Monday, July 20, 2015

ဗုဒ္ဓါနုဿတိ အတုမရှိ အနှိုင်းမဲ့ ဂုဏ်တော်

8 hrs ·
ဗုဒ္ဓါနုဿတိ အတုမရှိ အနှိုင်းမဲ့ ဂုဏ်တော်'s photo.
သာသနာ့အလံအကြောင်း သိကောင်းစရာ ၁
=
ရောင်စဉ်ခြောက်မျိုး
***********************
ဗုဒ္ဓရှင်တော်မြတ်ဟာ သဗ္ဗညုတဥာဏ်ကို ရပြီး နောက် လေးပတ်အကြာ မှာ ဗောဓိပင်ရဲ့အနောက် မြောက်ဘက် ရတနာစင်္ကမ နေရာတော်ရဲ့ အနောက် ဘက်မှာရှိတဲ့ ရတနာဃရ စံအိမ်မှာ သီတင်းသုံးတော် မူပါတယ်။ ရတနာစင်္ကမ ဌာန၏ အနောက်ဘက် ၌ နတ်တို့က မြတ်ဗုဒ္ဓအား ရတနာဃရ=ရတနာခုနစ်ပါးဖြင့်ပြီးသော အိမ်ကိုဖန်ဆင်းပေး ကြ၏
(ဝိ-ဋ္ဌ ၃၊ ၂၃၈။ ဗုဒ္ဓဝံသ-ဋ္ဌ၊ ၁ဝ။ မ-ဋ္ဌ ၂၊ ၈၉)။

'ရတနာ ဃရဟူသည် ရတနာခုနစ်ပါးအစစ်ဖြင့် တည်ဆောက်သော အိမ်မဟုတ်၊ အဘိဓမ္မာခုနစ်ကျမ်းကိုဟောကြားသည့် နေရာ သာဖြစ်၏။
(အဘိ-ဋ္ဌ ၁၊ ၁၃)။ (စကားမစပ် ဝိနည်း၊ သုတ္တန် အဋ္ဌကထာတွေအဆိုနဲ့ အဘိဓမ္မာ အဋ္ဌကထာအဆိုနှစ်ရပ် အနည်းငယ်ကွဲလွဲနေတာကို သတိပြုမိနိုင်ပါတယ်)။
အဲဒီရတနာဃရစံအိမ်မှာ သီတင်းသုံးနေတုန်း ဓမ္မ သင်္ဂဏီ၊ ဝိဘင်္ဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ္တိ၊ ကထာဝတ္ထု၊ ယမက၊ ပဋ္ဌာန်းဆိုတဲ့အဘိဓမ္မာခုနစ်ကျမ်းကို ဆင်ခြင်ရာ မှာ နောက်ဆုံးမဟာပဋ္ဌာန်းကျမ်းမြတ်ကို ဆင်ခြင်တဲ့အခါ ဗုဒ္ဓရဲ့ ခန္ဓာကိုယ်က ရောင်ခြည်တော်ခြောက်မျိုးထွက်ပေါ်ခဲ့ တယ်။ အဲဒီခြောက်မျိုးကို ကျမ်းဂန်လာအစဉ်နဲ့ဖော်ပြရင်-
၁။ နီလ = ညိုသောရောင်ခြည် (ဆံပင်မွေးညင်းနှင့် မျက်လုံး စသောနေရာတော်တွေကထွက်တယ်)
၂။ ပီတ = ရွှေသောရောင်ခြည် (အရေတော်နှင့် မျက်လုံးတော် တွေကထွက်တယ်)
၃။ လောဟိတ = နီသောရောင်ခြည် (အသွေးအသားနှင့် မျက် လုံးတော်တွေက ထွက်တယ်)
၎။ သြဒါတ = ဖြူသောရောင်ခြည် (အရိုး၊ သွားနှင့် မျက်လုံး တော်တွေက ထွက်တယ်)
၅။ မဉ္ဇိဋ္ဌ = နီမောင်းသောရောင်ခြည် (ထိုထိုခန္ဓာကိုယ်အစိတ် အပိုင်းတွေကထွက်တယ်)
၆။ ပဘဿရ = ပြိုးပြက်သောရောင်ခြည် (ထိုထို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကထွက်တယ်)
မြတ်ဗုဒ္ဓရုပ်ထွင်းနဲ့ရုပ်ပုံပန်းချီကားတွေမှာ ဦးခေါင်း တော်ပတ်လည်မှာပါရှိတဲ့ ရောင်ခြည်စက်ဝန်းဟာ အဲဒီရောင် ခြည်ခြောက်မျိုးကိုရည်ညွှန်းတာပါ။ ဗုဒ္ဓသာသနာ့အလံတော် က ရောင်စဉ်ခြောက်မျိုးလည်း အဲဒီခြောက်မျိုးကိုပဲရည်ညွှန်း ပါတယ်။
ဗုဒ္ဓသာသနာ့အလံ
********************
သီရိလင်္ကာနိုင်ငံမှာ ၁၈၈၅ခုနှစ် ဧပြီ ၂၈ရက်ကို ဝိဆက်ဒေး (ကဆုန်လပြည့်ဗုဒ္ဓနေ့) ပြည်သူ့ရုံးပိတ်ရက်အ ဖြစ် အင်္ဂလိပ်အစိုးရက တရားဝင်ကြေညာပေးခဲ့ပါတယ်။ ကို လိုနီလက်အောက် ပထမဆုံးအကြိမ်ကျင်းပမယ့် အဲဒီဗုဒ္ဓနေ့ အခမ်းအနားအတွက် ဗုဒ္ဓသာသနာကိုယ်စားပြုအလံတစ်ခု လိုအပ်တာကို သီရိလင်္ကာဗုဒ္ဓဝါဒီဦးဆောင်သူတွေ သဘော ပေါက်ခဲ့ကြတယ်။ ဒါကြောင့် အဓိပ္ပာယ်နဲ့ပြည့်စုံတဲ့ ဗုဒ္ဓသာ သနာ့အလံတစ်ခုကို ဒီဇိုင်းရေးဆွဲဖို့ အဖွဲ့ဝင်ကိုးဦးပါတဲ့ ကော် မတီတစ်ရပ်ဖွဲ့စည်းခဲ့တယ်။ ဗုဒ္ဓသာသနာ့အလံမှာ ပဋ္ဌာန်းရောင်ခြည်ခြောက်မျိုးပါရှိဖို့ အဲဒီသာသနာ့အလံဒီဇိုင်း
အဖွဲ့ကို အကြံပေးတိုက်တွန်းခဲ့သူကတော့လူ့ခန္ဓာကိုယ်က ထွက်တဲ့ ကိုယ်ရောင်
ကိုယ်ဝါကို အထူးစိတ်ဝင်စားပြီး အဲဒီအကြောင်းကို ဆောင်းပါးတွေရေးခဲ့တဲ့ အမေရိကန်လူ မျိုး ဗိုလ်မှူးကြီးဟောင်း ဟင်နရီစတီးလ်အိုကော့ (Col.Henry Steel Olcott) ဖြစ်ပါတယ်။ အိုလ်ကော့ဟာ အဲဒီအချိန်က သီရိလင်္ကာမှာ ဗုဒ္ဓသာသနာပြန်လည်ရှင်သန်ရေး လှုပ်ရှား မှုမှာ အထူးပါဝင် ကူညီနေသူဖြစ်ပါတယ်။
အဲဒီအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ သီရိလင်္ကာလူ မျိုး ပုဂျိထဂုဏဝါရ်ဒေနေ (Poojitha Goona- wardene)အမည်ရှိသူက ပုံစံဒီဇိုင်းရေးဆွဲပြီး အဖွဲ့ကိုတင်ပြရာမှာ အဖွဲ့ က အရွယ်အစားကို အနည်းငယ်ပြုပြင်ပြီး သဘောတူလက်ခံ လို့ လက်ရှိသာသနာ့အလံ ဖြစ်လာပါတယ်။
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)
အဲဒီသာသနာ့အလံကို ဂျီပီမာလာလာဆေကေရ (သီဟိုဠ်ပညာရှင်)က ၁၉၅ဝပြည့်နှစ် မေလက ကိုလံဘိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကို တင်ပြလို့ အဲဒီအလံ ဟာ ဗုဒ္ဓဘာသာဝင်အားလုံးလက်ခံတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့အလံတော်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် မြန် မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းယူတော့မယ့်အချိန်လောက် မှာ ဗုဒ္ဓသာသနာ့အလံ စတင်ပေါ်ပေါက်ခဲ့တယ်လို့ ဆိုနိုင် မယ်ထင်ပါတယ်။
တီထွင်သူ
***********
အိုလ်ကော့ရဲ့အကြံနဲ့ ဗုဒ္ဓသာသနာ့အလံကို ဒီဇိုင်း ရေးဆွဲခဲ့တာဖြစ်လို့ အိုလ်ကော့ကိုပဲ ဗုဒ္ဓသာသနာ့အလံကို တီ ထွင်သူလို့ ပညာရှင်အများစုက အသိအမှတ် ပြုကြပါတယ်။ အိုလ်ကော့ဟာ အမေရိကန် အတွေးအခေါ်သမိုင်းမှာရော နိုင်ငံရေးနယ်ပယ်မှာပါ ထင်ရှားသူဖြစ်ပါတယ်။ အမေရိကန် သီအိုဆိုဖီအသင်းကို စတင်တည်ထောင်သူ၊ အဲဒီအသင်းရဲ့ ပထမဆုံးဥက္ကဋ္ဌ၊ အများကောင်းကျိုးဆောင်ရွက်သူ၊ စာရေး ဆရာ၊ ရှေ့နေ၊ အရှေ့အနောက်တစ်ခွင် ဗုဒ္ဓဘာသာပြန့်ပွား အောင် ဆောင်ရွက်ခဲ့သူအနေနဲ့ မှတ်တမ်းတင်ခံရသူပါ။ စတီ ဖင်ပရိုသဲရိုး(Stephen Prothero)ကThe White Buddhist လို့ အိုလ်ကော့ရဲ့ အတ္ထုပ္ပတ္တိကိုရေးခဲ့ပါတယ်။
စိတ်ပညာနှင့် လောကီဂန္ဓာရီပညာတွေကိုလည်း စိတ်ဝင်စားခဲ့ပြီး နောင်အခါ အရှေ့တိုင်းဘာသာတရားတွေ ကို လေ့လာလိုက်စားခဲ့တယ်။ ၁၈၈ဝပြည့်နှစ်မှာ အိန္ဒိယမှ တစ်ဆင့် သီရိလင်္ကာကိုရောက်ပြီး နောက်မကြာမီမှာ ငါးပါး သီလခံယူပြီး ဗုဒ္ဓဘာသာဝင်အဖြစ် သီရိလင်္ကာနိုင်ငံ ဂေါလေ (Galle)မြို့မှာ တရားဝင် လူသိရှင်ကြားကြေညာခဲ့တယ်။ (John Snelling The Buddhist Handbook p-107)။
အိုလ်ကော့ဟာ မိမိရဲ့စည်းရုံးရေးစွမ်းရည်ကိုအသုံးချပြီး သီရိ လင်္ကာနိုင်ငံမှာ ဗုဒ္ဓသာသနာတော် ရှင်သန်တိုးတက်အောင် ဆောင်ရွက်ရင်း ၁၈၈၁မှာ 'ဗုဒ္ဓဝါဒအမေးအဖြေကျမ်း' (The Buddhist Catechism)ကိုရေးပြီး ၁၉ဝ၇ခုနှစ် အိန္ဒိယနိုင်ငံ မဒရပ်ပြည်နယ် အချာမြို့မှာ ကွယ်လွန်တယ်။
အဓိပ္ပာယ်တစ်မျိုး
******************
ဗုဒ္ဓသာသနာ့အလံရောင်စဉ်ခြောက်မျိုးထဲက နီလ ကို မဟာကရုဏာ၊ ပီတကို မဇ္ဈိမပဋိပဒါလမ်းစဉ်၊ လောဟိတ ကို မင်္ဂလာတရား၊ သြဒါတကို ဝိသုဒ္ဓိနဲ့ဝိမုတ္တိ၊ မဉ္ဇိဋ္ဌကို ပညာ၊ ပဘဿရကို ယင်းခြောက်မျိုးပေါင်းလို့လည်း အဓိပ္ပာယ်ဖွင့်ဆို ကြပါတယ်။
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။
မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ ဗုဒ္ဓသာသနာ့အလံ ရဲ့ ရောင်စဉ်နဲ့ အနည်းငယ်ခြားနားတာက ငါးခုမြောက် မဉ္ဇိဋ္ဌအရောင် ဖြစ်ပါတယ်။
အခြားဗုဒ္ဓဘာသာနိုင်ငံတွေမှာ မဉ္ဇိဋ္ဌကို လိမ္မော်ရောင်(Orange)လို့ ယူပြီး (၄င်းတို့အဆို) မြန်မာတို့က အစိမ်း(Green ) ရာင်လို့ယူတယ်လို့ဆိုတယ်။
အမှန်က မြန်မာသုခမိန်တွေက မဉ္ဇိဋ္ဌကို မရန်းစေ့ရောင် သို့ မဟုတ် ညိုမောင်းသောအရောင်လို့ ယူခြင်းသာဖြစ်ပြီး ရည်ရွယ်ချက်က
တော့ အတူတူပါပဲ။
credit to
၁ အရှင်ကေလာသ
၂ အရှင်သုနန္ဒာလင်္ကာရ
မှတ်ချက်...နီလကို အပြာရင့်၊ ပြာညိုသော၊ စိမ်းညိုသော ရောင်ခြည် ဟု
နိုင်ငံတကာက လက်ခံထား။
စာပေတွင်
ဥပမာပေးလေ့ရှိသော ကြာညို၊ အောင်မဲညိုပွင့်စသည်မှာ အပြာရောင်ဖြစ်နေ၏
နီလ
ဘူ= ဝဏ္ဏေ-အဆင်း(အရောင်)၌။ နီလတိ။မြ+ တိ ။
နီလ+အ ] နီလ-ဝဏ္ဏေ, အ။ ဓာန်ဋီ၊ ၉၆။ ညိုသော၊ စိမ်းညိုသော၊ ပြာသော။ ပု ။မဲပင်၊ နီလ၊ နီလက။ သုနီလ ၊ တိ ၊ [ သု+နီလ ] အလွန် ပြာသော၊ အလွန်ပြာသော အဆင်းရှိသော။ သုနီလက။မြ+ (တိ) ညိုသည်။ စိမ်းညိုသည်။ ပြာသည်။ (ပ) မဲပင်။ နီလာ။စိန်+(၃) မည်းသော။ ညိုသော။ စိမ်းသော။ (ပ) ၁-အမည်းအညို။ ၂-နီလာကျောက်။ချုပ်
မဉ္ဇိဋ္ဌ
(တိ) (မဉ္ဇု+ဣဋ္ဌ) အလွန်နှစ်လိုဖွယ်သော။ နီမောင်းသော အရောင်ရှိသော။စိန်+(ပ) နီမောင်းသော အရောင်။ ပန်းရောင်။ နီပြေပြေ။ (ဣ) ထန်းကျင့်ပင်။ တိန့်ညက်ပင်။ နီပါးဆေးပင်။ချုပ်

No comments:

Post a Comment