ဓမ္မ စာပေများ with Mattar Winkaba and 32 others
ဆရာကြီးဦးသုခ ရဲ့ မင်္ဂသုတ်မှာပါတဲ့ အသူရာနဲ့ယစ်မူးခြင်း ကြောင့်ဖြစ်ရတဲ့ အကျိုး ( ၂၄ )ပါး
၁။ သောက်မိရင် လမ်းလျှောက်လို့မရအောင် လဲမယ်၊
၂။ မစားသင်တာ အကုန်စားလိမ့်မယ် (သားကို တောင် ဟင်းစားလုပ်မယ်)

၃။ နွားများ စားမြုံပြန်သလို ၀ါးပြီး သားလည်း ပြန်စားတက်တယ်။
၎။ ကိုးကွယ်ရာ မရတဲ့လူလို လှည့်လည်တက်တယ်။
၅။ သီခြင်း က,ခြင်း ကို အရှက်အကြောက်မရှိပြုတက်တယ်။
၆။ အ၀တ် အစားမကပ်ဘဲ ရွာထဲ မြို့ထဲ လျှောက်တက်တယ်။
၇။ အလွန်အကျူးအိပ်တက်တယ်။
၈။ ခေါင်းခါ၊ ခြေခါ၊ လက်တုန် ဖြစ်တက်တယ်။
၉။ အသည်းကို မီးလောင်တက်တယ်။
၁၀။ နှောင်ဖွဲ့ခြင်း၊ သတ်ပုတ် ညှဉ်းဆဲခြင်း၊ စည်းစိမ်ယုတ်ခြင်း ဖြစ်တက်တယ်။
၁၁။ လူစုလူဝေးထဲမှာ မဆိုအပ်သောစကားကို ဆိုတက်ပြောတက်တယ်။
၁၂။ ငါနှင့်တူသူ ဇမ္ဗူမှာ မရှိ လို့ မိုက်ဂုဏ် ပြတက်တယ်။
၁၃။ အငြင်းအခုံ သန်တက်တယ်။
၁၄။ ခိုးသူဖြစ်တက်တယ်၊ အရက်သမားကြီး ဖြစ်တက်တယ်။
၁၅။ အမျိုးစည်းစိမ် ဂုဏ်သရေ ကင်းတက်တယ်။
၁၆။ ရှိသမျှ ရတနာ ကုန်တက်တယ်။
၁၇။ အမိ အဘ တို့ကို ဆဲရေးမိတက်တယ်၊ ယောက္ခမ ချွေးမ တို့ကို ကျူးလွန်မိတက်တယ်။
၁၈။ ရဟန်း၊ ပုဏ္ဏားမှ အစ သူတော်ကောင်းတို့ကို မရိုမသေ ပြစ်မှား တက်တယ်။
၁၉။ တစ်သက်လုံး ရိုးသားလာခဲ့သူ ဖြစ်စေ၊ မဟုတ်မမှန်တာ အကုန်လုပ်တက်တယ်။
၂၀။ သတိမေ့ပြီး အသေလို ဖြစ်တက်တယ်၊ ထိုရောဂါမျိုးရတက်တယ်။
၂၁။ မပေါင်းထိုက်သူ မှန်သမျှနှင့် လွယ်လွယ် ကူကူ ပေါင်းတက်တယ်၊
၂၂။ တွေ့ရာ ကြုံရာမှ နွားအိပ်သလို အိပ်တက်တယ်။
၂၃။ အရက်သမား အချင်းချင်း တွေ့လျှင် အချင်းချင်း ရန်လုပ်လျှင် လုပ်၊ သူတစ်ပါးကို ရန်လုပ်ဖို့ရင် လည်း ပူးပေါင်းမိတက်တယ်။
၂၄။ သေရေသေ ရက်ကို သောက်၍ အသုရာတို့ တာသတိံသာမှ ရွေ့လျှောရတက်တယ။်

No comments:
Post a Comment