Tuesday, July 14, 2015

လှည့်စား၍မရ

လှည့်စား၍မရ
==========
သူရမ္ဗဋ္ဌကား တိတ္ထိတို့၏တပည့်ဒကာဖြစ်၏။ သူရမ္ဗဋ္ဌ၏
သောတာပန်ဖြစ်ရန် မြင်တော်မူသော ဗုဒ္ဓသည်ဆွမ်းခံ
ကြွလာ၏။ သူရမ္ဗဋ္ဌလည်း ဗုဒ္ဓအား အိမ်ထဲသို့ပင့်၍ဆွမ်း
ကပ်၏။ ဗုဒ္ဓသည် သူ့အားတရားဟော၏။ သူကား
သောတာပန်ဖြစ်သွား၏။
ဗုဒ္ဓပြန်ကြွ၏။ ထိုအခါ မာရ်နတ်က သူရမ္ဗဋ္ဌ၏မိမိနယ်မှ
လွတ်မလွတ် စုံစမ်းလို၍ ဘုရားနှင့်တူအောင် ဖန်ဆင်း
ပြီးလျှင် သူရမ္ဗဋ္ဌ၏အိမ်တံခါးသို့ ရောက်လာ၏။ သူရမ္ဗဋ္ဌ
သည် ဘုရားရှင်ပြန်ကြွလာသည်ဟူသော အမှတ်ဖြင့်
ချဉ်းကပ်လာကာ ကြွလာခြင်းအကြောင်းကိုလျှောက်
ထားလေသော် ဘုရားအယောင်ဆောင်သော မာရ်နတ်
က
သူရမ္ဗဋ္ဌ ငါတရားဟောခဲ့စဉ်က တရားတစ်ခုကိုသတိ
မထား အမှတ်မဲ့ ဟောခဲ့မိသည်။ ခန္ဓာငါးပါးကို အနိစ္စ၊
ဒုက္ခ၊ အနတ္တဟု ဟောခဲ့မိ၏။ သို့သော် ခန္ဓာတွေအကုန်
လုံး သည်သဘောချည်းမဟုတ်။ မပျက်မစဲ ခိုင်မြဲသော
ခန္ဓာတချို့ရှိသေးသည်ဟု ဆို၏။ ကိုယ်တွေ့တရားမရှိသူ
ဆိုလျှင် ဘုရားပဲဟု အတည်ပြု၍ မရ်နတ်စကားကို
လက်ခံလိုက်မည်သာ ဖြစ်၏။ တရားကိုယ်တွေ့ဖြစ်ပြီး
ယုံကြည်ဆုံးဖြတ်ပြီးဖြစ်နေသော သူရမ္ဗဋ္ဌကား ဤအချက်
ကို လက်မခံနိုင်။ ထို့ကြောင့်စဉ်းစားသည်မှာ ဤစကား
သည် အလွန်ဝန်လေးသော စကားဖြစ်၏။ ဘုရားတို့
မည်သည် အမှု့မဲ့ အမှတ်မဲ့ဟောမှုမရှိနိုင်။ ဘုရားရှင်၏
ဆန့်ကျင်ဘက်မှာ မာရ်နတ်ဖြစ်၏။ ဤသူသည် မာရ်
နတ်ဖြစ်ရမည်ဟု စဉ်းစားပြီးလျှင်
သင် မာရ်နတ်မဟုတ်လောဟု ဆို၏။ မာရ်နတ်လည်း
မကွယ်မ၀ှက် ၀န်ခံရ၏။ ထိုအခါ သူရမ္ဗဋ္ဌက
အို မာရ်နတ်၊ သင်လို မာရ်နတ်မျိုး အရာအထောင်
မက လာဖျက်သော်လည်း ငါ၏သဒ္ဓါကို လှုပ်ရှားစေ
နိုင်မည်မဟုတ်။ မဟာဂေါတမဘုရားရှင်သည်
သဗ္ဗေသင်္ခါရာ အနိစ္စာ ကို ကြားရုံမျှမဟုတ်။ ကိုယ်တွေ့
သိသည်အထိ ဖြစ်အောင် ဟောကြားခဲ့ပြီးဖြစ်ရာ သင်
လှည့်စား၍ ရမည်မဟုတ်။ ငါ့အိမ်တံခါးမှာ မနေနှင့်တော့
ဟု နှင်သော် မာရ်နတ်လည်း ကွယ်လေ၏။ အကြောင်း
ကို ဘုရားရှင်အား လျှောက်ထားလေသော် ဤအကြောင်း
အတ္ထုပ္ပတ်အရပင် သူရမ္ဗဋ္ဌအား အဝေစ္စပသန္နဧတဒဂ်=
မတုန်မလှုပ် သက်ဝင်ယုံကြည်သူများတွင် အထူးချွန်ဆုံး
ပုဂ္ဂိုလ်အရာဖြင့် မြှောက်စားချီးကျူးတော်မူလေသည်။
သောတာပန်ပုဂ္ဂိုလ်သည် တရားကိုကိုယ်တွေ့ဖြစ်၍
တရား၌ အတည်ပြု ဆုံးဖြတ်နိုင်ခြင်းကြောင့်ပင်
၁။ ဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။
၂။ တရားတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။
၃။ သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။
၎။ အရိယကန္တသီလ = ငါးပါးသီလနှင့်ပြည့်စုံခြင်း။
ဤတရားလေးပါး ၄င်း၌ထင်ရှားရှိခဲ့သည်။ ၄င်းလေးပါး
သည် မဂ်ဖြင့်ပြီးသောကြောင့် သောတာပတ္တိယင်္ဂ =
သောတာပတ္တိမဂ်၏ အစိတ်အပိုင်းဟု ဆို၏။ ဤတရား
လေးပါးကို ဓမ္မဒါသ = တရားမှန် ဟုလည်း ဟောခဲ့၏။
လောကတွင် မှန်ကိုကြည့်သော် မိမိ၏အခြင်းအရာ
ပုံပန်းကို ဖြစ်နေသည့်အတိုင်း အမှန်သိမြင်သကဲ့သို့
ဤတရားမှန်ဖြင့် ငါအပါယ်မလားတော့ပြီ။ မဂ်ဟူသော
နိယာမဖြင့်မြဲပြီ။ အထက်မဂ်သာ ရဖို့ရှိတော့သည်ဟု
သိနိုင်၏။ ထို့ပြင်
၁။ သပ္ပုရိသ သံသေ၀ = သူတော်ကောင်းတို့ဖြင့်ပေါင်း
သင်းခြင်း။
၂။ သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားနာကြားခြင်း။
၃။ ယောနိသော မနသိကာရ = သင့်တင့်ကောင်းမွန်
အောင် စိတ်ထားခြင်း။
၎။ ဓမ္မာနု ဓမ္မပဋိပတ္တိ = မဂ်ဖိုလ်ဓမ္မအားလျော်သော
အကျင့်ကို ကျင့်ခြင်းဟု လာသော သောတာပတ္တိယင်္ဂ
တရားလေးပါးရှိသေး၏။ ထိုသောတာပတ္တိယင်္ဂတရား
လေးပါးကား သောတာပတ္တိမဂ်ရရန် ရှေ့အဖို့က
ပြည့်စုံစေရမည့် အကြောင်းအင်္ဂါများတည်း။
သာသနာတော်၌ အတည်ပြုဆုံးဖြတ်နိုင်၍ မည်သူမျှ
မလှည့်စားနိုင်အောင် ခိုင်မာသော ထောက်တည်ရာ
ရနေသော သောတာပန်၏ ဤဂုဏ်ရည်ကား အများ
လိုလား နှစ်သက်ဖွယ်ဖြစ်၍ ထိုဂုဏ်ရှင်မှာ နှစ်သက်
ဖွယ် ရတနာအစစ်ဖြစ်ပေသည်။
ဓမ္မဒူတအရှင်ပညာဇောတ
ဗုဒ္ဓဓမ္မပြဿနာများပေါင်းချုပ် ဒုတိယတွဲhttp://itking969.blogsport.com
လွင်အောင် မျိုး's photo.

No comments:

Post a Comment