသည် သီလ
သမာဓိ ပညာကို အားထုတ်ရပေလိမ့်မည်။
ဆန်းလွင်
ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်
လာသူတစ်ယောက်အကြောင်း
လွင်အောင် မျိုး's photo.

No comments:

Post a Comment