#ဆံရိတ်ခြင်းဆိုင်ရာ
ရဟန်းတို့သည် လက်နှစ်သစ်အတိုင်းအရှည်ရှိသော
ဆံပင်ထက်အလွန်ဖြစ်စေ နှစ်လထက်အလွန်ဖြစ်စေ
ဆံပင်ကို မရိတ်ဘဲ မထားရ။

ဒုက္ကဋ်အာပတ်သို့ရောက်၏။
စူဠ၀ါ၊ခုဒ္ဒက၀တ္ထုက္ခန္ဓက။
မှတ်ချက်။ ။လက်နှစ်သစ်ဟူသောဆံပင်သည် အတော်ရှည်သောဆံပင်ဖြစ်၏။ လူတို့အခေါ် ဒွေးကေ စသောဆံပင်တို့လောက်ရှိ၏။
ထို့ကြောင့် ယနေ့ခေတ်တွင် အချို့ရဟန်းတော်များသည် မအား၍ဖြစ်စေ အခြားအကြောင်းများကြောင့်ဖြစ်စေ ဆံပင်မရိတ်မိဘဲရှိတတ်ကြရာ ယနေ့ခေတ်အမြင်အားဖြင့် အတော်ရှည်သည်ဟုထင်ရသဖြင့်
လူတို့မှာ ဒီကိုယ်တော် အပျင်းကြီးသည်ဟု ပြစ်မှားတတ်ကြ၏။
ထို့ကြောင့် လက်နှစ်သစ်ထားနိုင်သည်ကိုလည်းကောင်း နှစ်လထားနိုင်သည်ကိုလည်းကောင်း သိရှိ၍
သတိပြုအပ်ပါ၏။

No comments:
Post a Comment