Monday, July 13, 2015

ထို့ ကြောင့် ဗုဒ္ဓဟုခေါ်သည်

Chan Myae's photo.
ထို့ ကြောင့် ဗုဒ္ဓဟုခေါ်သည် ၊ ဒါကြောင့် ဗုဒ္ဓကို ကျွန်တော် အလွန်လေးစားကြည်ညိုသည်။
''ဗုဒ္ဓ(Buddha)''..ကိုကျွန်တော်အရမ်းလေးစားပါတယ်....
ဘာကြောင့်လဲဆိုတော့...
''ဗုဒ္ဓ(Buddha)'' ဟာ... ဒီကမ္ဘာကြီးကို သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး....
သူ့ကိုကိုးကွယ်ရင်..
ဆုလာဒ်တွေ ပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး....
သူ့ကိုမရှိခိုးရင်...မကိုးကွယ်ရင်..
ငရဲကိုပို့ပစ်မယ်လို့..မခြိမ်းခြောက်ခဲ့ပါဘူး...
သူ့ကိုရှိခိုးခြင်းထက်..
စရဏပိုင်း ကောင်းမွန်ခြင်းဟာ.. ပိုမြတ်တယ်လို့...
ပြတ်ပြတ်သားသား ပြောကြားခဲ့သူပါ...
သူပြောတဲ့..စကားတိုင်းကိုလည်း..
အလွယ်တကူ..မျက်စိမှိတ်မယုံလိုက်ပါနဲ့လို့
ရဲရဲတောက် ပြောကြားခဲ့သူပါ...
သူဟောကြားခဲ့တဲ့..ဒီအမှန်တရားတွေဟာ..
သူပိုင်တာ မဟုတ်ပါဘူး...
သဘာဝအမှန်တရားတွေ သာဖြစ်တယ်လို့
ပေါ်ပေါ်တင်တင်ပြောကြားခဲ့သူပါ...
သူရရှိခဲ့တဲ့..ဘုရားအဖြစ်ကိုလည်း..
သူတစ်ယောက်တည်း.. မောင်ပိုင်စီးထားတာမျိုးမဟုတ်ဘဲ...
ဘုရားဖြစ်ချင်ရင်လူသားတိုင်း.. ကြိုးစားလို့ရတယ်ဆိုတဲ့...
လမ်းကြောင်းတစ်ခုကို စိတ်သဘောထား ကြီးမြတ်စွာ နဲ့ချပြခဲ့သူပါ...
လွပ်လပ်စွာတွေးခေါ်ခွင့်...
လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်...
လွတ်လပ်စွာယုံကြည်ခွင့်...ဆိုတဲ့ ဒီမိုကရေစီ သဘောတရားတွေကို
ပြောကြားခဲ့တဲ့ ပထမဆုံးသော.. ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ...
ကိုယ်ကောင်းတာလုပ်ရင်..ကောင်းကျိုးခံစားရမယ် မကောင်းတာလုပ်ရင်..
မကောင်းကျိုးခံစားရမယ်..
မိမိရဲ့ကောင်းခြင်းဆိုးခြင်း..ရလာဒ်တွေဟာ...
မိမိရဲ့အတိတ်,ပစ္စုပ္ပန်ကာလတွေရဲ့.. လုပ်ရပ်ကြောင့်ဖြစ်တယ်..
မည်သူတစ်ဦး တစ်ယောက်ကမှ.. ဖန်တီး စီရင်နေတာ,မဟုတ်ဘူးလို့
အကြောင်းတရားကြောင့်.. အကျိုးတရားဖြစ်ရခြင်း..ကိုပြောကြားခဲ့တဲ့..
တစ်ဦးတည်းသော.. ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ...
သူ့ရဲ့တစ်သက်တာ,ကာလပတ်လုံးမှာ... သူတားမြစ်ခဲ့တဲ့ တရားတွေကို..
သူကိုယ်တိုင်လည်း လုံခြုံခဲ့ပါတယ်...
အဲဒါကြောင့်..ကျွန်တော်ဟာ..
''ဗုဒ္ဓ(Buddha)'' ကို..အရမ်းလေးစားပါတယ်.. အရမ်းကြည်ညိုပါတယ်....
''ထို့ကြောင့်လက်ဆယ်ဖြာထိပ်မှာမိုး လို့ ရှိခိုးပါသည်..
ဆင်းတုတော်၊ပုံတော် ကို ကြောင်းမဲ့သက်သက် ရှိခိုးနေခြင်းမဟုတ်ပါ ပုံတော်ကိုမြင်လို့ ဂုဏ်တော်ကို နှလုံးသွင်း ဖြူစင်လှတဲ့ကိုယ်ကျင့်သီလ တွေကြောင့် ကိုးကွယ်ခြင်းဖြစ်သည်
(သိအောင်လို့.....)
သူဟောကြားခဲ့တဲ့..ငြိမ်းချမ်းတရားတော်တွေဟာ.. ခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...
လိုက်နာကျင့်သုံးရင်..အသုံးဝင်နေတုန်းပါပဲ...
ဒီနေ့ကမ္ဘာကြီး ငြိမ်းချမ်းအောင်..
''ဗုဒ္ဓ(Buddha)'' တရားတော်တွေထဲမှာ.. နည်းလမ်းတွေ ရှိနေပါတယ်....
''ဗုဒ္ဓ(Buddha)''..ကျင်ကြံခဲ့တဲ့.. ဝိပဿနာတရားတွေဟာလည်း..
''ဗုဒ္ဓ(Buddha)'',ချမှတ်ပေးခဲ့တဲ့... နည်းလမ်းတွေအတိုင်း..
လက်တွေ့ကျင့်ကြံကြည့်ရင်.. စိတ်ရဲ့ငြိမ်းချမ်းခြင်းကို ....
အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ.. ဘာသာခြားတွေတောင်..လက်ခံနေကြပါတယ်
ဝိပဿနာတရားစခန်းတွေမှာ.. ဖန်ဆင်းရှင်ဝါဒကို ယုံကြည်တဲ့.... ဘာသာခြားတွေ..
အများကြီးလာရောက်ကျင့်ကြံ အားထုတ်နေကြတာ..အများကြီးရှိပါတယ်...
''ဗုဒ္ဓ(Buddha)'' ဟာ..ကြွားဝါမှုတွေ.. စည်းရုံးမှုတွေ...ခြိမ်းခြောက်မှုတွေ...
ချုပ်ချယ်မှုတွေ...မလုပ်ခဲ့ပါပဲနဲ့..
သူ့စကားကိုယုံကြည်စွာ..လိုက်နာနေကြတဲ့
''ဗုဒ္ဓ(Buddha)'' ဘာသာဝင်တွေ.. ယနေ့အထိအများကြီး ရှိနေဆဲဖြစ်တာကို..
ကျွန်တော်အင်မတန်မှကို..ဂုဏ်ယူမိပါတယ်...
အခု..''ဗုဒ္ဓ(Buddha)'' မရှိတော့တာ..
နှစ်ပေါင်း၂၅၀၀ကျော်သွားပါပြီ..
အင်အားအကြီးဆုံး ဘာသာကြီး၎ခုထဲမှာ..
အခုချိန်ထိ ပါဝင်နေတာကို.. အံ့သြချီးကျူးလို့ကို..မဆုံးနိုင်တော့ပါဘူး....
ဗုဒ္ဓရဲ့သွန်သင်ဆုံးမမှုတွေက.. စာအုပ်တွေများများ ဖတ်ပြီး..
ဆင်ခြင်သုံးသပ်ကြည့်လေပိုပြီး.. မှန်တယ်ဆိုတာ..သိလာပါတယ်။
ဒါကြောင့်..ကျွန်တော်ဟာ..
''ဗုဒ္ဓ(Buddha)'' ဘာသာဝင် တစ်ယောက်ဖြစ်ရတာ..
ဂုဏ်ယူပါတယ်
Buddhaဘာသာဝင်..အသိုင်းအဝိုင်းကြားမှာ..မွေးဖွားလာရတာကိုလည်း..
အလွန်ကျေနပ်မိပါတော့တယ်....
(ကျွန်တော်..ဒီလိုတွေရေးလိုက်တာဟာသူများဘာသာကို..ထိခိုက်စေလိုသော..ဆန္ဒမရှိပါဘူး..Buddhaဘာသာဝင်တစ်ဦးရဲ့..ရိုးရှင်းသော..
ရင်တွင်းခံစားချက်သက်သက် သာ..ဖြစ်ပါတယ်)
''ဗုဒ္ဓ(Buddha)'' ဘာသာတွင် ''ဘာကြောင့်'' ဟုသော အမေးကို ယုတ္တိရှိသော အဖြေ ရှိသည်...
.လေး အင်္သချေ နှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ကာ အကြောင်းနှင့် အကျိုး ကို ဆက်စပ်ပြီးပွင့်တော်မူလာသော အကျင့်သီလ စင်ကြယ်လှသော ပါရမီပြည့်ရှင် သာလွန်လူသားတစ်ဦး ဖြစ်သည်
ထို့ကြောင့် ''ဗုဒ္ဓ(Buddha)'' သည် ဖန်ဆင်းရှင် ...
(ကောင်းကျိုးဆိုးကျိုး အရာရာ မိမိကြောင့်မဟုတ် ငါ့ အလိုတော်အတိုင်းဟု အကြောင်းအကျိုး မရှိ အတ္တဖြင့် ကိုးကွယ်စေသူ) မဟုတ် ။
''ဗုဒ္ဓ(Buddha)'' သည် လူတို့ ဖြစ်အပ် ပျက်အပ်သော သဘာဝတရားကို သာဟောကြားတော်မူအပ်သော
(လုပ်ကြံ ဖန်တီး ထားခြင်းမရှိသော) ကြောင့်
မိမိတရားတွေ လက်မခံလဲ
အကြောင်းမဟုတ်။
ကျောသားရင်သား မခွဲခြားပဲ ခရီးမည်မျှ ပင်ဝေးဝေး မနေမနား တထိုင်တည်း ခြေချွတ်တော်မူနိုင်သော ပါရမီပြည့်ရှင် သာလွန်လူသားတစ်ဦး ဖြစ်သည်။
ထို့ကြောင့် ''ဗုဒ္ဓ(Buddha)'' သည် စည်းရုံးသူ ...(မက်လုံး ပေးကာ ကိုးကွယ် စေသူ) မဟုတ်။
''ဗုဒ္ဓ(Buddha)'' သည် ဆိုးသွမ်းသူအား လိမ္မာ ယဉ်ကျေးစွာ လည်းကောင်း၊ပူဆွေးသောက ရောက်သူအားတည်ငြိမ်အေးချမ်းစွာဖြင့် လည်းကောင်း တုတ်မပြ၊ခဲမပြ အပြုံး မျက်နှာတော်နှင့်သာ ဆုံးမတော်မူနိုင်သော ငြိမ်းအေးစေမူနိုင်သောပါရမီပြည့်ရှင် သာလွန်လူသားတစ်ဦး ဖြစ်သည်။
ထို့ကြောင့် ''ဗုဒ္ဓ(Buddha)'' သည် ခြိမ်းခြောက်သူ ...(အကြောက်တရားဖြင့် ဖိနှိပ်ချုပ်ချယ် ကာ ကိုးကွယ် စေသူ) မဟုတ်။
သဘာဝနှင့် လက်တွေ့ အချိန်အခါ မရွေး တစ်ထပ်တည်းကျသော ကျွန်တော့ နှလုံးသားတည်းက....ဘာသာ....
ထို့ကြောင့် ''ဗုဒ္ဓ(Buddha)'' ဟုခေါ်ပါသည်...
သက်ဆိုင်သူသို့...
ဗုဒ္ဓဘာသာ ထက် အကြောင်းအကျိုး ကို ခိုင်လုံ ယုတ္တိ ကျနစွာ ရှင်းပြနိုင်တဲ့ ဘာသာ ပေါ်ထွက်တဲ့ နေ့ဟာ ကျွန်တော် ဗုဒ္ဓဘာသာ ကို စွန့်တဲ့ နေ့ပဲ
...ဒါကြောင့် မိရိုးဖလာ မဟုတ်တဲ့ ကျွန်တော့်လို လူကိုဘာသာပြောင်းဖို့ဆွယ်တရားတွေလာမဟောပါနဲ့ ခင်ဗျားတို့ မောတာပဲ အဖတ်တင်မယ်။
((( Credit to ဗုဒ္ဓမူကြို မှ Henry Saw ပြန်လည် မွန်းမံခါ အကောင်းမွန်းဆုံး ပြန်လည်ရေးသားသည်၊
အားလုံး ရေးသားချက်ထဲမှ မှားတာရှိ ၀န်တာမိ ပါ....)))
.
စာသားအရေးအသားတွေ ထိမိပြီး လေးစာမိတဲ့အတွက်
Koung myet min soe blog မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment