Saturday, July 4, 2015

လူမျိုးခြားတွေ ကြီးစိုးမှာ ကြောက်တယ်ဆိုတော့

Ba Nyer Ba Nyer's photo.
လူမျိုးခြားတွေ ကြီးစိုးမှာ ကြောက်တယ်ဆိုတော့...
ဘင်ဂါလီကို ခင်မာရီနာမည်နဲ့
နိုင်ငံသား မှတ်ပုံတင် ဖြစ်အောင် လုပ်ပေးခဲ့တာဟာ
ခင်ဗျားတို့ကြောက်နေတဲ့ ဒေါ်စုက လုပ်ပေးခဲ့တာလား။
လက်ရှိ လူကြီးအဆင့်ဆင့်က ပိုက်ဆံတွေ ယူပြီး လုပ်ပေးခဲ့တာလား။
မြန်မာနိုင်ငံ တနိုင်ငံလုံးမှာရှိတဲ့ ဗလီပေါင်း ၁၁၀၀၀ ကျော် 
ဖြစ်လာတာကရော ဒေါ်စုက ခွင့်ပြုပြီး ဆောက်မိန့်ပေးခဲ့တာလား ။
ခင်ဗျားတို့ အဘတွေက ငွေမျက်နှာကြောင့် ဆောက်ခွင့် ပြုခဲ့တာလား။
လွှတ်တော်ထဲမှာ ရောက်နေပြီး ထိုင်ခုံမှာ အကျအန ထိုင်နေတဲ့ 
ဘင်ဂါလီအမတ်တွေကရော ဒေါ်အောင်ဆန်းစုကြည်ပါတီကလား။
ခင်ဗျားတို့ အဘတွေရဲ့ ကြံ့ခိုင်ရေး ပါတီကလား။
လူမျိုးခြားတွေ ကြီးစိုးမှာ အရမ်းကြောက်နေတဲ့ ခင်ဗျားတို့က
မန္တလေး တမြို့လုံး နီးပါး တရုတ်တွေ ကြီးစိုးနေတာကိုရော မမြင်ဘူးလား။
ဒီလို အထင်ကရမြို့ကြီးကို သူတို့တွေ ကြီးစိုးခွင့် ရခဲ့တာကရော
ခင်ဗျားတို့ အဘတွေ လက်ထက်မှာလား။
ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်အုပ်ချုပ်နေလို့လား။
ဗုဒ္ဓဘာသာတို့ရဲ့ အထွဋ်အမြတ်ထားရာ လယ်တီသိမ်ကြီးကိုတောင်
ဖြိုဖျက်ခဲ့တာကရော ဘယ်သူတွေများလဲ။
သံဃာတော်တွေကို မီးလောင်ဒဏ်ရာတွေ ရစေခဲ့သလို
ဘုန်းကြီးကျောင်းတွေကို သိမ်းပြီး
ဘုန်းကြီးတွေကိုတောင် ဖမ်းဆီးထောင်ချခဲ့တာကရော 
ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တာ
ဘာသာ.သာသနာ အတွက် အလေးထားတယ်လို့ ပြောမှာလား။
အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံကနေပြီး
အဆင်းရဲဆုံး နိုင်ငံ ဖြစ်ခဲ့တာကရော ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်လို့လား။
အသုံးမကျတဲ့ ခင်ဗျားတို့ အဘတွေ အုပ်ချုပ်နေလို့လား။
နှစ်ပေါင်း ၄၀ ကျော် နေခဲ့တဲ့ အိမ်က အဘွားအိုကိုတောင်ဖမ်းဆီပြီး ထောင်ချခဲ့တာတွေ ။
ဘိုးဘွား အစဉ်အဆက်ကတည်းက လုပ်ကိုင်စားသောက်လာတဲ့ ပြည်သူတွေရဲ့မြေတွေကို 
သိမ်းဆည်းပြီး ပြည်သူကို ဒုက္ခရောက် စေခဲ့တာကရော ခင်ဗျားတို့ အဘတွေက အမျိုးကို
ချစ်လို့ပဲလား။
တရုတ်ဘက်က ကာကွယ်ပေးပြီး
ဘိုးဘွားပိုင် ကိုယ့်မြေ ကိုယ့်ရေ မြန်မာမြေပေါ်မှာ ကိုယ့်လူမျိုး အချင်းချင်းကို
နဖူးကို သေနတ်နဲ့ ပစ်သတ်စေခဲ့တာကရော မိမိတို့ နိုင်ငံသားကို 
တန်ဖိုးထားကြောင်း ပြခဲ့တာလား။
ဒါတွေကိုရော ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးခဲ့တာလား။
လက်ရှိလူကြီးတွေက အမိန့်ပေး ခိုင်းစေခဲ့တာလား။
နိုင်ငံတွင်း တိုးတက်အောင် မလုပ်နိုင်လို့
မိမိတို့ နိုင်ငံသားတွေ ပြည်ပမှာ ဒုက္ခမျိုးစုံခံပြီး လုပ်ကိုင်နေရတာတွေ။
ပြည်ပနိုင်ငံတချို့မှာ အခက်အခဲ အမျိုးမျိုးကို ဖြေရှင်းဖို့ 
ဘာသာခြားတွေနဲ့လက်ထပ်ယူထားရတာတွေ။
အချို့ လက်မထပ်ပဲ အတူတူ နေကြရတာတွေကရော 
နိုင်ငံတိုးတက်အောင် မလုပ်နိုင်တဲ့ သူတွေကြောင့်လား။ 
ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပဲလား။
ခင်ဗျားတို့ ကြောက်နေတဲ့ ဘာသာခြားနဲ့ လက်ထပ်တဲ့ ကိစ္စ။
ဒီလိုတွေ ဖြစ်နေတာကိုရော ဘယ်လို ဖြေရှင်းမှာလဲ။ 
နိုင်ငံတွင်းမှာ စီးပွားရေး အဆင်မပြေလို့ ဘာသာခြားနဲ့ လက်ထပ်ခဲ့ရသူတွေ 
အများအပြားရှိနေတာကိုရော ဘယ်လို ပြောမှာလဲ ။
ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် ကြောင့်ပဲလား။
ဒါကြောင့်..
အဘတွေ နေရာပြုတ်သွားရင် 
မိမိတို့ စားပေါက်စားလမ်းလေးလည်း ပျောက်တော့မှာပဲ ဆိုတဲ့
စိုးရိမ်စိတ်တွေနဲ့ မဟုတ်တာတွေ မရေးကြပါနဲ့။
သာသနာ ဖျက်နေတာ ဘယ်သူတွေလဲ ။
လယ်တီသိမ်တော်ကြီးရဲ့ ဓာတ်ပုံတွေက သက်သေခံရင်း
လူတိုင်းသိနေပါပြီ။
အမျိုးကို သတ်နေတာ ဘယ်သူတွေလည်း 
လက်ပန်းတောင်းတောင်မှာ မြင်ခဲ့ပြီးပါပြီ။
နှစ်ပေါင်း ၄၀ ကျော် နေခဲတဲ့ အိမ်ထဲက 
အဘွားအိုကိုတောင် ထောင်ထဲကို ထည့်နေတာကလည်း
အမျိုးကို စောင့်ရှောက်တာလို့ ပြောဦးမလို့လား။ 
ခင်ဗျားတို့ရဲ့ တဘို့ထဲပဲ ကြည့်တဲ့ စိတ်တွေနဲ့ 
ပြည်သူကို ထပ်ပြီးတော့ ဒုက္ခ မရောက်စေပါနဲ့ဗျာ။
ခင်ဗျားတို့ မဟုတ်တမ်းတရား လျှောက်ပြေနေတဲ့ ဒေါ်စုဟာ
မိသားစုလိုက် ဗုဒ္ဓဘာသာ ဖြစ်သလို
ဘုရားတရား ရိုသေကိုင်းရိုင်းတဲ့သူ
သားသမီးတွေကို ဗုဒ္ဓဘာသာရဲ့ အမွေအနှစ်ကို ခံယူစေချင်လို့ 
ကိုယ်တိုင် ရှင်ပြုပေးခဲ့သူ။
နိုင်ငံနဲ့ လူမျိုးအတွက် 
သူချစ်တဲ့ မိသားစုနဲ့တောင် အကွဲခံပြီး
အကျယ်ချုပ်တွေ အကြိမ်ကြိမ် အကျခံခဲ့တဲ့သူ။ 
အသက်နဲ့ ခန္ဓာကိုတောင် မငဲ့ပဲ 
အရာရာကို ပြည်သူအတွက်ပဲ ကြည့်နေတဲ့သူ။
ကိုရင်လေးကအစ ရိုသေတဲ့သူ
ဒီလိုလူမျိုးကြောင့် ဘယ်လိုလုပ်ပြီး
လူမျိုးနဲ့ ဘာသာပျောက်မှာလဲ။
ထမင်းစားတဲ့ ဦးနှောက်နဲ့တွေးကြည့်ကြပါဗျာ။
တကယ်တော့.. .
ခင်ဗျားတို့ ဝေဖန်ပုတ်ခတ်နေတဲ့ ဒေါ်စုဟာ
သူအတွက်သူသာ ကြည့်ခဲ့မယ်ဆိုရင် 
စစ်အာဏာရှင်တွေ အကြိုက်
သူခေါင်းတစ်ချက် ငြိမ့်လိုက်ရုံနဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ ပိုက်ဆံတွေဟာ
သူ့ရဲ့ တခြားနာမည်တစ်ခုနဲ့ အတူ နိုင်ငံခြားဘဏ်တွေထဲမှာ ရောက်ပြီးသား ဖြစ်နေမှာပါ။
အဲဒီအချိန်မှာ သူလည်းပဲ နိုင်ငံခြားမှာ ဇိမ်နဲ့ နေပြီး 
သားသမီး မြေးတွေနဲ့ အတူ ပျော်ရွှင်နေမှာပါလို့ ရေးသားရင်း
အားလုံးပဲ နားလည်နိုင်ကြပါစေ။
.....
ဘုန်းထက်ကြယ်itking969.blogsport.com

No comments:

Post a Comment