Friday, July 10, 2015

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်

နည်းစနစ်ကျကျအတွေးအခေါ်'s photo.
ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်
သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန် ရှိ တော့ပြီး ရောဂါမှာသိသိသာသာ ပျောက်ကင်းသွား သလောက်ဖြစ်သွားသောကြောင့် အသည်းအထူး ကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်း အပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ။ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက် ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည်။
ဆေးရည်ကျိုနည်း …. ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုး အသစ်တလုံးကို ရယူပါ မြေအိုးထဲတွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက် တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက် သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။
အခေါက် တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ အရွက်အခြောက်နှင့် အပွင့်အခြောက် ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။ အရွက်ခြောက်နဲ့  အပွင့်ခြောက်အနည်း ငယ်ကိုလည်း လက်ဖက်ခြောက် ပုံစံပြုလုပ်ပြီးတော့ လည်း ဆေးအဖြစ် သောက်သုံးနိုင်ပါသေးသည် ၊
လက်ဖက်ခြောက် ခပ်သည့် ပုံစံလို လက်ဖက်ခြောက် အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်း ငယ် ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသ လိုလည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်း ထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။
Credit to mg mandalay

No comments:

Post a Comment