Thursday, July 23, 2015

ရုတ်တရက် စမတ်ဖုန်းတစ်လုံး ရေထဲကျသွားခဲ့ရင်

ရုတ်တရက် စမတ်ဖုန်းတစ်လုံး ရေထဲကျသွားခဲ့ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတတ်ပါတယ် ။
ဒီအတွက်မပူပါနဲ့...
ဒီနည်းလေးတွေအတိုင်း လုပ်ပေးလိုက်ပါ....
၁။ ဖုန်းပါဝါပိတ်ပါ- ဖုန်းရေထဲကျလို့ ပြန်ဆယ်ယူပြီးပြီးချင်း ချက်ချင်း ဖုန်းပါဝါ ခလုပ်ကိုပိတ်လိုက်ပါ။ ထိုသို့လုပ်ခြင်းအားဖြင့် သင့်ဖုန်းရဲ့အတွင်းပိုင်းထိcircuits တွေ ပျက်စီးသွားခြင်းကို ကာကွယ်ပေးပါတယ်။

၂။ အကုန်ဖြုတ်ပါ- ပါဝါပိတ်ပြီးရင် ဖုန်းထဲက အရာမှန်သမျှ ဖြုတ်ပါ။ ဘက်ထရီ၊ ဆင်းကတ်ဒ်နဲ့ ဖုန်းအလှဆင်တန်ဆာ( အဖုံးခွံ၊ဖုန်းကပ်ခွာ) စတာတွေကို ဖြုတ်ပစ်လိုက်ပါ။
ထိုပစ္စည်းတွေပေါ်မှာ ရေတွေ ကျန်ရစ်ခဲ့မှုမရှိစေဖို့ ဖြုတ်တဲ့အခါ အ၀တ်စ အခြောက်ကလေးကိုင်ပြီး ဖြုတ်ပါ။

၃။ လှုပ်ခါပါ- နားကြပ်ပေါက်၊အားသွင်းပေါက် သို့မဟုတ် ဖုန်းအပြင်ရှိ ခလုပ်ကြားတွေထဲ ရေတွေကျန်မနေအောင် ဖုန်းကို အသာကလေး လှုပ်ခါပါ။ အဲ့ဒီနောက် ဖုန်းအပြင်ပိုင်းရှိ ရေတွေကို ဖယ်ရှားဖို့ အ၀တ်ခြောက် သို့မဟုတ် တစ်ခါသုံးစက္ကူစ သို့မဟုတ် တစ်ရှူးစလေးဖြင့် ဖုန်းအား သုတ်ပါ။
၎။ ဖုန်းကိုဆန်ထဲမြှပ်ထားပါ- ဒီနည်းကတော့ အသုံးများတဲ့ နည်းလမ်းပါ။ လေလုံသေတ္တာငယ်တစ်ခုသို့မဟုတ် ဇစ်ပါသောအိတ်ထဲသို့ မချက်ရသေးတဲ့ ဆန်များထည့်ပါ။ ဖုန်းကို အဲ့ဒီ ဆန်ထဲသို့ထည့်ပါ။ထို့နောက် ယင်းအိတ် သို့မဟုတ် သေတ္တာကို ပိတ်ပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ ဂျုံမှုံ့၊ silica gel ထုတ်လေးတွေဖြင့်လည်း လုပ်နိုင်ပါတယ်။

၅။ စောင့်ကြည့်ပါ- ဖုန်းကို ဆန်ထဲတွင် အနည်းဆုံး ၂၄ နာရီ မှ ၄၈နာရီကြာအောင် ထားထားပါ။ အကောင်းဆုံးကတော့ ဖုန်းအလုပ်လုပ်သေးလားဆိုတာ သိရှိလိုရင်တောင် မထုတ်လိုက်ပါနှင့်။ ရေစိုတာ တအားမများရင် ဖုန်းကအလုပ်လုပ်မှာပါ။
စက်အလုပ်မလုပ်သေးရင်...

No comments:

Post a Comment