Monday, July 20, 2015

မြတ်စွာဘုရားတောင်မှ မရှောင်လွှဲနိုင်တဲ့ ၀စီဒုစရိုက် အကျိုးများ

မြတ်စွာဘုရားတောင်မှ မရှောင်လွှဲနိုင်တဲ့ ၀စီဒုစရိုက် အကျိုးများ
==========================================
ဂေါတမ ဘုရားရှင်သည် ဘုရားမဖြစ်မီ အလွန်ဆင်းရဲပင်ပန်းစွာဖြင့်
တစ်ဖက်အစွန်းသို ရောက်သော ဒုက္ကရစရိယာကို (၆)နှစ်တိုင်တိုင်
ကျင့်ကြံတော်မူခဲ့ရခြင်းမှာ ဂေါတမဘုရား အလောင်းတော်သည်
ဇောတိပါလပုဏ္ဏားဘ၀၌ ကဿပဘုရားရှင်၏ ဒုက္ကရစရိယာကို
(၆)ရက်သာ ကျင့်ရုံဖြင့် ဘုရားဖြစ်တော်မူခဲ့ကြောင်း ကြားသိရစဉ်
တွင် ဒီလိုလွယ်လွယ်နဲ့ ဘုရားဖြစ်နိုင်တယ်ဆိုရင် ငါဟာ (၆)နှစ်ထိ
ကျင့်နိုင်ပါတယ်-ဟု ဘုရားရှင်၏ ဂုဏ်တော်ကို သေးသိမ်အောင်
ပြောဆိုပြစ်မှားခဲ့ပါသည်။ ထိုအကုသိုလ် ၀စီကံ၏အကျိုးဆက်
ကြောင့် ဤသို့ (၆)နှစ်ကြာ ဒုက္ကရစရိယာကို အလွန်ဆင်းရဲ ပင်ပန်း
စွာ ကျင့်ကြံတော် မူခဲ့ရခြင်း ဖြစ်ပါသည်။
စိဉ္စမာန မိန်းမယုတ်သည် ကိုယ်ဝန်သည်ယောင်ဆောင်၍
ဂေါတမမြတ်ဗုဒ္ဓအား ပရိတ်သတ်အလယ်၌ တရားခံအဖြစ်
စွပ်စွဲခံရခြင်းအကြောင်းမှာ ဂေါတမဘုရားအလောင်းတော်သည်
နုစဉ်အခါက ဗာရာဏသီပြည်တွင် ဆင်းရဲသားအရက်သမား
ဘ၀ဖြစ်ခဲ့ချိန်၌ ဆွမ်းခံရပ်နေသော ရဟန္တာမြတ် တစ်ပါးကို
အရက်မူးပြီး အမျိုးမျိုးကဲ့ရဲ့ စွပ်စွဲဆဲရေးတိုင်းထွာခဲ့သည့်
အကုသိုလ်ကံ မကောင်းမှုအပြစ်ကြီးကို ကျူးလွန်ခဲ့ပါသည်။
ထိုအကုသိုလ်ကံကြောင့် သေလွန်သော် ငရဲသို့ ကျရောက်ခဲ့
ရပြီး ငရဲမှ လွတ်ချိန်၌လည်း လူ့ဘ၀၊ နတ်ဘ၀ အမျိုးမျိုးတွင်
သူတပါးတို့၏ မတရားစွပ်စွဲဆဲရေးမှုကို အကြိမ်ကြိမ်ခံခဲ့ရ၏။
နောက်ဆုံး ဘုရား ဖြစ်တော်မူသောအခါတွင် လူပုံအလယ်၌
ဤကဲ့သို့ စိဉ္စမာန မိန်းမယုတ်၏ မတရားစွပ်စွဲမှုနှင့် ကြုံတွေ
့ခဲ့ရခြင်း ဖြစ်ပါသည်။
ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
တော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်ဘုရား၏ ဘုန်းတန်ခိုး
တော်ကြောင့် လာဘ်လာဘနည်းပါးသွားကြကုန်သော တိတ္ထိ
တို့၏ စေခိုင်းချက်အရ တပည့်မဖြစ်သူ သုန္ဒရီမိန်းမယုတ်သည်
ဘုရားရှင်အား သူမ၏ လင်ပါပဲ-ဟု စွပ်စွဲပြောဆို၊မကောင်း
သတင်းလွှင်ထုတ်ခြင်းခံခဲ့ရခြင်းမှာ အလောင်းတော်နုစဉ်ကာလ
မုနာဠိအမည်ရှိ အရက်သမားတဦးဖြစ်ခဲ့ချိန်၌ ဆွမ်းခံကြွနေသော
သုရဘိအမည်ရှိ ပစ္စေကဗုဒ္ဓါ တစ်ပါးကို မိန်းမတွေနဲ့ ပျော်ပါးလေ့
ရှိသော အလဇ္ဇီဒုဿီလ ဖြစ်သည့် ဤရဟန်းမျိုးကို မပေးကြ၊
မကမ်းကြနဲ့-ဟု ကဲ့ရဲ့ရှုတ်ချခဲ့ပါသည်။
ထိုအကုသိုလ်ကံကြောင့် အလောင်းတော်သည် အ၀ီစိငရဲသို့
ကျရောက်ခဲ့ပြီး ငရဲမှလွတ်ပြီးနောက်တွင်လည်း လူ၊ နတ် ဘဝ
အမျိုးမျိုး၌ သူတပါးတို့၏ မတရားစွပ်စွဲကဲ့ရဲ့ရှုတ်ချမှုကို ခံခဲ့ရပေ
သည်။ နောက်ဆုံးဘုရားဖြစ်တော်မူသည့်အခါ ဤကဲ့သို့ သုန္ဒရီ
မိန်းမယုတ်၏ မတရားစွပ်စွဲသတင်းလွှင့်ခြင်းကို ခံခဲ့ရခြင်း ဖြစ်
ပါသည်။
တိတ္ထိတို့သည် တပည့်မဖြစ်သူ သုန္ဒရီမိန်းမယုတ်ကို သတ်ပြီး
ဇေတ၀န်ကျော်းတော်အနီး၌ အလောင်းကို ပစ်ထားခဲ့ကြကာ
သုန္ဒရီကို ဘုရားရှင်နှင့် ရဟန်းတော်များက သတ်ပစ်တာဖြစ်ရ
မည်ဟု စွပ်စွဲခံရခြင်းမှာ ရှေးအခါက ဘုရားအလောင်းတော်
သည် ဈာန်မရသော ရသေ့တစ်ပါးဖြစ်ခဲ့စဉ်၌ ကောင်းကင်၌
ဈာန်ကြွနိုင်သော ရသေ့တစ်ပါးအပေါ် မနာလိုဖြစ်ကာ အဘိ
ဇ္ဈာ၊ ဣဿာ၊ မစ္ဆရိယ တရားဆိုးများဖြစ်လာပြီး ထိုရသေ့
အကြောင်းကို သိကြောင်း၊ ထိုရသေ့သည် ကျင့်ယုတ်သူဖြစ်၍
ကိုးကွယ်၍ အကျိုးမရှိနိုင်ကြောင်း စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချပြော
ဆိုခဲ့ပါသည်။ ထိုအကုသိုလ်ကံ၏အကျိုးဆက်ကြောင့် ယခုကဲ့
သို့ စွပ်စွဲခံရခြင်း ဖြစ်ပါသည်။
ဘုရားရှင်သည် နောက်ပါရဟန်း (၅၀၀)နှင့်အတူ ဝေရဉ္ဇာပြည်
အနီး၌ ၀ါဆိုတော်မူစဉ် တစ်ဝါတွင်းလုံး မုယောဆွမ်းကြမ်းကို
သာ ဘုဉ်းပေးတော်မူခဲ့ရခြင်းမှာ ဘုရားအလောင်း နုစဉ်ဘ၀က
မထင်ရှားသော အမျိုးသားတစ်ဦး ဖြစ်ခဲ့စဉ် ရဟန်းများ ဆွမ်းစား
နေကြသည် ကိုမြင်လျှင် အချောင်သမား ကတုံးတွေက သလေး
ဆွမ်းလို ကောင်းမွန်နူးညံ့တဲ့ ဆွမ်းနဲ့ မတော်ပါဘူး။ မုယော
ဆွမ်းကြမ်းနဲ့ပဲ ထိုက်တန်ပါတယ်-စသဖြင့် ရှုတ်ချပြောဆိုခဲ့မှု
ကြောင့် ဖြစ်ပါသည်။
ယခုဂေါတမဘုရားရှင်လက်ထက်တွင် ခုဇ္ဇုတ္တရာအမည်ရှိသော
ကျွန်မလေးတစ်ယောက်သည် အကြားအမြင် ဗဟုသုတ အရာ
တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွ့ဲကို ရရှိတော်မူသည့်အပြင်
အရှင်မ သာမာဝတီမိဖုရားအား တဆင့်ပြန်လည်ဟောပြခဲ့သည့်
တရားတော်သည် စုစုပေါင်း(၁၁၂)သုတ် ၇ှိပြီး က္ကတိဝုတ္တပါဠိတော်
ဟူသောအမည်ဖြင့် သင်္ဂါယနာတင်ရာတွင် ပါဝင်သည်အထိ ပိဋိ
ကတ်တော်တွင်စာတင်ခံရသော စံပြ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့
ပါသည်.။
ဤကဲ့သို့ မြတ်စွာဘုရားချီးမြှင်တော်မူသော “ဧတဒဂ်” ဂုဏ်ထူးဘွဲ့ 
ကို သူမအချီးအနှီးရခဲ့သည်မဟုတ်ပါ။ခါးကုန်းပြီး ရုပ်ဆိုးသော ကျွန်မ
ဘ၀ရောက်ခဲ့ရတာလဲတမင်ရောက်ခဲ့ရခြင်းမဟုတ်ပါ။ အတိတ်ဘ၀က
သူမကိုယ်တိုင် ပြုခဲ့သော ကာယကံ ၀စီကံ မနောကံ ကုသိုလ် အကု
သိုလ် အကျိုးဆက်ကြောင့်သာဖြစ်ပါသည်။ “ခုဇ္ဇုတ္တရာ ”မည်သော
သူမသည်..ပဒုမုတ္တရ မြတ်စွာဘုရားလက်ထက်တော်အခါက ပင်
ဧတဒဂ်ဆု ကိုပန်ဆင်ကာ နိတယဗျာဒိတ် ရခဲ့ပြီးသူဖြစ်ပါသည်။
ထိုကာလမှစပြီး ဘ၀တစ်သိန်းပတ်လုံး သူဌေးသမီးအဖြစ် လူ့ ပြည်မှာ
ဘ၀ပေါင်းများစွာ ၊နတ်ပြည်မှာ ဘ၀ပေါင်းများစွာ၊ ကာမသုဂတိ ဘုံတို
၌သာ အခါခါကျင်လည်ခံစားခဲ့ရပါ၏ ဤဘဒ္ဒ ကမ္ဘာမှာ ကဿပမြတ်စွာ
ဘုရား၇ှင် ပွင့်တော်မူသည့်အခါ ဗာရာဏသီပြည်တွင် သူဌေးသမီးဖြစ်ခဲ့
ရပြန်ပါသည်. ထိုသူဌေးသမီးနှင့်ခင်မင်ရင်းနှီးသော အာသဝေါကုန်ခမ်း
ပြီးနေသည့် ရဟန္တာ ထေရီတစ်ပါးသည် ညနေချမ်းအချိန်တွင် သူဌေး
သမီးဖူးမြော်ခွင့်ရစေရန် ရောက်လာပါသည်။ သူဌေးသမီးကားကြေးမုံ
ထက်တွင် အလှပြင်နေဆဲမို့ အနီးအနားမှာ ခိုင်းစေရမည့်သူ တစ်ဦး
တစ်ယောက်မှမရှိ၊ရဟန္တာ ထေရီမက မလှမ်းမကမ်းမှာ ထိုင်လိုက်သည်။
တပည့်တော်မ အလှပြင်ဆဲမို့ ဝစီကံမနောကံနဲ့ ပဲ ၇ှိခိုးပါသည်။ တပည့်
တော်မကိုသနားသဖြင့် လက်ဝတ်လက်စာ ဘူးလေးယူပေးပါဦး.ညောင်
စောင်းပေါ်က ခေါင်းအုံးအောက်မှာ ရှိပါတယ်။ရိုင်းပျကြမ်းတမ်းစွာ အမိန့် 
ပေးခိုင်းစေမျိုးလည်းမဟုတ်ပါ။ အလွန်ယဉ်ကျေးချိုသာစွာဖြင့်အကူအညီ
တောင်းသည့်သဘောမျိုးဖြင့် ခိုင်းခဲ့မိပါသည်။ ထိုအခါရဟန္တာဖြစ်တော်မူ
တဲ့ ထေရီမက သူမရဲ့ေ၇ှ့ ရေးကို ကြံဆတွေးမြင်တော့. “ဒီမိန်းကလေး
သူခိုင်းတာကိုယူမပေးရင် ငါ့ကိုစိတ်ဆိုးရန်ငြိုးဖွဲ့ ပြီး ငရဲရောက်တော့မှာပဲ။
ယူပေးပြန်ရင်လဲ သူတစ်ပါးရဲ့ ကျွန်ဘ၀ရောက်ရလိမ့်မယ်။ငရဲကျတာနဲ့ 
စာရင် ကျွန်ဖြစ်ရတာတော်ချည်းသေးရဲ့ လို့ တွေးမိပြီး သူဌေးသမီးခိုင်း
တာယူပေးလိုက်ပါသည်။ ရဟန္တာမြတ်ဖြစ်တော်မူသောသူတော်ကောင်း
တို့ မည်သည် မိမိအကျိုးထက် သူတစ်ပါးအကျိုးကို အမြဲကြည့်တတ်ပါ
သည်။ အမှတ်တမဲ့လေးခိုင်းစေမိခဲ့သော်လည်း သူမခိုင်းစေလိုက်သူမှာ
ကိလေသာပြည့်နေတဲ့ သာမန်လူမှမဟုတ်ပါဘူး။ သူမထက်မြင့်မြတ်တဲ့
သီလ သမာဓိ သိက္ခာ ပညာ နဲ့ ပြည့်စုံတဲ့ အရိယာနွယ်ဝင် ရဟန္တာဖြစ်
သောကြောင့် ဘ၀ ပေါင်း ၅၀၀ တိတိ သူတစ်ပါး၏အိမ်တွင် အခိုင်းအစေ
ကျွန်မ ဘ၀ဖြစ်ခဲ့ရရှာသည်။
ထို့အပြင် ကဿပဘုရားရှင်လက်ထက်က သံဃာများအပေါ် နှုတ်ထွက်
ကြမ်းတမ်းသောရဟန်းတစ်ပါး ထိုဘ၀မှသေလွန်ပြီးသောအခါ ၀က်နှုတ်
သီးနှင့်ရွှေကိုယ်ပြိတ္တာဖြစ်ရသော ၀တ္ထု၊ ဘုရားသားတော်ရဟန်းများအား
အလှူပေးသည်ကို ဆဲဆိုကြိမ်းမောင်း၍ ကိုယ်လုံးတီးပြိတ္တာဖြစ်ရသော
ဝတ္ထု၊ ရဟန်းသာမဏေများကို လူထွက်အောင်ကြံဆောင်၍ ကွယ်လွန်
သောအခါ ပြိတ္တာဘုံ၌ဖြစ်၍တစ်ဦးနှင့်တစ်ဦး တင်းပုတ်ဖြင့်ရိုက်နှက်နေ
ရသော ပုဏ္ဏားနှင့်ပုဏ္ဏေးမတို့ဝတ္ထု အစရှိသော ရဟန်းသံဃာတို့အား
နှုတ်ထွက်စော်ကား၍ တမလွန်ဘ၀ဆင်းရဲကြီးစွာသောအကျိုးကျေးဇူး
များ ပေတ၀တ္ထုထဲတွင်၎င်း အခြားခြားသော အဖြစ်အပျက် မြောက်များ
စွာရှိပါသည်။
မပြစ်မှားသင့်မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားခြင်းဖြင့်
မိမိရဲ့ကံတရားကို ဖြတ်တောက်ပစ်နိုင်တဲ့ ဥပစ္ဆေဒကကံအကျိုးဆိုး
တွေကို ကြုံတွေ့ရတတ်ပါတယ်။ ဆရာတော် ဒေါက်တာနန္ဒမာလာ
ဘိဝံသက ဥပစ္ဆေဒကကံနဲ့သေတယ်ဆိုတာ accidentနဲ့သေတာကို
ခေါ်တာ။ accident နဲ့သေတာမျိုးလည်း ဥပစ္ဆေဒကကံထဲမှာထည့်တယ်
နော်။ အတိတ်ဘ၀ကံကြောင့်ဖြစ်စေ၊ ပစ္စုပ္ပန်လုပ်ရပ်ကြောင့်ဖြစ်စေ
လူတစ်ယောက်မှာကြားကာလမှာ လူသတ်ခံရတယ်။ သူများရဲ့လုံ့လ
ပယောဂ၊ သူများလက်ချက်နဲ့သေတာ။ ကိုယ့်လက်ချက်နဲ့ကိုယ် suicide
လုပ်တယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်။အဲဒီလိုပုဂ္ဂိုလ်မျိုးတွေဟာ
ဥပစ္ဆေဒကကံလို့ပြောရမယ်။ တစ်စုံတစ်ခုသောအကြောင်းကြောင့်ဖြစ်
သွားတာ။ ကားတိုက်လို့သေတယ်။ ဒါလည်းဥပစ္ဆေဒကကံ၊ လောယာဉ်
ပျက်ကျလို့သေတယ်။ သင်္ဘောနစ်လို့သေတယ်။ မုန်တိုင်းတိုက်လို့သေ
တယ်။ သစ်ပင်လဲကျပြီး ပိသွားလို့ သေတယ်။ မျိုးစုံပဲ။ဥပစ္ဆေဒကကံရဲ့
ဘ၀တစ်ခုရဲ့အကြောင်းကံတစ်ခုကို ဖြတ်တောက်ပစ်လိုက်တာလို့ပြော
တာ။ ဥပစ္ဆေဒကဆိုတာ ဖြတ်တောက်ပစ်လိုက်တာ။
ထိုကဲ့သို့သော မမျှော်မှန်းနိုင်တဲ့ ကံဆိုးတွေမဖြစ်ပေါ်ရအောင် ဘာမှ
မဖြစ်လောက်တဲ့ အကြောင်းပြချက်တွေနဲ့ မစော်ကားသင့်မစော်ကား
ထိုက်တဲ့ ပုဂ္ဂိုလ်များကို မစော်ကားမိစေဖို့ မိမိတို့ရဲ့စိတ်ကို မိမိတို့ကိုယ်
တိုင် ထိမ်းသိမ်းပြုပြင်သင့်ပါတယ်။ ကိုယ်စိုက်တဲ့အပင်ကို ကိုယ်တိုင်
စားသုံးရသလို မိမိရဲ့ပြုလုပ်တဲ့ ကံတရားအတိုင်းသာ မိမိခံစားရမည်
ဖြစ်သည့်အတွက်ကြောင့် သတိတရားလက်ကိုင်ထားပြီး မိမိကိုယ်ကို
မိမိ ထိန်းကျောင်းနိုင်ကြပါစေ။
တစ်စုံတစ်ရာ အမှားပါရင် နားလည်ပေးနိုင်ကြပါရန်။
လွင်အောင် မျိုး's photo.

No comments:

Post a Comment