Monday, July 20, 2015

• တရားအားထုတ်တယ်ဆိုတာ ဘာလဲ?

7 hrs ·
ရွှေဥမင် ဓမ္မသုခ တောရရိပ်သာ စာသင်တိုက်.မင်္ဂလာဒုံ's photo.
• တရားအားထုတ်တယ်ဆိုတာ ဘာလဲ?
• ဘယ်လို အားထုတ်ရသလဲ?
• ဘယ်လို စိတ်ထား ဘယ်လိုသဘောထားနဲ့ အားထုတ်မလဲ?
- တရားအားထုတ်တာ ဘာလုပ်တာလဲ?
စောင့်ကြည့်တာနော်၊
ဘာဖြစ်လို့ စောင့်ကြည့်တာလဲ?
ဒီရုပ်တွေ စိတ်တွေကို ဘာဖြစ်လို့ စောင့်ကြည့်တာလဲ?
သိချင်လို့ ၊
• အဲဒီတော့ တရားအားထုတ်တာကို အရင်ဆုံး
အဓိပ္ပါယ်ဖွင့်ဆိုချက်(definition) အရင်ဖွင့်မယ်။
တရားအားထုတ်ခြင်း (meditation)ဆိုတာ ဘာလဲ?
စဉ်းစားကြည့်မယ်လေ။
ထိုင်ပြီးတော့ မျက်လုံးမှိတ်ပြီးတော့ တစ်ခုခုကို
အာရုံစိုက်တာ တရားအားထုတ်တာလား၊
တရားအားထုတ်မယ်ဆိုရင် ဘယ်လို လုပ်နေကျလဲ၊
မျက်စိမှတ်ပြီး အာရုံတစ်ခုခုကို စိုက်နေရင်
တရားအားထုတ်တယ်လို့ ထင်ကြတယ်နော်။
• အမှန်က အဲဒါ အာရုံပြုတယ်(payattention)လို့ပဲ ခေါ်မယ်။
စူးစိုက်မှု(concentrate)လုပ်တယ်ပဲ ခေါ်မယ်။
အာရုံစိုက်တာပဲ ခေါ်မှာပေါ့။ တရားအားထုတ်တဲ့
အဆင့်မရောက်သေးဘူး၊
ဒါကို နိုင်ငံခြားသားတစ်ယောက် ပြောတာက အဲဒါ
တရားအားထုတ်တဲ့ အစိတ်အပိုင်းတစ်ခုတဲ့။
ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ တရားအားထုတ်တဲ့
အဆင့်ထိတော့ မရောက်သေးဘူး၊
• အဲဒီတော့ တရားအားထုတ်တယ်ဆိုတာကို အရင်ဆုံး
တို့တစ်တွေ သဘောပေါက်ရမယ်။
တရားအားထုတ်တယ်ဆိုတာ စိတ်အလုပ်သက်သက်ပဲ။
စိတ်နဲ့လုပ်ရတဲ့အလုပ်။ စိတ်အလုပ်ပဲ။
• အဲဒီတော့ လူတိုင်းမှာ ကောင်းတဲ့စိတ်
မကောင်းတဲ့စိတ် မရှိဘူးလား။
• ကိုယ့်ဆီမှာ ရှိပြီးသား ကောင်းတဲ့စိတ်တွေကို မွေးတာ
အားကောင်းလာအောင် ပြုစုပျိုးထောင်တာကို
တရားအားထုတ်တယ်လို့ ပြောမှ မှန်တယ်။
တရားအားထုတ်တာကြာလာပြီဆို အဲဒီလူ ဘာဖြစ်မလဲ၊
ပြောင်းလာရမှာပေါ့။ စိတ်ကောင်းသထက် ကောင်းလာရမှာပေါ့။
• သတိ၊သမာဓိ၊ဝီိရိယ၊သဒ္ဓါ ၊ပညာဆိုတဲ့ ဗိုလ်ငါးပါးတွေ
အားကောင်းလာအောင်လုပ်တာ တရားအားထုတ်တာပဲ၊
• နောက်-မေတ္တာ ၊ကရုဏာ၊မုဒိတာ၊ ဥပေက္ခာဗြဟ္မစိုရ်တရား
လေးပါးတွေ အားကောင်းလာအောင်လုပ်တာလည်း
တရားအားထုတ်တာပါပဲ။
• အ.လောဘ၊အ.ဒေါသ၊ အ.မောဟ တွေ အားကောင်း
လာအောင်လုပ်တာလည်း တရားအားထုတ်တာပဲ။
• အဲဒီတော့ စိတ်အလုပ်ဆိုတာ ပေါ်တယ်။
ရုပ်အလုပ် မဟုတ်ဘူး၊ အာရုံရဲ့ အလုပ်မဟုတ်ဘူး။
အာရုံက ကုသိုလ်လား ၊ အကုသိုလ်လား၊
အရေးမကြီးဘူး၊ အာရုံက ဘာမှ မလုပ်ဘူး။
ကုသိုလ်စိတ်ဖြစ်အောင် ဘာလုပ်မလဲ?
စိတ်ဘက်က အလုပ်လုပ်ရမှာ၊ ဒါကို အရင်
သိထားမှ တရားအားထုတ်တယ်ဆိုတာ
နည်းနည်းသဘောပေါက်လာမယ်။
အရှင်တေဇနိယ (ရွှေဥမင်ကမ္မဋ္ဌာနာစရိယဆရာတော်)

No comments:

Post a Comment