Thursday, July 23, 2015

သမထနိမိတ် ပညတ်ပေါ်လာတတ်ပုံ

သမထနိမိတ် ပညတ်ပေါ်လာတတ်ပုံ
=========================
ဝိပဿနာတရားအားထုတ်မှုဆိုသည်ကား ပရမတ်ရုပ်
နာမ်တို့၏ ဖြစ်ပျက်ပုံတို့ကို သိအောင်အားထုတ်ရခြင်း
ဖြစ်သည်။ သို့ရာတွင် ပရမတ်မဟုတ်သောပညတ်ရုပ်
တွေကိုလည်း တွေ့တတ်သည်။ တွေ့သောအခါပညတ်
ရုပ်ကို ဂရုမပြုဘဲ ပရမတ်ရုပ်ကိုနှလုံးသွင်းရမည်။
ပရမတ် ရုပ်ကို နှလုံးသွင်းမှ ရုပ်နာမ်တို့၌ ငြီးငွေ့ပြီး
လျှင် ရုပ်နာမ်မှ လွတ်မြောက်သော နိဗ္ဗာန်ကိုမျက်
မှောက် ပြုနိုင်သည်။ ပညတ်ရုပ်တို့မှာမူ ယောဂီ
ပုဂ္ဂိုလ်၏ စိတ်ဓါတ်ကိုရွှင်လန်းတက်ကြွသာယာ
စေတတ်သော သဘောရှိသည်။ ဤရွှင်ပြစေတတ်
သော သဘောတို့သည် နိဗ္ဗာန်ရောက်ကြောင်း
မဟုတ်ကုန်။ တရားအားထုတ်သောယောဂီပုဂ္ဂိုလ်
၏ စိတ်၌ မဟာဘုတ်တည်းဟူသော ဖြစ်ပေါ်နေမှု
သဘောအမျိုးမျိုးကို သိနေလျှင်ပရမတ်ရုပ်အစစ်
ကို မြင်နေသည်ဟု ခေါ်သည်။ ကိုယ်၌တွေ့ထိ
သော သဘောမျိုးကလွဲ၍ မျက်စိဖြင့်မြင်သော
သဘောမျိုးတွေ့လျှင်ဘာပဲဖြစ်ဖြစ် ပညတ်ဟု
ခေါ်သည်။ ဤပညတ်တရားများကို အိပ်မက်
တွင် တွေ့ရဘိသကဲ့သို့ ထင်ထင်ရှားရှား
တွေ့ရတတ်သည်။ အဘယ်သို့တွေ့တတ်ပါ
သနည်းဆိုသော် တရားအားထုတ်နေစဉ်အခါ
သက်တော်ထင်ရှားရှိသော ဘုရားရှင်ကဲ့သို့
လည်းကောင်း၊ ရဟန္တာအရှင်များကဲ့သို့
လည်းကောင်း၊ ဆင်းတုတော်စေတီတော်
ကဲ့သို့လည်းကောင်း၊ နေလနက္ခတ်တာရာ
ကဲ့သို့လည်းကောင်း၊ ကသိုဏ်းဝန်းကဲ့သို့
လည်းကောင်း၊ မိမိ၏အသားအရိုးကြွေပဲ့ကျ
သကဲ့သို့လည်းကောင်း၊ အသုဘရုပ်အရိုးစု
သုံးဆယ့်တစ်ဘုံရှိ သက်မဲ့များကဲ့သို့လည်း
ကောင်း မြင်ရတတ်သည်။ မိမိ၏နှလုံးအိမ်
၌ကြည်လင်တောက်ပသော အကြည်ဓါတ်လုံး
လေးများကဲ့သို့ လည်းကောင်း၊ အခိုးအငွေ့
တွေကဲ့သို့ လည်းကောင်း၊ မီးရှုးမီးပန်းများကဲ့သို့
လည်းကောင်း၊ မီးတွေကဲ့သို့လည်းကောင်း၊
တံလှပ်ကဲ့သို့လည်းကောင်း၊ မိမိကိုယ်ကြီး
ဖောင်းပွကာ ကြီးလိုက်ငယ်လိုက် နေသကဲ့သို့
လည်းကောင်း၊ တောတောင်ရေမြေသမုဒ္ဒရာ
ကဲ့သို့လည်းကောင်း၊ ပုလဲလုံး ရွဲလုံးများကဲ့သို့
လည်းကောင်း၊ နတ် ၀ိဇ္ဇာ ပြိတ္တာ၊ တစ္ဆေများ
ကဲ့သို့လည်းကောင်း၊ သက်ရှိသက်မဲ့အမျိုးမျိုး
တို့တွင် အဆင်သင့်သလိုမြင်ရတတ်သည်။
အလင်းရောင်ကြီး အမှောင်မိုက်ကြီး ဟာလာ
ဟင်းလင်းဘာမျှမရှိသော အာကာသမျိုးကို
လည်း မြင်ရတတ်သည်။ မြင်တတ်တဲ့သဘော
မျိုးတွေကို စုံလင်အောင် မရေးနိုင်ချေ။ ဤကဲ့သို့
သဘောမျိုးတို့ကို မြင်တွေ့ရလျှင် ပညတ်တရား
တွေချည်းပဲဟု မှတ်သားပြီး မဟာဘုတ်ဓါတ်
ပရမတ်ကိုသာလျှင် ဂရုစိုက်ကြရမည်။
ဝိပဿနာရှုနည်းအကျဉ်း
သတ္တဌာနသာသနာ့ရိပ်သာတရားစခန်း
လွင်အောင် မျိုး's photo.

No comments:

Post a Comment