Tuesday, June 30, 2015

" သီတဂူဆရာတော်၏ ညချမ်းဩဝါဒ "

" သီတဂူဆရာတော်၏ ညချမ်းဩဝါဒ "
(ရန်ကုန်သီတဂူ ၂၅ - ၆ -၂၀၁၅)
ယနေ့ည သီတဂူဆရာတော်ကြီးသည် မန္တလေး စစ်ကိုင်း ရန်ကုန်မြို့မှ တပည့်သံဃာတော်များ ၀တ်ပြုလာစဉ် တပည့်များအား ကြေညာချက် ၃ ခု မိန့်တော်မူခဲ့ပါသည်။
၁။ နိုဝင်ဘာလတွင် Religion and Rule of Law ခေါင်းစဉ်ဖြင့် အမေရိကန် သီတဂူ ပူးပေါင်းကာ Workshop လုပ်မည်ဖြစ်ကြောင်း၊ လေ့လာသူအနေဖြင့် မည်သူမဆို တက်ရောက်နိုင်ကြောင်း၊ နိုင်ငံတကာမှ အယောက် ၃၀ နှင့် ပြည်တွင်း ၁၀ယောက် အထူးဖိတ်ထားကြောင်း၊ မဘသအဖွဲ့ကိုလည်း အထူးဖိတ်ကြားမည်ဖြစ်ကြောင်းကို လည်းကောင်း၊
၂။ မတ်လတွင် ဗုဒ္ဓဘာသာတက္ကသိုလ် ကောလိပ် ၁၂ ခု ရှိသော အင်ဒိုနီးရှားနိုင်ငံ၌ ဗုဒ္ဓဘာသာတက္ကသိုလ်များ အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်းကို လည်းကောင်း၊
၃။ ဇွန် ၂၀/၂၁ ရက်နေ့က အင်းစိန် အောင်ဆန်းတပ်ဦးကျောင်းတွင် ကျင်းပခဲ့သော အမျိုး ဘာသာ
သာသနာ စောင့်ရှောက်ရေးအဖွဲ့ ၂နှစ်ပြည့် ညီလာခံကြီး အောင်မြင်မှုကို Congratulation ဂုဏ်ပြုကြောင်း၊ လာမည့်နှစ် ညီလာခံကြီး၌ ထေရဝါဒ ၅ နိုင်ငံပါဝင်အောင် ကျင်းပပေးဖို့ မဘသအဖွဲ့အား အကြံပြု တိုက်တွန်းကြောင်း၊ မဘသအဖွဲ့ကို ကျစ်လစ်ခိုင်မာအောင် ဖွဲ့သင့်ကြောင်း၊ ထေရဝါဒ ၅ နိုင်ငံလုံးဆိုင်ရာ မဘသလည်း စတင်ဖွဲ့သင့်ကြောင်း၊ ထိုအကြောင်းများကို ဥက္ကဋ္ဌ ရွာမဆရာတော်ကြီးကို သွားရောက် လျှောက်ထားကြဖို့ မိမိ နှင့် အရှင်ဒေဝိန္ဒာဘိဝံသအပါအ၀င် သီတဂူတပည့်များအား မိန့်ကြားတော်မူခဲ့ပါသည်။
Author : သီတဂူဒေါက်တာအရှင်သီဟဉာဏာလင်္ကာရ
==============================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
==============================
Posted by သီတဂူသတင်းitking969.blogsport.com

No comments:

Post a Comment