Friday, July 24, 2015

ရွှေတိုင်းဒေသ စစ်ကိုင်းမြေမှ ကြိုဆိုလျက်ပါ

လာခဲ့စေချင်သည်
ဇေယျာရွှေပြည်
ဧရာရစ်ဝိုင်း ရွှေစစ်ကိုင်းမြို့
ကျွန်တော်တို့ဋ္ဌာနီ
"အသင်္ခယာစောယွန်း အသျှင်မင်းမြတ်ကြီး"
တည်ထောင်တော်မူခဲ့သော ရွှေပြည်ဇေယျာ
စစ်ကိုင်းမြို့တည် ၊ နန်းတည်
အနှစ်(၇၀၀)ပြည့်ပွဲတော်ကြီး
ကြီးကျယ်ခမ်းနား၊စည်ကားသိုက်မြိုက်စွာ
ကျင်းပပါတော့မည် ။
ဂုဏ်ယူဝင့်ကြွားစွာ အတူပါဝင်ဆင်နွှဲကြဖို့
ဖိတ်မံတက ပြုလိုက်ရပါသည် မိတ်ဆွေအပေါင်းတို့ ။
ကျင်းပမည့်ရက် - ၂၀၁၅ - ဇူလိုင် - ၂၆ , ၂၇ , ၂၈ ။
ကျင်းပမည့်နေရာ - စစ်ကိုင်းမြို့တည်နန်းတည် ၊
နှစ် (၇၀၀)ပြည့်ကွင်း ။
သံတံတိုင်း - စစ်ကိုင်း ၊
တို့တွေ အရမ်းချစ်သော - ဧရာဝိုင်း စစ်ကိုင်း ၊
တို့တွေ မြတ်နိုးသော - ပြည်ရွှေတိုင်း စစ်ကိုင်း ၊
ငါတို့ချစ်သော
ထာဝရ မြတ်နိုးခြင်းများနဲ့ ဂုဏ်ယူသော
မြန့်မာ့နှလုံးသား စစ်ကိုင်း ။
သာသနာ့အမွေအနှစ် အစစ်
ရွှေတိုင်းဒေသ စစ်ကိုင်းမြေမှ ကြိုဆိုလျက်ပါ ။

No comments:

Post a Comment