ဆိုဆုံးမလွယ်သူ
***********
ဆိုဆုံးမလွယ်ခြင်းသည် သူတော်ကောင်းလက္ခဏာထဲမှာပါဝင်ပါတယ်။
အရှင်သာရိပုတ္တာရာမထေရ်မြတ်သည် ရဟန်းအပေါင်းတို့ကို မိမိက ပြောဆိုဆုံးမဘိသကဲ့သို့ မိမိအပေါ် ပြောဆိုဆုံးမသ

ည်ကိုလည်း ရိုသေလေးစားစွာခံယူ၏။
တစ်နေ့သ၌ ရုတ်တရက် သတိမထားမိသဖြင့် အရှင်မြတ်ကြီး၏ သင်းပိုင်အစွန်းသည် အောက်သို့တွဲလောင်းကျချက်ရှိနေ၏။
ဤသည်ကို သာမဏေလေးတစ်ပါးက တွေ့မြင်ကာ " အရှင်ဘုရား၊အဝန်းညီစွာ ဝတ်ရုံသင့်ပါ၏ " ဟုလျှောက်ထား၏။
ဤတွင်အရှင်မြတ်ကြီးသည် " အို အရှင်ကောင်း သင်ပြောဆိုသော စကားသည် သင့်မြတ်လှပါပေ၏။ " ဟု လေးလေးစားစား
ပြန်ကြားကာ သင့်လျော်ရာသို့ သွားရောက်၍ သင်းပိုင်ကို အဝန်းညီစွာ ဝတ်လာခဲ့လေသည်။
(ဗြဟ္မဏဝဂ်၊အရှင်သာရိပုတ္တရာ ဝတ္ထု)
ဘုရားရှင်က " ချစ်သားတို့ ငါဘုရား နုစဉ်ပါရမီဖြည့်ကျင့်တော်မူစဉ်အခါက ဂန္ဓာရမင်းဖြစ်၍ ငါဘုရားမင်းစည်းစိမ်ကိုစွန့်ပြီး
တောထဲ၌ ရသေ့ရဟန်းပြုကာ သစ်သီးကိုသာစား၍ သီတင်းသုံးနေတယ်။အမည်မှာ ဂန္ဓာရ ရသေ့မည်၏။အခြားပြည်ထောင်က
အရှင်အာနန္ဒာလောင်း ဝေဒေဟမင်းသည် ထို ဂန္ဓာရမင်းအား အားကျကာ ရသေ့ရဟန်းပြု၍ တောထဲ၌ ချမ်းသာစွာနှစ်ဦးသား
နေတော်မူ၏။
တစ်နေ့ ကိုယ်ခန္ဓာမှ အချဉ်ဓာတ်၊ဆားဓာတ် လိုအပ်သည်ဖြစ်၍ ရွာတစ်ခုသို့ချဉ်းကပ်ကာ ဆွမ်းခံဝင်လေသည်။ရွာသူရွာသားတို့
သည် ထိုရသေ့တို့အား နေ့စဉ်ဆားထုတ်တို့ကို လောင်းလှူကြ၏။ တစ်နေ့၌ဆားထုတ်ခပ်များများရ၍ ဝေဒေဟရသေ့ကေ
ခါင်မိုးကြားညှပ်ကာ သိမ်းထားလေသည်။
နောက်တစ်နေ့၌ ဆားမရဘဲရှိလေသည်။ ဆွမ်းဘုဉ်းသောအခါ ဝေဒေဟရသေ့က သိမ်းဆည်းထားသော ဆားထုတ်အား
ဂန္ဓာရ ရသေ့အားကပ်လေသည်။ ဂန္ဓာရ ရသေ့က ' ဒီနေ့ဆားထုတ်မရပါ၊သင်သည် အဘယ်ကရသနည်း ' ဟုမေးလေရာ သိ
မ်းဆည်းထားသည်ကို သိလေရာ ဆိုဆုံးမလေသည်။ ထိုသို့ပြင်းစွာဆိုဆုံးမသော်လည်း ဝေဒေဟရသေ့သည် အမျက်မထွက်
အဆုံးအမကိုခံယူ၏။
ထို အဆုံးအမကို ခံယူသော ဝေဒေဟရသေ့သည် အဘယ်အကျိုးကို ရရှိသနည်း ဆိုမူကား ဂန္ဓာရ ရသေ့ သင်ပေးအပ်သော
ကသိုဏ်း(၁ဝ)ပါး သမာပတ်(၈)ပါးတို့ကို ရရှိကာ သေလွန်သော် ဗြဟ္မပြည်သို့လားရလေသည်။ဤသည်ကို ကြည့်ခြင်းဖြင့်
ဆိုဆုံးမလွယ်သူ၏ ကောင်းကျိုးကို ခံစားရခြင်းပေတည်း " ဟူ၍ ဟောကြားတော်မူတယ်။
(အကျယ်ကို - သတ္တနိပါတ်၊ ဇာတကပါဠိ ၊၁၆၅။ အဋ္ဌကထာ ၊ ၃၄၃။ရှု)
ဒီတော့ ကိုယ်ကမှားနေပြီဆို ဆိုဆုံးမလွယ်တဲ့သူ မဖြစ်သင့်ဘူးလား? ။ ကိုယ့်ထက်သိတဲ့သူတော်ကကောင်းတွေက ဆိုဆုံးမရင်
"ငါ့ကိုလာမပြောနဲ့၊ မှန်တယ်ထင်ရင်လုပ်မှာဘဲလို့ လုပ်သင့်သလား ? ။ ဆိုဆုံးမခက်တဲ့သူက သူတော်ကောင်းတွေရဲ့ ကဲ့ရဲ့ခြ
င်းကို ခံရတယ်။ဆိုဆုံးမလွယ်တဲ့သူကဘာအကျိုးကို ရရှိသလဲ ။ သူတော်ကောင်းတွေရဲ့ အကျင့်မြတ်တရားတွေကို ရမသွား
ဘူးလား။ရရှိသွားတယ်နော်။ဒါကြောင့် မိမိက ဆိုဆုံးမလွယ်တဲ့သူ ဖြစ်အောင်ကြိုးစားရမယ်။
" ဖားအောက်တာရဆရာတော် "

No comments:
Post a Comment