1 hr ·
မှားလေ့ရှိသော အင်္ဂလိပ်စာ အမှားများ - (၁၈)
ဒီတစ်ပတ်မှာလည်း မြင်နေကျပေမယ့် ဇဝေဇဝါနဲ့ မှားယွင်းသုံးစွဲမိတတ်တာတွေ ကို ဆက်လက် ရေးသား လိုက်ပါတယ်။
- It’s better to enjoy yourself when you’re young rather than wasting time worrying about future. ×
- It’s better to enjoy yourself when you’re young rather than to waste time worrying about future. √
ငယ်ရွယ်သေးတဲ့ အချိန်မှာ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေနဲ့ အချိန်ကုန်တာထက် ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် နေတာက ပိုကောင်းပါတယ်။

• အရှေ့မှာ to infinitive (to + enjoy) လို့ သုံးထားတဲ့အတွက် အနောက်မှာ wasing လို့ မသုံးရဘဲ to infinitive အဖြစ် to + waste လို့သာ သုံးရပါတယ်။
- Being in a hurry, the door was left open. လို့ မသုံးဘဲ
- Being in a hurry, he left the door open. √
အလျင်လိုနေသောကြောင့် သူက တံခါးကို ဖွင့်ထားခဲ့တယ်။
• ပထမ ဝါကျဟာ ဝါကျတည်ဆောက်ပုံအရတော့ မှန်ပေမယ့် သဘောတရား အရ မသုံးတာပါ၊ ဆိုလိုတာက အလျင်လိုနေတာက He ဖြစ်ပြီး တံခါးမဟုတ်တဲ့ အတွက် ဒုတိယ စာကြောင်းပုံစံနဲ့ သုံးခြင်း ဖြစ်ပါတယ်။
- He played well yesterday, isn’t it? လို့မပြောဘဲ
- He played well yesterday, didn’t he? √
မနေ့က သူကောင်းကောင်း ဆော့ခဲ့တယ် မဟုတ်လား
• ဖော်ပြပါ ဝါကျပုံစံကို Tag Question လို့ သုံးကြပါတယ် … အရှေ့က affirmative sentence ဆိုရင် အနောက် negative ၊ အရှေ့ က negative sentence ဆိုရင် အနောက်က affirmative ပုံစံ နဲ့ သုံးပါတယ် ပြီးတော့ အရှေ့နဲ့ အနောက်က Tense ပုံစံတူရပါတယ်။ ဥပမာ- Is it hot today, isn’t it? (ဒီနေ့ ပူတယ် မဟုတ်လား) Is not hot today, is it? (ဒီနေ့ မပူဘူးလား) You speak English, don’t you? (မင်းအင်္ဂလိပ်လို ပြောတယ် မဟုတ်လား) You don’t speak French, do you? (ခင်ဗျား ပြင်သစ်လို မပြောတတ်ဘူးလား)
- I come here for learning English. လို့ မသုံးဘဲ
- I come here to learn English. √
ကျွန်တော် ဒီကို အင်္ဂလိပ်စာ လေ့လာဖို့ လာတယ်။
• ရည်ရွယ်ချက်ကို ပြောတဲ့အခါ gerund ကို မသုံးဘဲ infinitive ပုံစံကို သာ အသုံးပြုရပါတယ်။
- She says she’s not afraid of nobody. လို့ မသုံးဘဲ
- She says she’s not afraid of anybody. √ (or)
- She says she’s afraid of no body. √
သူ(မ) ဘယ်သူ့ကိုမှ မကြောက်ဖူးလို့ ပြောပါတယ်။
• အင်္ဂလိပ်ဘာသာစကားမှာ negative ၂ ခါထပ်သုံးတဲ့အခါ affirmative ပုံစံဖြစ်သွားပါတယ်၊ ဒါကြောင့် clause တစ်ခုထဲမှာ negative ၂ ခါထပ်သုံးတာမျိုးကို ရှောင်သင့်ပါတယ်။ not လို့ သုံးတဲ့အခါ none ကို any, nothing ကို anything, nobody ကို anybody, no one ကို anyone, nowhere ကို anywhere, nither … nor ကို either … or စသည်ဖြင့် ပြောင်းသုံးဖို့ လိုပါတယ်။
- I was absent one time or two times. လို့ မသုံးဘဲ
- I was absent once or twice. √
ကျွန်တော် တစ်ကြိမ်၊ နှစ်ကြိမ်လောက် ပျက်ကွက်တယ်။
• အကြိမ်အရေအတွက်တွေကို ပြောတဲ့အခါ တစ်ကြိမ်၊ နှစ်ကြိမ် လို့ပြောတဲ့အခါ one time, two time လို့ မသုံးဘဲ once, twice လို့ သုံးပါတယ်၊ ဒါပေမယ့် သုံးကြိမ်ကိုတော့ three times လို့ သုံးပါတယ်။
- A day they went sight-seeing in Florence. လို့ မသုံးဘဲ
- One day they went sight-seeing in Florence. √
တစ်နေ့မှာ သူတို့တွေ ဖလော့ရင့်မှာ လျှောက်ကြည့်ကြတယ်။
• မြန်မာလို ဘာသာပြန်ရင်တော့ one day ကလည်း တစ်နေ့ပါ၊ ထို့အတူ a day က လည်း တစ်ရက်ပါပဲ။ ဒါပေမယ့် one က သေချာတဲ့ အခြေအနေကို ဖော်ပြပါတယ်၊ ဒါကြောင့် a ကို မသုံးဘဲ one day, night, morning, afternoon, evening လို့သာ သုံးရပါမယ်။
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြပါစေ ……
အောင်ကိုဦး(UMK)
Be the Best !

No comments:
Post a Comment