Kabat Ywar and Einmet Wincabar shared Fromgirlz2ladiez's post.
Fromgirlz2ladiez added 13 new photos — feeling loved.
ချစ်တို့ရေ......
ကြက်ဥလေးတစ်လုံး နဲ့ တစ်ရှူးရွက် နုနုလေးတွေရှိယုံနဲ့ မျက်နှာလေးကို အမဲစက်ကင်းစင်ပြီး တင်းရင်းလှပအောင် ပေါင်းတင်လို့ရပါပြီ။ ဘိုရိုရဲ? စိတ်ဝင်စားသွားပြီဟုတ်။

မနေ့ကချစ်တို့ကို အကြံဥာဏ်တောင်းထားတာ သဘာဝနည်းကို တောင်းဆိုကြတဲ့ ချစ်တို့ပို များနေတဲ့အတွက် သဘာဝနည်းလေးကို အရင်တင်ပေးလိုက်ပါတယ်နော်။ မိတ်ကပ်တောင်းဆိုကြတဲ့ ချစ်တို့ကလည်း စိတ်မဆိုးကြပါနဲ့နော်။ ချစ်တို့အတွက်contouring and highlighting tutorialလေးကို တနင်္ဂနွေညမှာ တင်ပေးပါ့မယ်။ အားတက်သရော comment လေးတွေ အချိန်ပေးပြီးရေးပေးကြတဲ့ ချစ်တို့အားလုံးကို တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ နှစ်ခုလုံးလို့ပြောပြီး လူလည်ကျတဲ့ချစ်တို့ကိုလည်း ကျေးဇူးတင်ပါတယ်လို့။ ဂွန်ဘာတင်တင် အားပေးပြီးသားပဲလို့ ပြောကြတဲ့ ချစ်တို့ကိုလည်း ကျေးဇူးပါနော်။ ဘာမှမရေးဘဲ တိတ်တိတ်လေးစောင့်နေကြတဲ့သူတွေကိုလည်း ကျေးဇူး။ ဟီးဟီး။ ကျေးဇူးတွေများနေပြီ။ heart emoticon heart emoticon
ဘာတင်ရမလဲစဉ်းစားရင်း ဂွန်လည်းဒီည ဆားဝက်ခြံလေးတွေထုတ်ပြီး မျက်နှာပေါင်းတင်မှာမို့ ချစ်တို့လည်း ဂွန်နဲ့အတူတူ လိုက်လုပ်လို့ရအောင်ဆိုပြီး ဒီpostလေးကို တင်လိုက်ပါတယ် ချစ်တို့ရေ။ ဂွန်အစက Geloနဲ့ ဆားဝက်ခြံကပ်ခွာ လုပ်မလို့ပါ။ ဒါပေမယ့် Gelotine ရှာမရတဲ့ ချစ်တို့ကို ကြက်ဥနဲ့ ဆားဝက်ခြံကပ်ခွာ လုပ်နည်း ပြောပြမယ်ဆိုပြီး မေ့နေတာကို ပြန်သတိရပြီး ကြက်ဥနဲ့ Tissue paperရွက်လေးတွေကို သုံးပြီး ခွာလို့ရတဲ့ maskလုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပထမဆုံးပြောပြချင်တာက ဒီနည်းလေးက အရမ်းလွယ်သလို အကျိုးကျေးဇူးလည်းများပါတယ်။ ကြက်ဥအကာရဲ့ အစွမ်းနဲ့ မျက်နှာကို တင်းရင်းလှပစေရုံမက ကြက်ဥနဲ့ တစ်ရှုးလေးတွေပေါင်းပြီး ခြောက်သွားတဲ့အခါ မာသွားပြီး ဆွဲခွာရတာ အရသာ အရမ်းရှိပါတယ်။ အဲဒီလိုဆွဲခွာလိုက်တဲ့အခါမှာလေ….အရသာရှိယုံတင်မက မျက်နှာပေါ်မှာရှိနေတဲ့ ဆဲလ်အသေတွေ၊ ချွေးပေါက်မှာ ပိတ်ဆို့နေတဲ့ အဆီတွေ၊ အဆီခဲလေးတွေ၊ အညစ်အကြေးလေးတွေကို အတောင့်လိုက် ဆွဲထုတ်ပေးတဲ့အတွက် ကြည်လင်ဖြူစင်ပြီး တင်းရင်းနေတဲ့ မျက်နှာလေးကိုရစေပါတယ်။
ကြက်ဥမှာပါဝင်တဲ့ proteinနဲ့ တခြား အာဟာရဖြစ်စေတဲ့ ဓာတ်တွေက ခန္ဓာကိုယ်ကိုယ်သာ အာဟာရဖြစ်စေတာမဟုတ်ဘဲ ဂွန်တို့ရဲ့ အရေပြားအတွက်ပါ အကျိုးရှိပါတယ်။ ကြက်ဥကို ပျားရည်၊ သံပုရာရည်၊ ပန်းသီး၊ ထောပတ်သီး၊ essential oil တွေနဲ့ရောစပ်ပြီး ပေါင်းတင်ပေးမယ်ဆိုရင်တော့ အဲဒီအသီးအနှံတွေ အဆီအနှစ်တွေကို ပိုမိုအစွမ်းထက်စေပြီး အသားအရေအတွက် ပိုပြီးထိရောက်တဲ့ အာနိသင်ကို ရရှိစေနိုင်ပါတယ်။ (ဂွန်ကတော့ ဒီနေ့ ဆားဝက်ခြံတွေလည်းရှင်းရင်း ဆွဲခွာလည်းခွာချင်တာမို့ ကြက်ဥနဲ့တစ်ရှုးကိုပဲ သုံးပြီးလုပ်ပါမယ်။ တခြားပစ္စည်းတွေပါရင် ခြောက်ဖို့ကြာပြီး ခွာရတာအဆင်မပြေတာကြောင့်ပါ)
ဒါဆို လုပ်နည်းလေး ပြောပြပါမယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့....
🍳ကြက်ဥတစ်လုံး နဲ့ မျက်နှာသုံးတစ်ရှုး အနုစား ၃- ၄ရွက်ပါပဲ။
(တကယ်လို့ ချစ်တို့က ဆားဝက်ခြံနဲ့ အသားအရေတင်းဖို့အတွက်လုပ်တာ မဟုတ်ဘူးဆိုရင်၊ ဂွန့်လို ခွာရတာလည်း ၀ါသနာမပါဘူးဆိုရင် တခြားပစ္စည်းတွေ ထည့်ပြီး လုပ်လို့ရပါတယ်။ ဂွန်ကတော့ ဂွန်ဒီနေ့လုပ်တာလေးကို အရင်ပြောပြပါမယ်။ ပြီးမှ တခြားပစ္စည်းလေးတွေနဲ့ တွဲဖက်ပြီးပေါင်းနည်းရယ်၊ ဘယ်လိုအသားအရေမျိုးအတွက် ဘာနဲ့ပေါင်းတာက ပိုအကျိုးရှိတယ်ဆိုတာ ပြောပြပါမယ်နော်။
ဒါဆို ဂွန်လုပ်တဲ့နည်းလေးအရင်ပြောပြပါမယ်။
ပထမဆုံး မျက်နှာကို အရင် သန့်နေအောင်သစ်ပါတယ်။ သစ်တဲ့နေရာမှာ ရေနွေးနွေးလေးနဲ့သစ်ပြီး ချွေးပေါက်တွေကို ဖွင့်လိုက်ပါတယ်။ တကယ်လို့ ရေနွေးနွေး (ခံနိုင်ယုံလေး) နဲ့ မသစ်တတ်ဘူးဆိုရင် ရေနွေးထဲမှာ မျက်နှာသုတ်ပုဝါစ လက်ကိုင်ပုဝါလေးကို နှစ်ပြီး နည်းနည်းအအေးခံလိုက်ပါ။ လက်မောင်းအတွင်းဖက်ကို အသားလေးတို့ကြည့်လို့ ခံနိုင်ပြီဆိုမှ အဲဒီနွေးနွေးလေးနဲ့ မျက်လုံးနေရာကလွဲလို့ ကျန်တဲ့နေရာလေးတွေကို အုပ်ပေးပြီး ချွေးပေါက်ဖွင့်လို့ရပါတယ်။ နှာခေါင်းမှာ ဆားဝက်ခြံလေးတွေရှိနေခဲ့ရင် နှာခေါင်းနေရာလေးကို အချိန်ပေးပြီး အုပ်ပေးပါ။ မျက်နှာနည်းနည်းနီလာနိုင်ပါတယ်။ ဒါပေမယ့် ခံနိုင်ယုံလောက်ပူတဲ့အပူကို သုံးထားတာမို့ ပြသနာမရှိပါဘူးချစ်တို့ရေ။
ပြီးရင်တော့ ကြက်ဥလေးတစ်လုံးကိုယူလိုက်ပါ။ ရေအေးအေးအောက်မှာ ရေဖောဖောနဲ့ဆေးပြီး လက်ဆေးဆပ်ပြာရည်လေးဖြစ်ဖြစ် ဆပ်ပြာတုံးလေးနဲ့ဖြစ်ဖြစ် ခပ်ဖွဖွ ဆပ်ပြာတိုက်ပေးပါ။ ကြက်ဥအခွံတွေမှာ ကြက်ကပါလာတဲ့ အညစ်အကြေးနဲ့ ရောဂါပိုးမွှားလေးတွေ ပါနိုင်တာမို့ ကြက်ဥကို ခွဲလိုက်တဲ့အခါ ဂွန်တို့သုံးမယ့် ကြက်ဥအကာရည်ကို ပိုးမွှားတွေပါပြီး မျက်နှာပေါ်ရောက်ကုန်မှာစိုးလို့ ကြက်ဥလေးကို ရေအရင်ချိုးပေးတဲ့သဘောပါနော်။ ဟီးဟီး။ ပြီးရင် ကြက်ဥလေးကို ရေသုတ်ပေးပြီး အလယ်ကခွဲ (😢😢)၊ အောက်က ပန်းကန်လုံးလေးခံ၊ အခွံဟိုဘက်ဒီဘက်ကို လက်ဖက်ရည်ဖျော်သလို ပြောင်းပြီးလောင်းထည့်ပေးရင်း အနှစ်နဲ့အကာနဲ့ ခွဲလိုက်ပါနော်။ ( ဒီနေရာက နည်းနည်း ပညာပါတယ်တိရား)
အနှစ်ကလေးကို ပန်းကန်သန့်သန့်လေးထဲထည့်ပြီး တစ်ခုခုလုပ်စားဖို့ ခဏသိမ်းထားလိုက်ပါနော်။ လွှင့်မပစ်ပါနဲ့။ နှမြောစရာ။ ဂွန်ကတော့ ခေါက်ဆွဲပြုတ်သောက်တဲ့ထဲ ထည့်လိုက်တယ်။ ဟီးဟီး။ အကာရည်လေးတွေကိုတော့ ဂွန်တို့မျက်နှာအတွက် သုံးပါမယ်။
ပထမဆုံးနှာခေါင်းကစပါမယ်။ brushသို့မဟုတ် ဂွမ်းလုံးလေးကိုယူပြီး ကြက်ဥအကာရည်ထဲကို နှစ်ပြီး နှာခေါင်းတ၀ိုက်ကို ရွှဲရွဲလေးသုတ်လိုက်ပါ။ ပြီးရင်တော့ Tissue ရွက်လေးတွေက နှစ်လွှာထပ်လေးကို တစ်ရွက်ချင်းဆီဖြစ်သွားအောင် ခွာထုတ်လိုက်ပါ။ ( နှစ်လွှာထပ်လုပ်လည်း သိပ်ပြီး မထူပေမယ့် ပါးပါးလေးတွေကို တစ်လွှာပြီးတစ်လွှာထပ်တာက ပိုပြီး အခြောက်မြန်ပြီး ခွာလို့အဆင်ပြေပါတယ်။ ) တစ်ရွက်ချင်းစီကို လေးပိုင်းစီ ဖြဲလိုက်ပါ။ တစ်လွှာကို လေးပိုင်းနှုန်းနဲ့ တစ်ရှုးတစ်ရွက်ကို နှစ်လွှာပါတာကြောင့် တစ်ရွက်ကို ရှစ်ပိုင်းရပါမယ်။ တစ်ရှုး ၃ ရွက် ဆိုရင် ၂၄ပိုင်း… ဒါဆိုရင် မျက်နှာတစ်ခုလုံးစာ လောက်ပါပြီ။
ပြီးရင် ခုနက ကြက်ဥအကာရည်သုတ်ထားတဲ့ နှာခေါင်းနေရာလေးမှာ ဖြဲထားတဲ့ အပိုင်းသေးလေးတစ်ခုကို စကပ်ပါ။ သူ့ပေါ်မှာ ကြက်ဥအကာရည်လေးကို ထပ်သုတ်ပါ။ နောက်တစ်ပိုင်းထပ်ကပ်ပါ။ တစ်ရှူးအပိုင်းသေးလေး ၄ရွက်လောက် နှာခေါင်းနေရာမှာ ကပ်ပြီးရင် ပါးနှစ်ဖက်မှာလည်း အဲဒီအတိုင်းလုပ်ပါနော်။ ပြီးရင် နှဖူး၊ မေးစေ့ပေါ့။ တစ်နေရာမှာ ကြက်ဥအကာရည်သုတ်လိုက် တစ်ရှူးလေးကပ်လိုက်၊ ထပ်သုတ်လိုက် အပေါ်ကထပ်ပြီး တစ်ရှုးကပ်လိုက်နဲ့ ကိုယ်လိုချင်သလောက် အထူရအောင် တည်ဆောက်ပါ။ ဂွန်ကတော့ နှာခေါင်းမှာ ၄ထပ်၊ နှစ်ဖက်မှာ ၄ထပ်စီနဲ့ နဖူးမှာ ၄ထပ်၊ မေးစေ့မှာ ၄ထပ်စီ ကပ်ပါတယ်။ သိပ်ထူရင် အခြောက်ကြာလို့ပါ။ (ဂွန့်ရဲ့ တစ်ရှုးတွေနဲ့ အလှအပကို ပုံထဲမှာရှုစားနိုင်ပါတယ်)
ပြီးရင်တော့ မိနစ် ၂၀လောက် ယပ်တောင်လေးခပ်ပြီး နေလိုက်ပါတယ်။ ခြောက်လာတာနဲ့အမျှ မျက်နှာတစ်ခုလုံးက ကြွက်သားတွေ လှုပ်လို့မရတော့ပါဘူး။ စကားပြောလို့လည်း မရအောင် တင်းလာပါလိမ့်မယ်။ အားလုံးလုံးဝခြောက်သွားပြီဆိုမှ နှာခေါင်းနေရာက စခွာပါမယ်။ ဆားဝက်ခြံတွေရှိလို့ ပါသွားစေချင်ရင် အစလေးဖော်ပြီး အဲဒီအစကိုကိုင်ပြီး ဆတ်ကနဲ့ ခွာပါနော်။ ဆတ်ကနဲမခွာလည်း အညစ်အကြေးတွေ၊ အဆီတွေနဲ့ ဆားဝက်ခြံတွေ သူ့ဘာသာပါသွားပါတယ်။ နှာခေါင်းပတ်ဝန်းကျင်ကိုပဲ မြန်မြန်ခွာပါနော်။ ကျန်တဲ့နေရာတွေကိုတော့ ဂွန့်လို ခွာရတာကြိုက်ရင် ခြောက်နေတဲ့အတိုင်းခွာပါ။ ခွာရတာနာတတ်ရင်တော့ ရေလေးဆွတ်ပြီးခွာပါနော်။ ဆံပင်လေးတွေ၊ မျက်ခုံးမွှေးလေးတွေနဲ့နီးတဲ့နေရာတွေကိုတော့ ရေနွေးနွေးလေးဆွတ်ထားတဲ့ အ၀တ်လေးနဲ့တို့ပြီး ပြန်ပျော့အောင် နှူးပြီးမှ ခွာပါ ချစ်တို့ရေ။ မဟုတ်ရင် ဆံပင်တွေကျွတ်ပြီး နာတတ်ပါတယ်။ အားလုံးခွာပြီးပြီဆိုရင်တော့ ရေနွေးစိမ်ထားတဲ့ မျက်နှာသုတ်ပုဝါစ လက်ကိုင်ပုဝါလေးကို သုံးပြီး မျက်နှာအနှံ့ တစ်ရှုးနဲ့ ကြက်ဥအကြွင်းအကျန်တွေကို သန့်စင်ပေးပါနော်။ ကြက်ဥအကာက အဆီတွေကို စုပ်ထုတ်သွားတဲ့အတွက် အသားအရေခြောက်တဲ့သူတွေမှာ အသားခြောက်သွားမှာစိုးရင် ခုနက သိမ်းထားတဲ့ ကြက်ဥအနှစ်ကို Moisturizerအဖြစ် လိမ်းပြီး ငါးမိနစ်လောက်နေပြီးမှ မျက်နှာသစ်ပါ။ အဆီပြန်တတ်တဲ့သူတွေကတော့ အကာနဲ့တင် အိုခေနေပါပြီ။ မျက်နှာသစ်ပြီးရင်တော့ ထုံးစံအတိုင်း ချွေးပေါက်တွေကို ပိတ်ပေးတဲ့အနေနဲ့ ရေအေးအေးနဲ့ ပက်ပြီး အပြီးသတ်သစ်ပေးလိုက်ပါ ချစ်တို့ရေ။ ပြီးလို့ မျက်နှာသုတ်ပြီးတဲ့အခါ အရင်ကနဲ့မတူ တင်းရင်းပြီး ဖြူဖွေးနေတဲ့ မျက်နှာလေးကို ရပါပြီ။ အဲဒီခံစားမှုလေးက တကယ်ကောင်းပါတယ်။
ပြီးရင်တော့ ဂွန်အမြဲပြောနေကျအတိုင်း Tonerလေးလိမ်းပေးပြီး Moisturizerလေးလိမ်းပေးပါနော်။ အဆီပြန်တဲ့ အသားအရေဖြစ်စေ၊ ခြောက်သွေ့တဲ့ အသားအရေဖြစ်စေ မျက်နှာသစ်ပြီးတိုင်း moisturizerလိမ်းဖို့လိုအပ်ပါတယ်။ ( အဆီပြန်တဲ့သူတွေအတွက် gel typeနဲ့ထုတ်တဲ့ moisturizerတွေရှိပါတယ်)
ဒါကတော့ ဂွန်လုပ်တဲ့နည်းပါ။ တကယ်လို့ လုပ်မယ့်လုပ် အသားအရေအတွက် ပိုအကျိုးရှိတဲ့ ပစ္စည်းတွေပါ ထည့်လုပ်ချင်တယ်ဆိုရင်တော့ အောက်မှာ ဆက်ဖတ်ပါနော် ချစ်ဆုံးတို့။
🍎ကြက်ဥနဲ့ ပန်းသီး mask
ကြက်ဥတစ်လုံးရဲ့ အကာရည်ထဲကို ပန်းသီးတစ်ခြမ်းကို အခွံခွာပြီး blenderနဲ့ ကြိတ်ထားတဲ့ အနှစ်လေးတွေကို ထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ အပေါ်က ပြောထားသလို ချွေးပေါက်လေးတွေဖွင့်ပြီး အဆင်သင့် ပြင်ဆင်ထားတဲ့ မျက်နှာလေးပေါ်မှာ လက်ချောင်းလေးတွေကို သုံးပြီး စက်ဝိုင်းပုံ ၃ မိနစ်လောက် နှိပ်နယ်ပေးပြီး ခြောက်အောင်ထားပါနော်။ ခြောက်ရင်တော့ ရေနွေးဝတ် ခံနိုင်ယုံလေးနဲ့ ပွတ်ပြီးသန့်စင်ပေးပါ။ ပြီးရင်တော့ ကျန်တာကို အပေါ်ကပြောထားတဲ့အတိုင်း အစဉ်အလာမပျက် ဆက်လုပ်ပါနော် ချစ်ဆုံးတို့။ ပန်းသီးက အရမ်းနုနယ်ပြီး အကျိုးရှိတဲ့ နောက်ထပ် exfoliator တစ်မျိုးမို့ sensitive skin typeသမားတွေ အတွက် maskအနေနဲ့သာမက အရမ်းကောင်းတဲ့ exfoliateလုပ်နည်းလေးအဖြစ်ပါ အကျိုးရှိပါတယ်။
🍯ကြက်ဥ၊ ပျားရည်နဲ့ သံလွင်ဆီ mask
ဒီနည်းကတော့ အသားအရေ ခြောက်တဲ့သူတွေအတွက်ပါ။ စိုတဲ့သူတွေက သံလွင်ဆီ(olive oil) မထည့်ပါနဲ့နော်။ ကြက်ဥတစ်လုံးရဲ့ အကာရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်းနဲ့တစ်ဇွန်းနဲ့ သံလွင်ဆီ တစ်ဇွန်းထည့်ပြီး ချွေးပေါက်တွေဖွင့်ပြီး အသင့်ပြင်ဆင်ထားတဲ့ မျက်နှာလေးမှာ လိမ်းလို့ နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ငြိမ်ငြိမ်လေးနေပြီး အခြောက်ခံပေးပါနော်။ ခြောက်ရင်တော့ ရေနွေးဝတ် ခံနိုင်ယုံလေးနဲ့ ပွတ်ပြီးသန့်စင်ပေးပါ။ ပြီးရင်တော့ ကျန်တာကို အပေါ်ကပြောထားတဲ့အတိုင်း မျက်နှာသစ်၊ အ၀တ်လဲ၊ ကျောင်းသွား….. အဲလေ….. toner, moisturizerလိမ်းပြီး စိုပြေတင်းရင်း ဖြူဖွေးနေတဲ့ မျက်နှာလေးကိုကြည့်ရင်း ကျေနပ်နိုင်ပါပြီချင့်။
🍟ကြက်ဥနဲ့ အာလူး mask
ကြက်ဥနဲ့ အာလူးက ဟင်းချက်စားရင်ပဲ အရသာရှိပြီး လိုက်ဖက်တာမဟုတ်ပါဘူး။ မျက်နှာပေါင်းတင်တဲ့နေရာမှာလည်း အရမ်းလိုက်ဖက်တဲ့ အတွဲလေးပါ။ ကြက်ဥအကာရည်ထဲကို အာလူးအနေတော်တစ်လုံးကို အခွံခွာ၊ blenderနဲ့ကြိတ်ထည့်ပြီး မွှေလို့ ချွေးပေါက်ဖွင့်ပြီးသား မျက်နှာလေးမှာ နှိပ်နယ်ပြီးလိမ်းပေးပါ။ ပြီးရင်တော့ ခြောက်အောင်ထားပြီး အပေါ်ကအတိုင်း လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်ပါလို့။ ဒီနည်းကတော့ မျက်နှာအသားအရောင်မညီသူတွေ၊ ၀က်ခြံအမာရွတ်၊ တင်းတိပ်၊ အမည်းစက်၊ မှည့်ခြောက်သမားများအတွက် အရမ်းထိရောက်တဲ့နည်းပါ။ အသားအရေကို လည်းတင်းရင်းဖြူစင်စေပြီး အာလူးအစွမ်းနဲ့ အမည်းစက်တွေ အမာရွတ်တွေကိုလည်း အမြန်ဆုံး မှိန်ဖျော့စေတဲ့ နည်းပါ။
🍐ကြက်ဥနဲ့ ထောပတ်သီး
ထောပတ်သီးက ကျန်းမာရေးအတွက်ရော အသားအရေနဲ့ ဆံပင်အတွက်ပါ ကောင်းလွန်းလို့ သဘာဝက ဖန်ဆင်းပေးတဲ့ လက်ဆောင်တွေထဲက တစ်ခုလို့တောင် ပြောကြပါတယ်။ ထောပတ်သီး တစ်ခြမ်းကို ကြက်ဥတစ်လုံးရဲ့ အကာရည်ထဲထည့်ပြီး ကြေနေအောင် ခက်ရင်းလေးနဲ့ ခေါက်ပေးပါ။ ပြီးရင်တော့ မျက်နှာအနှံ့လိမ်းပေးပြီး မိနစ်၂၀ ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ ဆေးချပြီးရင်တော့ ထုံးစံအတိုင်း ချွေးပေါက်တွေကို ပိတ်ပေးတဲ့အနေနဲ့ ရေအေးအေးနဲ့ ပက်ပြီး အပြီးသတ်သစ်ပေးလိုက်ပါ ချစ်တို့ရေ။
ပြီးရင်တော့ ဂွန်အမြဲပြောနေကျအတိုင်း Tonerလေးလိမ်းပေးပြီး Moisturizerလေးလိမ်းပေးပါနော်။ ဒါဆိုရင်တော့ ကြက်ဥက အညစ်အကြေးတွေကို ဆွဲထုတ်သွားလို့ သန့်စင်သွားတဲ့ မျက်နှာလေးမှာ ထောပတ်သီးအဆီက အာဟာရဓာတ်ဖြည့်ပေးထားတဲ့ ဖြူစင်ကြည်လင်တဲ့ မျက်နှာလှလှလေးကို မှန်ထဲမှာ မြင်ရပါလိမ့်မယ်။
ချစ်တို့ရေ….
တကယ်တော့ ဂွန်အပေါ်မှာပြောပြတဲ့ နည်းလေးတွေက ကြက်ဥလေးတစ်လုံးကို အရင်းပြုပြီး လှချင်တိုင်းလှလို့ရတဲ့ နည်းတွေထဲက တချို့ပါ။ ချစ်တို့လိမ်းနေကျ အဆီလေးတွေ၊ essential oilလေးတွေ၊ Vitamin Eလေးတွေကိုပါထည့်ပြီး ကိုယ့် အသားအရေအတွက် အသင့်တော်ဆုံး အကောင်းဆုံး maskလေးတွေကို ကိုယ်တိုင် customizeလုပ်ပြီး အသားအရေကို ဂရုစိုက်လို့ရပါတယ်နော်။ Skin ကို careလုပ်တယ်ဆိုတာ skincare အကောင်းစားတွေ ၀ယ်နိုင်မှ မဟုတ်ပါဘူး။ ခုလိုမျိုးသဘာဝနည်းလေးတွေနဲ့လည်း ဂရုစိုက်လို့ရပါတယ်။ ချစ်တို့ သုံးရမယ့် ပစ္စည်းလေးတွေကလည်း ခက်ခက်ခဲခဲရှာဝယ်ရတာမျိုးမဟုတ်ဘဲ ကိုယ့်အိမ်မှာတင်ရှိတဲ့ ပစ္စည်းလေးတွေမို့ အကုန်အကျလည်း အရမ်းသက်သာပြီး လွယ်ကူ အကျိုးရှိပါတယ်။ သဘာဝနည်းလေးတွေက အချိန်ပေးရပါတယ်။ စိတ်ရှည်ရှည်နဲ့ လုပ်ရပါမယ်။ ဒါပေမယ့် ပေးလာတဲ့ ရလဒ်က ကျေနပ်စရာကောင်းတာမို့ အချိန်ပေးသင့်ပါတယ်။ ကိုယ့်အသားအရေအတွက် အချိန်လေး နာရီဝက်လောက်မှ မပေးနိုင်ဘဲ လှပတဲ့ အသားအရေကို ရဖို့မဖြစ်နိုင်ပါဘူး။ ဒီလိုပြောလို့ ဂွန့်ကို စိတ်မဆိုးကြပါနဲ့နော်။ လှစေချင်လို့ပါ။ ဂွန်ချစ်တဲ့သူတွေကို လှစေချင်လွန်းလို့ပါ။ မျက်နှာလေးပေါင်းတင်ထားရင်း ကိုယ်လုပ်စရာရှိတာလည်း လုပ်လို့ရတာမို့ အချိန်လည်း အရမ်းမပေးရပါဘူးလို့။
နောက်တစ်ခုက အလှအပနဲ့ပတ်သက်တဲ့ ဂွန့်အမြင်လေးကို ပြောပြချင်တာပါ။ မနေ့ကတစ်နေ့ထဲမှာပဲ ညီမလေး ၃ယောက်ပို့လာတဲ့ စာလေးတွေကိုဖတ်ပြီး ဒါကို အရမ်းပြောပြချင်သွားတာပါ။ ပြောပြဖို့လည်း ညီမလေးတွေကို ခွင့်တောင်းပြီးမှ ဒီစာထဲမှာ ထည့်ရေးတာပါ။ စာလည်း သိပ်ရှည်နေပြီမို့ အတိုချုံ့လေးပဲ ပြောပြပါ့မယ်။
ဈေးသက်သာပြီး အရည်အသွေးမကောင်းတဲ့ skincareတွေသုံးမိပြီး ပျက်ဆီးသွားတဲ့ အသားအရေအတွက် ဘာလုပ်ရင်ကောင်းမလဲ ဂွန့်ကို အကြံဥာဏ်တောင်းကြတာပါ။ ဓါတ်ပုံလေးတွေပြတော့ စိတ်တောင်မကောင်းပါဘူး။ ငယ်ဂုဏ်လေးနဲ့ နုချောနေတဲ့ မျက်နှာလေးတွေကနေ မတည့်တဲ့၊ အရည်အသွေးမကောင်းတဲ့ skincareသုံးမိပြီး အဖုတွေသိပ်နေအောင်ပေါက်နေလို့ စိတ်ညစ်နေရတဲ့ ကလေးတွေကို မြင်ရတာ လွန်ခဲ့တဲ့ ၅နှစ်လောက်က ကိုယ့်ကိုယ်ကို ပြန်မြင်နေရသလိုပါပဲ။ Skincareက သိပ်ကြောက်ဖို့ကောင်းပါတယ်။ လန့်သွားလားဟင်။ ဂွန် ပြောချင်တာက နာမည်ကြီး eyeshadowမသုံးပဲလည်း လှပအောင် ခြယ်လို့ရပေမယ့် အရည်အသွေးမကောင်းတဲ့ skincare ပစ္စည်းတွေကို သုံးမိရင် သိပ်နစ်နာတယ်ဆိုတာကိုပါ။ အသိမမ တစ်ယောက်ပြောတာ ဂွန်အရမ်းသဘောကျလို့ သူ့စကားလေး တဆင့်ပြန်မျှဝေပါရစေ။ အသားအရည်ပေါ်တင်မယ့် ပစ္စည်းနဲ့ ဗိုက်ထဲထည့်မယ့်ပစ္စည်းကို ဘယ်တော့မှ အရည်အသွေးမကောင်းတဲ့ ပစ္စည်း မသုံးပါနဲ့တဲ့။ အရမ်းမှန်ပါတယ်။ အစားအသောက်ကို ခဏထားပြီး အသားအရေပေါ်တင်မယ့် မိတ်ကပ်နဲ့ skincare တွေကို ပြောပြချင်ပါတယ်။ အရည်အသွေးမကောင်းတာသုံးမိရင် ကိုယ့်အတွက် သိပ်နစ်နာပါတယ်။ ချစ်တို့တွေထဲမှာ ဈေးကြီးတဲ့ branded , standard တွေကိုသုံးနိုင်ကြတဲ့ ကိုယ်တိုင်ပိုက်ဆံရှာနိုင်နေပြီဖြစ်တဲ့ သူတွေပါသလို၊ မေမေ ဖေဖေဆီက ရတဲ့မုန့်ဖိုးလေးနဲ့ အလှပြင်ပစ္စည်းလေးတွေဝယ်စုနေရတဲ့ ကျောင်းသူညီမလေးတွေလည်းပါတာ ဂွန်သိပါတယ်။ ဂွန်ကိုယ်တိုင်လည်း အလှကြိုက်သူမို့ ဒီလိုပဲ ဖြတ်သန်းခဲ့တာမို့ ကိုယ်ချင်းစာပါတယ်။ အပြည့်အ၀နားလည်ပါတယ်။ မိတ်ကပ်ကတော့ ကိုယ် ကိုယ်တိုင်လည်း လုပ်လိမ်းလို့မရတာမို့ ပိုက်ဆံကို အဲဒီဘက်မှာ သုံးဖို့ထားမယ်ဆိုရင် အသားအရေအတွက်အရမ်းအရေးကြီးတဲ့ skincare အတွက်ကို ဈေးသက်သာပြီး အရည်အသွေးညံ့တဲ့ ပစ္စည်းတွေဝယ်သုံးမယ့်အစား သဘာဝနည်းလေးတွေနဲ့ careလုပ်ဖို့ အကြံပေးပါရစေနော်။ ( ဈေးသက်သာပြီး ကောင်းတဲ့ brand တွေအများကြီးရှိပါတယ်နော်။ အားလုံးကိုမဆိုလိုပါဘူး)
DIY maskလေးတွေလုပ်ပြီး ပေါင်းတင်မယ်၊ အသီးအနှံလေးတွေစားပြီး ရေများများသောက်မယ်၊ အိပ်ရေး၀၀အိပ်မယ်ဆိုရင် တန်ဖိုးကြီး အကောင်းစား skincareတွေ ၀ယ်မလိမ်းဖြစ်လည်း အသားအရေလေး ကျန်းမာစိုပြေပြီး လှပနေမှာပါ။ ဈေးသက်သာပြီး အရည်အသွေးနိမ့်တဲ့ skincareတွေသုံးမိပြီး အသားအရေပျက်ဆီးသွားရင် ခံစားရမယ့် နောက်ဆက်တွဲအကျိုးတွေက မတန်လွန်းလို့ ဂွန်စာတွေအရှည်ကြီးရေးပြီး ပြောပြရတာပါနော်။ မိတ်ကပ်အတွက်ကို ပိုက်ဆံပိုသုံးချင်တယ်ဆိုတာကို ဂွန်အပြည့်အ၀နားလည်ပါတယ်။ တကယ်လို့ အဲလိုဆိုရင် အသားအရေအတွက်ကိုတော့ အချိန်လေးပေးပြီး သဘာဝနည်းလေးတွေနဲ့ ဂရုစိုက်ထိန်းသိမ်းပေးဖို့ ဂွန်တောင်းဆိုပါရစေ။
ဂွန်ပြောပြချင်တာ အဲဒါလေးတွေပါချစ်တို့ရေ။ ဆရာလုပ်တာလည်းမဟုတ်ရသလို ဈေးကြီးတာသုံးနိုင်မှ ကောင်းမယ်လို့ပြောတာမျိုးလည်းမဟုတ်ရပါဘူး။ ဂွန်ကိုယ်တိုင်လည်း ကျောင်းသူမို့ လိုချင်တာတွေ ဦးဦးကောင်းဇော်ကို ပူဆာပြီး ဝယ်ခိုင်းနေရဆဲပါ။ 😁😁အိမ်ရှင်မကြီးဖြစ်လာတဲ့အတွက် သူက ဝယ်ဝယ်ဆိုတိုင်းလည်း မဝယ်ရက်တာကြောင့် ဂွန်လည်း limitနဲ့ ၀ယ်ရခြမ်းရတာပေါ့နော်။ ချွေချွေတာတာနဲ့ ကိုယ့်မျက်နှာက ဘာကိုပိုလိုအပ်နေတယ်ဆိုတာကို ဦးစားပေးစာရင်းလေးလုပ်ပြီး ကိုယ်လိုချင်တဲ့ မိတ်ကပ်လေးတွေ ပိုဝယ်နိုင်ဖို့ သဘာဝနည်းလေးတွေကူနေရသူပါ။ စာတွေအရှည်ကြီး သည်းခံဖတ်ပေးတဲ့အတွက် အားလုံးကို အာဘွားပါနော်။ ဂွန်ချစ်တဲ့သူတွေ ဂွန့်စေတနာကို နားလည်ကြမယ်လို့ယုံကြည်ပါတယ်။ မွမွ
အားလုံးပဲ ကျန်းမာစိုပြေလှပကြပါစေ။
ချစ်တဲ့
ဂွန်ဂွန်http://itking969.blogsport.com

No comments:
Post a Comment