Tuesday, August 11, 2015

လူသား အိမ်ထောင် ကိလေ နှောင်

6 hrs · Edited ·
လူသား အိမ်ထောင် ကိလေ နှောင်
Htayrawarradhamma WarDi's photo.
{{{ လူသား အိမ်ထောင် - ကိလေနှောင် }}}
{{{ ကျော့ကွင်းမိနွား - ငှက်အလား }}}
ဒုက္ခဘွဲ့နှောင်၊ လူတို့ဘောင်ကား၊
အိမ်ထောင်ညွတ်ကွင်း၊ သံချုင့်တွင်၌၊
ငါးစင်းသောငြောင့်၊ နေ့စဉ်နှောင့်၍၊
ကြောင့်ကြောင့်ကြကြ၊ စိုးရိမ်ရနှင့်၊
ကိစ္စရှုပ်ထွေး၊ ဘယ်မအေးဘဲ၊
ရန်ဘေးရှက်ရုံ၊ အမျက်ဆုံ၍၊
ဆူးချုံသဘွယ်၊ အန္တရာယ်လည်း၊
သွယ်သွယ်ဝိုင်းဘိ၊ တိုင်းမသိတည့်၊
မက်မိမက်ရာ၊ မက်မောကာဖြင့်၊
တဏှာကျော့ကွင်း၊ သူ့လက်တွင်းမှ၊
မကင်းနိုင်ချေ၊ သူခိုင်းစေက၊
ရပ်မြေ ရပ်ခြား၊ ရောက်အောင်သွား၍၊
စွန့်စားလုပ်ကိုင်၊ ပြန်ခါတိုင်လည်း၊
ခွါနိုင်ဘဲသာ၊ ပြန်ရောက်ခါဖြင့်၊
လူးလာတုန့်လည်၊ ကြိုးရှည်ရှည်ဖြင့်၊
နှောင်ချည်သောနွား၊ ကဲ့အလားသို့၊
တရားနှင့်ဝေး၊ လွန်ရှုတ်ထွေးသည်၊
ညစ်ကြေးမစင်ပါတကား။ ။ ။

No comments:

Post a Comment