Monday, July 20, 2015

နည်းပညာနှင့်သတင်းစုံမျှဝေကြမယ်

4 hrs ·
နည်းပညာနှင့်သတင်းစုံမျှဝေကြမယ်'s photo.
. [Zawgyi]
By: ထွန်းထွန်း
Ref: Internet Journal
_________________
တင်သမျှဖတ်ရှုဖို့  Page ကို Like နှိပ်ထား
ပေးပါခင်ဗျ Post ကိုအခြားသူငယ်ချင်းများ
ဖတ်နိုင်မြင်တွေ့နိုင်စေရန် Like and Share
လုပ်နိုင်ပါတယ်ခင်ဗျာ
ဖတ်ရှုအားပေးခြင်းအတွက်ကျေးဇူးပါ
______________
……………………………………
. [Unicode]
အွန်လိုင်းပေါ်တွင် အပြန်အလှန် စကားပြောဆိုရင်း သီချင်း နားထောင်နိုင်သည့် Tara Talk စတင် အသုံးပြုနိုင်
အွန်လိုင်းပေါ်တွင် အပြန်အလှန် စကားပြောဆိုရင်း သီချင်းနားထောင်နိုင်သည့် Tara Talk စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါနည်းပညာကုမ္ပဏီ တည်ထောင်သူ ကိုအောင်ခိုင်ဦးက ပြောသည်။
စကားပြောနေရင်း အခြား Application အပြင်ကို ထွက်စရာမလိုဘဲ သီချင်းနားထောင်နိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
“စကားပြောနေရင်းနဲ့လည်း Application အပြင်ထွက်စရာမလိုဘဲ သီချင်းနားထောင်တာ၊ ကိုယ်နားထောင် နေတဲ့ သီချင်းကိုလည်း အခြားတစ်ယောက်နဲ့ တူတူ နားထောင်နိုင်မှာဖြစ်ပါတယ်" ဟု ပြောကြားသည်။
အဆိုပါ Tara Talk အမည်ရှိ Mobile Application ပြည်တွင်း၌ ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်ထားကြောင်း ဆိုသည်။
Sound Cloud နှင့် သဘောတူညီချက် ရယူထားကာ Sound Cloud ပေါ်ရှိ သီချင်းများ အားလုံးနားဆင် နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် Android မိုဘိုင်းဖုန်းများ အတွက်သာ ထုတ်လုပ်ထားပြီး iOS အမျိုးအစားအတွက် ဆက်လက်ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောသည်။
“လက်ရှိ စတင်အသုံးပြုနိုင်ပါ ပြီ၊ ကျွန်တော်တို့ရဲ့ Application ကို Play Store မှာရနိုင်ပါတယ်” ဟု ကိုအောင်ခိုင်ဦးက ပြောသည်။
ယင်း Application အား အသုံးပြုရန် Facebook သို့မဟုတ် Gmail ဖြင့် မှတ်ပုံတင်ကာ ဝင်ရောက်သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Application ကို မြန်မာ၊ အင်္ဂလိပ်နှင့် တရုတ် ဘာသာသုံးမျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာဖောင့်အနေဖြင့် ဇော်ဂျီနှင့် ယူနီကုဒ် နှစ်မျိုးစလုံး သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်း Application မိတ်ဆက်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်က MICT Park ၌ ကျင်းပခဲ့သည်။
By: ထွန်းထွန်း
Ref: Internet Journal

No comments:

Post a Comment