Friday, July 24, 2015

သိကြားမင်း မေးအပ်သော အ မေးပုစ္ဆာလေးမျိုး

Htin Aung's photo.
သိကြားမင်း မေးအပ်သော အ မေးပုစ္ဆာ
လေးမျိုး-
၁။အလှူဒါနတို့ တွင် အဘယ်အလှူ
ဒါနသည် ကြီးကျယ်မြင့်မြတ်ပါသနည်။?
၂။ခံစားအပ်သော အရသာ အ ပေါင်းတို့ 
တွင် ဘယ်အရသာသည် ကြီးကျယ်
မြင့်မြတ်ပါသနည်း။?
၃။မွေ့ လျော်ဖွယ် အ ပေါင်းတို့ တွင် အဘယ်မွေ့ လျော်ဖွယ်သည် ကြီးကျယ်
မြင့်မြတ်ပါသနည်း။?
၎။တဏှာ၏ ကုန်ခြင်းကိုသာ ကြီးကျယ်
မြင့်ုမြတ်သည်ဟု အဘယ်ကြောင့် ဆိုသင့်
သနည်။?
သိကြားမင်း မေးအပ်သော အ မေးပုစ္ဆာာ
ကို မြတ်စွာဘုရားပြန်လည်ဖြေကြားခြင်း
၁။အလုံးစုံသော အလှူဒါနတို့ တွင်
"တရားတည်းဟူသော အလှူဒါနသည်"
ကြီးကျယ် မြင့်မြတ်၏။
၂။အလုံးစုံသော အရသာမျိုးတို့ တွင်
"တရားတည်းဟူသော အရသာသည်"
ကြီးကျယ် မြင့်မြတ်၏။
၃။အလုံးစုံသော မွေ့ လျော်ခြင်းတို့ တွင်
"တရားဖြင့် မွေ့ လျော်ခြင်းသည်"
မြင်မြတ်၏။
၎။တဏှာ ကုန်ပြတ်ခြင်းသည်
"အရဟတ္တဖိုလ်သို့  ရောက်စေတတ်သည်
အဖြစ်ကြောင့်အလွန်ထူးသဖြင့်"
ကြီးကျယ် မြင့်မြတ်သည်သာတည်း ဟု
မြတ်စွာဘုရားရှင် သည် သိကြားမင်းအား
မိန့် တော်မူ၏။
မှတ်ချက်။ ။ခုဒ္ဒကနိကာယ သုတ္တန္တ
ပိဋက ဓမ္မပဒပါဠိ တဏှာဝဂ် သက္ကပဥှ
ဝတ္တု ၊နိကာယ်ငါးရပ် ပိဋကတ် မြန်မာပြန်
တရားတော်များ စာအုပ်မှ ကူးယူ ပူဇော်
မျှဝေအပ်ပါသည်။

No comments:

Post a Comment