Thursday, July 23, 2015

အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် အစိုးရသတင်းစာ

Ko Myo Myanmarsar's photo.
အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် အစိုးရသတင်းစာ
မြန်မာ့အလင်း ကြေးမုံဆောင်းပါးရှင်
တွေ့ဆုံမေးမြန်းတင်ဆက်ထားပုံ(၁)
**********
ထာဝရရှင်သန်နေမည့် အမျိုးသားခေါင်းဆောင်
**************
နေပြည်တော် ဇူလိုင် ၁၅

`ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက်နဲ့ခန္ဓာ
ကိုယ်ကိုဖျက်ဆီးနိုင်ကောင်းနိုင်လိမ့်
မယ်။ သို့သော် သူ့ရဲ့ ဂုဏ်ကျေးဇူးနဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်ကိုတော့ ဖျက်ဆီးလို့မရနိုင်ပါဘူး။ ဒါတွေဟာ ဗိုလ်ချုပ်အောင်ဆန်းကိုချစ်တဲ့ နိုင်ငံ
သား တွေရဲ့စိတ်ထဲမှာ အမြဲတမ်း
ရှင်သန်နေပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်
ရဲ့ စိတ်ဓာတ်နဲ့ ကျေးဇူးကို သိတဲ့ပြည်သူတွေရဲ့စိတ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ဘယ်တော့မှ မသေပါဘူး ´ဟု ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲကျင်းပသည့်အချိန်တွင် သီတဂူ ဆရာတော်က တက်ရောက်လာသည့် ပရိသတ်များအား မိန့်ကြား
စစ်မှန်သော စေတနာကို အရင်း ပြု
သည့် နိုင်ငံရေးသမားများသည် စွန့်လွှတ်အနစ်နာခံရန် အမြဲအဆင် သင့်ရှိနေသကဲ့သို့ မိမိအကျိုးစီးပွား
နှင့် အသက်ကိုမငဲ့ကွက်ဘဲ နိုင်ငံနှင့် လူမျိုး ကောင်းစားရေးအတွက် သန့်စင်သောစေတနာဖြင့် ပေးဆပ်ခဲ့ သူများသည် အာဇာနည်များဖြစ်
ကြောင်း သီတဂူဆရာတော်က ဆက်လက်မိန့်ကြားသည်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၁ဝ နာရီခွဲ၌ ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် နိုင်ငံ ခေါင်းဆောင်ကြီးများကို ရန်ကုန်မြို့ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး)တွင် အကြမ်းဖက်သူများက ဝင်ရောက်
လုပ်ကြံမှုကို ခံခဲ့ရပြီး ထိုနေ့ကို ပြည်သူများ၏ စိတ်နှလုံး ကြေကွဲဖွယ် အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အာဇာနည်နေ့ အခမ်းအနား
များကို တစ်တိုင်းပြည်လုံး တွင် ကျင်းပကာ အာဇာနည်ပုဂ္ဂိုလ် ကြီး
များ၏ ဂုဏ်ကျေးဇူးကို ပြန်လည် ဖော်ထုတ်ခဲ့ကြခြင်းဖြစ်ရာ ယခုနှစ် သည်(၆၈)နှစ် တိုင်ခဲ့ပြီဖြစ်သည်။
ထိုနေ့က မိုးများတဖွဲဖွဲရွာသွန်း သဖြင့် ကယ်တင်ခြင်းတပ်မှ ယာဉ်မောင်းဖြစ်သူ ဦးအုန်းဖေမှာ တပ်အရာရှိတစ်ဦးအား အတွင်းဝန် ရုံးသို့ပို့ဆောင်ပြီး အတွင်း
ဝန်ရုံး အောက်ထပ်ရှိ ယာဉ်မောင်းများ ခေတ္တနားခိုရာနေရာတွင် ရောက်ရှိ နေစဉ် သေနတ်သံများကို ကြားမိခဲ့ ရကြောင်း ဦးအုန်းဖေက သူ့အဖြစ် အပျက်ကို ပြန်ပြောင်းပြောပြသည်။' သေနတ်သံ
တွေကို အပေါ်ထပ် မှာကြားရတယ်။ အားလုံးမှင်တက်နေ ချိန်မှာပဲ သေနတ်သမားတွေ ဆင်းသွား
ကြတယ်လို့ ပြောပါတယ်။ ကျွန်တော်ကတော့ မမြင်လိုက်ပါဘူး။ ကျွန်တော်အာရုံထဲမှာ မှတ်မိနေ တာက ဗိုလ်ချုပ်တို့ရဲ့ သွေးခြင်းခြင်း ရဲနေတဲ့ ရုပ်အလောင်းတွေနဲ့ ဗိုလ်ချုပ်တို့ကို ဆေးရုံကားတွေ ပေါ်တင်ပြီး ခေါ်သွားတဲ့မြင်ကွင်းကို တစ်သက်မမေ့တော့ပါဘူး' ဟု ဦးအုန်းဖေက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံခဲ့သည့်အချိန်သည် မြန်မာ့ နိုင်ငံရေးအခြေအနေမှာ လွတ်လပ် ရေးရရှိရန်အတွက် တိုက်ပွဲဝင်နေချိန် ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်ခေါင်းဆောင်များမှာ တိုင်းပြည် ပြန်လည်ထူထောင်နိုင်ရန် အားသွန်
ဆောင်ရွက်ချိန်လည်းဖြစ်သည်။
ထိုနေ့နှင့်ပတ်သက်၍ `ကျွန်မက အာဇာ
နည်နေ့ကိုအလွန်ငယ်သေးတော့အကုန်
မမှတ်မိတော့ပါဘူး။ကျွန်မသိတတ်စက
နေ ကျင်းပလာခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို တော့ မှတ်မိပါ
တယ်။ မကြာသေး ခင်ကစပြီး အာဇာနည်နေ့အခမ်း အနားကို လွတ်လွတ်လပ်လပ် ကျင်းပ ခွင့် ပြန်ပေးလာတာကြောင့် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေက ပိုပြီးစည်ကား သိုက်မြိုက်လာတာကို တွေ့ရပါတယ်။ကျင်းပခွင့်ရရှိသည်ဖြစ်
စေ မရရှိ သည်ဖြစ်စေ ကျွန်မအနေနဲ့ ဖေဖေနဲ့ အာဇာနည်ခေါင်းဆောင်တွေ အားလုံး ကို ချစ်ခင်လေးစားနေမှာပါ´ဟု ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။
ထိုစဉ်ကာလ နိုင်ငံရေးလှုပ်ရှား သူများ
၏ နိုင်ငံရေးခံယူချက်နှင့် သဘောထားအမျိုးမျိုးတို့မှ သဘော ထားကွဲလွဲမှုများ ဖြစ်ပေါ်ကာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင်များအား လုပ်ကြံဖြစ်ခဲ့ သည့် အခြေအနေ တွန်းအားတစ်ခု ဖြစ်လာခဲ့ရကြောင်း နိုင်ငံရေး ကျွမ်းကျင်
သူများက သုံးသပ်ကြသည်။
ကွဲပြားခြားနားသော အယူအဆ များကြားမှ နိုင်ငံရေးအရ အဖြေရှာ ခြင်းနှင့်ပတ်သက်ပြီး `အာဇာနည်နေ့ ကနေ ထာဝရအတွက် သင်ခန်းစာ တစ်ခုကို ရရှိခဲ့တယ်လို့ ကျွန်မထင်မြင် မိပါတယ်။ အဲဒါက နိုင်ငံရေးပြဿနာ ကို အကြမ်းနည်းနဲ့ ဖြေရှင်းဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ ဘယ်တော့မှ မကြိုးစားသင့်ပါဘူး။ အကြမ်းနည်းသုံး ဖြေရှင်းသူတွေဟာ သူတို့ရဲ့ လုပ်ရပ်ကြောင့် ဆိုးရွားတဲ့ အကျိုးကို သူတို့ကိုယ်တိုင် ခံစားရ မှာဖြစ်ပါတယ်။ ရေတိုမှာ အကျိုး အမြတ်ရှိသလို ထင်ရကောင်း ထင်ရ နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း မှာ အောင်မြင်တဲ့ပန်းတိုင်ကို ရရှိမှာ မဟုတ်ဘူးဆိုတဲ့ သင်ခန်းစာပါပဲ။ ဖေဖေတို့နဲ့ ပတ်သက်လို့ကတော့ ဖေဖေတို့ကို ကြမ္မာဆိုးဖန်တီးပေး သူတွေဟာ ချက်ချင်း နာရီအနည်းငယ် အတွင်းမှာ ဖမ်းဆီးမိခဲ့ပြီး ဆိုးကျိုးတွေ ရရှိခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေး ပြဿနာဟာ ညှိနှိုင်းအဖြေရှာခြင်းနဲ့ ငြိမ်းချမ်းစွာဆောင်ရွက်ခြင်းတွေနဲ့သာ ကောင်းမွန်တဲ့ အဖြေတစ်ခုကို ပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်´ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။
လာမည့် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့တွင် လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံ တော် အခမ်းအနားအဖြစ် ကျင်းပ သည့် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ကုန်းတွင် တက်ရောက် ကာ ဖခင်နှင့်တကွ အာဇာနည် ခေါင်းဆောင်များအား ဂါရဝပြု ကန်တော့မည်ဖြစ်ပြီး နေအိမ်တွင် ဖခင်ဖြစ်သူအတွက် ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တွင် အာဇာနည်နေ့ အခမ်းအနားကျင်းပခြင်း၊ ညနေ ပိုင်းတွင် ဘာသာပေါင်းစုံတို့မှ ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက် ခြင်းများကို နှစ်စဉ်ပြုလုပ်
်နေကျ အတိုင်း ပြုလုပ်ရန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။`အမျိုးသားခေါင်းဆောင်ကြီး များကို အောက်မေ့နေရုံနဲ့ မပြီးပါဘူး။ ဆက်လက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမို ကရေစီနိုင်ငံ ဖော်ဆောင်နိုင်ရေး အတွက် သတိရ
လွမ်းဆွတ်တာတွေကို နိုင်ငံသားတိုင်း ကိုယ်တတ်စွမ်း သလောက် အလုပ်နဲ့ သက်သေပြကြဖို့ လိုအပ်ပါတယ်´ဟု သီတဂူဆရာတော် က အာဇာနည်
ခေါင်းဆောင်ကြီး များနှင့်ပတ်သက်၍ မိန့်ကြားသည်။
ရှေ့အနာဂတ်နှင့် ပတ်သက်၍ မူ ဒေါ်အောင်ဆန်းစုကြည်က `အခု အချိန်မှာ နိုင်ငံက ဒီမိုကရေစီလမ်း ကြောင်းကို ရှေးရှုသွားနေတယ်လို့ ယူဆရပါတယ်။ သို့သော် ဖေဖေ ချမှတ်ခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်း တော့ မဟုတ်သေးပါဘူး။ ဖေဖေ ချမှတ်ခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်ကို လျှောက်လှမ်းနေတဲ့အချိန် သာဖြစ်ပါတယ်။ ဖေဖေချမှတ်ခဲ့တဲ့ လမ်းစဉ်ပေါ်ကို ရောက်အောင်
ကြိုးစားလျှောက်လှမ်းကြရမှာဖြစ် ပါတယ်။ ဒါမှသာ ဖေဖေနဲ့ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အသက်ပေးမှုအပေါ် ဂုဏ်ပြုရာ ရောက်မှာပါ´ဟု သုံးသပ်ပြောကြား သွားခဲ့သည်။( သတင်း-ခင်ရတနာ၊ ဓာတ်ပုံ- ဘိုဘို။ ယနေ့ ဇူလိုင် ၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ)

No comments:

Post a Comment