အကျင့်လေးမျိုး
==========
မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား
ရဟန်းတို့ အကျင့်တို့သည် လေးမျိုးတို့တည်း။
အဘယ်လေးမျိုးတို့နည်းဟူမူ သည်းမခံခြင်းဟူသော
အကျင့်၊ သည်းခံခြင်းဟူသောအကျင့်၊ ဆုံးမခြင်း
ဟူသောအကျင့်၊ ငြိမ်းစေခြင်းဟူသော အကျင့်တို့
တည်း။
ရဟန်းတို့ သည်းခံခြင်းဟူသောအကျင့်ဟူသည်
ဤလောက၌ အချို့သောသူသည် ဆဲရေးသော
သူကို ပြန်ဆဲရေး၏။ ထိပါးသူကို ပြန်၍ထိပါး၏။
ပုတ်ခတ်သူကို ပြန်၍ပုတ်ခတ်၏။ အချမ်း၊ အပူ၊
ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်း၊ မှက်၊ ခြင်၊ လေ၊
နေပူ၊ မြွေ၊ ကင်း၊ သန်းတို့၏ ကိုက်ခဲခြင်းအတွေ့
တို့ကိုလည်းကောင်း၊ မကောင်းသဖြင့် ဆိုအပ်၊
မကောင်းသဖြင့်ရောက်လာသော စကားတို့ကို
လည်းကောင်း သည်းမခံနိုင်။ ကိုယ်၌ဖြစ်သော
ပြင်းထန်၊ ကြမ်းကြုတ်၊ စပ်ရှား၊ နာကျင်မသာယာ
ဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်
သော ဆင်းရဲဝေဒနာတို့ကို သည်းမခံနိုင်သော
သဘောရှိ၏။ ဤအကျင့်တို့ကို သည်းမခံနိုင်ခြင်း
ဟူသော အင်္ဂါဟုဆိုအပ်၏။
သည်းခံခြင်းဟူသောအကျင့်ဟူသည် ဤလောက
၌ အချို့သောသူသည် ဆဲရေးသူကိုပြန်၍မဆဲရေး။
ထိပါးသူကိုပြန်၍မထိပါး။ ပုတ်ခတ်သူကိုပြန်၍
မပုတ်ခတ်။ အချမ်း အပူ ဆာလောင်ခြင်း၊ မွတ်သိပ်
ခြင်း၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ မြွေ၊ ကင်း၊ သန်းတို့၏
ကိုယ်ခဲခြင်းအတွေ့တို့ကိုလည်းကောင်း၊ မကောင်း
သဖြင့်ဆိုအပ်၊ မကောင်းသဖြင့်ရောက်လာသော
စကားတို့ကိုလည်းကောင်း သည်းခံနိုင်၏။ ကိုယ်
၌ဖြစ်သော ပြင်းထန်၊ ကြမ်းကြုတ်၊ စပ်ရှား၊ နာကျင်၊
မသာယာဖွယ်၊ မနှစ်သက်ဖွယ်ဖြစ်သော သေလောက်
သော ဆင်းရဲဝေဒနာတို့ကို သည်းခံသောသဘော
ရှိ၏။ ဤအကျင့်ကို သည်းခံခြင်းဟူသောအကျင့်ဟု
ဆိုအပ်၏။
ဆုံးမခြင်းဟူသောအကျင့်ဟူသည်
ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့်
အဆင်း ရူပါရုံကိုမြင်သော်၊ နားဖြင့် အသံ သဒ္ဒါရုံ
ကို ကြားသော်၊ နှာခေါင်းဖြင့် အနံ့ ဂန္ဓာရုံကို
နမ်းသော်၊ လျှာဖြင့် အရသာ ရသာရုံကိုလျက်
သော်၊ ကိုယ်ဖြင့် အတွေ့ ဖောဋ္ဌဗ္ဗာရုံကို ထိသော်၊
စိတ်ဖြင့် သဘော ဓမ္မာရုံကို သိသော်၊ မိန်းမ၊
ယောက်ျား၊စသော သဏ္ဍာန်နိမိတ်ကိုစွဲယူလေ့
မရှိ၊ လက်ခြေစသော အင်္ဂါ၊ ပြုံးဟန်ရယ်ဟန်
စသော အမူအရာ၊ အမှတ်လက္ခဏာကိုစွဲယူ
လေ့မရှိ၊ အကယ်၍ မနိနြေ္ဒကိုမစောင့်စည်းဘဲ
နေလျှင် ယင်မနိနြေ္ဒကို မစောင့်စည်းခြင်း
ဟူသောအကြောင်းကြောင့် မက်မောခြင်း
အဘိဇ္ဈာ၊ နှလုံးမသာယာခြင်း ဒေါမနဿ၊
ဟူသော ယုတ်ညံ့သောအကုသိုလ်တရားတို့
သည် ထိုမစောင့်စည်းသူကိုလိုက်၍ နှိပ်စက်
ကုန်ရာ၏။ ထို့ကြောင့် ရဟန်းသည် မနိနြေ္ဒကို
စောင့်စည်းခြင်းငှါကျင့်၏။ မနိနြေ္ဒကိုစောင့်စည်း
၏။ ဤအကျင့်ကို ဆုံးမခြင်းဟူသောအကျင့်ဟု
ဆိုအပ်၏။
ငြိမ်းစေခြင်းဟူသော အကျင့်ဟူသည်
ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာ
သော ကာမ၀ိတက်ကို၊ ဗျာပါဒ၀ိတက်ကို၊ ၀ိဟိံ
သာ ၀ိတက်ကို ဖြစ်တိုင်းဖြစ်တိုင်းကုန်သော
အကုသိုလ်တရားယုတ်တို့ကို သည်းမခံ၊ ပယ်
စွန့်၏။ ပယ်ဖျောက်၏။ ငြိမ်းစေ၏။ ကင်းအောင်
ပြု၏။ တစ်ဖန်မဖြစ်ခြင်းသို့ ရောက်စေ၏။
ဤအကျင့်ကို ငြိမ်းစေခြင်းဟူသောအကျင့်ဟု
ဆိုအပ်၏။ ရဟန်းတို့ အကျင့်တို့သည် ဤ
လေးမျိုးတို့တည်းဟု မိန့်တော်မူ၏။
အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဋိပဒါဝဂ်၊
ပထမခမသုတ်နှင့် ဒုတိယခမသုတ်မှ
ကောက်နုတ်ရေးသားပါသည်။
အယ်ဒီတာတစ်ဦး
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း
၂၀၀၇ခုနှစ်၊ ဒီဇင်ဘာလ

No comments:
Post a Comment