Tuesday, June 30, 2015

Read more »

ရှောင်ရှားသင့်သော အမှုအကျင့်များ

ရှောင်ရှားသင့်သော အမှုအကျင့်များ
၁။ သူတစ်ပါးကို မသိစိတ်မှ မနာလို ဝန်တိုခြင်း။
၂။ ရှေ့တွင် မြှောက်ပြီး ကွယ်ရာတွင် မကောင်းပြောခြင်း။
၃။ တစ်ခုခုဆိုရင် မိမိအတွက်သာ ကြည့်ပြီး သူတစ်ပါး ခံစားချက်ကို လစ်လျူရှုခြင်း။
၎။ မိမိထက်သာမည်ကို စိုးရိမ်နေခြင်း။
၅။ မိမိအား ဝေဖန်ရင် မကြိုက်၍ တစ်ပါးသူအား အမျိုးမျိုး ဝေဖန်ပြောဆိုခြင်း။
၆။ အကောင်းဘက်မှ မမြင်ဘဲ တစ်ခုခုဆိုရင် သံသယတွေနဲ့ပဲ ဖြစ်နေခြင်း။
၇။ နာလည်ခွင့်လွှတ် မပေးတတ်ခြင်း။
၈။ အလွယ်တကူ စိတ်တိုခြင်း၊ ဒေါသထွက်ခြင်း။
၉။ စေတနာ မထားတတ်ခြင်း။
၁၀။ ကိုယ်ခြင်းစာစိတ် မရှိခြင်း။

Photo By - WikiHow
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
‪#‎kln_yyl‬
‪#‎article_yyl‬
(unicode version)itking969.blogsport.com
Read more »
Read more »

" သီတဂူဆရာတော်၏ ညချမ်းဩဝါဒ "

" သီတဂူဆရာတော်၏ ညချမ်းဩဝါဒ "
(ရန်ကုန်သီတဂူ ၂၅ - ၆ -၂၀၁၅)
ယနေ့ည သီတဂူဆရာတော်ကြီးသည် မန္တလေး စစ်ကိုင်း ရန်ကုန်မြို့မှ တပည့်သံဃာတော်များ ၀တ်ပြုလာစဉ် တပည့်များအား ကြေညာချက် ၃ ခု မိန့်တော်မူခဲ့ပါသည်။
၁။ နိုဝင်ဘာလတွင် Religion and Rule of Law ခေါင်းစဉ်ဖြင့် အမေရိကန် သီတဂူ ပူးပေါင်းကာ Workshop လုပ်မည်ဖြစ်ကြောင်း၊ လေ့လာသူအနေဖြင့် မည်သူမဆို တက်ရောက်နိုင်ကြောင်း၊ နိုင်ငံတကာမှ အယောက် ၃၀ နှင့် ပြည်တွင်း ၁၀ယောက် အထူးဖိတ်ထားကြောင်း၊ မဘသအဖွဲ့ကိုလည်း အထူးဖိတ်ကြားမည်ဖြစ်ကြောင်းကို လည်းကောင်း၊
၂။ မတ်လတွင် ဗုဒ္ဓဘာသာတက္ကသိုလ် ကောလိပ် ၁၂ ခု ရှိသော အင်ဒိုနီးရှားနိုင်ငံ၌ ဗုဒ္ဓဘာသာတက္ကသိုလ်များ အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်းကို လည်းကောင်း၊
၃။ ဇွန် ၂၀/၂၁ ရက်နေ့က အင်းစိန် အောင်ဆန်းတပ်ဦးကျောင်းတွင် ကျင်းပခဲ့သော အမျိုး ဘာသာ
သာသနာ စောင့်ရှောက်ရေးအဖွဲ့ ၂နှစ်ပြည့် ညီလာခံကြီး အောင်မြင်မှုကို Congratulation ဂုဏ်ပြုကြောင်း၊ လာမည့်နှစ် ညီလာခံကြီး၌ ထေရဝါဒ ၅ နိုင်ငံပါဝင်အောင် ကျင်းပပေးဖို့ မဘသအဖွဲ့အား အကြံပြု တိုက်တွန်းကြောင်း၊ မဘသအဖွဲ့ကို ကျစ်လစ်ခိုင်မာအောင် ဖွဲ့သင့်ကြောင်း၊ ထေရဝါဒ ၅ နိုင်ငံလုံးဆိုင်ရာ မဘသလည်း စတင်ဖွဲ့သင့်ကြောင်း၊ ထိုအကြောင်းများကို ဥက္ကဋ္ဌ ရွာမဆရာတော်ကြီးကို သွားရောက် လျှောက်ထားကြဖို့ မိမိ နှင့် အရှင်ဒေဝိန္ဒာဘိဝံသအပါအ၀င် သီတဂူတပည့်များအား မိန့်ကြားတော်မူခဲ့ပါသည်။
Author : သီတဂူဒေါက်တာအရှင်သီဟဉာဏာလင်္ကာရ
==============================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
==============================
Posted by သီတဂူသတင်းitking969.blogsport.com
Read more »
Read more »

Sunday, June 28, 2015

စီးပွါးလာဘ်ပွင့်ဘေးကင်းရန်ကင်း သမ္ဗုဒ္ဓေဂါထာပါဠိတော်များ



၁။ မူလသမ္ဗုဒ္ဓေဂါထာပါဠိတော်
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတသဟဿနိ၊ နမာမိ သိရသာမဟံ၊ တေသံ ဓမ္မဉ္စ သံဃဉ္စအာဒရေန နမာမဟံ၊ နမက္ကရာ နုဘာဝေန ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ အနေကာအန္တရာပိ၊ ဝိနဿန္တု အသေသတော။



၂။ အ၂။ရှေ့ကျွန်း သမ္ဗုဒ္ဓေဂါထာပါဠိတော်
 သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ သဗ္ဗတေဇံ သဗ္ဗဂုဏံ သဗ္ဗသုခံ လာဘတုမေ ဆရဝီ ဆာရာ ဆရီစ ဆာရံ ပဉ္စဗုဒ္ဓါ မဟာတေဇံ သဗ္ဗညုတ ဉာဏဝရံ သဗ္ဗသတ္တု သဗ္ဗဘယံ ဝိနဿန္တု အသေသတော။



၃။  မြောက်ကျွန်း သမ္ဗုဒ္ဓေဂါထာပါဠိ
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ပဉ္စသတ သဟဿာနိ ဒွါဒသဉ္စ သဟဿကေ ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ ပရဇေတွာ မဟာပုလ္လေ နမာမိ သိရသာမဟံ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ နမက္ကရာ နုဘာဝေန ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ အနေကာ အန္တရာ ပိ ဝိနဿန္တုအသေသတော။itking969.blogsport.com

Read more »