Tuesday, July 14, 2015

ပစ္စည်းလေးပါးတို့ကိုပစ္စဝေက္ခနာမဆင်ခြင်ဘဲ

ပစ္စည်းလေးပါးတို့ကိုပစ္စဝေက္ခနာမဆင်ခြင်ဘဲ
သုံးဆောင်၍ ဆင်းရဲကြီးစွာ ခံရသောရဟန်းတို့ အကြောင်း
( လိတ္တ၀ဂ်၊ လိတ္တဇာတ် )
===================================
ပစ္စုပ္ပန်ဝတ္ထု
နတ်နှင့်တကွ လောကကိုဆုံးမတော်မူတတ်သော
သဗ္ဗညုမြတ်စွာဘုရားသည် လိတ္တံ ပရမေန တေဇသာ
အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤ
လိတ္တဇာတ်ကို ဇေတ၀န်ကျောင်းတော်၌သီတင်းသုံး
နေတော်မူစဉ် ပစ္စဝေက္ခနာမဆင်ခြင်မူ၍ ပစ္စည်း
လေးပါးကို သုံးဆောင်ခြင်းကို အကြောင်းပြု၍ ဟော
တော်မူ၏။ ထိုကာလ၌ ရဟန်းတို့သည် သင်္ကန်းအစ
ရှိသည်တို့ကိုရကုန်၍ များသောအားဖြင့်ကား ပစ္စဝေ
က္ခနာမဆင်ခြင်မူ၍ သုံးဆောင်ကြကုန်၏။ ထိုပစ္စည်း
လေးပါးတို့ကို ပစ္စဝေက္ခနာမဆင်ခြင်မူ၍သုံးဆောင်
ကုန်သော ရဟန်းတို့သည် များသောအားဖြင့်ငရဲ
တိရစ္ဆာန်အမျိုးတို့မှ မလွတ်ကုန်။ မြတ်စွာဘုရား
သည် ထိုအကြောင်းကိုသိတော်မူ၍ များစွာသော
အကြောင်းဖြင့် တရားစကားကိုဟောတော်မူ၍
ပစ္စဝေက္ခနာ မဆင်ခြင်မူ၍သုံးဆောင်ခြင်း၌အပြစ်
တို့ကို ဟောတော်မူ၍ ရဟန်းတို့ရဟန်းမည်သည်
ပစ္စည်းလေးပါးကိုရ၍ ပစ္စဝေက္ခနာမဆင်ခြင်မူ၍
သုံးဆောင်ခြင်းငှါမအပ်။ ထို့ကြောင့်ဤယနေ့မှ
စ၍ ပစ္စဝေက္ခနာဆင်ခြင်၍ သုံးဆောင်ကုန်လော
ဟု မိန့်တော်မူ၍ ပစ္စဝေက္ခနာအစီအရင်ကိုပြတော်
မူလိုရကား ဣဓ ပန ဘိက္ခဝေ ဘိက္ခု ပဋိသင်္ခါ
ယောနိသော စီဝရံ ပဋိသေ၀တိ သီတဿ ပဋိ
ဃာတာယ ဤသို့အစရှိသော နည်းဖြင့်ပါဠိကို
ထားတော်မူ၍ ရဟန်းတို့ပစ္စည်းလေးပါးတို့ကို
ဤသို့ပစ္စဝေက္ခနာဆင်ခြင်၍ သုံးဆောင်ခြင်း
သည်အပ်၏။ မဆင်ခြင်မူ၍ သုံးဆောင်သည်
ကား လတ်တလော သေစေတတ်သော အဆိပ်
ကို သုံးဆောင်သည်နှင့်တူ၏။ ရှေးသူဟောင်းတို့
သည် မဆင်ခြင်မူ၍ အပြစ်ကိုမသိမူ၍ အဆိပ်ကို
သုံးဆောင်၍ အကျိုးပေးသောကာလဟူသော
အဆုံး၌ကြီးစွာသောဆင်းရဲကို ခံရကုန်ပြီဟု
မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။
အတိတ်ဝတ္ထု
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌
ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်
ရှိသော် ဘုရားလောင်းသည် တဦးသောများစွာ
သော စည်းစိမ်ရှိသော အမျိုး၌ဖြစ်၏။ အရွယ်
သို့ ရောက်သည်ရှိသော် ကြွေအန်ကြူးသည်
ဖြစ်၏။ ထိုအခါ တယောက်သောကောက်ကျစ်
သော ကြွေအန်ကြူးသောသူသည် ဘုရား
လောင်းနှင့်တကွကြွေအန်ကြူးကစားသည်
ရှိသော် မိမိနိုင်သည်ရှိသော် ကစားပွဲကိုမဖျက်
ရှုံးသောကာလ၌ကား ကြွေအန်ကို ခံတွင်း၌
ကြွေအန်ကိုငုံ၍ ကြွေအန်ပျောက်ပြီဟုကစား
ပွဲကိုဖျက်၍သွား၏။ ဘုရားလောင်းသည်
ထိုအကြောင်းကိုသိ၍ ထိုသို့ဖြစ်စေဤအရာ
၌ လျောက်ပတ်သောအကြောင်းကို ငါသည်
သိအံ့ဟု ကြွေအန်တို့ကိုယူ၍ မိမိအိမ်၌
လတ်တလော သေစေတတ်သောအဆိပ်
ဖြင့် လိမ်းကျံ၍ အဖန်တလဲလဲ ခြောက်စေ
ပြီးလျှင် ထိုကြွေအန်တို့ကိုယူ၍ ထိုကောက်
ကျစ်သော ကြွေအန်ကြူး၏အထံသို့သွား၍
အဆွေလာလော့ ကြွေအန်ကစားကုန်အံ့ဟု
ဆို၏။ ထိုကောက်ကျစ်သောကြွေအန်ကြူး
သောသူသည် အဆွေကောင်းပြီဟု ကစား
ပွဲကို စီရင်၍ ဘုရားလောင်းနှင့်တကွကစား
သည်ရှိသော် မိမိရှုံးသောကာလ၌ထိုကြွေ
အန်ကို ခံတွင်းဖြင့်ငုံ၏။ ထိုအခါကောက်ကျစ်
သောကြွေအန်ကြူးကို ဘုရားလောင်းသည်
ထိုသို့ငုံသည်ကိုမြင်၍ ငုံလေဦးနောက်မှ
ဤကြွေအန်ကိုငုံခြင်းသည် ဤသို့ဖြစ်၏ဟု
သိရလတ္တံ့။ ဤသို့စောဒနာလိုရကား
လိတ္တံ ပရမေန တေဇသာ၊ ဂိလမက္ခံ ပုရိသော န ဗုဇ္ဈတိ။
ဂိလ ရေ ဂိလ ပါပဓုတ္တက၊ ပစ္ဆာ တေ ကဋုကံ ဘ၀ိဿတိ။
ဟူသောဂါထာကို ဆို၏။
ပရမေန၊ ထက်စွာသော။ တေဇသာ၊ အဆိပ်နှင့်။
လိတ္တံ၊ လိမ်းကျံအပ်သော။ အက္ခံ၊ ကြွေအန်ကို။
ဂိလံ-ဂိလန္တော၊ ငုံသော။ ပုရိသော၊ ကြွေအန်ကြူး
သောယောက်ျားသည်။ န ဗုဇ္ဈတိ၊ ဤကြွေအန်ကို
ဤသို့ပြု၏ဟုမသိ။ ရေ ပါပဓုတ္တက၊ ဟယ်ယုတ်မာ
သောကြွေအန်ကြူး။ ဂိလံ၊ ငုံလေဦး။ ပစ္ဆာ၊ နောက်မှ။
တေ၊ သင့်အား။ ၀ိသံ၊ အဆိပ်သည်။ ကဋုကံ၊ ထက်
သည်။ ဘ၀ိဿတိ၊ ဖြစ်လတ္တံ့။
ဤသို့ဘုရားလောင်းဆိုစဉ်ပင်လျှင် အဆိပ်၏အဟုန်
ဖြင့် မိန်းမော၍ မျက်စိတို့သည် လည်ကုန်လျက်
လည်ကုပ်ညွှတ်လျက် လည်း၏။ ဘုရားလောင်းသည်
ယခုအခါ ယုတ်မာသော ကြွေအန်ကြူးအားအသက်
အလှူကို ပေးခြင်းငှါသင့်၏ဟု နှလုံးပိုက်ပြီးလျှင်
ကောင်းစွာစီရင်အပ်သော အော့အန်စေတတ်သော
ဆေးကိုပေး၍ အန်စေပြီးလျှင် ထောပတ်၊ တင်လဲ၊
ပျား၊ သကာအစရှိသည်တို့ကိုစားစေ၍ အနာကင်း
သည်တို့ကိုပြုပြီးလျှင် တဖန်ဤသို့သဘောရှိသော
အမှုကိုမပြုလင့်ဟု ဆုံးမ၍ ဒါနအစရှိသော ကောင်း
မှုတို့ကို ပြု၍ ကံအားလျော်စွာလား၏။
ဇာတ်ပေါင်း
မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်
တော်မူပြီးလျှင် ရဟန်းတို့ ပစ္စဝေက္ခနာ မဆင်ခြင်
မူ၍ ပစ္စည်းလေးပါးတို့ကို သုံးဆောင်ခြင်းမည်သည်
ကား မဆင်ခြင်မူ၍ ပြုအပ်သောအဆိပ်ကို သုံး
ဆောင်သည်နှင့်တူသည်ဖြစ်၏ဟု မိန့်တော်မူ၍
ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိ
ကြွေအန်ကြူးသူဖြစ်ဘူးပြီ။ ဤသို့ဇာတ်ကိုပေါင်း
တော်မူ၏။
ပစ္စဝေက္ခနာ၊ မဆင်ပါ၊ လေးဖြာပစ္စည်း အဆိပ်တည်း။
ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု
လွင်အောင် မျိုး's photo.

No comments:

Post a Comment