17 hrs ·
သတ်သက်လွတ်ဆိုတာ
****************
တစ်ချိန်တုန်းက ဘုန်းကြီး အစင်တောထဲနေစဉ်အခါက ကျောင်းဆရာတစ်ဦးက " သတ်သက်လွတ်ဆိုတာ ဘာအဓိပ္ပါယ်ရှိလဲ "
တဲ့ သူကလာမေးတယ်။မေးလိုက်တဲ့အချိန်မှာ သူဘာဦးတည်ချက်နဲ့ မေးနေတာဘုန်းကြီးလည်း နည်းနည်းသဘောပေါက်ပါ

တယ်။ ဘုန်းကြီးက " ဘာမှအဓိပ္ပါယ်မရှိပါဘူး " လို့လဲပြန်ဖြေလိုက်တော့ သူကဈေးဆစ်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်လေတော့ " ဘြာ
ဖစ်လို့လဲတဲ့ " သူကထပ်မေးပါတယ်။ဒီတော့ဘုန်းကြီးက မလွဲမရှောင်သာတဲ့ပြဿနာလေးတွေ သူ့ကိုရှင်းပြပါတယ်။ အသား
ငါးကို မစားဘူးလို့ ပြောရင် အဓိပ္ပါယ်ရှိတန်သလောက်ရှိပါတယ်။သို့သော်လည်း သတ်သက်လွတ်စားနေပါတယ်ဆိုရင်တော့
အဓိပ္ပါယ်နဲနဲကင်းမဲ့တဲ့ သဘောရှိတယ်လို့၊ဘာဖြစ်လို့လဲဆိုတော့ ခုလိုပေါ့ ယင်နားစာတွေကို စားလိုက်ရင် သတ်သက်လွ
တ်တယ်လို့ ပြောနိုင်ပါတော့မလား။မပြောနိုင်ဘူး။
ဘုန်းကြီးတို့ ဆွမ်းခံတဲ့ အခါ ယင်တွေကမည်းနေတာဘဲ ရှိတတ်ပါတယ်။ ဒီယင်တွေက ဘယ်ကလာလဲ ဟိုဘက်ကအိမ်သာ
စတဲ့ မကောင်းတဲ့နေရာတွေက လာရှိလေတော့ သူတို့စီမှာ မမြင်နိုင်တဲ့ ဘက်တီရီးယားတွေပါမနေဘူးလား။တစ်ချို့ခေတ်မှီ
တဲ့နိုင်ငံတွေမှာတော့ ဒီလိုယင်နားစာတွေကို မစားသုံးကျပါဘူး။ဘုန်းကြီးတို့လောင်းလိုက်တဲ့ ဆွမ်းထဲကော ဒီလိုယင်နားစာေ
တွပါမနေဘူးလား။ပါနေမှာဘဲ။
အိမ်ရှင်မတွေ တစ်ခါတစ်လေ ဆန်ထဲမှာဆန်ပိုးပါနေတာမရွေးဘဲ ရောချက်လိုက်တယ်။ဘုန်းကြီးကိုလောင်းလိုက်လေတော့
သပိတ်ထဲလဲ ဒီပိုးတွေပါမလာဘူးလား။ပါလာတယ်။သတ်သက်တစ်ကယ်လွတ်တယ် ပြောနိုင်ဦးမလား။ မပြောနိုင်ဘူးနော်။
သူများအသားငါးတွေ သတ်ပြီးစားရမယ်လို့ ဘုန်းကြီးဆိုလိုရင်းမဟုတ်ဘူး။အဓိပ္ပါယ်ကို ဆန်းစစ်ပြနေတာပါ။နောက်တစ်ခုကြည့်
ဟင်းသီးဟင်းရွက်တွေမှာ ဘက်တီးရီးယားဆိုတဲ့ပိုးတွေ ပါလေတော့။ပကတိမျက်စိနဲ့မြင်ဖို့ရန်ခက်ခဲတယ် ။ ခက်ခဲလေတော့
အဲ့ဒိမှာ ပိုးတွေက စားမိရင် တကယ့်သတ်သက်လွတ်တယ်ဆိုတာ မပြောနိုင်ပါဘူးလို့။
တစ်ချို့အိမ်ရှင်မတွေလည်း ရှိပါတယ်။တစ်ခါတလေ အိုးမဆေးဘဲ ထမင်းချက်လိုက်တယ်။ဒီထဲပုရွက်ဆိတ်တွေကပါလာတ
ယ်။ဟင်းထဲလည်းပါလာတတ်တယ်။အဲ့ဒါကြောင့် သတ်သက်လွတ်အစစ်ရယ်လို့ပြောလို့ သိပ်မလွယ်ဘူးလို့။ဘုန်းကြီးက သူ့
ကိုရှင်းပြပါတယ်။
သို့သော်ပိုဆိုးတဲ့ပြဿနာတစ်ခုက အင်္ဂလိပ်လက်ထက်လောက်က ဆိုကြပါစို့ နာမည်ကျော်ဖြစ်တဲ့ ဒီသစ်သီးကျောင်းကို စြ
ပီးတည်ထောင်သွားတဲ့ သစ်သီးဆရာတော်ရဲ့ ဆရာဖြစ်တော်မူတဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရား ဆိုတာ စစ်ကိုင်းမှာထင်ရှား
ပါတယ်။အင်္ဂလိပ်အမျိုးသားတစ်ဒကာတစ်ဦးက ဆရာတော်ကြီးထံချဉ်းကပ်ပြီးတော့ အရှင်ဘုရားတို့ဘုရားရှင်ကနေပြီးတော့
သူတစ်ပါးရဲ့အသက်ကိုမသတ်ရဘူး ဆိုပြီးတော့ဒီလိုပညတ်ထားတယ်တဲ့။အဲ့ဒီလို ပညတ်ထားတဲ့အပိုင်းမှာ အရှင်ဘုရားတို
့သောက်သုံးနေတဲ့ ရေတွေကို သိပ္ပံပညာနည်းနဲ့ သေသေချာချာစမ်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ အဲ့ဒိထဲမှာ ပိုးတွေ
များစွာပါနေတယ်တဲ့။"အဲ့ဒါသူများအသက်ကို သတ်နေတာမဟုတ်ဘူးလား" တဲ့။ဒီမေးခွန်းလေးမေးလာတယ်။
မေးလိုက်တဲ့အခါ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက " တို့ဘုရားရှင်က ရေကိုစစ်ပြီးတော့သောက်သုံးစေဆိုပြီး ခွင့်ပြုထား
တယ်။တို့လည်းစစ်ပြီးတော့သောက်တာ ၊ သောက်လိုက်တဲ့အခါရေကစစ်ထားတယ် ပိုးရှိတယ်ဆိုတာလည်းမသိဘူး။မြင်လည်
းမမြင်နိုင်ဘူး။မမြင်နိုင်တဲ့အတွက်ကြောင့် မမြင်နိုင်တဲ့ ဒီပစ္စည်းတွေအတွက်ဆိုရင် အာပါတ်ရဲ့အင်္ဂါမခေါ်လေတော့။အာပါ
တ်မသင့်ပါဘူးလို့" ပြန်ဖြေလိုက်တယ်။
အဲ့ဒိတော့ ရေတောင်မှသတ်သက်လွတ်သေးလား?။မလွတ်ဘူး။ရေတောင် သတ်သက်မလွတ်ဘူးဆို အခြားကော သ
တ်သက်လွတ်ဆိုတာရှိနိုင်ပါတော့မလား။ဒိထက်ပိုဆိုးတဲ့ ပြဿနာတစ်ခုကို ဘုန်းကြီးစဉ်းစားမိတာ သိပ္ပံပညာနည်းအရပြော
မယ်ဆို အသက်ရှူလိုက်တဲ့ လေထဲမှာလည်း ကူးစက်တတ်တဲ့ ပိုးမွှားတွေရှိနေတယ်။ဥပမာ တီဘီရောဂါရှိတဲ့သူတွေ ချောင်း
တံတွေးကနေကူးနိုင်တယ်။ သူချောင်ဆိုးလိုက်တဲ့အခါ သူချောင်ဆိုးတဲ့လေမှာ ပိုးတွေပါတယ်။ မိမိကရှူခဲ့မိမယ်ဆိုကူးစက်နို
င်ပါတယ်။ဒီလိုဆိုအသက်ရှူလိုက်ရင်အဲ့ဒိပိုးကောင်တွေပါမသွားဘူးလား။တကယ့်သတ်သက်လွတ်အစစ်ဖြစ်ပါ့မလား?။
မဖြစ်နိုင်ဘူးနော်။ဒါကြောင့်နည်းနည်းလေး အစွန်းတစ်ဖက်ကိုရောက်နေတဲ့စိတ်ထား ဘုန်းကြီးကမရှိစေချင်လို့ပြောတာပါ။
အရင်တုံးက ကျန်းမာရေးအရ လက်ဖက်ထဲမှာ စမ်းသပ်လိုက်တော့ ပိုးတွေများစွာပါနေဆိုတော့ ဘုန်းကြီးလည်း ဒါကိုကြာြး
ပီးလက်ဖက်မစားတာနှစ်နဲ့ချီကြာပါတယ်။နောက်တော့ပြန် စဉ်းစားမိတယ် ရေသောက်နေလဲပိုးကပါတယ်။အသက်ရှူရင်လည်
းပိုးကပါတယ်။နောက်ဆုံး ကျင်ကြီးကျင်ငယ်ထဲလည်းပိုးကပါနေလေတော့ ၊ ကျင်ကြီးကျင်ငယ်စွန့်လိုက်ရင်ဒီပိုးတွေသေကြေ
ပျက်စီးကုန်မှာဆိုးလို့ မစွန့်ဘဲနေမလားလို့ စဉ်းစားကြည့်နော်။တစ်ဖက်စွန်းကို မရောက်စေချင်လို့ဘုန်းကြီးပြောတာပါ။
ဥပါလိသူကြွယ်ကို ဘုရားရှင်ဟောကြားထားတာတစ်ခုရှိပါတယ်။ကာယကံနဲ့ မနောကံနေရာမှာ လမ်းလျောက်တဲ့အခါမှာ ကို
ကမြင်လဲမမြင်ဘူး သိလည်းမသိဘဲ ပိုးမွှားတွေကိုနင်းမိတယ်။သေကြေပျက်စီးကုန်တယ်။ဒီလိုနေရာမျိုးမှာတော့ သေစေလိုတဲ့
စိတ်စေတနာ ထင်ရှားရှိမှသာလျှင် ပါဏာတိပါတကံထိုက်ပါတယ်။လုံ့လပယောဂစသည်အင်္ဂါရပ်တွေလည်းပါတယ် အဲ့ဒိမှာ
အဓိက ကသေစေလိုစိတ်စေတနာပါ။ခုလိုသွားလာရင်း သတ္တဝါတွေကို သေစေလိုတဲ့ စိတ်မထားဘဲ နှလုံးသွင်းမှန်နေမယ်ဆို
အပြစ်မဖြစ်ပါဘူး။အကယ်၍ ဒီလိုဟာသာအပြစ်ဖြစ်ပါတယ်ဆို လမ်းမသွားဘဲနေရတော့မလား။
ဒီနေရာမှာ အဋ္ဌကထာ၊ဋီကာတွေဖွင့်ဆိုထားတာ ဘုရားရှင်ရဲ့အလိုအတိုင်း တကယ့်သတ်သက်လွတ်ဆိုတာ စမ်းစစ်ကြည့်
ရင်လွယ်ပါ့မလား?။မလွယ်ဘူးနော်။ဘုရားရှင်က စားသုံးတဲ့အခါမှာ နိဿရဏ သံသရာမှထွက်မြောက်ကြောင်း တရားနှလုံး
သွင်းပြီးစားသုံးဖို့ညွှန်ကြားထားပါတယ်။ဒီမှာကဘယ်လိုပြဿနာပေါ်လဲဆိုတော့ သတ်သက်လွတ်စားတဲ့ အလေ့အကျင့်သည်
မွန်မြတ်တဲ့ ကျင့်ဝတ်ဖြစ်တယ်လို့ ယူဆခဲ့ရင် မိစ္ဆာဒိဋ္ဌိဖြစ်တယ်လို့ဆိုပြီး အဋ္ဌကထာ၊ဋီကာတွေဖွင့်ဆိုထားတယ်။ဘာဖြစ်လို့လ
ည်းမှားယွင်းနေတဲ့ အယူအဆမို့ပါ။အခုစမ်းစစ်ပြသလို တကယ့်သတ်သက်လွတ်ဆိုတာဖြစ်နိုင်ပါ့လား?။ မဖြစ်နိုင်ပါဘူးနော်။
သို့သော် သိလျက်နဲ့ လွန်ကြူးလိုတဲ့စိတ်စေတနာဖြင့် သတ္တဝါတွေကို သတ်ဖြတ်ပြီးစားသောက်တာဘုရားရှင် နှစ်ခြိုက်သလား။
မနှစ်ခြိုက်ပါဘူး။ဒီနေ့စားနေတဲ့ အသားငါးတွေက မသတ်ဘဲဖြစ်ပေါ်လာသလား? ။ ရှားပါတယ်နော်။သတ်သက်လွတ်စားတဲ့
အလေ့အကျင့်သည် မွန်မြတ်သော ကျင့်ဝတ်ဖြစ်တယ်လို့ ယူဆခဲ့ရင် မိစ္ဆာဒိဋ္ဌိဖြစ်သလို သတ်သက်မလွတ်မှ အသားငါးကို
စားမှသာလျှင် သမ္မာဒိဋ္ဌိဖြစ်တယ်လို့ယူဆမယ်ဆိုရင်မမှားဘူးလား?။မှားနေတယ်ဘာဖြစ်လို့လဲ အသားငါးမစားတဲ့နေ့က အြ
ပစ်ရှိရမယ်ပုံဖြစ်နေတော့မယ်။
ဘုရားရှင်က သတ်သက်လွတ်ခြင်း အသားငါးစားခြင်းမစားခြင်းထက် အစွန်း၃ပါးလွတ်ဖို့ရန်သာအဓိကပါ။အားလူးဘဲစား
တယ်ထား ဘဝမှလွတ်မြောက်ဖို့ နိဿရဏသံသရာကထွက်မြောက်ဖို့ ဉာဏ်အမြင်နဲ့မစားခဲ့ရင် ဆင်းရဲဒုက္ခမှလွတ်နိုင်ဖို့မ
လွယ်ပါဘူး။အပ်စပ်နေတဲ့ အသားငါးဘဲစားချင်စားပါစေ။ဘဝမှလွတ်မြောက်လိုတဲ့ နိဿရဏ ပညာဉာဏ်အမြင်ရှိခဲ့ရင် သံ
သရာဝဋ်ဆင်းရဲကမလွတ်နိုင်ဘူးလား။လွတ်နိုင်ပါတယ်။
ဘုရားရှင်သည်လည်း နိဿရဏအညာနဲ့ အပ်စပ်သောအသားငါးကိုမစားဘူးလား။ သံသရာဝဋ်ဆင်းရဲကမလွတ်နိုင်ဘူး
လား။လွတ်မြောက်သွားပါတယ်။တစ်ချို့တွေ သတ်သက်လွတ်စားနေတယ် နိဿရဏဉာဏ်ကညာမရှိလေတော့ သံသရာ
ဝဋ်ဆင်းရဲကလွတ်နိုင်လား။မလွတ်နိုင်ပါတယ်။သံသရာဝဋ်ဆင်းရဲကလွတ်ဖို့ နိဿရဏဉာဏ်အညာကို ဘုရားရှင်ကသင်ပေးေ
နတာပါ။
" ဖားအောက်တောရဆရာတော် "

No comments:
Post a Comment