Thursday, July 23, 2015

၆၈ကြိမ်မြောက်အာဇာနည်နေ့(၁၉၄၇)


Shan Lay's photo.
၁၉ ဇူလိုင် . ဒီးဒုတ်ဦးဘချို မြောင်းမြသား အမျိုးသားကျောင်းရဲ့ ကျောင်းအုပ်ကြီး ဒါ ကျုပ်တို့ နိုင်ငံ ကျုပ်တို့နိုင်ငံရဲ့အရေးဟာ ကျုပ်တို့အရေးပဲ တိုင်းပြည်လွတ်မြောက်ဖို့ နိုင်ငံသားတိုင်း နိုင်ငံရေးကိုစိတ်ဝင်စားကြရမယ် နိုင်ငံရေးကို လုပ်ကြရမယ် . သခင်မြ . ပြည်မြို့အနောက်ဘက်က ထုံးဘိုသား ကျုပ်နိုင်ငံ ကျုပ်လူမျိုးလွတ်လပ်ဖို့အတွက် ဆိုရင် ကျုပ်က ဘာပဲလုပ်ရ လုပ်ရ လုပ်မယ့်သူဗျ ခေါင်းဆောင်ဆိုတာ ကိုယ်အသာယူသလောက် တိုင်းပြည် နာတယ်ဗျ . ဦးရာဇတ် . မန္တလေး အမျိုးသားအထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး ဒီမယ် ပညာရေးချို့တဲ့ရင် တိုင်းပြည်ချို့တဲ့တယ် ပညာရေးကောင်းမှ တိုင်းပြည်ကောင်းမယ် ပညာရေးဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့အဓိကအကျဆုံး သံယဇာတပဲ . ဦးဘဝင်း . ကိုအောင်ဆန်းကို သခင်အောင်ဆန်းဖြစ်ဖို့ သခင်အောင်ဆန်းကို ဗိုလ်ချုပ်အောင်ဆန်းဖြစ်ဖို့ နိုင်ငံသူရဲကောင်းဖြစ်ဖို့ ပထမဆုံး လေ့ကျင့်ပေးခဲ့ရတဲ့ အစ်ကိုကြီး ကိုယ်နိုင်ငံထဲမှာရှိတဲ့ သယံဇာတအရင်းအမြစ် တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုယ့်နိုင်ငံသား ကိုယ့်တိုင်းရင်းသားလက်ထဲမှာပဲ ထားရမယ် ဒီလိုမဟုတ်ဘဲ တိုင်းတစ်ပါးလက်ထဲမှာ ထိုးထည့်ထားလို့ကတော့ လွတ်လပ်ရေး ရလည်းဘာထူးမှာလဲ . မန်းဘခိုင် . ဗမာတွေ လက်အောက်ရောက်တာဟာ တိုင်းတစ်ပါး လက်အောက်ရောက်တာထက် အများကြီးသာသေးပါတယ်လို့ ကရင် - ဗမာ ချစ်ကြည်ရေး ပျက်ပြားအောင် သွေးထိုးတဲ့ အင်္ဂလိပ်တွေစကားကို တစ်ခွန်းတည်းနဲ့ ဖြေရှင်းခဲ့တဲ့ ဖထီး . မိုင်းဘွန်စော်ဘွာကြီး စပ်စံထွန်း . အပစ်ခံရတာချင်း အတူတူ ဗိုလ်ချုပ်တို့ ဘယ်လိုနေသေးတုံးတဲ့ ကျုပ်အသက်ရှင်ဖို့ထက် ဗိုလ်ချုပ်တို့ အသက်ရှင်ဖို့ကပိုပြီး အရေးကြီးပါတယ်လို့ပြောသွားခဲ့တယ် . ဦးအုန်းမောင် . လူတွေက တိုင်းပြည်ကို ချစ်တယ် ချစ်တယ်လို့ သိပ်ပြောကြတယ် တိုင်းပြည်အတွက် ဘယ်လောက် ထိလုပ်ပြီးပြီလဲ တကယ်တော့ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သူက အများစုပါ အများအကျိုးဆောင် ရွက်တဲ့ ဗိုလ်ချုပ်လို လူမျိုးကတော့ ရှားမှရှားပါဗျာ . ရဲဘော်ကိုထွေး . လူငယ်တွေကိုပြောချင်တာ သေဆုံးခြင်း ရှင်သန်ခြင်းထက် တိုင်းပြည်အတွက် အဓိပ္ပာယ် ရှိရှိနေထိုင်ခြင်းကသာ လူ့တန်ဖိုးဗျ တိုင်းပြည်တည်ဆောက်ရေးမှာ လူငယ်တွေ ပါဝင်ရမယ် . ဗိုလ်ချုပ်အောင်ဆန်း . တစ်မျိုးသားလုံးအရေးကို ရင်ထဲထည့်ခဲ့တယ် ဗိုလ်ချုပ် ငါပြည်သူအနွေးထည်မဝတ်နိုင်တာဟာ ငါ့အပြစ်ဆိုတဲ့ ဗိုလ်ချုပ် သားကိုတွေ့ချင်လွန်းလို့ လာတဲ့မိခင်ကို တိုင်းပြည်အရေးကြောင့် မချစ်ချင်ယောင်ဆောင် မိခင်အိမ်အပြန် ရထား ထွက်တော့မှ စင်္ကြန်မှာ ဒူးထောက်ရှိခိုးရင်း ငိုတဲ့ ဗိုလ်ချုပ် သူ့နှလုံးသာကို အကျဉ်းချပြီး တစ်တိုင်းပြည်လုံး လွတ်လပ်ဖို့ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ် တစ်ဘဝလုံး စတေးခဲ့ပေမယ့် ဇူလိုင် ၁၉ မှာပြန်ရခဲ့တာ ကျဉ်ဆန် ၁၃ ချက် * *

No comments:

Post a Comment