Thursday, August 6, 2015

လေဖြတ်ရင်ကာကွယ်ပုံ

10 hrs ·
လူကြီး မင်း's photo.
လူကြီး မင်း's photo.
ဟောဒီဖေ့စ်ဘုတ်မှာရှိသော ရဟန်းရှင် မိတ်ဆွေအပေါင်းအား ကျွန်တော်ကိုယ်တိုင် ကိုယ်တစ်ခြမ်း လေဖြတ် အကြောသေသွားပြီး
၁၂ရက်ခန့် မှာ ဘာကြောင့်ကောင်းသွားသလည်းဆိုတာ ၊
ဗဟုသုတ အကျဉ်းချုံးဝေမျှပါမယ် ၊
==================================
ကွန်တော် လူကြီးမင်း ၂၀၁၂ခုက မလေးရှား ကွာလာလမ်ပူ ၅၆၁၀၀ ကမ်ပုန်ချဲရပ်စ် ဘာရှုး။ ချရပ် ဥတမ ဝီယာ ဖလက် ၊ မြေညီထပ် တိုက်အခန်း ၁၁ မှာနေခဲ့ပါတယ်။
စက်မှု့ သံဂဟေ ကိုယ်ပိုင်လုပ်ပါတယ် ။ကွန်ပျူတာလည်း အားတဲ့ အခါ သတင်းဘလောက်ရေးတယ် ၊
အခုပုံဟာ ကျနော်လေဖြတ်သွားနေတဲ့ ပုံနှင့်  ၊ ကောင်းသွားစဉ် အကြောတွေ ပြန်သန်စွမ်းရန် ပြေးလွှားလေ့ကျင့်ပုံပါ ၊
===========================
ဘယ်လိုစတင်ဖြစ်သလည်း
၂၀၁၂ ခုနှစ် ကဆုံလပြည့် ညထိုင်းဘုန်းကြီးကျောင်းလမ်းလျှောက်အပြန်
အိမ်ရောက်ထ္မင်းစားရင်းဖြစ်တာပါ ၊

ဖြစ်ပြုံဖစ်နည်းမှာ
===========
ကျွန်တော် ဇနီးသယ် တူမောင် ၂ယောက်အတူ ထ္မင်းစားခိုက်
၁၀မီးနစ်အခန့်  အင်မတန်မြန်ပြီး ကြောက်ဖို့ ကောင်းပါတယ်
၂၀က္ကန့် အတွင်း ရင်ထဲဟာကနဲ လှပ်ဆိုဖြစ်သွားတယ်
တစ်ဆက်တည်း
ခေါင်းထဲမိုက်ကနဲ ဖြစ်သွားတယ် ၊
တစ်ဆက်တည်း ဘယ်ဖက်ပုခုံးကနေ အောက်ချေဖျားထိ လက်အပါဝင် (မရိုသေစကား)အပါဝင် ဓါတ်လိုက်သလို ကျင်နဲ နေပြီးအေးစက်မှု့ ခံစားရပါတယ် ၊
တစ်ခုနှင့် တစ်ခု ဆက်စပ်မှု့  ၂စက္ကန့် သာခြားပါတယ် ၊
ကျနော်ထိုင်ရာထ္မင်းစားရာကနေ ဘိုင်းကနဲ တုံးလုံးပစ်လဲသွားပါတယ် ၊
ဘယ်လိုကုသလည်း ဘာ့ကြောင့်ဖြစ်တာလည်း
=========================
ချက်ခြင်းဆိုသလို စာပေဖတ်ရှု့ ခြင်း လေဖြတ်သမားများအားကူညီဘူးခြင်း အတွေ့ ကြုံကြောင့် ၊
ကျွန်တော့ဇနီးအား
ချက်ချင်း ကျွန်တော့်တစ်ကိုယ်လုံးက အဝတ်စားတွေ ချွတ်ခိုင်းပြီး ၊ ရေနွေးအိပ် အမြန်လုပ် ငါဖြစ်နေတဲ့  နေရာအကုန်ကပ်ပါ ၊
ပန်ကားအကုန်ပိတ် ၊ ပြတင်းပေါက်တွေပိတ် ၊ အိမ်ပေါ်ထပ်က မြန်မာကားသမားခေါ် နီးရာဆေးခန်း စောင်နဲ့ ပါတ်သယ်ခိုင်းပြီးပြေးခိုင်းပါတယ်(အတွင်းခံတော့)ဝတ်ထားပါတယ်
ဆေးခန်းရောက်ထာနဲ့  ဆေးတစ်လုံး ချက်ခြင်းထိုးပါတယ် ၊
တွဲပြီးထိုင်လို့ ရပါပြီ ၊
နိုင်ငံခြားမှာ ဆေးပေါပေမဲ့ ဖြစ်လာရင်ဘာဆေးမသိခံစားရပါတယ် ၊
ချက်ခြင်းဇနီးသယ်က ၊
ကွန်ပျုတာဖွင့်ပြီး လေဖြတ်ခြင်းဆိုတာ မြန်မာလို ရိုက်ထည့်ပြီးဆေးရှာရာ
မြန်မာဝက်ဘ်ဆိုဒ်ပေါင်းစုံမှ ဦးသာရင်ဆေး တွေ့ ပါတယ် ၊
မြန်မာပြည်ကို ချက်ခြင်းလှမ်းမေးရာ ဦးသာရင်နဲ့  ရှောက်သီးဖျော်လိမ်းသောက်လည်းသောက်ပါ ၊
မနက်ဖန် DHL နဲ့ ပို့ ပေးမယ် ပြောပါတယ် ၊
စတင်ကုပြီ
======
ဇနီသယ် မြို့ ထဲက သိန္ဒိဝင်း ငွေထရန်ဆဖာ လွဲဆိုင်တွင်မြန်မာဆေးများ ရှာရာ ဦးသာရင် အမှုန့် အခဲ ရပါတယ် ။
မလေးရှားမှာ ရှောက်သီးမရှိပါ သံပုရာသီးနှင့် ရောဖျော်၍ တစ်ကိုယ်လုံးလိမ်းပါတယ်။ ၃နာရီတစ်ကြိမ်ပါ ၊
လေဖြတ်စဉ် လူနာအား အကြာကြီးမအိပ်ခိုင်းရပါဘူး ၃နာရီတစ်ကြိမ်
လှုပ်နိုးပေးရပါတယ် ၊ နုလုံးရပ်၍ သေတတ်သည် ၊
၃ရက်မြောက်မှာ ဖင်ဒရွတ်ဆွဲ သွားလို့ ရပါပြီ
၎ရက်မြောက်မှာ ချိုင်းထောက်ဖြင့် သွားပါတယ်
၅-၆-၇ ရက်မြောက်မှာ ထိုနည်းတူပါ ၊
၈-၉ တောင်ဝှေးတုတ်ကိုင်ထောက် သွားပါတယ် ၊
၁၀-၁၁ ရက်မှာ ၁၀နှစ်သားလမ်းလျောက်သလိုပဲ ကိုယ်လွတ်လျောက်လိုက်
ဘိုင်းကနဲကျလဲလိုက်နှင့် 
၁၂ရက်မြောက်မှာ ကိုယ်လွတ် ချွေးပြန်အောင် လေ့ကျင့် ခန်းလုပ်ပါတယ်
၁၅ ရက်မြောက်မှာ ကျွန်တော်တို့ အနား တောင်ပါတ်လမ်းပေါ် စတင်လမ်းလျှောက်ပြေးပါတယ် ၊
တစ်လပြည့်သော် ဆိုင်ကယ် ဟိုနာဒီနားပြန်စမ်စီးပါတယ် ၊
တစ်လခွဲမှာ အလုပ်သံဂဟေ ပြန်လုပ်ပါတယ် ၊
သို့ သော် ညာဘက် လက်ဖျံတံတောင်ကွေးနားတွင် အဖုလုံးများ ထူးဆန်းစွာ
မနာကျင်ပဲ ပေါ်ပေါက်လာပါတယ် ထို့ အတူ ညာဘက်လက်မောင်းဟာ
သာမာန်ထက် ပိုကြီးထွားနေပါတယ် ၊
ဘယ်လိုကုသလည်း
===========
မြန်မာ့ဆေး ကျွန်းသီးသုံးလုံးလိမ်ဆေးနဲ့  တစ်လဆက်လူးရာ
အခုမြန်မာပြည်မှာ လက်ရှိ မိတ်ဆွတို့  ဖတ်ရန် ကွန်ပျုတာရိုက်နေပါတယ် ။
ဘာ့ကြောင့်ဖြစ်သလည်း
=============
ကျနော်လူကြီးမင်း ကွန်ပျုတာ တစ်အားလေ့လာခြင်း အချိန်မှန်မအိပ်ခြင်း
မဖြစ်ခင်နှစ်ပါတ် ညဘက် ပူအိုက်တယ်ဆိုပြီး ရေထချိုး၍
စောင်ခြုံပြီး ပန်ကာလေ ထိုးအိပ်ခြင်း ၊ ရန်ဖန်ခါ အကျီင်္ချွတ်ဖြင့် နေခြင်း ၊
နှစ်ပေါင်းများစွာ သံဂဟေလုပ်သောကြောင့် ဝရိန်ယမ်းချောင်းမှ ယမ်းများ
နှစ်ရှည်လများ ရှုမိခြင်း ၊
လောဘဇောကြောင့် အိပ်ရေးပျက်ခံခြင်း ပါ၊
ကံကောင်းသည်ဘာလည်း
===============
ကျွန်တော်လူကြီးမင်း အရက်မသောက် မကြိုက်တတ်ပါ
သောက်ရင်ပွဲသိမ်းပါပြီ ၊
ဆီးချီု သွေးတိုးမရှိပါ ။
ဆေးလိပ်သောက်ပါသည် ဖြေဆေးသုံးပါသည် ၊
အသားကြီးငါးကြီးမခုံမင်တတ်ပါ ၊
တွေ့ ကရာ့မြန်မာဆေးမှန်သမျှအကုန်စားပါသည် ၊
လေဖြတ်ရင် ဘာအကျိုးထူးခံစားရသလည်း
=======================
မပျောက်ရင် မိမိကိုယ်ဆေးထိုးသတ်သေတာမှကောင်းပါသည် ၊
မိမိဟာလူသေကောင်လိုဖြစ်နေပြီး
ကျန်ရှိမိသားစု ရာသက်ပန် ဒုက္ခပေးသလိုဖြစ်သည် ၊
အဓိကဟာဘာလည်း
============
မိမိကိုယ်အားတင်းရမည် စိတ်ထဲမှာ ငါသည်လူ့ လောကတွင် လုပ်စရာတွေ
အများကြီးကျန်သေးသည် ၊
ငါယောက်ကျား ငါ့ ကိုသူများသတ်တာမဟုတ်ဘူး ငါဘာလို့ ဒီဝေဒနာမပျောက်ရမှာလည်း အံတင်းထားရမည် ၊
အရက်သောက်ခြင်း အမဲသားစားတဲ့ လူတော်ရုံ မပျောက်ပါဘူး ။
လူကြီးမင်းပါ
ကျွန်တော်မှန်ရာကိုရေးပြပြီး ဝေမျှလိုက်ပါတယ်
မယုံရင် မလေးရှားချဲရပ်စ်ဘရှုးကလူတွေသိပါတယ် ၊

No comments:

Post a Comment