Tuesday, July 14, 2015

တရားတော်ကို လေ့လာသင်ယူသူ ( ၃ ) မျိုး

တရားတော်ကို လေ့လာသင်ယူသူ ( ၃ ) မျိုး
***************************************
၁ ။ အဝကုဇ္ဇပည =
မှောက်ထားအပ်သော အိုးနှင့်တူသောသူ
သင်ယူသော်လည်း အစ အလယ် အဆုံး သုံးမျိုးတွင် တစ်မျိုးမျိုးကိုမှ မမှတ်မိသော ပုဂ္ဂိုလ် ။
၂ ။ ဥစ္ဆင်္ဂပည = ခါးပိုက်ဆောင်ပညာ ရှိသောသူ
ခါးပုံစအတွင်း၌ စားစရာကို ထည့်၍ စားသူသည် အမှတ်တမဲ့ ထလိုက်သောအခါ ခါးပုံစအတွင်းမှ စားစရာများ ဖိတ်စင်ကျသကဲ့သို့ သင်ယူစဉ်အခါ၌ အစ အလယ် အဆုံး မှတ်မိသော်လည်း ထပြန်သွားသောအခါ တစ်စုံတစ်ခုကိုမျှ မမှတ်မိတော့သော ပုဂ္ဂိုလ် ။
ဥက္ကုဇ္ဇပည = ဖွင့်လှန်ထားသောအိုးနှင့်တူသောသူ
ဆရာသမားတို့အထံ၌ လေ့လာသင်ကြားနာယူစဉ် အစ အလယ် အဆုံးသုံးမျိုးစလုံးကို ကောင်းမွန်စွာ လေ့လာ မှတ်သား သိရှိ၍ ပြန်သွားသောအခါ၌ လည်း ကောင်းမွန်စွာ မှတ်သားသိနားလည်သော ပုဂ္ဂိုလ် ။
( ဘိ I ၄ I ၁၃၅ )
Lovely Lay's photo.

No comments:

Post a Comment