Friday, July 24, 2015

၎ ပစ္စည်း ပဌာန်းစေတီတည် နည်း

Gemini May's photo.
၂၄ ပစ္စည်း ပဌာန်းစေတီတည် နည်းလေးပါ အရမ်းကိုထူးခြားလွန်းလို့
မျှဝေပေးလိုက်ပါတယ်။
ဆုတောင်းစရာမလိုပဲပြည့်ပါတယ်။
စေတီတည်နည်းလေးကိုပြောပါမယ်
ပုံမှာပြထားတဲ့ စေတီလေးကိုအရင်ဦးဆုံး ကူးယူပြီးစာရွတ်အဖြစ်ထုတ်လိုက်ပါ ပြီးရင်
ပလပ်စတစ်လောင်းလိုက်ပါ။ပြီးလျှင် မှန်ကို A4 စာရွတ်စာအကြည်လေးတစ်ချပ်လောက်ဝယ်လိုက်ပါ ဘယ်လောက်မှမပေးရပါဘူး
တစ်ချို့မှန်ဆိုင်တွေကအလကားတောင်ပေးပါတယ်။
ပြီးရင်အဲ့ဒီစေတီစာရွတ်လေးကို အောက်ကထား အပေါ်မှာမှန်အကြည်တင်(ဖယောင်းတိုင်ထွန်းလျှင်မြင်ရအောင်)ပါ။
အပေါ်ကနေစာရွတ်ကိုထပ်လိုက်တဲ့သဘောပါ
ပြီးရင်မွေးနေ့ဖယောင်းတိုင်သေးသေးလေးတွေဝယ်လိုက်ပါ 24 တိုင်ပါတဲ့အထုတ်သေးလေးတွေရှိပါတယ် မွေးနေ့ကိတ်ပေါ်မှာထွန်းသောဖယောင်း
တိုင်လေးတွေပါ။ဘာကြောင့်ဒီဖယောင်းတိုင်သုံးရတယ်ဆိုတာ ပြီးရင်သိပါလိမ့်မယ်။
ပြီးတာနဲ့ စပြီးထွန်းပါမယ်
ဟေတု ကနေစပါမယ်
ပဌာန်းကိုအကျယ်ရွတ်ရမှာပါ
ဥပမာ
ဖယောင်းတိုင်ကိုမှန်ပေါ်ကနေ ဟေတုနေရာလေးမှာစထွန်းလိုက်ပြီး
ဟေတုပစ္စယောတိ
ဟေတူ ဟေတု သပယုတ္တကာနံ ဓမ္မာနံ တံ သမုဌာနာနဉ္ဖ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။
ဟေတုနေရာမှာသူနဲ့ပတ်သက်တဲ့ပဌာန်းအကျယ်ကို ဖယောင်းတိုင်တစ်တိုင်
မကုန်မချင်းရွတ်ရပါ့မယ် ဖယောင်းတိုင်ကုန်သွားပြီဆိုရင်
နောက်တစ်ခု
အာရမ္မဏပစ္စယော ကိုထွန်းပါမယ်
သူ့ပိုလည်းပထမလိုပဲသူနဲ့ပတ်သက်တဲ့ ပဌာန်းအကျယ်ကိုဖယောင်းတိုင်မကုန်မချင်းရွတ်ရပါမယ်
ဒီလိုပဲ အစဉ်လိုက်ရွတ်ပြီး ဖယောင်းတိုင်ကုန်သည်ထိထွန်းသွားရပါမယ် ။
အဲ့ဒီမှာ
သဟဇာတ ပြီးရင် အညမည ကိုဆက်ထွန်းပါ။
အားလုံးပြီးသွားရင် အပေါ်ဆုံးက ပုဒိအာ ဆိုတာလေးကိုတွေ့ပါမယ် အဲ့ဒီဟာလေးကို ဖယောင်းတိုင်နည်းနည်းကြီးတဲ့အလတ်စားလေးနဲ့ထွန်းပါမယ် ပဌာန်းကိုအစအဆုံးတစ်
ခေါက်ရွတ်ပေးရပါမယ် အကျယ်ပါ ။
ဒါပြီးရင်အားလုံးကိုအမျှအတန်းဝေ သာဓု ၃ ကြိမ် ခေါ်ပါ။
ပဌာန်းစေတီတည်တာပြီးပါပြီ
အနည်းဆုံး (၃ နာရီ)ကြာပါတယ်။
ရေသောက်လို့ရပါတယ် ပဌာန်းဆိုနေတဲ့အချိန်မှာ
မှတ်ချက်စေတီတည်သည်ဆိုသည်မှာ တစ်ဖြေးဖြေးချင်းကိုယ်တတ်နိုင်သလောက်
တနေ့နည်းနည်းချင်းတည်လည်းရပါသည်။
ကိုယ်တတ်နိုင်သလောက် လုပ်ပါ တစ်ထိုင်တည်းနဲ့လုပ်ပါကပိုကောင်းပါသည်ရှင့်
မရှင်းတာရှိပါက အကောင့်ပိုင်ရှင်အားမေးမြန်းနိုင်ပါသည်။
Share ပေးခြင်းဖြင့် ကုသိုလ်ယူကြပါဆို့။
ကျွှန်မလည်းတတ်နိုင်သလောက်ဖော်ပြရပါသည်။အမှားပါရင်ခွင့်လွှတ်ကြပါ။
ကျွှန်မကတော့ ကျွှန်မမွေးနေ့တိုင်းတွင် စေတီတည်ပါသည်။
ပဌာန်းမရွတ်ခင်လုပ်ဆောင်ရမှာတွေကတော့မိတ်ဆွေတို့လည်းသိမှာပါ
မေတ္တာသုတ်ရွတ်ပြီး ၃၁ ဘုံကို ပင့်ဖိတ်ရမှာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
credit to
Nay Nwe

No comments:

Post a Comment