Monday, July 20, 2015

နည်းမှန်လမ်းမှန် ဆွမ်းကပ်နည်း

ဆရာတော် ဦးနရိန္ဒ ငြိမ်းချမ်းရေး's photo.
ကပ်ပြီးသားဆွမ်းပွဲ ပြန်ကိုင်မိပါက အကပ်ပျက်,မပျက် သိမှတ်ဖွယ်
***************************
( မေး ) ရဟန်းသံဃာတွေကို ဆွမ်းကပ်ပြီးရင် ဆွမ်းပွဲပြန်ကိုင်ထိမိရင် အကပ်ပျက်တယ်ဆိုတာ ဟုတ်ပါသလားဘုရား , ကိုင်မိပါက ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲဘုရား (ဘာသာရေးစိတ်ဝင်စားသူတစ်ဦး)
( ဖြေ ) ကပ်ပြီးသားဆွမ်းပွဲ ထိလို့မရဘူ ကိုင်မိရင်အကပ်ပျက်တယ်ဆိုတာ မဟုတ်ပါဘူး ရှေ့တုန်းက ညစ်ပေနေတဲ့လက်တွေနဲ့ လူငယ်တွေက ဆွမ်းဟင်းပုဂံတွေလိုက်ပွဲထည့် လာကိုင်ကြလို့ ကပ်ပြီးရင် မကိုင်ရဘူးလို့ ရှေ့လူကြီးတွေပြောလိုက်ရာကနေ ကပ်ပြီးရင် မကိုင်ရဘူး အကပ်ပျက်တယ်လို့ နောက်လူတွေရင်ထဲ စွဲကျန်နေခဲ့တာပါ ။ တကယ်တော့ ဒန္တပေါနသိက္ခာပုဒ်အရ လူတွေက မကပ်ရသေးရင် ရဟန်းတွေက ကိုင်ခွင့်မရှိတာပါ ကိုင်မိရင်ရဟန်းမှာ အာပါတ်အသေးစားလေးသင့်ပါတယ်
အကပ်ပျက်ကြောင်း ၆ ပါးရှိပါတယ် မိမိတို့ဆွမ်းအကပ်ခံသောရဟန်းသည် ဆွမ်းကပ်ခံပြီးနောက် ၁။ သိက္ခာကျခြင်း ၂။ ပျံတော်မူသေသွားခြင်း ၃။လိင်ပြောင်းသွားခြင်း ၄။ပြည့်စုံပြီးဟု ဆွမ်းပွဲကို စွန့်ခြင်း (သိမ်းခိုင်းလိုက်ခြင်း) ၅။တခြားလူတယောက်ယောက်က ရဟန်းအားကပ်ထားသော စားဖွယ်ကိုဝင်လုခြင်း ၆ ။မဘုန်းပေးသော်လဲသူတပါးအား ပြန်စွန့်လိုက်မှသာ အကပ်ပျက်တာပါ ပြန်ကိုင်မိခြင်း ထိမိခြင်းသည် စားဖွယ်ကိုလုယူတာမဟုတ်သောကြောင့် အကပ်မပျက်ပါ ။ ဘုဉ်းပေးပါဘုရားဟု ဆွမ်းခံကိုကိုင်မိ၍ရှေ့တိုးပေးခြင်း ဆွမ်း, ဟင်း ထပ်ထည့်ပေးခြင်းသည် ဆိုးကျိုးမဖြစ်တဲ့အပြင် ဖြစ်လေရာဘဝမှာ အစာအာဟာရပြည့်စုံပေါလျံခြင်းကောင်းကျိုးပင်ရ၏ ။ကျောင်းအမကြီး ဝိသာခါ ထိမ်းမြားလက်ထပ်သောအခါ မိဘတွေသည် ဝိသာခါနောက် နောက်ချင်သူလိုက်သွားကြ နွား မြင်းတွေလဲ လိုက်ချင်သလောက်လိုက်ပါစေဟု အမွေကိုခွဲဝေမပေးဘဲ ပြောလိုက်သောအခါ မောင်းမအမျိုးသမီး အများသာများစွာလိုက်သွားသလို နွား မြင်းတွေပါအကုန်လိုက်သွားကြ၏ နောက်ဆုံး အပေါက်ပိတ်တားပါသော်လဲ ခြံကျော်၍လိုက်ပြေးသွားကြသေး၏ ဤသို့လိုက်ရခြင်း အကြောင်းကား ရဟန်းသံဃာတွေဆွမ်းကပ်သောအခါ ဘုဉ်းပေးကြပါ ဘုဉ်းပေးကြပါဟု ရဟန်းတော်တွေပါးစပ်မှ ပြည့်စုံပြီ တော်ပြီးဟုပြောဆိုသည့်အထိ ပြည့်စုံစွာလှုသော စေတနာကြောင့်ဖြစ်သည် ။ထို့ကြောင့် ကပ်ပြီး ထိလို့ရပါသည် အကပ်မပျက်ပါ လုယူမှသာအကပ်ပျက်သည် ဘုဉ်းပေးလိုသောစေတနာဖြင့် ရှေ့တိုးပေးခြင်း ထိခြင်းလုပ်ပါက ဆိုးကျိုးမဖြစ်တဲ့အပြင် ကောင်းကျိုးတောင်ဖြစ်နေသည်ဆိုတာ ဝိသာခါဇာတ်လမ်းက သက်သေမဟုတ်ပါလော
ထို့ကြောင့် ဆွမ်းလှုရခြင်းဟာ ယနေ့မှစ၍ ဘဝဆက်တိုင်း အသက်ရှည်ခြင်း ရုပ်ရေချောမောလှပခြင်း စည်းစိမ်းပြည့်စုံခြင်း ခွန်အားကြီးခြင်း (ခန္ဓာသန်စွမ်းခြင်း) ဉာဏ်ပညာကြီးခြင်းဆိုတဲ့ အကျိုးထူးတွေရရှိတာမို့ ကပ်ပြီးသာကိုထိလို့ရပါတယ် သို့သော် လက်တွေ စင်ကြယ်ဖို့တော့ လိုပါသည် ဟင်းခွက်တွေ ရှေ့တိုးပေး၍ကိုင်မိထိမိပါက အပြစ်မရှိတဲ့အပြင် ကောင်းကျိုးပါရှိပါကြောင်း ဗုဒ္ဓအလိုတော်ကျ ဓမ္မလမ်းစဉ်ကို မျှဝေအပ်ပါသည်။

သိသင့်တယ်ဟု ယူဆမိပါက ရှယ်ပေးခြင်းဖြင့် သာသနာပြုကုသိုလ် ရယူစေလိုပါတယ်မိတ်ဆွေ
အရှင်နရိန္ဒ
ချမ်းသာရပရိယတ္တိစာသင်တိုက်
မော်လမြိုင်မြို့
အရှင်နရိန္ဒ မစိုးရိမ်တိုက်သစ် - မှ

No comments:

Post a Comment