Friday, July 10, 2015

စိတ်ဓာတ်တွေ မြတ်လိုက်ကြတာ

ပြန်လည်ဝေမျှပါသည်
စိတ်ဓာတ်တွေ မြတ်လိုက်ကြတာ။
===================
မနက်စောစော ဆန်ပြုတ်လှူဖို့ သွားတိုင်း ပီတိဖြစ်စရာ ခဏ ခဏ တွေ့နေရတဲ့ မြင်ကွင်းလေး ရှိတယ်။
ဒီမနက် အလှူပြီးလို့ My Garden မှာ မနက်စာ စားဖို့ ရောက်တော့ ဖော်ပြပါပုံအတိုင်း တွေ့မြင်တာနဲ့ အနားကပ်ပြီး သေချာ သွားလေ့လာမိတယ်။
ရန်ကုန်မြို့က ခွေးတွေကို တစ်နေ့ (၃) ကြိမ် အစာလိုက်ကျွေးနေလာတာ (၁၃) နှစ် ရှိခဲ့ပြီတဲ့။
ခွေးစားဖို့ စတီးဇလုံ၊ ဟင်းအနှစ်နဲ့ နယ်ထားတဲ့ ထမင်းဇလုံကြီးတွေ၊ ကြက်သားကြော် နဲ့ ကြက်သားချက် စတာတွေနဲ့ တကယ့်ကို ကျကျနနဗျာ။
ကျနော် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ မှင်သက်မိတယ်။
အဲ့ဒီ အန်တီကိုယ်တိုင် ကားမောင်းပြီး မြို့ပတ်နေတာ တကယ့်ကို ချီးကျူးမိတယ်။
အန်တီ ဒီလို ကျွေးဖို့ အလှူငွေ နဲ့ ရပ်တည်ရတာလားလို့ ကျနော်မေးမိတော့ "ဟုတ်ဘူး... အန်တီတို့ မိသားစု အလှူပါ၊ တစ်နေ့ကို ဆန် (၄) အိတ်ခွဲ ကုန်တယ်" တဲ့။
မြတ်လိုက်တဲ့ စိတ်ထားတွေဗျာ၊ တကယ့်ကို လေးစား ဦးညွတ်မိပါတယ်။

Credit - Myint Zaw
Papawady
ချစ်စရာတိရိစ္ဆာန်ပုံလေးတွေကို ဒီမှာကြည့်နိုင်ပါတယ် heart emoticon
http://www.papawady.com/…/12-cute-dogs-heart-melting-photos…itking969.blogsport.com

No comments:

Post a Comment