Tuesday, July 14, 2015

ကိုယ္ခ်င္းစာစိတ္ ႏွင့္ တာဝန္ယူမႈ



ကိုယ္ခ်င္းစာစိတ္ ႏွင့္ တာဝန္ယူမႈ
၂၀၁၅၊ ဇူလိုင္လ၊ ၁၁ရက္၊ ည၉:၃၀။ ။ ရန္ကုန္ၿမိဳ႕၊ သံသုမာလမ္းရွိ လမ္းေဘးဆီဆိုင္ေရွ႕တြင္ အသက္၄၅ႏွစ္ခန္႔ရွိ အမ်ိဳးသားတစ္ဦးအား ဆလြန္းကားတစ္စီးမွ တိုက္ၿပီးထြက္ေျပးခဲ့သည္။ တိုက္သြားေသာ ကားေမာင္းသူမွာ ေသသလား၊ ရွင္သလားေတာင္ ဆင္းမၾကည့္ခဲ့ေပ။ ဓာတ္ဆီဆိုင္မွ လူမ်ားမွ အေရးေပၚသို႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့ရပါတယ္။ ဦးေခါင္းခြံေပါက္ၿပဲၿပီး ေက်ာ႐ိုးပါက်ိဳးသြားပါသျဖင့္ လမ္းျပန္ေလ်ာက္ႏိုင္ဖို႔ေနေနသာသာ အသက္လုေနရတဲ့ အေနအထားမွာ ရွိေနပါတယ္။
လူတိုင္းအမွားႏွင့္ မကင္းႏိုင္ပါ။ သို႔ေသာ္ မိမိအမွားေၾကာင့္ တဖက္သား ထိခိုက္နစ္နာခဲ့လ်င္ ကိုယ္ခ်င္းစာစိတ္ ထားရွိခါ တာဝန္ယူလိုစိတ္ ရွိသင့္ပါသည္။ တာဝန္မယူလိုလ်င္၊ မိမိအျပစ္အတြက္ ျပန္မေပးဆပ္လိုလ်င္ အမွားကင္းေအာင္ အစကတည္းက ဆင္ျခင္သင့္ေပသည္။ မိမိ၏ မေကာင္းမႈကို တျခားသူမသိေအာင္ ဖံုးကြယ္ထားလို႔ ရေကာင္းရေပမယ့္ မိမိစိတ္ကို မိမိကိုယ္တိုင္ အေမွာင္ရိပ္ထဲ ေထာင္ခ်ထားၿပီး ေသသည္အထိ စိတ္မသန္႔ဘဲ အထိတ္ထိတ္ အလန္႔လန္႔ ေနေနရေပလိမ့္မည္။
Stacy Chan (႐ိုးရာေလး)
www.yoyarlay.com
‪#‎stacy_yyl‬
‪#‎article_yyl‬
(unicode version)
ကိုယ်ချင်းစာစိတ် နှင့် တာဝန်ယူမှု
၂၀၁၅၊ ဇူလိုင်လ၊ ၁၁ရက်၊ ည၉:၃၀။ ။ ရန်ကုန်မြို့၊ သံသုမာလမ်းရှိ လမ်းဘေးဆီဆိုင်ရှေ့တွင် အသက်၄၅နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား ဆလွန်းကားတစ်စီးမှ တိုက်ပြီးထွက်ပြေးခဲ့သည်။ တိုက်သွားသော ကားမောင်းသူမှာ သေသလား၊ ရှင်သလားတောင် ဆင်းမကြည့်ခဲ့ပေ။ ဓာတ်ဆီဆိုင်မှ လူများမှ အရေးပေါ်သို့ ဖုန်းဆက်အကြောင်းကြားခဲ့ရပါတယ်။ ဦးခေါင်းခွံပေါက်ပြဲပြီး ကျောရိုးပါကျိုးသွားပါသဖြင့် လမ်းပြန်လျောက်နိုင်ဖို့နေနေသာသာ အသက်လုနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။
လူတိုင်းအမှားနှင့် မကင်းနိုင်ပါ။ သို့သော် မိမိအမှားကြောင့် တဖက်သား ထိခိုက်နစ်နာခဲ့လျင် ကိုယ်ချင်းစာစိတ် ထားရှိခါ တာဝန်ယူလိုစိတ် ရှိသင့်ပါသည်။ တာဝန်မယူလိုလျင်၊ မိမိအပြစ်အတွက် ပြန်မပေးဆပ်လိုလျင် အမှားကင်းအောင် အစကတည်းက ဆင်ခြင်သင့်ပေသည်။ မိမိ၏ မကောင်းမှုကို တခြားသူမသိအောင် ဖုံးကွယ်ထားလို့ ရကောင်းရပေမယ့် မိမိစိတ်ကို မိမိကိုယ်တိုင် အမှောင်ရိပ်ထဲ ထောင်ချထားပြီး သေသည်အထိ စိတ်မသန့်ဘဲ အထိတ်ထိတ် အလန့်လန့် နေနေရပေလိမ့်မည်။
Stacy Chan (ရိုးရာလေး)
YoYarLay's photo.

No comments:

Post a Comment