Tuesday, July 21, 2015

သေချာဖတ်ပါနော်

Than Lwin's photo.
Than Lwin's photo.
Than Lwin's photo.
ရုပ်နာမ်ဖြစ်စဉ်သဘောတရားများကိုနားလည်သလိုတင်ပြမိခြင်း(၇)
သေချာဖတ်ပါနော်
ရုပ်နာမ်ဖြစ်စဉ်သဘောတရားတွေနားလည်လာရင်
ငါအမြင်ပျောက်လာကာဒြပ်သဏ္ဌာန်အစစ်အမှန်ကိုမြင်လာပြီး
ရုပ်နာမ်နှစ်ဖြာသင်္ခါရာကိုငါမဟုတ်ဘဲငါအမြင်စွဲနေသည့်သက္ကာယဒိဋ္ဌိဟာကွာလာပါလိမ့်မယ်
ဒီရေးနေတဲ့စာအစဉ်ဟာတကယ်တော့ဒိဋ္ဌိဖြိုချပေးနေတာနဲ့အတူတူပါပဲ
ဒါကြောင့်သေချာဖတ်ပါလို့တိုက်တွန်းနေရတာပါ
မနေ့က
ပဋိသန္ဓေယူခါစမှာရုပ်နာမ်စတင်ဖြစ်တည်ပုံကိုတင်ပြပေးခဲ့ပါတယ်
မနေ့ကဥပမာ
ဘဝဟောင်းခွေးလိမ္မာလေး နဲ့ ယ္ခုဘဝသန်းလွင်
ဘဝဟောင်းခွေးလိမ္မာအဖြစ်စုတိတယ် ခွေးရုပ်ကလာပ်ကျန်ခဲ့တယ်
ဘဝသစ်မှာသန်းလွင်ဆိုတဲ့လူဝိညာဏ်စတည်တယ်
လူသဏ္ဌာန်ရုပ်အသစ်လေးပြန်စတည်လာတယ်
ပဋိသန္ဓေဝိညာဏ်ရဲ့နာမ်သက်က
ဥပါဒ် ဋ္ဌီ ဘင်
ကမ္မဇရုပ်အသက်က
စိတ် ၁၇ ချက် ရုပ်၁သက်
မနေ့ကပဋိသန္ဓေဝီထိမှာ
ဝိညာဏ် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင်
ဒီဝီထိလေးကိုသေချာကြည့်ကြည့်ပါ
ဝိညာဏ် နောက်မှာ ဘဝင် ၁၆ ချက်ပြထားပါတယ်
အဲ့ဒါဘာကိုပြထားတာလဲဆိုရင်
ရှေ့ဆုံးဝိညာဏ်စိတ်နဲ့အတူဥပါဒ်ပြီးဖြစ်တည်လာတဲ့ ကမ္မဇရုပ်ကလေးဟာ
ဘယ်နေရာမှာသွားချုပ်တာလဲဆိုတော့
နောက်ဆုံး ၁၇ ချက်မြောက် ဘဝင်စိတ်ရဲ့ ဘင် နဲ့အတူချုပ်ပါတယ်
ဝိညာဏ်စိတ်အပါဝင် နောက်ကလာတဲ့ဘဝင်စိတ်ကလေး ၁၆ ချက် ပေါင်း စိတ်ကလေး ၁၇ ချက် ပြည့်မှ
ထိုကမ္မဇရုပ်ကလေးကပျက်ရတာပါ
နာမ်သက်မှာလည်း ဥပါဒ် ဋ္ဌီ ဘင် ရှိသလို
ရုပ်သက်မှာလည်း ဥပါဒ် ဋ္ဌီ ဘင် ရှိတာပါ
ဒါပေမယ့်ဘာကွာသလဲဆိုတော့
နာမ်သက် ၁၇ ချက် ရုပ် ၁ သက်
ဒီလိုကွာပါတယ်
အထက်ကဝီထိလေးကိုပြန်ကြည့်ပါ
ပထမစိတ်ကလေးက
ဝိညာဏ်
နောက်ဆုံးစိတ်ကလေးက ဘဝင်
ရှေ့ဆုံး ဝိညာဏ် နဲ့ နောက်ဆုံး ဘဝင် ကြားမှာ
ဘဝင်စိတ် ၁၅ ချက်ခြားနေတယ်
မနေ့ကပြောခဲ့တဲ့
ဝိညာဏ်စိတ်နဲ့ ပြိုင်တူဥပါဒ်ပြီးဖြစ်လာတဲ့ရုပ်ကလေးက
ပဋိသန္ဓေကမ္မဇရုပ်လေး(ကလလရည်ကြည်လို့ပြောခဲ့တယ်)
နောက်
ဝိညာဏ်စိတ်ရဲ့ ဋ္ဌီ အခိုက်မှာစဖြစ်လာတဲ့ရုပ်ကလေးက
ဥတုဇရုပ်ကလေးဖြစ်ပါတယ်
နောက်
ဝိညာဏ်က ဘင် ဆိုပီးပျက်သွားပြီ
ဒါဆို ထိုဝိညာဏ်နောက်က ဆက်ဖြစ်လာတဲ့စိတ်ကလေးက
ပထမဘဝင်စိတ်ကလေးလို့ခေါ်ပါတယ်
ဝိညာဏ်နောက်မှာ ဘဝင် ၁၆ ချက်ဖြစ်ရတယ်ဆိုခဲ့တယ်နော်
ဘာလို့လဲ?
ထိုဝိညာဏ်နဲ့ပြိုင်ပြီးအတူဖြစ်လာခဲ့တဲ့
ကမ္မဇရုပ်ကလေးက
စိတ် ၁၇ ချက်ပြည့်အောင်ရုပ်သက်ရှည်ရမှာမို့
ထိုရုပ်နာမ်တစ်တွဲဖြစ်စဉ်ကိုက်အောင်
ဘာဝီထိဖြစ်ဖြစ်
စိတ် ၁၇ ချက်ပြည့်အောင်ယူရပါတယ်
ယ္ခင်မြင်ဝီထိယူစဉ်ကလည်း
အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ……………………တဒါရုံ အထိ လည်းပဲ စိတ် ၁၇ ချက်တစ်ဝီထိယူရပါတယ်
အခုလည်း
ပဋိသန္ဓေယူစဆိုတော့
သန္ဓေသားလေးစတင်ဖြစ်တည်ချိန်ဆိုတာ
ဘယ်လိုလုပ်အာရုံယူနိုင်ပါအုံးမလဲ
သူ့ခမျာ
ရုပ်သစ် နာမ်သစ်လေး နှစ်ခု
လမိုင်းကပ်ဖို့အင်မတန်ကြိုးစားနေစဲအချိန်ဖြစ်နေတော့ကာ
ဒီမြင်ကြားနံစားထိသိဝီထိတွေဘယ်ယူနိုင်အုံးမလဲ
အာရုံခံစားမည့်အာယတနတွေလည်းမပေါ်သေးဘူးလေ
ဒီတော့ကာ
ဘဝသစ်စတည်တဲ့ပဋိသန္ဓေဝီထိအစလေးဟာ
ဝိညာဏ်ပြီးရင် ဘဝင်စိတ် တွေပဲဆက်ဖြစ်နေရတာပေါ့
အတိအကျပြောရရင်သန္ဓေသားလေးဟာအမိဝမ်းတွင်းမှာနေနေတဲ့စိတ်ကလေးဟာ ဘဝင် စိတ်ကလေးပါပဲ
ကျွန်တော်တို့ညခင်းအိပ်ပျော်သွားတဲ့အခါဖြစ်နေတဲ့စိတ်နဲ့တူတယ်
အိပ်နေချိန်မှာ
မျက်စေ့ နား နှာ လျှာ ကိုယ် ဒီ ၅ပါး ဟာအလုပ်မလုပ်ဘူး
အိပ်မောကျနေတဲ့စိတ်
အာရုံ ၅ပါးကိုတော့အာရုံမယူဘူး
ဒါပေမယ့်
စိတ်ကလေးတော့ဆက်ဖြစ်နေတယ်မဟုတ်လား
အိပ်ပျော်နေတဲ့အခါဖြစ်နေတဲ့စိတ်
အဲ့ဒါ ဘဝင်စိတ်ပဲ
ထိုဘဝင်စိတ်ကစိတ်အစဉ်ကိုဆက်ပေးထားတာမို့
အိပ်ယာကနိုးထလာရင်ကျန်ဝီထိစိတ်အစဉ်ပြန်ဆက်ဖြစ်သွားတယ်
ဒါကြာင့်
ဘဝင် ဆိုတာ
ဘဝ+အင်္ဂါ--->ဘဝင်္ဂ --->ဘဝင်
ဘဝစိတ်အစဉ်ကိုမပြတ်အောင်ဆက်ပေးထားတဲ့စိတ်မို့
ဘဝင်စိတ်လို့အမည်ပေးထားတာပါ
ဒါကြောင့်
အခုသန္ဓေတည်ခါစ
ပဋိသန္ဓေဝိညာဏ်လေးဟာစိတ်ဖြစ်စဉ်အရ
ဖြစ် တည် ပျက် (ဥပါဒ် ဋ္ဌီ ဘင်)ဆိုပြီး
ပျက်သွားရင်
ဘဝသစ်စိတ်အစဉ်ဆက်ရအောင်
ပထမဘဝင်စိတ်လေးဆက်ဖြစ်လာရတယ်
ဝိညာဏ် ဘဝင် ဘဝင် …………… ………… ………… နောက်ဆုံး၁၇ချက်မြောက် ဘဝင်
ဒီလိုဖြစ်နေတာပါ
အဲ့ဒီတော့
မနေ့ကနိဂုံးသတ်ခဲ့တဲ့
ဝိညာဏ်နဲ့အတူပြိုင်တူဥပါဒ်ဖြစ်လာတာက ပဋိသန္ဓေကမ္မဇရုပ်
ဝိညာဏ်ရဲ့ဋ္ဌီအခိုက်ဖြစ်တည်လာတာက ဥတုဇရုပ်
ပထမဘဝင်နဲ့ပြိုင်ဥပါဒ်လာတာက စိတ္တဇရုပ်
ဒီသန္ဓေစယူခါစပထမဆုံးစဖြစ်လာတဲ့စိတ်အစဉ် ၁၇ ချက်ရဲ့
ရှေ့စိတ် ၂ချက်မြောက်မှာ
ရုပ် ၄ပါးရှိသည့်အနက်
ကမ္မဇရုပ် ဥတုဇရုပ် စိတ္တဇရုပ်
ဒီရုပ်ကလေး ၃ပါးဖြစ်တည်လာတယ်
အာဟာရဇရုပ်ကျတော့မဖြစ်သေးဘူး
ဖြစ်လို့မရသေးဘူး
ဘာလို့လဲလို့မေးနော်
တရားတော်အရ
ဒီသန္ဓေစတည်တဲ့အခါ
ပထမံ ကလလံ ဟောတိ
ဒုတိယော အဗ္ဗုတံ လို့ဟောတာကြောင့်
သန္ဓေတည်ပြီးစ ပထမ ၇ ရက်ဟာ
ထိုစဖြစ်တည်လာတဲ့ရုပ်ကလေးဟာ
အရည်ကြည်လေးအဖြစ် ၇ ရက်နေသတဲ့
ထိုအရည်ကိုကလလရည်ကြည်လို့ခေါ်တာပါ
အဲ့ဒလိုအရည်ကြည် ၇ ရက်နေပီးရင်
နောက် ၇ ရက်ကျတော့
အမြုပ်လေးအဖြစ်ပြောင်းသွားတယ်
အမြုပ်အဖြစ် ၇ ရက်နေပီးရင်
အသားနုလေးအဖြစ်ပြောင်းသွားပြီး ၇ ရက်ထပ်နေပါတယ်
ထို ရက်သတ္တပတ် ၇ရက် ၃ပတ်နေပြီးရင်
နဲနဲမာလာတဲ့အသားမြောင်းလေးအဖြစ်ပြောင်းလာပီး သူလည်း ၇ ရက်နေပြန်တယ်
ဒါဆိုရက်သတ္တပတ် ၄ပတ်မြောက်ပြီပေါ့
ကိုယ်ဝန် တစ်လ သားလေးနော်
ဘာမှအဖြူအမဲမကွဲသေးဘူး
အသားချောင်းလေးလိုလို
အသားမြောင်းလေးလိုလို
ဗမာပုံခိုင်းက ငါးရံ့အူလေးလိုပါတဲ့
နောက်ရက်သတ္တပတ် ၅ပတ်မြောက်ကျတော့
ထိုငါးရံ့အူလေးလိုအသားမြောင်းလေးကနေ
အဖုအဝှက် ၅ခုထွက်လာတယ်
အသားမြောင်းကွေးကွေးလေးမှာ
ဦးခေါင်းဖြစ်လာစေမယ့်ခေါင်းဖု
လက်နှစ်ဖက်ထွက်လာမယ့်အပေါ်ဘယ်ညာအဖုနှစ်ဖု
ခြေထောက်နှစ်ချောင်းထွက်လာမယ့်အောက်ဘယ်ညာအဖုနှစ်ဖု
စုစုပေါင်းအဖုအဝှက် ၅ခုထွက်လာတယ်
ဒါကိုဗမာလိုခက်မ၅ဖြာထွက်လာပြီလို့ဆိုတာပါ
ကိုယ်ဝန် ၅ ပတ်မှာနော်
အဲ့ဒီအချိန်ကျတော့
ဒီသန္ဓေသားလောင်းလေးကအတန်အသင့်ရင့်လာပီ
ခံနိုင်ရည်ရှိလာပြီဆိုတော့
ိမိခင်ဝါးမြိုစားသောက်လိုက်တဲ့အာဟာရဓါတ်တွေဟာ
သန္ဓေသားမှာဆက်စပ်ထားတဲ့ချက်ကြိုးကတစ်ဆင့်ဝင်ခွင့်ပေးလိုက်တော့တယ်
ဒါသန္ဓေ ၅ပတ် ၆ပတ်မြောက်မှနော်
ရှေ့ ၄ပတ်သားလောက်မှာအာဟာရဝင်ခွင့်မရဘူး
သူ့သဘာဝကအလိုလိုဖြစ်နေတာနော်
အံ့သြစရာဗျ
ရှေ့လေးပတ်မြောက်သန္ဓေသားက
အရည် အမြုပ် အသားနု အသားမြောင်းလေးမျှသာဆိုတော့
အလွန်နုနယ်လွန်းတဲ့အချိန်
အဲ့အချိန်အာဟာရဓါတ်ဝင်သွားကြည့်ပါလား
ထိုသန္ဓေရုပ်တရားလေးဟာမခံနိုင်ဘူး
ပျက်ကျသွားဖို့ ရာနှုန်းပြည့်ပဲ
ဥပမာ
ပဲစေ့ကိုရေစိမ်လိုက်လို့အညှောက်စထွက်ခါစ
မြေကြီးထဲကိုအမြစ်မတွယ်မိခင်အချိန်
ရွက်နုသားလောင်းလေးနှစ်ခြမ်းကွဲခါစမှာ
အပင်မြန်မြန်ဖြစ်လာအောင်မြေသြဇာဆီသွားလောင်းလိုက်သလိုပေါ့
အပင်အားကောင်းစေမယ့်အာဟာရမှန်သော်လည်း
ထိုအပင်သားလောင်းလေးကခံနိုင်ရည်မရှိသေးတော့ချက်ချင်းသေသွားလိမ့်မယ်
ဒီသဘောပါပဲ
ကိုယ်ဝန် ပထမ ၄ပတ်အတွင်း
အာဟာရဓါတ်ဝင်မရသေးတော့
အဲ့ဒီ ပထမ ၄ပတ်အတွင်းမှာဖြစ်တည်နေတဲ့သန္ဓေသားရုပ်ကလေးဟာ
ကမ္မဇရုပ် ဥတုဇရုပ် စိတ္တဇရုပ်
ဒီရုပ်သုံးမျိုးနဲ့နေနေတာပါ
အဲ……… သန္ဓေ ၅ ပတ် ၆ ပတ် ကျမှ
ဟိုချက်ကြိုးလေးကအာဟာရဓါတ်ဝင်ခွင့်ရလာပြီဆိုတော့
ဒီခက်မ ၅ဖြာကလည်း တစ်နေ့ တစ်နေ့ ကြီးထွားနှုန်းဟာမြန်လာပါတယ်
အဲဒီအချိန်မှာ
သန္ဓေသားလေးမှာ
ရုပ်အားဖြစ်စေမယ့်
ကမ္မဇရုပ် ဥတုဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ် ဆိုတဲ့
စတုသမုဋ္ဌာန်ရုပ် ၄ ပါးပြည့်စုံသွားတာမို့
သန္ဓေသားကြီးထွားနှုန်းမြန်ဆန်လာပါတော့တယ်
ဟိုသန္ဓေစယူခါစပထမပတ်လေးဟာ
အိုး………
နာမ်လေးကလည်းအားနဲ
ရုပ်လေးကလည်းအားနဲ
တောကြီးမျက်မဲထဲမှာမျက်စေ့လည်လမ်းမှာသွားနေတဲ့လူနှစ်ယောက်လိုပေါ့
တစ်ယောက်နဲ့တစ်ယောက်
အတင်းအဖော်လုပ်နေရတာမျိုး
အတူသွားအတူစားအတူနေ
ဒါက သဟဇာတ လို့ဆိုတာ
အချင်းချင်းလည်းအပြန်အလှန်စိတ်မွေးထားရတာ
ဒီတောထဲမှာငါတို့နှစ်ယောက်ထဲနော်ငါတို့အချင်းချင်းညီညွတ်နေမှဟ
ဒါက အညမညပေါ့
မင်းဖြစ်ငါကူမယ်နော်
ငါဖြစ်မင်းကူမှကွ
ဒါကအချင်းချင်းမှီခိုအားထားနေတာ
နိဿယ ပေါ့
ငါတို့တစ်ယောက်နဲ့တစ်ယောက်မပျောက်စေနဲ့နော်မျက်စေ့ဒေါက်ထောက်ကြည့်နေမှ
တစ်ယောက်နဲ့တစ်ယောက်မျက်စေ့အောက်ကအပျောက်မခံကြတော့ဘူး
အမြဲမြင်နေမှဆိုတော့
ဒါအတ္ထိ ကိုပြောတာ
အကူညီလိုရင်လှမ်းခေါ်လိုက်လေဆိုပြီးတစ်ခြားတစ်နေရာမှာသွားနေတာမျိုးမဟုတ်ဘူး
လက်တွေ့မျက်တွေ့အပျောက်မခံနေနေကြတဲ့သဘော
အဲ့ဒါ အတ္ထိပဲ
ဒါဆိုသူတို့နှစ်ယောက်
ကောင်းအတူ ဆိုးအတူ
ဘာလာလာအတူဖြေရှင်းဖို့ခံယူထားကြပြီ သဘောတူထားကြပြီဆိုတော့
သူတို့နှစိယောက်ကင်းလို့ရပါတော့မလား?
ကင်းကင်းရှင်းရှင်းသွားနေလို့မရတော့ဘူး
ဒီလိုမကင်းရာမကင်းကြောင်းအခြေအနေရောက်နေတာပေါ့
အဲ့ဒါ အဝိဂတပါပဲ
ကဲ………ပဋိသန္ဓေယူခါစအခိုက်
နာမ် နဲ့ ရုပ် ကလေးတွေရဲ့
အချင်းချင်းဖြစ်တည်နေရတဲ့အနေအထားလေးတွေကို
နားလည်သလောက်ရှင်းပြပေးနေမိတာပါ
စတုသမုဋ္ဌာနရုပ်လို့ဆိုတဲ့
ကမ္မဇရုပ် ဥတုဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ် လေးတွေဘယ်အခါမှာဖြစ်တည်လာကြသလဲဆိုတာလေးကိုတင်ပြရင်း
ဒီနေ့တော့ဒီမျှသာ
နောက်နေ့မှ
သန္ဓေစတည်ခါစကလလအရည်ကြည်မှာဘာရုပ်ကလာပ်ကလေးတွေပါဝင်နေတာလဲဆိုတာဆက်လက်တင်ပြပေးပါ့မယ်

No comments:

Post a Comment