Thursday, July 23, 2015

ဘီလူးဘယ်မှာလဲ

ဘီလူးဘယ်မှာလဲ
****************
မျက်လုံးကျယ်ကျယ်
အစွယ်ကွေးကွေး
ကိုယ်ထည်ထွားထွား
သားစားလွန်ကျူး
ငါကြားဖူးသည်
ဘီလူးဘယ်မှာ ရှိသနည်း ။

သေခြာစဉ်းစား
ငါလူသားသည်
ကျွဲနွားဆိတ်ဝက်
ဘဲငါးကြက်နှင့်
ကျေးငှက်မကျန်
တိရစ္ဆာန်ကို
သုဿန်သင်္ချိုင်း
ခံတွင်းရိုင်း၌
နေ့တိုင်းမြှုပ်နှံ
ပုပ်စော်နံခဲ့
တစ်လန်တစ်ထွာ
မရှည်ပါသော
ဤလျှာမြေကွက်
ဝိညာဏ်ထက်တွင်
အသက်ထောင်သောင်း
ဇီဝိန်ပြောင်း၍
အလောင်းစုံညီ
ထပ်ခဲ့ပြီတည့်
အဆီကိုစား
အသားကိုမြို
သွေးကိုသောက်သုံး
အမှောင်ဖုံးမို့
မျက်လုံးမကျယ်
အစွယ်မကွေး
လူကမွေးလည်း
ကြံတွေးကြည့်လျင်
သတိဝင်သည်
ငါပင်ဘီလူးဖြစ်လေသတည်း ။
( ဟိုပုန်းမြို့ စွန်မှီတောရကျောင်းတိုက်မှ ကူးယူပါသည် )
Lovely Lay's photo.
Like   Comment   

No comments:

Post a Comment